Date

November 15, 2019

ရွိုင်ကိန်းနဲ့ ကိုးလ် ကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့ရတဲ့ ချယ်ဆီးကစားသမား

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ကစားသမား ရွိုင်ကိန်းက ချယ်ဆီး လူငယ်တိုက်စစ်မှူးလေး တမ်မီ အေဗရာဟမ်ဟာ အခွင့်အရေး ရတာနဲ့ ကိုင်ဆုတ်ပြီး အစွမ်းပြနိုင်ခဲ့တဲ့ အပေါ် ထုတ်ဖော် ချီးကျူးမှု ပြုလုပ်လာပါတယ်။ အေဗရာဟမ်ဟာ ချယ်ဆီးအသင်း အတွက် ဒီရာသီ ၁၀ ဂိုး ထိ သွင်းယူ ခြေစွမ်းပြထားပါတယ်။ ဒါ့အပြင် မွန်တီနီဂရိုးနဲ့ ကစားတဲ့ အင်္ဂလန်ရဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ ဒုတိယပိုင်းမှ လူစားဝင် ကစားသော်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ထိုပွဲမှာ အင်္ဂလန်က ၇ ဂိုး ဂိုးမရှိနဲ့… Continue Reading →

တူညီတဲ့ ပစ်မှတ်ကစားသမားကိုမှ ထိပ်တိုက်တွေ့ကြပြန်ပြီဖြစ်တဲ့ ယူနိုက်တက်နဲ့ မန်စီးတီး

ယူနိုက်တက်နဲ့ မန်စီးတီးတိုဟာ အပြောင်းအရွှေ့ ပစ်မှတ်တွေအတွက် ထိပ်တိုက်တွေ့မှုတွေ ရှိလာနေပြီး ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှာက အင်တာမီလန်တိုက်စစ်သမား မာတီနက်စ်ဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြပါတယ်။ အာဂျင်တီးနား တိုက်စစ်သမားကို ခေါ်ယူဖို့ ပထမဆုံး သတင်းထွက်လာတာက ယူနိုက်တက်ဖြစ်ပြီး ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ လောက် ပေးဖို့ လိုအပ်မှာပါ။ ကစားသမားဟာ အင်တာမီလန်နဲ့ စာချုပ်အရ ယူရို ၁၁၁ တန်း ဝန်းကျင် ပေးဖို့ လိုအပ်မယ်လို့ သိရပါတယ်။ မာတီနက်စ်ကို ခေါ်ယူဖို့ကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း… Continue Reading →

အင်္ဂလန်ရဲ့ ဗီလိန်အဖြစ် မှတ်ယူခံရတဲ့ ဂိုးမက်စ်ကို ထောက်ခံမှုတွေ လုပ်ခဲ့တဲ့ လီဗာပူးပရိသတ်များ

မနက်က ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန်နဲ့ မွန်တီနီဂရိုးပွဲမှာ အင်္ဂလန် ၇-၀ နဲ့ အနိုင်ရခဲ့ပြီး အဆိုပါပွဲမှာတော့ လီဗာပူးကစားသမားတွေဖြစ်တဲ့ ထရန့်၊ ချိန်ဘာလိန်က ပွဲထွက်လူစာရင်းက ပါဝင်ခဲ့ကာ ဂိုးမက်စ်က အရန်စာရင်းကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ ပွဲပယ်ကြောင့် ဟန်ဒါဆန် မပါဝင်နိုင်ခဲ့တဲ့ အဆိုပါပွဲမှာ အင်္ဂလန်အသင်းဟာ လက်ရွေးစင် ပွဲ ၁၀၀၀ မြောက်ပွဲကို ရလဒ်ကောင်းဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့တာပါ။ ဒါပေမယ့်လို့ ဂိုးမက်စ်ကို အင်္ဂလန်အသင်းကန်တင်းမှာ ရန်စခဲ့တဲ့ စတာလင်ကိုတော့ မန်နေဂျာဆောက်ဂိတ်က အနားပေးခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းပရိသတ်တွေက ၎င်းတို့ရဲ့ အကောင်းဆုံး… Continue Reading →

ချယ်ဆီးရဲ့ သန်း ၅၀ တန် ကမ်းလှမ်းမှုကို နာပိုလီ ငြင်းဆန်ခြင်းနဲ့ ဂျရူးကို ခေါ်ယူလိုတဲ့ ဒေါ့မွန်

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ ချယ်ဆီးတိုက်စစ်မှူး ဂျရူးကို ခေါ်ယူဖို့ ပြန်လည် စိတ်ဝင်စားလာပြီဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကမ်းလှမ်းမှု လုပ်ဖွယ်ရှိတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ ဒေါ့မွန်ဘက်ကတော့ ဇန်နဝါရီမှာတင် တန်းဖိုးနည်းနည်းနဲ့ ခေါ်ယူလား (သို့) ရာသီကုန်မှ အလွတ်ပြောင်းရွှေ့ခြင်းနဲ့ ခေါ်ယူဖို့လား ဆိုတာကတော့ မသဲကွဲသေးပါဘူး။ နွေတုန်းက ဒေါ့မွန်က ဂျရူးကို ခေါ်ယူခွင့်ရှိခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကို ငြင်းဆန်ခဲ့တာပါ။ ဇန်နဝါရီမှာတော့ ပြင်သစ်သား ကမ္ဘာချန်ပီယံကို ပေါင် ၅ သန်းနဲ့တင် ခေါ်ယူခွင့်ရှိမယ်လို့ သိရတယ်။ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့… Continue Reading →

ပရီးမီးယားလိဂ် အတိုးတက်ဆုံး ခံစစ်သမားကို စတင်ချိန်ရွယ်လာတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဒီရာသီမှာ ကစားသမားခေါ်ယူမှုကောင်းတွေ ပြုလုပ်ခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်း တိုးတက်မလာခဲ့သလို ရလဒ်ပိုင်းမှာလည်း အခြေအနေဆိုးတွေကို ရင်ဆိုင်နေရတာကြောင့် နောက်ထပ် လူသစ်ခေါ်ယူမှုတွေအတွက် ပြင်ဆင်လာခဲ့ပြီလို့ Goal က ဖော်ပြပါတယ်။ ဒီရာသီမှာ လီဗာပူး၊ မန်စီးတီးပြီးရင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတာကြောင့် အဆိုပါ နှစ်သင်းကို အဓိက စိန်ခေါ်မယ့်အသင်းလို့ ထင်ကြေးပေးခံခဲ့ရပေမယ့် ဂန်းနားတို့ဟာ ရလဒ်ဆိုးတွေမှာပဲ ပျော်မွေ့နေခဲ့တာပါ။ ဒီအတွက် အဓိကကျတဲ့ မန်နေဂျာ အမ်မရီကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ကလပ်အသင်း ဘုတ်အဖွဲ့ကတော့… Continue Reading →

ဟာလန်ကို ခေါ်ယူဖို့နဲ့ ဆန်းချက်ကို ပစ်ပယ်ဖို့ စတင်ကြိုးစားနေပြီဖြစ်တဲ့ မန်နေဂျာဆိုးရှား

ယူနိုက်တက်မန်နေဂျာဆိုးရှားဟာ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်းက ကလပ်အသင်းကို လမ်းကြောင်းမှန်ပေး ဆွဲတင်ဖို့ ကြိုးစားနေပြီး နောက်ထပ် အပြောင်းအရွှေ့တွေအတွက် တိုက်စစ်ပိုင်းအတွက် ပြတ်သားတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြန်လည်တည်ထောင်မှုတွေ လုပ်ဆောင်နိုင်ဖို့ရာ ကလပ်အသင်းရဲ့ လုပ်ခပိုင်းကို ပြဿနာကြီးစေတဲ့ ဆန်းချက်ကို အငှားချခဲ့ပြီး အပြီးသတ် ရောင်းထုတ်ဖို့ထိပါ ပြင်ဆင်ထားခဲ့တာဖြစ်တယ်။ ဆန်းချက်ဟာ စီးရီးအေကလပ်မှာ အဆင်မပြေဖြစ်နေပေမယ့် ဇန်နဝါရီမှာ လုံးဝ ပြန်ခေါ်မှာ မဟုတ်ပဲ အပြီးသတ် ထွက်ခွာခွင့်ပေးဖို့ကိုပဲ တွန်းအားပေးမယ်လို့ The Athletic က ထုတ်ဖော်ခဲ့ပါတယ်။ နွေအပြောင်းအရွှေ့မှာ မန်နေဂျာသစ်ကို… Continue Reading →

မာဆယ်လိုနဲ့ အယ်ဘာကို ကျော်ပြီး ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူဖြစ်လာတဲ့ ရော်ဘတ်ဆန်

ကမ္ဘာကျော် အားကစားဝဘ်ဆိုဒ်ဖြစ်တဲ့ Goal ကနေပြီး ကမ္ဘာအကောင်းဆုံး ကစားသမား အယောက် ၅၀ စာရင်းကို ပြုစုပေးခဲ့ကာ နံပါတ်တစ်နေရာကို ဗန်ဒိုက် ရရှိခဲ့သလို ၅၀ ထဲက တစ်ဦးတည်းသော ဂိုးသမားအဖြစ်လည်း အယ်လီဆန် ရွေးချယ်ခံခဲ့ရတယ်။ Goal က ဆက်လက်ပြီး ရွေးချယ်မှုအဖြစ် အကောင်းဆုံး ပွဲထွက် ၁၁ ဦးစာရင်းလို့ ဆိုနိုင်မယ့် Goal Ultimate 11 ကို ထပ်မံရွေးချယ်ရာ ဘယ်အစွန်နေရာအတွက် ကမ္ဘာအကောင်းဆုံးအဖြစ် ရော်ဘတ်ဆန်က ရွေးချယ်ခံခဲ့ရပါတယ်။ ရော်ဘတ်ဆန်ဟာ သူ့ရဲ့နေရာအတွက် အကောင်းဆုံး… Continue Reading →

ထရန့်နဲ့ ရော်ဘတ်ဆန်တို့အပေါ် မမေးသင့်တဲ့ မေးခွန်းအား ပြောဆိုသွားခဲ့တဲ့ စတီဗင်ဂျရတ်

မာဆေးဆိုဒ်သား ကစားသမားဖြစ်တဲ့ ထရန့် အလက်ဇန်းဒါး-အာနိုးဟာ လီဗာပူးမှာ နှစ်တွေကြာတဲ့အထိ ထိပ်တန်းအဆင့်ခြေစွမ်းပြသနိုင်ဖို့ အရည်အသွေး ရှိတဲ့သူ ဖြစ်တယ်လို့ တစ်မြို့တည်းသားဖြစ်ပြီး လီဗာပူဂန္တဝင်လည်းဖြစ်တဲ့ စတီဗင်ဂျရတ်က ယုံကြည်နေပါတယ်။ ဂျရတ်နောက်ပိုင်း အာနိုးက ကီရာဘီအကယ်ဒမီထွက် အတောက်ပဆုံး ကစားသမား ဖြစ်ပြီး ညာနောက်ခံနေရာ အဓိကကစားတဲ့ အင်္ဂလန်သားလေးဟာ ဒီလအစောပိုင်းက အက်စ်တွန်ဗီလာကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ စီနီယာကစားသမားဘဝ ပွဲ၁၀၀ပြည့်ခဲ့ပါတယ်။အန်ဖီးကစားသမားဘဝ ထာဝရပွဲအများဆုံးစာရင်းမှာ ၇၁၀ ပွဲနဲ့ တတိယနေရာမှာရှိနေတဲ့ ဂျရတ်ထက် အာနိုးက အသက်အရွယ်တူ အနေအထားမှာ ပွဲပိုကစားထားပြီး… Continue Reading →

ယာဂင်ကလော့ပ်နဲ့ နောက်ကွယ်က ဆက်သွယ်မှုတွေအကြောင်း စတီဗင်ဂျရတ် ဖွင့်ဟ

လက်ရှိ ရိမ်းဂျားစ်အသင်း နည်းပြ အဖြစ် တာဝန်ယူနေတဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ၎င်း နည်းပြလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ယာဂင်ကလော့ပ်က တောက်လျောက် အကူအညီပေး အကြံဉာဏ်တွေ ပေးနေတဲ့အကြောင်း ဖွင့်ဟပြောဆိုသွားပါတယ်။ စကော့တလန် အမှတ်ပေးလိဂ် လက်ရှိ အမှတ်ပေးဇယားမှာ ရိမ်းဂျားစ်က ဆဲလ်တစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်အကွာနဲ့ ဒုတိယနေရာမှာ ရှိပါတယ်။ ဂျရတ်ရဲ့ ရိမ်းဂျားစ်က ယူရိုပါလိဂ်မှာလည်း အစွမ်းပြနေပြီး ပြီးခဲ့တဲ့ အပတ်က ပေါ်တိုကို အနိုင်ကန်ထားတာပါ။ ကလော့ပ်သာ ထွက်ခွာသွားရင် ဂျရတ်က လီဗာပူးနည်းပြနေရာ ဆက်ခံလိမ့်မယ်ဆိုတဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!