Date

November 10, 2019

လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာတဲ့ ဆိုးရှားနဲ့ ယူနိုက်တက်ရဲ့ နှစ်ပွဲဆက် သုံးဂိုးသွင်း နိုင်ပွဲ

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညက အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ဧည့်ခံ ကစားရာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲဟာ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ မြောက် အနိုင် ဖြစ်ပြီး ပါတီဇန်ဘဲလ်ဂရိတ်နဲ့ ပွဲ ပြီးနောက် ဘရိုက်တန်ကိုပါ ဆက်လက် ၃ ဂိုး သွင်းကာ အောင်ပွဲ ခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ငယ်ရွယ်ပြီး ပါဝါအပြည့်နဲ့ တောက်ပနေတဲ့ ယူနိုက်တက်ဟာ လေးရက်အတွင်း ဒုတိယအကြိမ် သုံးဂိုးသွင်းနိုင်ခဲ့တာ… Continue Reading →

ပရီးမီးယားလိဂ် ခြောက်ပွဲဆက် နိုင်ပြီးနောက် မျှော်လင့်ချက်တွေ လမ်းပတ် ဖွင့်ဟ

ခရစ္စတယ်ပဲလေ့စ်ကို နိုင်တဲ့ပွဲက ချယ်ဆီးအသင်း အတွက် နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ခြောက်ပွဲဆက် အနိူင် ရခဲ့တာ ဖြစ်ပြီး အသင်းနဲ့ ပတ်သတ်တဲ့ မျှော်လင့်ချက်တွေ အကြောင်း နည်းပြ လမ်းပတ်က ဖွင့်ဟပြောဆိုလာတယ်။ “ရာသီအစမှာ ကျနော် လူငယ်တွေကို ယုံကြည်မှု ပေးခဲ့တယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ဟာ အခွင့်အရေး နဲ့ ထိုက်တန်တယ်လို့ ကျနော် ခံစားခဲ့ရလို့ပါ။ဒါပေမယ့် သူတို့ရဲ့ ခြေစွမ်းကို မမြင်ရသေးတဲ့အချိန်မှာ မေးခွန်းထုတ်စရာ တွေ ရှိခဲ့တယ်။ အခု လူငယ်ကစားသမား… Continue Reading →

မန်စီးတီး၊ လက်စတာ၊ ချယ်ဆီးတို့ အပေါ် သဘောထား ဖွင့်ဟပြောဆိုလိုက်တဲ့ ဟန်ဒါဆန်

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် က သူနဲ့ သူ့အသင်းဖော်တွေဟာ ပရီးမီးယားလိဂ် ဖလားပြိုင်ဘက် စီးတီးအပေါ် လေးစားမှု ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီ ၁၁ပွဲ ၁၀ပွဲ အနိုင်ရခဲ့တဲ့ ကလော့ပ်ရဲ့ လူတွေဟာ ဒီနေ့ည အန်ဖီးမှာ ဂွာဒီယိုလာ ရဲ့အသင်းကို လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါက စီတီဇန်တွေအပေါ် ကိုးမှတ်အသာနဲ့ ဦးဆောင်နိူင်စေမယ့် အခွင့်အရေး လဲ ဖြစ်ပါတယ်။ ဒီပွဲမှာ နိူင်ခဲ့ရင် အန်ဖီးကလပ်အတွက် ပထမဆုံး ပရီးမီးယားလိဂ် ဖလား အောင်မြင်ဖို့ ပိုနီးစပ်သွားမှာဖြစ်ပေမယ့် နှစ်ကြိမ်ဆက်… Continue Reading →

အကြောက်တရားဆိုတာ လီဗာပူး ကလပ်အသင်းမှာ မရှိတဲ့ အရာပါ

လီဗာပူး ဗဟိုခံစစ်မှူး ဗာဂျေူး ဗန်ဒိုက်ကတော့ သူနဲ့ အသင်းဖော် လီဗာပူးသားတွေက ဘယ်ပွဲစဉ်ကို မဆို အနိုင် ကစားနိုင်တယ်လို့ ယုံကြည်မှု အပြည့် ရှိနေပြီး ကြောက်ရွံ့မှုဆိုတာ လုံး၀ မခံစားမိကြကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ဟော်လန်သား ခံစစ်မှူးက မန်စီးတီးနဲ့ ပွဲစဉ် မတိုင်ခင်ပဲ ထိုသို့ ပြောဆိုလိုက်ခြင်းပါ။ လီဗာပူးက ပြီးခဲ့တဲ့ရာသီ မန်စီးတီးထက် တစ်မှတ်လျော့နဲ့ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရသော်လည်း လက်ရှိ အချိန်မှာ ၆ မှတ်အသာနဲ့ ဦးဆောင်ထားပါတယ်။ ဒီရာသီမှာတော့ ယခင်ကလို ချွတ်ချော်မှုများ… Continue Reading →

ပထမပိုင်းမှာ ရုန်းကန်ခဲ့ရတဲ့ အေဗရာဟမ်နဲ့ ပတ်သတ်တဲ့ လမ်းပတ် မှတ်ချက်နဲ့ တိုက်စစ်မှူးလေးရဲ့ ဖွင့်ဟမှု

ချယ်ဆီးအသင်းဟာ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ အဖြစ် စနေနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်ကို ရင်ဆိုင် ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ချယ်ဆီးအသင်း ဂိုး မသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှသာ အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ အဖွင့်ဂိုး ရှင် တမ်မီ အေဗရာဟမ်က ပွဲအပြီးမှာ အသင်းမန်နေဂျာရဲ့ တိုက်တွန်းမှုများ အကြောင်း အခုလို ဖွင့်ဟခဲ့ပါတယ်။ ” အရေးကြီးဆုံး ကျနော်တို့ ရခဲ့တာက အနိုင်… Continue Reading →

လီဗာပူးရဲ့ ပရီးမီးယားလိဂ် ဗိုလ်စွဲခွင့်နဲ့ ပတ်သတ်ပြီး အက်ဒရီယန် မှတ်ချက်ပြု

လီဗာပူး ဂိုးသမား အက်ဒရီယန်က တနင်္ဂနွေနေ့ မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဖိစီးမှုများကို မေးခွန်းထုတ်လိုက်ပြီး ဒီပွဲစဉ် တစ်ပွဲတည်းက ပရီးမီးယားလိဂ် အမှတ်ပေးဖလား ချန်ပီယံအတွက် အဆုံးအဖြတ်ပေးနိုင်ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။ ဒီညပွဲစဉ် မတိုင်ခင်မှာ လီဗာပူးက စီးတီးထက် ၆ မှတ် အသာရထားပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဗိုလ်စွဲဖို့ အလားအလာကောင်းများ ပိုင်ဆိုင်ထားပါတယ်။ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးက ပြီးခဲ့တဲ့ရာသီက ချန်ပီယံ မန်စီးတီးထက် တစ်မှတ်သာ လျော့နည်းခဲ့တာ ဖြစ်ပြီး ပြည်တွင်းမှာ… Continue Reading →

ဆန်လီဟီးက စပိန်နဲ့ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို ချိတ်ဆက်နေ

အာဆင်နယ်အသင်းဟာ စပိန်နဲ့ ဘာစီလိုနာနည်းပြဟောင်း အင်းနရစ်ကို ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်လာခဲ့ပြီး လက်ရှိ အာဆင်နယ်နည်းပြ အမ်မရီ အပေါ် ဖိအားတွေက ပိုမို တိုးပွားလာခဲ့ပါတယ်။ ဂန်းနားတွေဟာ စနေနေ့ညမှာ လက်စတာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၆ နေရာသို့ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။ ကင်းပါဝါကွင်းမှာ အမ်မရီရဲ့ အသင်းဟာ နိုင်ပွဲရဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ကာ ကြိုးစပမ်းခဲ့ပေမယ့် အာဆင်နယ်ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ငါးပွဲလုံး နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ်… Continue Reading →

ယူနိုက်တက် ကွင်းလယ်ဗိုလ်ချုပ် မာတစ်နေရာ အစားထိုးနိုင်မယ့် ကစားသမားများ

ဇန်နဝါရီ အပြောင်းအရွှေ့ ဖွင့်က သီတင်းပတ် ၈ ပတ် လောက်သာ ကျန်တော့ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဈေးကွက်ဖွင့်တာနဲ့ အသင်း ကာလရှည် ဒဏ်ရာရ ကစားသမားများနေရာ အစားထိုးဖို့ လူသစ်များ ခေါ်ယူရန် လှုပ်ရှားရတော့မှာပါ။ အသင်းမှာ အရန်အသင့် အစားဝင် ကစားနိုင်တဲ့ ကစားသမား နည်းပါးနေခြင်းက ဒီရာသီ ယူနိုက်တက် ဆိုးဝါးတဲ့ ရာသီအစ ပိုင်ဆိုင်ရခြင်း အကြောင်းအချက်ထဲ ပါဝင်နေ်ပါတယ်။ ကွင်းလယ်ကစားသမား မာတစ်ကလည်း ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိနေတာကြောင့် ဆိုးရှား အနေနဲ့ ၎င်း… Continue Reading →

ကမ္ဘာဘောလုံးဂန္တဝင်ကြီး ကာဖူးက လီဗာပူးအစွန်လူ ထရန့်ကို တခုပ်တတ်ရ ချီးကျူးမှုပြုလုပ်

လီဗာပူးအသင်းနဲ့ တောက်ပတဲ့ခြေစွမ်း ပြသလာတဲ့ လူငယ်ညာအစွန်လူ ထရန့်ကို နောက်ဆုံး ချီးကျူးမှုလုပ်ခဲ့သူကတော့ ကမ္ဘာဘောလုံး ဂန္တင်ကြီးတစ်ဦးဖြစ်တဲ့ ကာဖူးပဲ ဖြစ်ပါတယ်။ ဘရာဇီးအသင်းနဲ့ ကမ္ဘာဖလား နှစ်ကြိမ်အနိုင်ရ ကာဖူးဟာ သူ့ရဲ့ ကစားသမားဘဝမှာ အထင်ကရ ကလပ်တွေအတွက် ကိုယ်စားပြုခဲ့သလို ညာအစွန်လူအတိုင်းအတွက် စံနမူနာ ကစားသမားလို့လည်း မှတ်ယူခံခဲ့ရသူဖြစ်တယ်။ ကာဖူးဟာ လက်ရွေးစင် အသင်းဖော်ဖြစ်တဲ့ ရော်ဘတ်တို ကားလိုစ့်နဲ့ တွဲဘက်ပြီး ဘရာဇီးခေတ်တစ်ခုမှာ ရော်နယ်ဒင်ဟို၊ ရော်နယ်ဒို၊ ရီဗယ်ဒိုတို့နဲ့အတူ တောက်ပခဲ့သူလည်း ဖြစ်ပါတယ်။ ကာဖူးက ပရီးမီးယားလိဂ် အကောင်းဆုံး ညာအစွန်လူလို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!