Date

November 11, 2019

လီဗာပူးပရိသတ်တွေကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့တဲ့ ဆာလက်နဲ့ ဒီဘရိုင်းတို့ တွေ့ဆုံမှု

အန်ဖီးကွင်းမှာ လီဗာပူးက မန်စီးတီးကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက်မှာ မာဆေးဆိုဒ်ပရိသတ်တွေကြား ပွက်လောရိုက်စေခဲ့တဲ့ ဗီဒီယိုဖိုင်နှစ်ခုအနက် တစ်ခုက ပြိုင်ဘက်အသင်းသား စတာလင်ကို ဂိုးမက်စ်ရဲ့ တုန့်ပြန်မှုဖြစ်ပြီး နောက်တစ်ခုကတော့ ဆာလက်၊ ဒီဘရိုင်းနဲ့ ကလော့ပ်ကြား စကားနေမှု ဗီဒီယိုဖြစ်ပါတယ်။ ပွဲအပြီး နောက်ကွယ်က အခြေအနေတွေမှာတော့ အန်ဖီးကွင်းက နှစ်ဘက်အသင်း အဝတ်လဲခန်းကြားမှာ ဘယ်ဂျီယံ ကွင်းလယ်ဖန်တီးရှင်ဟာ လီဗာပူးတိုက်စစ်သမားနဲ့ အချိန်အကြာကြီး စကားပြောနေခဲ့ပြီး ခဏအကြာမှာ မန်နေဂျာယာဂင်ကလော့ပ်ပါ ရောက်လာခဲ့ခြင်းဖြစ်ကာ သုံးယောက်သား စကားပြောနေခဲ့တာဖြစ်တယ်။ ကလော့ပ်က ဆာလက်ကို ပုခုံးဘက်ပြီး ဒီဘရိုင်းကို… Continue Reading →

ယူနိုက်တက် တစ်သင်းလုံးမှာ သုံးလိုရမယ် အသင်းသား ၇ ဦးပဲရှိတယ်လို့ ထုတ်ပြောလာတဲ့ နဗီး

ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးက အနာဂတ်အတွက် မျှော်လင့်နိုင်တဲ့ ကစားသမားဆိုလို့ လက်ရှိ အသင်းသားတွေထဲမှ ခုနှစ်ဦးပဲ မြင်မိပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အိုထရတ်ဖိုဒ့်မှာ ဂိုးပြတ်နိုင်ပွဲအဖြစ် ဒီအပတ်မှာ ဘရိုက်တန်ကို အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်ဟာ အဆင့် ခုနှစ်ထိ ပြန်တက်လာခဲ့ပြီဖြစ်တယ်။ ပါရဲရားနဲ့ တော်မီနေးတို့ရဲ့ ကန်သွင်းမှုတွေ ပြိုင်ဘက်ကစားသမားတွေနဲ့ ထိခဲ့ပြီးနောက် ဂိုးရခဲ့သလို တိုက်စစ်မှူး ရပ်ဖို့လည်း သွင်းဂိုးတစ်ဂိုး ရခဲ့တဲ့ အနေအထားမှာ ယူနိုက်တက်က နိုင်ပွဲရခဲ့တာဖြစ်ပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်လာဖို့ တာဆူနေခဲ့ပါပြီ။ အကောင်းမြင်နိုင်တဲ့ ခြေစွမ်းတွေကို ပြသခဲ့ပေမယ့်… Continue Reading →

ချယ်ဆီးက လီဗာပူး၊ မန်စီးတီးနဲ့အပြိုင် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ပြီလား လမ်းပတ် အဖြေပြန်

ချယ်ဆီးဟာ စနေနေ့က ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ နဲ့ အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ တနင်္ဂနွေနေ့ပွဲမှာတော့ လက်စတာက အာဆင်နယ်ကို အနိုင်ရခဲ့ပြီး လီဗာပူးက မန်စီးတီးကို အနိုင်ရခဲ့ခြင်းကြောင့် အဆိုပါ အဆင့်မှာပဲ ဆက်လက် ရပ်တည်ခဲ့တယ်။ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ရပ်နားမှာဖြစ်ပြီး ခြင်္သေ့ပြာတွေဟာ ၁၂ပွဲ ကစားပြီးချိန်မှာ ဦးဆောင်သူ လီဗာပူးနဲ့ ၈ မှတ်အကွာ၊ ဒုတိယနေရာက လက်စတာနဲ့ ရမှတ်အတူတူ ၂၆ မှတ် ရရှိထားတာပါ။ ဒါပေမယ့်လဲ… Continue Reading →

လီဗာပူးကို ရပ်တန့်ရခက်နေခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်လာတဲ့ ဂျရတ်၊ အလွန်ဆို အတွဲသစ်

ပီတာခရော့ချ်က ထရန့်အလက်ဇန်းဒါး အာနိုးရဲ့ ဖန်တီးနိုင်စွမ်းကို လီဗာပူး ဂန္တဝင် စတီဗင် ဂျရတ်၊ ဇာဘီအလွန်ဆို တို့နဲ့ ခိုင်းနှိုင်းလိုက်ပြီး ကလပ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ခံစစ်အတွဲ အတွက် ဂုဏ်ယူစရာပဲလို့ ပြောဆိုလိုက်ပါတယ်။ ခံစစ်ကစားသမား နှစ်ယောက်ဟာ ချီးကျူးလောက်စရာ အရည်အချင်းတွေကို စီးတီးနဲ့ပွဲမှာ ထပ်မံ ပြသခဲ့တာပါ။ ဖာဘင်ဟိုရဲ့ အစောပိုင်း သွင်းဂိုးအပြီး အာနိုးနဲ့ ရောဘတ်ဆန်တို့က ဒုတိယ ဂိုးအတွက် ပူးပေါင်းကူညီခဲ့ကြပါတယ်။ လီဗာပူး ညာနောက်ခံလူကနေ ဘယ်နောက်ခံလူထံ ဖြတ်တင်ပေးပို့မှုကနေ တဆင့် ဆာလက်က ခေါင်းတိုက်သွင်းခဲ့တာ ဖြစ်ပါတယ်။… Continue Reading →

ယူနိုက်တက်က ပွဲတိုင်း နိုင်အောင် ကစားနိုင်တယ်လို့ ယုံကြည်မှု အပြည့်ရှိနေပြီ

ယူနိုက်တက်ရဲ့ ဝေးစ် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်က ကလပ်အသင်းဟာ ယူနိုက်တက်အသင်းသားတွေရဲ့ စိတ်ရှည်စွာ အားထုတ်မှုကနေ အကျိုးရလဒ်တွေ မြင်နိုင်ပြီ ဖြစ်ကာ ယုံကြည်မှု အပြည့်ပြန်ရှိနေတာကြောင့် ကျေနပ်ရကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပွဲတိုင်း နိုင်အောင် ကစားနိုင်ပြီလို့ ယုံကြည်ပြီ ဖြစ်ကြောင်း ဂျိမ်းစ်က ဆိုခဲ့ပြီး အသင်းမှာ လိုအပ်နေတဲ့ အရာတွေ တစတစ ဖြည့်ဆည်းနိုင်ခဲ့ကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ၎င်းက ပြောဆိုခဲ့တာပါ။ ယူနိုက်တက်ဟာ ဒီရာသီ ဘောလုံးရာသီကို ဆိုးဝါးတဲ့ ကနဦးနဲ့ ဖွင့်ထားခဲ့ပေမယ့်… Continue Reading →

ရိစ်ဂျိမ်းကို နည်းစနစ်ပိုင်းအရ နေရာပြောင်းကစားစေဖို့ အကြံရှိနေတဲ့ ဖရန့်လမ်းပတ်

ချယ်ဆီးရဲ့ ကြယ်ပွင့် လူငယ်ကစားသမားဖြစ်ပြီး ညာအစွန်လူလည်းဖြစ်တဲ့ ရိစ်ဂျိမ်းဟာ အနာဂတ်မှာ သူ့စိတ်ကြိုက်နေရာကနေ အခြားသော နေရာကို ေြာင်းကစားတာမျိုး ဖြစ်လာနိုင်ပါတယ်လို့ မန်နေဂျာလမ်းပတ်က သတိပေးမှုတစ်ခုကို ထုတ်ဖော်ပြောဆိုပါတယ်။ အသက် ၁၉ နှစ်အရွယ် ညာအစွန်လူဟာ သီတင်းပတ်အကုန်က ပဲလေစ့်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ အသင်းခေါင်းဆောင် ကီတာကို ကျော်ဖြတ်ပြီး နေရာရခဲ့တယ်။ ကီတာကို မလေးစားစွာ ပြောဆိုလိုခြင်း မဟုတ်ပေမယ့် ရိစ်ဟာ ညာအစွန်နေရာမှာ အထူးချွန်ဆုံး ကစားပြခဲ့တာဖြစ်ပြီး လိဂ်ရဲ့ အကောင်းဆုံး တောင်ပံတွေထဲက တစ်ဦးဖြစ်တဲ့ ဇာဟာကို လုပ်မရအောင်ကို အပြည့်အဝ… Continue Reading →

ဖာဘင်ညိုရဲ့ ပထမဆုံး သွင်းဂိုးကို အောင်ပွဲ မခံခဲ့တဲ့ အကြောင်းအရင်းအား ဗန်ဒိုက် ဖွင့်ဟ

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်က မန်စီးတီးဘက် ဦးဆောင်ဂိုး သွင်းလိုက်တဲ့ ဖာဘင်ညိုရဲ့ အဖွင့်ဂိုးကို အောင်ပွဲ မခံလိုက်ဖြစ်တဲ့ အကြောင်းအရင်းကို ဖွင့်ဟဝန်ခံမှု ပြုလုပ်လာပါတယ်။ ဟော်လန်သားဟာ ထိုစဉ်က VAR ရဲ့ စိစစ်မှု ရှိမလားနဲ့ အဖြေကို စောင့်ကြည့် နေခဲ့တာ ဖြစ်ကြောင်း ပြောဆိုလာပါတယ်။ မာဆေးဆိုဒ်ကလပ်ဟာ အနီးကပ်ပြိုင်ဘက် မန်စီးတီးကို အနိုင်ရခဲ့ပြီးတဲ့နောက် အမှတ်ပေးဇယားမှာ မန်ချက်စတာမြို့ခံအသင်းကို ၉ မှတ် ဖြတ်ခဲ့သလို လက်စတာနဲ့ ချယ်ဆီးကို ၈ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်တယ်။ ဒီရလဒ်တွေက အဆင့်ကောင်းမှာ… Continue Reading →

ကန်တေ မဟုတ်တဲ့ ချယ်ဆီးရဲ့ အကောင်းဆုံး ကစားသမားကို ဘောလုံးသုံးသပ်သူ ထုတ်ဖော်

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း Garth Crooks က ပဲလေစ့်နဲ့ပွဲမှာ မြင်ခဲ့ရမှုအရ ဝါရင့်တောင်ပံသမား ဝီလီယမ်က ချယ်ဆီးရဲ့ အဓိကကျတဲ့ ကစားသမားဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်လို့ သုံးသပ်မှု ပြုလုပ်သွားခဲ့ပါတယ်။ ဘရာဇီးသားဟာ လန်ဒန်ဒါဘီပွဲမှာ ချယ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။ ကလပ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ကွီတာ အရန်စာရင်းမှာပဲ ရှိနေချိန်မှာ ဂျော်ဂျင်ဟိုကလည်း ပွဲပယ်ခံထားရတာဖြစ်တယ်။ ဝီလီယမ်ဟာ ချယ်ဆီးတို့ ၂-၀ နဲ့ အနိုင်ရမှုမှာ တိုက်စစ်အတွက် ထောက်တိုင်ဖြစ်ခဲ့သလို ခံစစ်ထိဆင်းပြီးလည်း အသင်းအတွက် ဘောလုံးပြန်ဆယ်ပေးဖို့ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ အေဘရာဟမ်ရဲ့ အဖွင့်ဂိုးကလည်း… Continue Reading →

ရီးရဲလ်က စိတ်ဝင်စားနေပေမယ့် ကစားသမားဘဝကို ချယ်ဆီးမှာပဲ အဆုံးသတ်လိုနေတဲ့ ကန်တေ

ချယ်ဆီးပရိသတ်တွေရဲ့ အချစ်တော် ကွင်းလယ်ကစားသမား ကန်တေက သူ့ရဲ့ ကစားသမားဘဝကို ချယ်ဆီးမှာပဲ ရှိနေခြင်းနဲ့ အဆုံးသတ်လိုကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တယ်။ ပြင်သစ်သားကို ခေါ်ယူဖို့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတာလည်းဖြစ်တယ်။ ကမ္ဘာအကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးလို့ ထင်ရှားတဲ့ ကန်တေကို ခေါ်ယူဖို့ ဂျူဗင်တပ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်ဂျီတို့က စိတ်ဝင်စားနေတာပါ။ ပြင်သစ်လက်ရွေးစင်ဟာ ချယ်ဆီးနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ်ရှိနေတာဖြစ်ပြီး သူကိုယ်တိုင်ကတော့ ကစားသမားဘဝကနေ အနားယူတဲ့အချိန်ထိ ချယ်ဆီးမှာပဲ ဆက်ရှိလိုပါတယ်လို့ ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ ကန်တေက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!