Date

November 12, 2019

လီဗာပူးရဲ့ ဒိုင်ဆန် သို့မဟုတ် အရေးကြီးဆုံး အခရာကျလာတဲ့ ကစားသမား

မန်စီးတီးကို နိုင်လိုက်တာက လီဗာပူးအသင်းဟာ အားလုံးရဲ့ ပါးစပ်ဖျားမှာ ပိုမို ရေပန်းစားလာစေခဲ့တဲ့ အကြောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စီးတီးကို နိုင်လိုက်တဲ့ ပွဲမှာ လီဗာပူး ကစားသမား တစ်ယောက်ကတော့ အားလုံးထက် သာလွန်တဲ့ ထူးချွန်မှုကို ပြသခဲ့ပါတယ်။ ၎င်းကတော့ ဖာဘင်ညိုပါ။ ဖာဘင်ညိုက လက်ရှိ လီဗာပူးမှာ အရေးအကြီးဆုံး ကစားသမား တစ်ယောက်လည်း ဖြစ်လာနေပါတယ်။ ဘရာဇီးသားက အင်္ဂလန်မှာ အခြေကျဖို့ အချိန်တော့ ယူခဲ့ရပါတယ်။ ဇူလိုင် ၂၀၁၈ မှာ မိုနာကိုကနေ သတင်းမကြားဘဲ ရုတ်ချည်း… Continue Reading →

ဝေဖန်သံတွေညံနေတဲ့ VAR နဲ့ပက်သက်သော ကိုယ်ပိုင်ထင်မြင်ချက်ကို ယာဂင်ကလော့ပ် ထုတ်ပြော

လီဗာပူးမှ ဂျာမန်သားနည်းပြကြီး ယာဂင်ကလော့ပ်က ဗီဒီယို အထောက်အကူပြု VAR စနစ်က တိုးတက်လာနိုင်စရာတွေ ရှိသော်လည်း ဘယ်တော့မှ ပြီးပြည့်စုံတဲ့ စနစ် ဖြစ်လာမှာ မဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ မန်စီးတီးနဲ့ပွဲမှာ လီဗာပူးရဲ့ လက်ထိဘောကို VAR နဲ့ ပြန်စစ်ဆေးခဲ့ပေမယ့် ငြင်းပယ်ခဲ့တာကြာင့် ဝေဖန်မှုတွေ ရှိနေပါတယ်။ ပက်ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းသားတွေက ထိုနေ့က အဆုံးအဖြတ်တွေနဲ့ ရလဒ်အပေါ် ကျေနပ်ကြခြင်း မရှိပါဘူး။ ကလော့ပ်ကတော့ VAR စနစ်ဟာ လူသားတွေရဲ့ အဆုံးအဖြတ် ပါဝင်နေသေးတာ ဖြစ်လို့ ပြစ်မျိုးမှဲ့မထင် ပြည့်စုံတဲ့… Continue Reading →

စတာလင်နဲ့ ဖြစ်ရပ်မှာ ဂိုးမက်စ် ညာဘက်မျက်လုံး ဒဏ်ရာရခဲ့ပြီး ဟန်ဒါဆန်ပါ ဝင်ပါခဲ့ရ

အင်္ဂလန်အသင်းနဲ့ ပူူးပေါင်းစဉ် ဂိုးမက်စ်နဲ့ စတာလင်တို့ အချင်းများမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ရပ်ကို အင်္ဂလန်လူစာရင်းနဲ့ မပူးပေါင်းရသေးတဲ့ လက်ရွေးစင်အသင်း လက်ထောက်အသင်းခေါင်းဆောင် ဟန်ဒါဆန်က ကြားဝင် ဖြန့်ဖြေသူအဖြစ် လုပ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။ အန်ဖီးကွင်းက လီဗာပူးနဲ့ မန်စီးတီးပွဲပြီး နောက်တစ်ရက်မှာ အင်္ဂလန်အသင်းသားတွေ St George’s Park မှာ စုဝေးကြစဉ် အဆိုပါကိစ္စ ဖြစ်ပွားခဲ့တာပါ။ ဂိုးမက်စ်က စတာလင်ကို နုတ်ဆက်မှုအလုပ်မှာ စတာလင်က ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို လုပ်ခဲ့တာဖြစ်ပြီး ဂိုးမက်စ် ညာဘက်မျက်လုံးမှာ အသေးစား ဒဏ်ရာရခဲ့တဲ့ အနေအထားဖြစ်တယ်လို့… Continue Reading →

ဆာလက်နဲ့ ရော်ဘတ်ဆန် ဒဏ်ရာတွေကြောင့် ချွေးပြန်စရာ အနေအထား ရင်ဆိုင်နေရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ တိုက်စစ်သမား ဆာလက် အသေးစားဒဏ်ရာရမှုက မပျောက်နိုင်ပဲ ထပ်ထပ်ဖြစ်နေတဲ့ အနေအထားမှာ ဒဏ်ရာက ပိုဆိုးလာပြီး ကာလရှည် အနေအထားဖြစ်သွားမှာကို စိုးထိတ်နေတယ်လို့ သိရပါတယ်။ မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲပထမပိုင်းမှာ ဖာနန်ဒင်ဟိုရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာပြန်ပေါ်ခဲ့တာဖြစ်ကာ ကုသမှုလုပ်ဖို့ လိုအပ်နေတာဖြစ်တယ်။ ဆာလက်ရဲ့ ခြေထောက်ဒဏ်ရာက အစောတည်းက အကင်းမပျောက်သေးတာဖြစ်ပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာတော့ မဟုတ်ခဲ့ပါဘူး။ နိုင်ငံတကာ သီတင်းပတ်အဖြစ် ကလပ်အသင်းပြင်ပကို ရောက်နေမယ့် အနေအထားမှာ ဒဏ်ရာရဲ့ အသေးစိတ် အြခေအနေကို သိရဖို့ လီဗာပူးဘက်က စစ်ဆေးမှုတွေရဲ့ အဖြေကို စောင့်နေပါတယ်။… Continue Reading →

လီဗာပူးအသင်း ဇန်နဝါရီမှာ ကစားသမားနှစ်ဦးကို ခေါ်ယူမယ်လို့ သတင်းထွက်

လီဗာပူးဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘုန်းမောက်မှ တောင်ပံသမား ရွိုင်ယန် ဖရေဆာနဲ့ မိုချန်ဂလာဘတ်မှ ကွင်းလယ်လူ Denis Zakaria ကို ခေါ်ယူမယ်လို့ သတင်းထွက်လာခဲ့ပြီး မာဆေးဆိုဒ် သတင်းဌာနတွေကတော့ အဆိုပါ အပြောင်းအရွှေ့ ကိစ္စကို ငြင်းဆန်ခဲ့ပါတယ်။ ဘုန်းမောက်ဟာ ဒီနွေမှာ စာချုပ်ကုန်ပြီဖြစ်ပြီး စာချုပ်သစ်ကိစ္စလည်း မစတင်ထားတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခြင်း မရှိအောင် ဇန်နဝါရီမှာတင် ရောင်းထုတ်မယ်လို့ သတင်းထွက်လာတယ်။ လီဗာပူးဟာ စကော်တလန်လက်ရွေးစင်ကို ယခင်တည်းက နှစ်သက်နေတာဖြစ်ပြီး တောင်ပံတိုက်စစ်ပိုင်းတွေကို အင်အားဖြည့်ဖို့ ဖရေဆာကို ခေါ်ယူနိုင်ကြောင်း အင်္ဂလန်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။… Continue Reading →

ဘာစီလိုနာတိုက်စစ်အတွဲပဲ လိုက်မှီခဲ့တဲ့ ထရန့်နဲ့ ရော်ဘတ်ဆန်တို့ရဲ့ စံချိန်ကောင်း

တနင်္ဂနွေနေ့မှာ လီဗာပူးက မန်စီးတီးကို အနိုင်ရတဲ့နောက် အမှတ်ပေးဇယားကို ၈ မှတ် ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့အတွက် အလားအလာကောင်းတွေကို ဆက်လက် ပြသနိုင်ခဲ့ပြီဖြစ်တယ်။ လီဗာပူး နိုင်ပွဲတွေရနေခြင်းမှာ အဓိက ကျနေတာက ထရန့်နဲ့ ရော်ဘတ်ဆန်အတွဲဖြစ်ပြီး မန်စီးတီးနဲ့ပွဲမှာ ရော်ဘတ်ဆန်ဟာ အသင်းဖော် တိုက်စစ်သမား ဆာလက် ဂိုးသွင်းနိုင်ဖို့ ဂိုးထောက်ပံ့မှု တစ်ကြိမ် လုပ်နိုင်ခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ထရန့်နဲ့ ရော်ဘတ်ဆန်အတွဲဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရေတွက်မယ်ဆိုရင် ဂိုးထောက်ပံ့မှု အကြိမ် ၃၀ လုပ်နိုင်ခဲ့ပြီဖြစ်ပြီး… Continue Reading →

အိုထရတ်ဖို့ကို မရောက်ခင်တည်းက သရဲနီစိတ်ဓါတ်ရှိနေတဲ့ ဂျိမ်းအကြောင်းကို သူ့ရဲ့အေးဂျန့် ဖွင့်ဟ

နွေအပြောင်းအရွှေ့မျာ ယူနိုက်တက် လုပ်ဆောင်ခဲ့တဲ့ အမှန်ကန်ဆုံး ခေါ်ယူမှုကတော့ ဆွမ်ဆီးကနေ ဂျိမ်းကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဝေလ်းကစားသမားဟာ အိုထရတ်ဖိုဒ့်က သရဲနီတွေရဲ့ အချစ်တော်လေးအဖြစ် နေရာရလာခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံရှစ်ကလပ်အသင်းက ကစားသမားတစ်ယောက်က ဒီလောက်ထိ ခြေစွမ်းတိုးတက်လာမယ်လို့ ဘယ်သူကမှ မထင်ခဲ့သလို ကလပ်အသင်းကို အကျိုးများစေခဲ့မယ်လို့လည်း မထင်ခဲ့ကြပါဘူး။ လူငယ်တောင်ပံသမားဟာ ပြင်းထန်တဲ့ ကြိုးစားမှုကြောင့် နှစ်သက်ခံရသလိုပဲ သူ့ရဲ့ စိတ်ဓါတ်ကလည်း ကောင်းမွန်တဲ့ ခံယူချက်ရှိကြောင်းကို ကစားသမားရဲ့ အေးဂျင့်က ထုတ်ပြောလာခဲ့တယ်။ ကစားသမားလေးရဲ့ အေးဂျင့်ဖြစ်သူ David Manasseh က ပြောပြရာမှာ “… Continue Reading →

ဝေဖန်မှုတွေရှိရင်တောင် ပရိသတ်နဲ့ ကလပ် အလိုရှိတဲ့ ဆုဖလားကိုပဲ ပြိုင်မယ် ဆိုလာတဲ့ ကလော့ပ်

ကာရာဘောင်းနဲ့ ကလပ်များကမ္ဘာဖလားမှာ ဘယ်ပြိုင်ပွဲကို ရွေးမလဲဆိုတာက လီဗာပူးပရိသတ်တွေကြားမှာ မေးခွန်းထုတ်နေရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အများစုကတော့ ကလပ်များကမ္ဘာဖလားကိုပဲ အာရုံစိုက်လိုကြောင်း ဖွင့်ဟနေတဲ့ အနေအထားမှာ ကလော့ပ်ကလည်း သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာပါတယ်။ ကာရာဘောင်းဖလားသမိုင်းမှာ လီဗာပူးက အောင်မြင်မှု အများဆုံးဖြစ်သလို ကလပ်များကမ္ဘာဖလားကလည်း ချန်ပီယံလိဂ်ဖလားအနိုင်ရသူနဲ့ ယူရိုပါလိဂ်ဖလား အနိုင်ရသူတို့ ဗိုလ်လုပြီး အနိုင်ရတဲ့ ချန်ပီယံကပဲ ကိုယ်စားပြု ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်တယ်။ ပြည်တွင်းဖလားကို ဂရုမစိုက်ခဲ့ရင် လီဗာပူးအပေါ် ဝေဖန်မှုတွေ ပုံကျလာနိုင်တဲ့ အနေအထားမှာ ကလော့ပ်ကတော့ ကလပ်နဲ့ ပရိသတ်အလိုကိုပဲ လိုက်ဖို့… Continue Reading →

ချယ်ဆီးပရိသတ်တွေ မမေးခဲ့တဲ့ မေးခွန်းကြီးအတွက် အဖြေရှိထားနှင့်ပြီဖြစ်တဲ့ လမ်းပတ်

ပဲလေစ့်နဲ့ပွဲမှာ ဂျော်ဂျင်ဟို ပွဲပယ်ခံထားရလို့ ကွင်းလယ်မှာ ဒဏ်ရာကပြန်သက်သာလာတဲ့ ကန်တေကို တိုက်ရိုက် ထည့်သုံးခဲ့နိုင်ပြီး ချယ်ဆီးပရိသတ်တွေကြားမှာ မေးခွန်းတစ်ခုက မေ့လျော့နေခဲ့ပါတယ်။ ချယ်ဆီးနဲ့ ပဲလေစ့်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ်က ကွင်းလယ်မှာ ကန်တေ ကစားနိုင်တဲ့နေရာကို ဝေဖန်သုံးသပ်ခဲ့ပြီး ဒီရာသီမှာ အဝါကဒ် ငါးကဒ်ထိပြီး ပွဲပယ်ခံရတဲ့ ဂျော်ဂျင်ဟိုအတွက် သူ့ကို တိုက်ရိုက် အစားထိုး နိုင်မလားမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေပြန်ခဲ့တယ်။ ဒါဟာ အနာဂတ်မှာ ကန်တေကို ဘယ်နေရာက ကစားစေမယ်ဆိုတာအတွက် အဓိက ကျလာခဲ့ပါတယ်။ ” လူတွေက သူဟာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!