Date

November 14, 2019

ဖိအားတွေကို ရှောင်ရှားဖို့ ဇန်နဝါရီမှာ လမ်းပတ် ခေါ်ယူသင့်တဲ့ အဖိုးချိုမယ့် တိုက်စစ်မှူးv

ချယ်ဆီးအသင်းဟာ ဒီဇင်ဘာမှာ ထွက်ပေါ်လာမယ့် ရလဒ်အရ ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ကိစ္စ တရားဝင် လုပ်ဆောင်ခွင့် ရှိမရှိဆိုတဲ့ အနေအထားကို တရားဝင် သိရမှာဖြစ်တယ်။ ရာသီစ အထနှေးခဲ့ပေမယ့် ဆက်တိုက်ဆိုသလို ရလဒ်တွေ ပြန်ကောင်းလာနေတာကြောင့် ချယ်ဆီးဟာ ထိပ်ဆုံး လေးသင်းထဲမှာ မန်စီးတီးရဲ့ အထက်မှာတောင် ရှိလာနေခဲ့ပြီဖြစ်တယ်။ မန်နေဂျာလမ်းပတ်ဟာ ငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ဆာရီလက်ထက်က ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို ပေါင်းစပ်ပြီး အကောင်းဆုံး တည်ဆောက်ပြနေတာဖြစ်ပါတယ်။ ချယ်ဆီးဟာ ဘယ်လို ထိပ်တန်း ကစားသမားကိုမဆို ခေါ်ယူနိုင်တဲ့ ကလပ်အသင်းဖြစ်ပေမယ့် မန်နေဂျာလမ်းပတ်အတွက်… Continue Reading →

ဆာရီ အကြိမ်ကြိမ် ညိနှိုင်းခဲ့တဲ့ ကိစ္စကို လမ်းပတ်က တစ်ကြိမ်တည်းနဲ့ သဘောတူစေခဲ့ကြောင်း အိုဒွိုင်း ဖွင့်ဟ

ပြီးခဲ့တဲ့အပတ်ကမှ ၁၉နှစ် ပြည့်ခဲ့တဲ့ ကော်လမ်ဟဒ်ဆန်အိုဒွိုင်းဟာ မနှစ်က ဒီလိုအချိန်လောက်မှာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်က သူ့ကို ဘိုင်ယန်အကြောင်း မေ့ထားပြီး ချယ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုအောင် ဆွဲဆောင်ဖို့ စည်းရုံးနိုင်ခဲ့တယ်လို့ အိုဒွိုင်းက ဆိုပါတယ်။ မန်နေဂျာဆာရီလက်ထက်က ကလပ်နဲ့ စာချုပ်သစ်ချုပ်ဖို့ အကြိမ်ကြိမ် စကားပြောခဲ့ရတာကြောင့် လမ်းပတ်လက်ထက်မှာ စာချုပ်အပေါ် သူ့ရဲ့စိတ် ပြောင်းအောင်လို့ လမ်းပတ်နဲ့ စကား ဘယ်လောက်ပြောခဲ့ရလဲလို့ မေးမြန်းခဲ့ရာ အိုဒွိုင်းက ” တစ်ကြိမ်ပါပဲ။ သူပြောခဲ့တာကို ကျနော်… Continue Reading →

အာဆင်နယ်ကို နုတ်ဆက်ပါတယ်လို့တောင် သေချာပြောခွင့်မရခဲ့ဘူးဆိုတဲ့ ကာဇိုလာရဲ့ ဖွင့်ဟချက်

အာဆင်နယ်ကစားသမားဟောင်းဖြစ်ပြီး လာလီဂါမှာ တစ်ဖန်ပြန်တောက်ပနေတဲ့ ကွင်းလယ်လူ ကာဇိုလာကတော့ ဂန်းနားကလပ်အပေါ်ထားတဲ့ သူ့ရဲ့ ချစ်ခြင်းတွေနဲ့အတူ ပရိသတ်တွေကို နုတ်ဆက်လိုမှုအကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဂန်းနားတို့အတွက် ကစားပေးစဉ် ကြီးမားတဲ့ ဒဏ်ရာကို ရရှိခဲ့တဲ့ ကာဇိုလာဟာ ပြန်သက်သာလာဖို့ ခွဲစိတ်မှု များစွာနဲ့အတူ ရက်ပေါင်း ၆၃၆ ရက်တိုင်တိုင် ပြန်လည် ထူထောင်မှု လုပ်ခဲ့ရတာပါ။ သူဟာ အာဆင်နယ်ကနေ ထွက်ခွာလာခဲ့ပေမယ့် ကာလရှည်ရှိခဲ့တဲ့ ကလပ်ကို သံဃောဇဉ်ရှိပြီး အမ်းမရိတ်မှာ ကစားသမားဘဝ အနားမယူခင် တစ်ပွဲတော့ ထပ်ကန်လိုတယ်လို့ ပြောဆိုပါတယ်။ “ အာဆင်နယ်လို… Continue Reading →

ယာဂင်ကလော့ပ်က ဘာလို့ ကော်တင်ညိုကို အစားမထိုးခဲ့သလဲအတွက် အကြောင်းရင်း

လီဗာပူးက ကလပ်အသင်းရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ဖြစ်ခဲ့တဲ့ ကော်တင်ညိုကို ရောင်းထုတ်ခဲ့ပြီးနောက် အစားထိုး ပြန်လည်ခေါ်ယူမှု မလုပ်ရခြင်းအပေါ် ကလပ်ဂန္တဝင်ဖြစ်သူ ရော်ဘီဖောင်လာက သူ့ရဲ့ အမြင်ကို ပြောဆိုမှု လုပ်သွားခဲ့ပါတယ်။ ဖော်လာကတော့ ကလော့ပ်က ကွင်းလယ်ဖန်တီးရှင်ကို မခေါ်ယူတာက အစားထိုးဖို့ ဆန္ဒမရှိလို့ဖြစ်တယ်လို့ မြင်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီတုန်းက အန်ဖီးကနေ နျူးကမ့်ကို ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ ကော်တင်ညိုဟာ လီဗာပူးအတွက်တော့ လွှမ်းမိုးမှု အကြီးမားဆုံးသော ဖန်တီးရှင်လည်း ဖြစ်ပါတယ်။ သူ့ကို နံပါတ် ၁၀… Continue Reading →

ပရီးမီးယားလိဂ် နောက်ဆုံး ၃၈ ပွဲရလဒ်အရ ဘယ်အသင်းမှ မယှဉ်ပြိုင်နိုင်တဲ့ မှတ်တမ်း ရထားတဲ့ လီဗာပူး

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲမှာ ရလဒ်ကောင်းအဖြစ် ၃-၁ နဲ့ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် လီဗာပူးဟာ ကာလရှည် ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့ ရေပန်းစားမှု မြင့်မားလာပြီဖြစ်ပါတယ်။ အမှတ်ပေးပြိုင်ပွဲ ၂၆ ပွဲ ကစားဖို့ ကျန်သေးတဲ့ အနေအထားမှာ လီဗာပူးက အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ထားတာဖြစ်ပြီး အဓိကပြိုင်ဘက် မန်စီးတီးကို ၉ မှတ်ထိ ဖြတ်ထားတာဖြစ်တယ်။ ဘာမဆိုဖြစ်လာနိုင်တဲ့ အနေအထားဖြစ်ပေမယ့် လီဗာပူးအသင်းရဲ့ နောက်ဆုံး စွမ်းဆောင်ထားတဲ့ အမှတ်ပေးပွဲ ၃၈ ပွဲကို ကြည့်မယ်ဆိုရင်… Continue Reading →

ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံးနေ့မှာတင် လမ်းပတ် လုပ်ဆောင်ခဲ့တဲ့ အထင်ကြီးလောက်စရာ အပြုအမှု

ဒေးလီးမေလ်းရဲ့ အဆိုအရ လမ်းပတ်ဟာ သူ့ရဲ့ ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံးသော အင်တာဗျူးမှာတင် အသင်းသားတွေထံက လေးစားချစ်ခင်မှုကို ရရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းသားတွေဟာ မန်နေဂျာဆာရီရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို မနှစ်သက်ပေမယ့်လည်း မန်နေဂျာလမ်းပတ်ကိုတော့ အတော်လေး အထင်ကြီးကြတာပါ။ ဒီအတွက်လည်း ကလပ်အသင်းကို လက်ထောက်နည်းပြဖြစ်တဲ့ Jody Morris အတူ ဝင်ရောက်ခဲ့တဲ့ ပထမဆုံးရက်ကတည်းက လမ်းပတ်က စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ လမ်းပတ်က သူကိုင်တွယ်ရမယ့် ကလပ်အသင်းကို လေးစားမှုရှိပြီး သူ့ရဲ့ အစီအစဉ်မှာ အားလုံး ပါဝင်ကူညီနိုင်တယ်ဆိုတာကို သိသာစေတဲ့ အပြုအမှုကို… Continue Reading →

လမ်းပတ်က သူ့အပေါ် ကိုင်တွယ်ပုံ ကြမ်းတယ်လို့ မန်နေဂျာရဲ့ အုပ်ချုပ်မှုပုံစံကို အိုဒွိုင်း ဖွင့်ဟ

ချယ်ဆီးအသင်း တောင်ပံသမား အိုဒွိုင်းက အင်္ဂလန်လက်ရွေးစင်နဲ့ ပူးပေါင်းစဉ် ဂါးဒီးယန်းသတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ကလပ်အသင်းမန်နေဂျာ လမ်းပတ်ရဲ့ သူ့အပေါ် ကိုင်တွယ်မှုပုံစံကို ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။ အိုဒွိုင်ဟာ မန်နေဂျာလမ်းပတ်အောက်မှာ နေရာရလာတဲ့ ကစားသမားဖြစ်ပေမယ့် မန်နေဂျာက သူ့အပေါ်မှာ ချိုသာစွာ ကိုင်တွယ်တာတော့ မဟုတ်ဘူးလို့ ဆိုတယ်။ ခြေစွမ်းကောင်းတွေကို ပြသခွင့်ရနေပေမယ့် မန်နေဂျာက အသင်းသားတွေအပေါ် ကိုင်တွယ်မှုက ပြင်းထန်မှုရှိကာ ကြမ်းတမ်းပါတယ်လို့လည်း အိုဒွိုင်းက ပြောပါတယ်။ လူငယ်တိုက်စစ်သမား ပြောဆိုမှုက လမ်းပတ်ကို အထင်ကြီးတဲ့ အနေအထားဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းတွေကို… Continue Reading →

ဒီအပတ်မှာတင် ကစားသမား ၆ ဦးအား ကိုယ်တိုင် ကင်းထောက်စောင့်ကြည့်သွားမယ့် ဆိုးရှား

နောက်ထပ် တစ်ပတ်ခွဲလောက် ပွဲကစားစရာ မရှိတာကြောင့် ယူနိုက်တက်မန်နေဂျာဆိုးရှားနဲ့ နည်းပြအဖွဲ့ဝင်တွေက ဒီကာလတွေမှာ သူတို့ အလိုရှိတဲ့ ကစားတွေကို ခြေစွမ်းပိုင်း စောင့်ကြည့်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။ မန်နေဂျာဆိုးရှားဟာ နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်ပွဲတွေကို စောင့်ကြည့်ပြီး ဇန်နဝါရီမှာ သူခေါ်ယူလိုတဲ့ ကစားသမားတွေကို ကြည့်ရှုမှာဖြစ်တယ်။ အဆိုပါ စောင့်ကြည့်မှုမှာတော့ မွန်တီနီဂရိုးနဲ့ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းလည်း ပါဝင်နေပြီး ယူနိုက်တက်က ခေါ်ယူလိုကာ ပွဲထွက်ခွင့်ရမယ်လို့လည်း သတင်းကြီးနေတဲ့ ဆန်ချိုနဲ့ မတ်ဒီဆန်လို ကစားသမားတွေ ပါဝင်နေပါတယ်။ မန်နေဂျာဆိုးရှားက တိုက်စစ်ပိုင်းကို အင်အားဖြည့်မှုတွေ လုပ်လိုနေတာကြောင့်… Continue Reading →

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် လုပ်ကိုလုပ်ဆောင်သင့်တဲ့ ဦးစားပေးကိစ္စကြီး လေးခု

ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာဖို့ ဦးတည်မှုတွေ ရှိလာနေပြီး ဒီအခြေအနေကို အထောက်အပံ့ပေးဖို့ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့က မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ လီဗာပူးကို အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားစဉ် ခြေစွမ်းကောင်းခဲ့တာဟာ ယူနိုက်တက်ရဲ့ တိုးတက်လာမှုရဲ့ အစဖြစ်ခဲ့တယ်။ ဘုန်းမောက်ကို အရေးနိမ့်ခဲ့တာကလွဲလို့ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံမှာ ပုံစံကောင်းတွေကို ပြန်လည်ပြသနိုင်ခဲ့တယ်။ လောလောဆယ်မှာ သွင်းဂိုးတွေကိုလည်း ပြန်ရယူလာနိုင်ပြီဖြစ်လို့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် လုပ်ကိုလုပ်ဆောင်သင့်တဲ့ ဦးစားပေးကိစ္စကြီး လေးခုကို ဖော်ပြသွားပါမယ်။ တိုက်စစ်သမား ခေါ်ယူရမယ် ယူနိုက်တက် အခြေအနေဆိုးတွေ ရောက်ရှိခဲ့ခြင်းထဲမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!