Date

November 8, 2019

မန်စီးတီးနဲ့ပွဲအတွက် သွေးကြွနေမယ့် ပရိသတ်တွေကို တောင်းဆိုမှုတစ်ခု ယာဂင်ကလော့ပ် ပြုလုပ်

မန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ အမှတ်ပေးဖလား အိပ်မက်အတွက် မျှော်လင့်ချက်ကြီးမားမှုတွေ ရှိနေပြီး အထူးသဖြင့် အဆိုးပိုင်းတွေအတွက် သွေးကြွနေမယ့် ပရိသတ်တွေကို သတိပေးမှုနဲ့အတူ တောင်းဆိုမှုတစ်ခုကို ယာဂင်ကလော့ပ်က ပြုလုပ်သွားခဲ့ပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်အဖြစ် လီဗာပူးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ခဲ့ကြစဉ်က ကလပ်အသင်း ဘက်စ်ကားလာရာလမ်းမှာ ပြင်းပြတဲ့ အားပေးမှု ပြုလုပ်ခဲ့တဲ့ လီဗာပူးပရိသတ်တွေဟာ ကလပ်ကို ဂုဏ်ယူရစေမယ့် အားပေးမှုကို ဖော်ဆောင်ခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ ကလပ်အသင်းရဲ့ ပုံရိပ်ကို အမဲစက်ထင်စေတဲ့ အပြုအမှုအဖြစ် ပြိုင်ဘက် မန်စီးတီးအသင်း ကစားသမားတွေ၊ နည်းပြတွေပါဝင်တဲ့ ဘက်စ်ကားအား ဘီယာပုလင်းနဲ့ ပစ်ပေါက်မှုလည်း… Continue Reading →

ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့အကြောင်း ဝီလီယံ ဖွင့်ဟပြောဆို

ချယ်ဆီးတောင်ပံကစားသမား ဝီလီယံဟာ လွန်ခဲ့တဲ့ ၁၈လက အပြောင်းအရွှေ့ ထင်ကြေးပေးခံရမှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်းတော့ မဖြစ်မြောက်ခဲ့ပါဘူး။ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာကို ဝီလီယံက ရှင်းပြခဲ့ပါတယ်။ “မနှစ်က ကမ္ဘာ့ဖလား ပြီးတော့ ကျနော်ရခဲ့တဲ့ ကမ်းလှမ်းမှုက ဘာစီလိုနာ ဆီကပါ။ ဘာစီလိုနာ က ချယ်ဆီး ကို ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။ ကျနော်တို့ လန်ဒန်မှာ နေရတာကို သဘောကျပေမယ့်လဲ အဲ့ကမ်းလှမ်းမှုကို ရတော့ မိသားစုနဲ့ ဆွေးနွေးခဲ့တယ်။ ဒါကြောင့်… Continue Reading →

ကလော့ပ်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာ ဖြစ်လာတဲ့ လမ်းပတ်

ချယ်ဆီး နည်းပြ ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ လအတွင်းမှာ ကလပ်အသင်းကို သုံးပွဲ ဆက် နိုင်ပွဲရအောင် စွမ်းဆောင်ပေးခဲ့ပြီး အဆင့် ၄ နေရာ မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားခဲ့ပါတယ်။ အောက်တိုဘာလအတွက် အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာ ဆုကို ယနေ့ ကြေငြာလိုက်ရာမှာတော့ လမ်းပတ်ဟာ လီဗာပူးမှ နာမည်ကျော် နည်းပြ ယာဂင်ကလော့ပ်ကို ကျော်ဖြတ်ကာ ထိုဆုကို သိမ်းပိုက်သွားခဲ့ပါတယ်။ ချယ်ဆိးအသင်းဟာ ဒီတလော သီတင်းပတ်တွေ အတွင်း သိသိသာသာ တက်ရိပ်ပြလာခဲ့ပြီး ယခင်လို အသင်းကြီး တစ်သင်း… Continue Reading →

အငှားကလပ်မှာ နေရာမရဖြစ်နေပေမယ့် လမ်းပတ် ပြန်ခေါ်ယူခွင့်မရှိတဲ့ ချယ်ဆီးအသင်းသား

ချယ်ဆီးအသင်းက ဒီရာသီမှာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းကို အငှားချထားခဲ့ပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ လူငယ်ကစားသမား အမ်ပါဒူးကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပြန်လည်ခေါ်ယူခွင့် မရှိဘူးလို့ သိရပါတယ်။ နွေတုန်းက ချယ်ဆီးဟာ ကစားသမားလေးကို အတွေ့အကြုံပိုင်းအတွက် ဘွန်ဒက်လီဂါကလပ်ထံ တစ်ရာသီအငှား ချခဲ့တာဖြစ်တယ်။ ဝေးလ်လက်ရွေးစင် ကစားသမားလေးဟာ ဂျာမနီမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး အောက်တိုဘာလ ၃၀ ရက်နေ့တုန်းက လိဂ်ဖလားမှာ ပါဝင်ကစားခွင့် ရခဲ့ပေမယ့် မန်နေဂျာ နေးဂလ်စမန်းရဲ့ အထင်ကြိးခြင်းကို ပိုင်ဆိုင်ဖို့ မအောင်မြင် ဖြစ်နေခဲ့ပါတယ်။ ဒီရာသီ တစ်ခုလုံးမှာ… Continue Reading →

စီးတီးဘက် ဂိုးသွင်းနိုင်ရင် စပါယ်ရှယ် အောင်ပွဲခံဖို့ မာနေးအား လီဗာပူးပရိသတ်များ တောင်းဆိုနေ

လီဗာပူးနဲ့ မန်စီးတီး ပွဲ မတိုင်ခင်မှာတင် စကားစစ်ထိုးမှုတွေက စောစောစီးစီး ရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ဆောက်သမ်တန်နဲ့ ပွဲ အပြီးမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးတိုက်စစ်မှူး မာနေးက ကစားသမားကောင်း ဖြစ်ပေမယ့် တခါတရံ ဟန်ဆောင်လှဲချမှုတွေ ရှိကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ ဆိုစကားကို မာနေးကလည်း ရက်ပိုင်းအတွင်းမှာတင် တုန့်ပြန်မှု ပြုလုပ်ခဲ့ပါတယ်။ ဂွာဒီယိုလာ ဒီလို ပြောဆိုတာက ပွဲရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ဂရုမထားကြောင်း သူ့အနေနဲ့ လိုအပ်ရင် ဒိုင်ဗင်ပစ်ရမှာပဲ ဖြစ်တယ်လို့ မာနေး… Continue Reading →

လုပ်ခညိနှိုင်းမှု အဆင်ပြေရင် ချယ်ဆီးကစားသမားကို ခေါ်ယူသွားမယ့် အင်တာမီလန်

အင်တာမီလန်အသင်းဟာ ချယ်ဆီးအသင်းမှာ နေရာမရဖြစ်နေတဲ့ တိုက်စစ်မှူး ဂျရူးကို ခေါ်ယူလိုနေပြီး လုပ်ခလစာ အဆင်ပြေရင် နှစ်နှစ် (သို့) သုံးနှစ် စာချုပ်ဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ လန်ဒန်အခြေစိုက် ကလပ်မှာ နေရာမရဖြစ်နေတဲ့ ကမ္ဘာဖလားချန်ပီယံဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ပါဝင်ခွင့်ရဖို့ ပုံမှန်ပွဲထွက်ခွင့်ကို ရှာဖွေရတော့မှာပါ။ ချယ်ဆီးမှာတော့ နေရာရဖို့ လမ်းမမြင်တာကြောင့် ဇန်နဝါရီမှာ ထွက်ခွာပြီး အသင်းသစ်တစ်သင်းထံ ကူးပြောင်းနိုင်တာဖြစ်တယ်။ ချယ်ဆီးဘက်ကလည်း ဒီရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရမယ့် ကစားသမားအတွက် ငွေကြေးပြန်ရမှာမျိုးကို အလိုရှိနေပါတယ်။… Continue Reading →

ဗာဒီ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှု ပယ်ချခဲ့တဲ့ အကြောင်းရင်းများ ဘရန်ဒန်ရော်ဂျာ ဖွင့်ဟ

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ်က ဒီတပတ် အာဆင်နယ်နဲ့ပွဲမတိုင်ခင်ပဲ လက်စတာတိုက်စစ်မှူး ဗာဒီဟာ အာဆင်နယ် အသင်းထံ ပြောင်းဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ အကြောင်းများ ထုတ်ဖော်ပြောဆိုလာပါတယ်။ အာဆင်နယ်က လက်စတာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် ၆ မှတ် ကွာဟနေတဲ့ လက်စတာနဲ့ အမှတ် ကွာခြားချက်ကို လျှော့ချဖို့ ကြိုးစားရမှာပါ။ လက်စတာမှာ ဗာဒီက ပုံစံကောင်း ရနေပြီး ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုး သွင်းကာ… Continue Reading →

မန်စီးတီးပွဲမတိုင်ခင် အမှတ်ပေးဖလားနဲ့ ပက်သက်ပြီး အသင်းဖော်တွေကို သတိပေးမှု လုပ်တဲ့ ဆာလက်

လီဗာပူးအသင်းဟာ မန်စီးတီးကို အနိုင် ကန်ခဲ့ရင်တောင်မှ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ဗိုလ်စွဲဖို့ ကိစ္စ ပြောဖို့ စောသေးတယ်လို့ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်က ဖွင့်ဟပြောဆိုသွားပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး နှစ်သင်းဟာ ဒီတပတ် အန်းဖီးလ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပြီး လီဗာပူးကသာ နိုင်ရင် ဒုတိယနေရာမှ မန်စီးတီးကို ၉ မှတ် အထိ ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်လည်း လီဗာပူးမန်နေဂျာ ကလော့ပ်က ရာနှုန်းပြည့် နိုင်ပွဲရဖို့ ကြိုးစားသွားမယ့် ပွဲ… Continue Reading →

ကစားကွက်မဟုတ်ပဲ လီဗာပူးအသင်း အထူးကြိုတင် ပြင်ဆင်လေ့ရှိတဲ့ နည်းစနစ်လက်နက်ကောင်း

လီဗာပူးအသင်းဟာ ခြားနားတဲ့ ခက်ခဲမှု အနေအထားတွေမှာ တူညီတဲ့ အနိုင်ရလဒ်အတွက် ပြင်းထန်တဲ့ အားထုတ်မှုနဲ့အတူ ပြင်းပြတဲ့ စိတ်ထားတွေကို ပြသလာခဲ့တာ လွန်ခဲ့တဲ့ ၁၈ လကတည်းက ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ပွဲကို အနိုင်ရဖို့ နည်းစနစ်ပိုင်းမှာ ကစားကွက်မကပဲ အခြားသော နည်းစနစ်တွေကိုပါ ကြိုတင်ပြင်ဆင်လာပါတယ်။ လူသိများလာတဲ့ လီဗာပူးရဲ့ နည်းစနစ်တစ်ခုက ဖြတ်တင်ဘောတွေဖြစ်ပါတယ်။ လီဗာပူးဟာ ဖြတ်တင်ဘောတွေ လုပ်လေ့ရှိပြီး မအောင်မြင်ခဲ့ရင်တောင် အကြိမ်ကြိမ် ဖြတ်တင်ဘောတွေ ထပ်မံလုပ်ဆောင်တတ်တယ်။ အက်စတွန်ဗီလာနဲ့ပွဲမှာ ရော်ဘတ်ဆန်နဲ့ မာနေးတို့ ရခဲ့တဲ့ သွင်းဂိုးတွေက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!