Date

November 9, 2019

သွင်းဂိုးရှင်တွေထက် ပိုကောင်းသူတွေရှိခဲ့တဲ့ ပဲလေ့စ်နိုင်ပွဲမှ ချယ်ဆီးအသင်းသား စွမ်းဆောင်ရည်များ

ချယ်ဆီးအသင်းဟာ စနေညပိုင်း ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အေဗရာဟမ်၊ ပူလီဆစ်တို့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိ ရလဒ်ဖြင့် အနိုင်ရရှိသွားပါတယ်။ ဒီနိုင်ပွဲကြောင့် ချယ်ဆီးအသင်းဟာ လီဗာပူး မန်စီးတီးပွဲ မတိုင်ခင် အဆင့် ၂ နေရာသို့ တက်လာခဲ့ကာ နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲ ဆက် နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်ကို နိုင်တဲ့ပွဲက ချယ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်များကို လန်ဒန် အခြေစိုက် သတင်းဌာနက အောက်ပါအတိုင်း ဖော်ပြပေးသွားပါတယ်။ ကီပါ –… Continue Reading →

ချယ်ဆီးရဲ့တိုးတက်မှုကို ခံစားချက်အပြည့်နဲ့ အထူးချီးကျူးမှုတွေ လုပ်ခဲ့တဲ့ ပဲလေစ့်ခံစစ်မှူး ကာဟေး

ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဂယ်ရီကာဟေးက စတမ်းဖိုဒ့်ဘရစ်ကို အပြန်မှာ ပရိသတ်တွေရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို ကျေးဇူးတင်ပါကြောင်းနဲ့ ချယ်ဆီးဟာ လူငယ်ကစားသမားတွေနဲ့အတူ အရမ်းကောင်းတဲ့ အဆင့်အတန်းကို ရောက်နေပါပြီလို့ ထုတ်ဖော်ချီးကျူးမှု လုပ်ခဲ့ပါတယ်။ ချယ်ဆီးနဲ့အတူ အရာအားလုံးကို အောင်နိုင်သူလို့ ပရိသတ်တွေက ကောင်းချီးပေးရတဲ့ ကာဟေးဟာ စတမ်းဖိုဒ့်ဘရစ်မှာတော့ ဆုဖလားတိုင်းကို အောင်မြင်ခဲ့သူပါ။ သူဟာ ဒီနွေမှာတော့ လန်ဒန်မြို့ခံပြိုင်ဘက် ပဲလေစ့်ကို ကူးပြောင်းခဲ့ပြီး ကစားသမားဘဝကို ရှေ့ဆက်ခဲ့တာဖြစ်တယ်။ ကာဟေးကတော့ ဒီကနေ့မှာ ပဲလေစ့်က ကစားပုံကောင်းခဲ့ပေမယ့် အရေးနိမ့်ခဲ့ခြင်းက ချယ်ဆီးအသင်း လူငယ်တွေရဲ့ စိတ်လှုပ်ရှားစရာ ခြေစွမ်းကောင်းတွေကြောင့်ပါလို့… Continue Reading →

အမှတ်ပေးပွဲ ၆ ပွဲဆက်အနိုင်နဲ့ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ စတင်ခဲ့ပြီဖြစ်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ လန်ဒန်ဒါဘီပွဲဖြစ်တဲ့ ပဲလေစ့်နဲ့ပွဲမှာ အသာစီးရယူ ကစားနိုင်မှုနဲ့အတူ ဒုတိယပိုင်းအတွင်း အေဘရာဟမ် ပူလာဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ စနေအစောပိုင်းပွဲအပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပဲလေစ့်ဟာ စတမ်းဖိုဒ့်ဘရစ်ကို သရေတစ်ပေါက် ရအောင်ကစားဖို့ လာခဲ့တာဖြစ်ပြီး သူတို့ဟာ ချယ်ဆီးရဲ့ တိုက်စစ်တွေကို အနာခံဖျက်ထုတ်မှုတွေ၊ ခပ်ကြမ်းကြမ်း ကိုင်တွယ်မှုတွေနဲ့ ရပ်တန့်လိုတာကို မြင်ထားရတယ်။ ချယ်ဆီးဟာ ပိုင်ဆိုင်မှု အပြည့်အဝ အသာစီးရပေမယ့် ပထမပိုင်းအတွင်းမှာ သွင်းဂိုးအဖြစ် ရလောက်အောင်တော့ အခွင့်အရေးကောင်းတွေ ဆုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ ဒီပွဲမှာ ဂျော်ဂျင်ဟိုရဲ့… Continue Reading →

ပြိုင်ဘက်မန်စီးတီးနဲ့ အမှတ်ပေးဖလားအကြောင်း မှတ်ချက်ပေးလာတဲ့ ဖာဘင်ညို

ဒီတပတ် လီဗာပူးနဲ့ မန်စီးတီး ပရီးမီးယားလိဂ်ပွဲကို အမှတ်ပေးဖလားအတွက် အရေးကြီး ပွဲစဉ်တစ်ပွဲလို့ ယူဆထားကြပေမယ့် လီဗာပူး ကွင်းလယ် ကစားသမား ဖာဘင်ညိုကတော့ ဒီတစ်ပွဲဟာ ချန်ပီယံ အဆုံးအဖြတ် ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောဆိုလာပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ဒီပွဲကို နိုင်အောင် ကစားဖို့ ဆုံးဖြတ်ထားကြောင်း ပွဲကြို ရှင်းလင်းပွဲမှာ ဆိုထားပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးက ဒီပွဲကို နိုင်ရင် ချန်ပီယံ မန်စီးတီးကို ၉ မှတ် အထိ ဖြတ်ထားနိုင်မှာ ဖြစ်ပါတယ်။… Continue Reading →

ကန်တေနဲ့ ပတ်သတ်ပြီး ဆာရီ လမ်းစဉ်လိုက်ဖွယ် ရှိကြောင်း လမ်းပတ် အရိပ်အမြွက် ပြော

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ကွင်းလယ်ကစားသမား ကန်တေကို ယခင်နည်းပြ ဆာရီ ကွင်းလယ်မှာ နေရာချခဲ့သလိုမျိုး သုံးသွားဖွယ် ရှိကြောင်း အရိပ်အမြွက် ဖွင့်ဟလာပါတယ်။ လက်ရှိ ဂျူဗင်တပ်အသင်းကို ကိုင်တွယ်နေပြီဖြစ်တဲ့ ဆာရီဟာ ချယ်ဆီးအသင်းမှာ ရှိစဉ်က ကွင်းလယ် ဘောလုံး ကိုင် ကစားတဲ့နေရာကို ဂျော်ဂျင်ဟိုအား ပေးခဲ့ပြီး ကန်တေကိုတော့ တိုက်စစ် ပို လိုက်ပါကစားစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဝေဖန်မှု များစွာ ခံခဲ့ရပြီး ကန်တေလည်း ခြေစွမ်း အကောင်းဆုံး ပြသနိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။ လမ်းပတ်ကလည်း… Continue Reading →

အိုဇေး ပြန် ပါဝင်လာနိုင်မယ့် လက်စတာနဲ့ ပွဲ အာဆင်နယ် လိုင်းအပ် ခန့်မှန်း

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ယူရိုပါလိဂ်ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် ခံစစ် သုံးယောက်တန်း ကစားကွက်ကိုပဲ ဆက်လက် ခင်းကျင်းသွားဖွယ် ရှိပါတယ်။ လက်စတာနဲ့ပွဲမှာ အိုဇေးကို ပွဲထုတ်လာဖွယ် ရှိပြီး ဇာခါကတော့ ပါဝင်နိုင်မှာ မဟုတ်ကြောင်း အမ်မရီက အတည်ပြု ပြောကြားထားပါတယ်။ ဂိုးသမား လီနိုရဲ့ ရှေ့မှာ ချန်ဘာစ်၊ လူးဝစ်နဲ့ ဆိုကရေးတစ် တို့ သုံးယောက်တန်းနဲ့ ပွဲထွက်လာမယ် ယူဆရပြီး ခံစစ် ပိုမို ကျစ်လစ်စေဖို့ ဘယ်လာရင်နဲ့ ကိုလာစီနက်တို့ကို အစွန်မှာ ရန်လာစေဖွယ် ရှိပါတယ်။ ဂန်းနားတွေဟာ… Continue Reading →

လီဗာပူးသားတွေ လွှမ်းမိုးထားတဲ့ လီဗာပူး မန်စီးတီး နှစ်သင်းပေါင်း အကောင်းဆုံး ၁၁ ယောက် အသင်း

လီဗာပူးအသင်းဟာ ဒီတပတ်မှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် စကားစစ်ထိုးမှုတွေနဲ့ သုံးသပ်သူတွေ အကြားမှာ ရေပန်းစားနေတဲ့ ပွဲကောင်းလည်း ဖြစ်ပါတယ်။ လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းပေါင်းထဲက အကောင်းဆုံး ၁၁ ယောက် အသင်းကို နာမည်ကျော် သုံးသပ်သူ ရော်ဘီ ဆားဗေ့ချ်က ရွေးထုတ်ပေးထားတာကို ဖော်ပြပေးပါမယ်။ ၎င်းရဲ့ အသင်းမှာ လီဗာပူးအသင်းသားတွေကတော့ အများစု လွှမ်းမိုးထားတာပါ။ ရော်ဘီ ဆားဗေ့ ရွေးချယ်ထားတဲ့… Continue Reading →

ချယ်ဆီးအတွက် ကိုဗာဆစ် လုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ တိုးတက်မှုအား လမ်းပတ် တောင်းဆို

ချယ်ဆီးမန်နေဂျာလမ်းပတ်က ကွင်းလယ်မှာခြေစွမ်းပြနေတဲ့ ကိုဗာစစ်ရဲ့ ပုံစံကောင်းကို ကျေနပ်နေပေမယ့် ကစားသမားအား ကလပ်အတွက် သွင်းဂိုးတွေ ရအောင် စွမ်းဆောင်ပေးဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ မနှစ်ကရာသီ ရီးရဲလ်မက်ဒရစ်ကနေ အငှားလာကစားခဲ့ပြီး ဒီနွေမှာ အပြီးသတ်စာချုပ်ဖြင့် ပြောင်းလာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူဟာ ဂျော်ဂျင်ဟိုနဲ့ တွဲဘက်ပြီး ခြေစွမ်းပြပနေခြင်း ရှိနေပါတယ်။ ဒီရာသီ ချယ်ဆီးအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲထိ ကစားထားပေမယ့်လည်း ကိုဗာဆစ်ဟာ သွင်းဂိုးတော့ တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိတာဖြစ်တယ်။ လမ်းပတ်က ‘ အခြားသော… Continue Reading →

ဇန်နဝါရီမှာ အဲရစ်ဆန်ကို ပေါင် ၄၂ သန်းတည်းနဲ့ ခေါ်ယူဖို့ ယူနိုက်တက် စကားပြောနေ

ယူနိုက်တက်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် စပါးကွင်းလယ်လူ အဲရစ်ဆန်ကို ခေါ်ယူဖို့အတွက် စကားပြောနေပြီး စပါးနဲ့ သက်တမ်း တစ်နှစ်ပဲ ကျန်ရှိတဲ့ ဒိန်းမတ်လက်ရွေးစင်ကို အရခေါ်ယူဖို့ စိတ်အားထက်သန်နေခဲ့ပြီဖြစ်ပါတယ်။ အဲရစ်ဆန်ဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ခဲ့သလို ကွင်းလယ်တိုက်စစ် ကစားသမားဟာ လာလီဂါကလပ်နဲ့ ဆက်သွယ်မှုတွေ ရှိခဲ့ကြောင်း သိခဲ့ရပေမယ့် အပြီးသတ်ကိစ္စတွေအတွက် အသံမထွက်လာခဲ့ပါဘူး။ မန်နေဂျာဆိုးရှားက ကွင်းလယ်မှာ အင်အားဖြည့်ဖို့ လိုအပ်နေတယ်လို့ ယုံကြည်မှုနဲ့အတူ ကြံ့ခိုင်မှုကောင်းနေတဲ့ အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူူဖို့ ဆန္ဒရှိနေတာဖြစ်တယ်။ ကွင်းလယ်ကနေ တိုက်စစ်ကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!