Date

November 13, 2019

မန်စီးတီးနဲ့ ချယ်ဆီးကိုကျော်ပြီး ဘာလို့ လီဗာပူးကို ပြောင်းလာခဲ့ရလဲအား ဗန်ဒိုက် ထုတ်ပြော

နယ်သာလန်သား ဗဟိုခံစစ်မှူး ဗန်ဒိုက်က သူ့ကို အလိုရှိတဲ့ ထိပ်တန်းကလပ်တွေ အများကြီး ရှိတဲ့အထဲက လီဗာပူးကို ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့တယ်။ ၂၀၁၇ နွေအပြောင်းအရွှေ့မှာ ဆောက်သမ်တန်ခံစစ်မှူး ဗန်ဒိုက်ကို ချယ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့က အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ လုပ်ခဲ့ကြပြီး ပြိုင်ဘက်တွေကို သာလွန်ဖို့ လီဗာပူးက ပုဂ္ဂိုလ်ရေးဆိုင်ရာ ညိနှိုင်းမှုတွေကို ဆောက်သမ်တန်ဘက်ကို ခွင့်မတောင်းပဲ ညိနှိုင်းခဲ့ပါသေးတယ်။ နောက်ဆုံးမှာ ဆောက်သမ်တန်က တရားဝင် စာထုတ်ခဲ့ပြီး ဗန်ဒိုက်ကို လုံးဝမရောင်းဖို့ ဆုံးဖြတ်ခဲ့သလို လီဗာပူးအား… Continue Reading →

ဇယားထိပ် ရောက်နေသော်လည်း တည်ငြိမ်သူ ဖြစ်နေတဲ့ ကလော့ပ်

လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ကလပ်အသင်းရဲ့ ရှုံးပွဲမရှိ ကောင်းမွန်လှတဲ့ ပရီးမီးယားလိဂ် ရာသီ အစ ပိုင်ဆိုင်ထားမှုကို မယုံနိုင်လောက်အောင် ဖြစ်ရသောလည်း အေးဆေးတည်ငြိမ်နေကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေက မန်စီးတီးကို နိုင်တဲ့ ပွဲ အပြီးမှာ လီဗာပူးက ၁၂ ပွဲ ကစား ၃၄ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်နေပါတယ်။ ၁၂ ပွဲ ကစားခဲ့ချိန်မှာ လီဗာပူးအသင်းဟာ ထိပ်သီး ခြောက်သင်းအပြင် လက်စတာကိုပါ ရင်ဆိုင် ကစားပြီး… Continue Reading →

ပြိုင်ဘက်တွေရန်က ကာကွယ်ဖို့ ရူဒီဂါစာချုပ်ကိစ္စကို ရှေ့ဆက်တော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ ခံစစ်မှူး ရူဒီဂါကို သက်တမ်းတိုးဖို့ ကိစ္စအတွက် လုပ်ဆောင်မှုတွေ စတင်ကာ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ ဂျာမန်သားဟာ ဒီရာသီ ကလပ်အသင်း အတွက် ၄၅ မိနစ်သာ ကစားရသေးတာပါ။ ပြိုင်ဘက် မန်စီးတီးနဲ့ စပါးအသင်းတွေက လာမယ့်နွေ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခံစစ်မှူးကောင်း တစ်ဦး ရှာဖွေတော့မှာ ဖြစ်လို့ ရူဒီဂါကို လက်လွှတ်ရမှာ စိုးရိမ်တဲ့ ချယ်ဆီးအသင်း က သက်တမ်းတိုးထားဖို့ လက်ဦးမှုယူကာ စတင် လှုပ်ရှားလာတာ ဖြစ်ပါတယ်။ ရူဒီဂါရဲ့ လက်ရှိ စာချုပ်က နှစ်နှစ်မျှ… Continue Reading →

မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ဖလား ကာကွယ်မှုကို အဆုံးသတ်ပေးမယ့် ချယ်ဆီးအသင်းသား သုံးဦး

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ပေါမာဆန်က မန်စီးတီးရဲ့ အမှတ်ပေးဖလား ကာကွယ်မှုကို အဆုံးသတ်ပေးမယ့် ချယ်ဆီးကစားသမား သုံးယောက်အကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။ နိုင်ငံတကာသီတင်းပတ် အကုန်မှာတော့ ချယ်ဆီးဟာ မန်စီးတီးအိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ရမှာပါ။ အန်ဖီးကွင်းမှာ မန်စီးတီးက လီဗာပူးကို အရေးနိမ့်ခဲ့တဲ့နောက် အမှတ်ပေးဇယားမှာ ချယ်ဆီးအောင်ကို တစ်မှတ်အကွာနဲ့ ရောက်ရှိနေတာဖြစ်တယ်။ အီသီဟတ်ကွင်းမှာ ရလဒ်ကောင်း ယူနိုင်မယ်ဆိုရင် လမ်းပတ်ရဲ့ ချယ်ဆီးဟာ အမှတ်ပေးဖလား စိန်ခေါ်မယ့်အသင်း စာရင်းထဲ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ ပေါမာဆန်ကတော့ ချယ်ဆီးဟာ ဒီရာသီ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ… Continue Reading →

ယူနိုက်တက်နဲ့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံသမား

နွေအပြောင်းအရွှေ့တုန်းက ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ရီးရဲလ်မက်ဒရစ် တောင်ပံသမား Lucas Vazquez ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြပေမယ့် ကစားသမားက ငြင်းဆန်ခဲ့ကာ ဘာနေဗျူးမှာပဲ ဆက်နေခဲ့တာပါလို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။ အသက် ၂၈ နှစ်အရွယ် တောင်ပံသမားဟာ မန်နေဂျာဇီးဒန်းရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရသူ မဟုတ်ပဲ ဒီရာသီ ကစားခွင့်ရှိတဲ့ အမှတ်ပေးပွဲ ၁၂ ပွဲမှာ လေးပွဲကိုပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် ရထားခဲ့တယ်။ ကလပ်အသင်းရဲ့ အဓိက ကစားသမား မဟုတ်ပေပမယ့်လည်း ပရီးမီးယားလိဂ်ကလပ်တွေက ကမ်းလှမ်းမှုကိုတော့… Continue Reading →

စတီဗင်ဂျရတ်ကို လီဗာပူး မန်နေဂျာအဖြစ် မမြင်လိုသေးတဲ့ အကြောင်းရင်းကို ဂန္တဝင်ကြီးဖောင်လာ ပြောလာ

လီဗာပူးပရိသတ်တွေက ‘God’ လို့ ချစ်စနိုးခေါ်ရတဲ့ ဂန္တင်တိုက်စစ်သမားကြီး ဖောင်လာကတော့ သူ့ရဲ့အသင်းဖော်ဟောင်း စတီဗင်ဂျရတ် အန်ဖီးအသင်းကို ကိုင်တွယ်တာကို နှစ်သက်မိမှာဖြစ်ပေမယ့် လီဗာပူးမန်နေဂျာအဖြစ် မမြင်လိုသေးပါဘူးလို့ ထုတ်ပြောခဲ့ပါတယ်။ ချယ်ဆီးအသင်းမှာ လူငယ်ကစားသမားတွေနဲ့အတူ အံ့သြလောက်စရာ ကိစ္စတွေကို လမ်းပတ် လုပ်ဆောင်ပြနေသလိုပဲ တစ်ရက်မှာ စတီဗင်ဂျရတ်ကလည်း လီဗာပူးအတွက် လုပ်ဆောင်ပြနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေတာပါ။ ဂျရတ်ဟာ လက်ရှိမှာ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ရရှိအောင် ဦးဆောင်မှုတွေ ပေးနေတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေနဲ့ သတင်းထွက်မှုတွေ ရှိနေတာဖြစ်တယ်။ ကစားသမားဘဝကို လီဗာပူးအတွက်… Continue Reading →

ဂိုးမက်စ်ကိစ္စ ကိုင်တွယ်မှုကို မကျေနပ်ပဲ အင်္ဂလန်အသင်းကို ဒေါသထွက်နေတဲ့ လီဗာပူးအသင်း

လီဗာပူးနဲ့ မန်စီးတီးပွဲအပြီး နောက်တစ်ရက်မှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့စဉ် ဂိုးမက်စ်နဲ့ စတာလင်တို့ ပြဿနာဖြစ်တဲ့ အနေအထားကို အင်္ဂလန်အသင်း ကိုင်တွယ်ပုံအား လီဗာပူးအသင်းဘက်က ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ကစားသမားနှစ်ဦးဟာ အန်ဖီးကွင်းမှာ တွန်းထိုးမှုတွေ ဖြစ်ခဲ့ပြီး အဆိုပါကိစ္စက လက်ရွေးစင်မှာပါ ဆက်ဖြစ်ခဲ့တာပါ။ တနင်္ဂလာနေ့က အင်္ဂလန်အသင်းကန်တင်းမှာ စတာလင်က ဂိုးမက်စ်ကို မင်းအကောင်းဖြစ်နေပြီပေါ့လို့ အဓိပ္ပာယ်ရတဲ့ စကားနဲ့အတူ စတင်ရန်စခဲ့ပြီး ဂိုးမက်စ်ရဲ့ မျက်လုံးအောက်မှာ ထိခိုက်ရာလည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးဘက်က လက်ရွေးစင်အသင်းကို ကစားသမား လေးဦပေးလွှတ်ပေးရပြီး မန်စီးတီးက ကစားသမား နှစ်ဦး… Continue Reading →

လန်ဒန်ကနေ သူ့ကို ထွက်ခွာစေတဲ့ ချယ်ဆီးအသင်းဖော်တွေရဲ့ အပြုအမူအကြောင်း မိုရာတာ ဖွင့်ဟ

ချယ်ဆီး တိုက်စစ်မှူးဟောင်း မိုရာတာက လန်ဒန်ကလပ်မှာ ရှိစဉ် ၎င်း အသင်းဖော်တွေ ကိုယ်တိုင်က သူ့အပေါ် ယုံကြည်မှု ကင်းမဲ့စွာ ပြုမူခဲ့တဲ့ အကြောင်းတွေ လတ်တလော အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် စပိန်သားက ချယ်ဆီးအသင်းထံ ၂၀၁၇ ဇူလိုင်က ပေါင် သန်း ၆၀ နဲ့ ရောက်ရှိလာသော်လည်း ကလပ်အသင်းအတွက် ခြေစွမ်းကောင်း မပြသနိုင်ခဲ့ဘဲ ၇၂ ပွဲ ကစားခဲ့ရာ ၂၄ ဂိုးသာ သွင်းယူသွားခဲ့ပါတယ်။ နှစ်နှစ် မပြည့်ခင်မှာပဲ ချယ်ဆီးက… Continue Reading →

စီရီးအေကို ပြောင်းရွှေ့ဖို့ သတင်းကျယ်ပြန့်လာတဲ့ ယူနိုက်တက် ကစားသမားနှစ်ဦး

ယူနိုက်တက် ကွင်းလယ်လူတွေဖြစ်တဲ့ မာတစ်နဲ့ တာဟစ်ချောင်တို့ဟာ ကလပ်အသင်းမှာ နေရာမရဖြစ်နေတဲ့ အနေအထားတွေကြောင့် ကလပ်အသင်းကနေ ထွက်ခွာပြီး စီးရီးအေလိဂ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ ကလပ်အသင်း ပွဲထွက်လူစာရင်းမှာ တော်မီနေးနောက်ကို ရောက်နေတဲ့ မာတစ်က ရာသီကုန်ထိ မစောင့်ပဲ ဇန်နဝါရီမှာတင် စီးရီးအေကို ပြောင်းလိုနေတာပါ။ ကစားသမားကို ခေါ်ယူဖို့ အေစီမီလန်နဲ့ အင်တာမီလန်တို့က စိတ်ဝင်စားနေခဲ့ပြီး အပြောင်းအရွှေ့ကို ရာသီကုန်မှ မဟုတ်ပဲ ခပ်စောစော ဖြစ်မြောက်ဖို့ကို မာတစ်ဘက်က အလိုရှိလာပါတယ်။ နွေကတည်းက စီးရီးအေကလပ်တွေက မာတစ်ကို ခေါ်ယူလိုခဲ့ပေမယ့် ဖယ်လာနီကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!