Date

December 1, 2019

လီဗာပူးအသင်းသား လေးဦးထိပါခဲ့ပြီး ဗန်ဒိုက် အနိုင်မရတဲ့ ဘလွန်းဒီအော့ ထိပ်ဆုံး ၁၀ ဦးစာရင်း ပေါက်ကြား

မကြာသေးခင်ကပဲ ၂၀၁၉ ခုနှစ်ရဲ့ ဘလွန်းဒီအော့ဆုကို မက်ဆီကပဲ အနိုင်ရခဲ့တယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ပြီး အဆိုပါသတင်းကို ပိုခိုင်မာစေတဲ့ ပေါက်ကြားမှုတစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီတစ်ကြိမ် ထွက်ပေါ်တာကတော့ ၂၀၁၉ ခုနှစ်ရဲ့ ဘလွန်းဒီအော့ ထိပ်ဆုံး ၁၀ ဦးစာရင်းနဲ့ ၎င်းတို့ရဲ့ ရမှတ်တွေ ဖြစ်ပါတယ်။ အဆိုပါ ပေါက်ကြားမှုမှာတော့ မက်ဆီကပဲ ဘလွန်းဒီအော့ဆုကို အနိုင်ရမှာဖြစ်ပြီး ထိပ်ဆုံး သုံးဦးစာရင်းမှာတော့ ရော်နယ်ဒို မပါလာနိုင်ခဲ့ကာ လီဗာပူးမှ ဗန်ဒိုက်နဲ့ ဆာလက်တို့က ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါစာရင်း မှန်မယ်ဆိုရင် ၂၀၁၉… Continue Reading →

လီဗာပူး ၂-၁ ဘရိုက်တန်ပွဲအပြီး အနီရောင်တွေကြားမှာ ပြောစရာဖြစ်လာတဲ့ အချက် ၅ ချက်

လီဗာပူး ၂-၁ ဘရိုက်တန်ပွဲအပြီး လီဗာပူးပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေတဲ့ အချက် ၅ ချက်ကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဖာဘင်ညို မပါတဲ့ လီဗာပူး ဒဏ်ရာရနေတဲ့ ဖာဘင်ညိုကို အစားထိုးဖို့ဖြစ်လာတဲ့အခါ ကလော့ပ်က ပြဿနာအနည်းဆုံးနည်းကို ရွေးချယ်ခဲ့ပါတယ်။ ဟန်ဒါဆန်က ဖာဘင်ညို မရောက်လာခင်က သူနေခဲ့တဲ့ နေရာကို ပြန်ယူခဲ့ပြီး ချိန်ဘာလိန်က ဟန်ဒါဆန်ရဲ့ ကွင်းလယ်ညာခြမ်းနေရာကို ယူခဲ့ပါတယ်။ ကစားပုံပြောင်းလို့ရပေမယ့် နည်းပြက နေရာဖြည့်ရုံလောက်သာ လုပ်ခဲ့တာကြောင့် အထိအခိုက် အနည်းဆုံးနည်းနဲ့ ကစားသမားတစ်ယောက်သာ နေရာပြောင်းကစားခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်းအပြီးမှာ ကွင်းလယ်က ခြေချော်မှုအချို့နဲ့အတူ ဘောလုံးပိုင်ဆိုင်မှု… Continue Reading →

မော်ရင်ညိုကို မျက်ဖြူစိုက်စေတဲ့ ဖရီးကစ်စပယ်ရှယ်လစ်လေးကို နေရာပေးဖို့ ကလော့ပ်ထံ တောင်းဆိုခြင်း

ဒီသီတင်းပတ်ကုန်ကတော့ လီဗာပူးပရိသတ်တွေအတွက် ကောင်းမွန်တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းက အန်းဖီးမှာ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ယူခဲ့သလို ဘုန်းမောက်မှာ အငှားချထားတဲ့ လီဗာပူး လူငယ်ကလည်း စပါးအသင်းဘက်ကို လှလှပပ ဂိုး သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီး သရေကျစေမယ့် နယူးကာဆယ် အသင်းအတွက် ချေပဂိုး သွင်းယူသွားသူကလည်း လီဗာပူး ကစားသမားဟောင်း ဂျွန်ဂျို ရှယ်လ်ဗေး ဖြစ်ပါတယ်။ စနေနေ့ည ပွဲစဉ်များ အပြီးမှာ လီဗာပူး ပရိသတ်တွေ ပါးစပ်ဖျားထဲ ဗန်ဒိုက် ရေပန်းစားနေသလို ဟယ်ရီဝီဆန်ကိုလည်း… Continue Reading →

ယူနိုက်တက်အတွက် သွင်းဂိုးနဲ့ ဖန်တီးမှုတွေ ပြုလုပ်ပေးမယ်လို့ ပြောဆိုလာတဲ့ ကွင်းလယ်လူ

ဂျေဆီလင်ဂတ်ဟာ ယူနိုက်တက်မှာ ၁၀ လကြာ ဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့ပြီးတဲ့နောက် ပုံစံကောင်းတွေပြန်ရဖို့ မျှော်လင့်နေပါတယ်။ လင်ဂတ်ဟာ အက်စ်တာနာနဲ့ ယူရိုပါလိဂ်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ကလပ်အသင်းရဲ့ ခြေချော်မှုကြောင့် ၂-၁နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ဟာ ကာလရှည် ဂိုးမိုးခေါင်မှုကြောင့် ဝေဖန်မှုတွေကို ရင်ဆိုင်ထားရသူဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးကြောင့် ခက်ခဲတဲ့ ကာလတွေကို ကျော်ဖြတ်နိုင်ဖို့ တွန်းအားဖြစ်စေမယ်လို့ ယုံကြည်လာခဲ့တယ်။ ယူရိုပါလိဂ်မှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခဲ့တဲ့ လင်ဂတ်ဟာ ဒီကနေ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ပွဲထွက်လူစာရင်းက ပါဝင်ဖွယ် မရှိဘူးလို့လည်း… Continue Reading →

အာဆင်နယ် ဘုတ်အဖွဲ့က မန်နေဂျာအဖြစ် ဘယ်လောက်အချိန်ပေးမလဲ ယွန်းဘတ် အဖြေပေးလာ

အမ်မရီကို ရာထူးက ထုတ်ပယ်ပြီး ယာယီမန်နေဂျာအဖြစ် ယွန်းဘတ်နဲ့ အစားထိုးမှုမှာ ဂန်းနားဟောင်းကြီးဟာ အကယ်ဒမီနည်းပြ မာတီဆက်ကာနဲ့အတူ အသင်းကို ပူးတွဲတာဝန်ယူသွားမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အမ်မရီနေရာအတွက် အစားထိုးဖို့ရာ ပိုချက်တီနို၊ ရော်ဂျာ၊ အာတီတာ၊ အယ်လီဂရီ၊ အန်ဆယ်လော့တီကို စဉ်းစားနေပေမယ့် ယာယီမန်နေဂျာ ယွန်းဘတ်ကိုလဲ ကလပ်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေအတွက် လိုအပ်သလောက် အသင်းကို ဦးဆောင်နိုင်တယ်ဆိုတာ သက်သေပြဖို့ အခွင့်အရေး ပေးပါလိမ့်မယ်။ သူ့ကိုရာသီကုန်အထိတော့ တာဝန်ပေးပြီး အာဆင်နယ်ဘက်က အလိုရှိနေတယ်လို့သိရပါတယ်။ ကလပ်ဟာ ၁၉၉၂ နောက်ပိုင်း အမှတ်ပေးလိဂ်မှာ အဆိုးဝါးဆုံး တာထွက်နေရတဲ့… Continue Reading →

တိုက်စစ်သမားတွေ တစ်ရာသီ ၂၅ ဂိုးသွင်းပေးဖို့ထက် ပိုကောင်းတဲ့ တောင်းဆိုမှုကို လုပ်ခဲ့တဲ့ ဆိုးရှား

ယူနိုက်တက် နည်းပြ ဆိုးရှားက ၎င်းရဲ့ ယူနိုက်တက် တိုက်စစ်မှူးတွေကို ဘယ်နှဂိုးသွင်းပေးဖို့ ဆိုပြီး ပစ်မှတ် သတ်မှတ်ပေးမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကစားသမားတွေဟာ ဘောလုံးနဲ့ အတူ ကွင်းထဲမှာ သူတို့ ကစားသမားဘဝအတွက် ရုန်းကန်နေကြရသူတွေ ဖြစ်လို့ ဆိုးရှားက ထပ်ပြီး ဖိအား မပေးလိုဘူးလို့ ရှင်းလင်းခဲ့ပါတယ်။ ဆိုးရှားဟာ ၎င်းရဲ့ ကစားသမား ဘဝတုန်းကလည်း သူ့ကိုယ်သူ ဂိုး အရေအတွက် ပစ်မှတ် သတ်မှတ်ထားခြင်းလည်း မရှိကြောင်း ပြောဆိုခဲ့ပြီး ထိုစဉ်က ဆိုးရှာဟာ ပြိုင်ဘက်တွေရဲ့… Continue Reading →

အာဆင်နယ်ကို မန်နေဂျာအဖြစ် မကိုင်ဖို့ ပိုချက်တီနိုကို တိုက်တွန်းမှုတွေ ရှိနေ

ပရီးမီးယားလိဂ်ကလပ် စပါးအသင်းက ရာထူးကနေ ထုတ်ပယ်ထားခြင်း ခံထားရတဲ့ ပိုချက်တီနိုကို လက်တလော မန်နေဂျာသစ် ရှာဖွေနေတဲ့ လန်ဒန်ပြိုင်ဘက်ကလပ် အာဆင်နယ်ထံ မသွားပဲ ပိုကောင်းတဲ့ အလုပ်ကို စောင့်သင့်တယ်လို့ သူ့မိတ်ဆွေတွေက အကြံပေးခဲ့ကြကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။ ပိုချက်တီနိုအနေနဲ့ အာဆင်နယ်ကို တာဝန်ယူလိုက်ရင် စပါးအပေါ် သစ္စာဖောက်သလိုဖြစ်သွားရုံမက စပါးမှာ သူထားရစ်ခဲ့တဲ့ အခြေအနေထက် အများကြီး ပိုဆိုးတာနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ တိုက်တွန်းမှုတွေ ရထားတာဖြစ်တယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရပြီး ထပ်မံပြီး လွဲချော်ဦးမယ်ဆိုရင် အူဘာမီးယန်း၊ လာကာဇက်တီ… Continue Reading →

၄-၃-၃ ကစားကွက်ဖြင့် အက်စတွန်ဗီလာကို ရင်ဆိုင်ဖို့ ဆိုးရှားထုတ်သုံးမယ့် နည်းစနစ် အခင်းအကျင်း

ယူနိုက်တက်ဟာ ကြားရက်က ယူရိုပါလိဂ် အဝေးကွင်းပွဲမှာ အဓိက ကစားသမားတွေကို အကုန်လုံး အနားပေးထားခဲ့ပြီး ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာတော့ ကြယ်ပွင့်တွေအားလုံးကို ပြန်ထုတ်သုံးသွားတော့မှာဖြစ်တယ်။ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်တွေထဲက စပါး၊ အာဆင်နယ်တို့ဟာ မန်နေဂျာအပြောင်းအလဲတွေ ပြုလုပ်ကာ ရလဒ်ကောင်းတွေ ရဖို့အတွက် ပြန်လည်ပြင်ဆင်မှုတွေ လုပ်ထားခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ အခြေအနေက အထက်က အသင်းတွေနဲ့ သိပ်ကွာနေတာ မဟုတ်ပဲ ဒီအပတ်တွေ ရလဒ်ဆိုးမယ်ဆိုရင် မန်နေဂျာဆိုးရှားရဲ့ အနာဂတ်ကလည်း ခပ်လှုပ်လှုပ်ဖြစ်လာနိုင်တာပါ။ ဒီပွဲမှာ ဆိုးရှားဟာ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ ရပ်ဖိုဒ့်၊ မာရှယ်၊… Continue Reading →

ဒိုင်လူကြီးရဲ့ ပြစ်ဒဏ်ပေးကန်တဲ့ အနေအထားနဲ့ လိဂ်ကို ၁၁ မှတ်ဖြတ်ထားမှုအပေါ် ကလော့ပ်ရဲ့ သဘောထား

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဘရိုက်တန်ကို နိုင်ပွဲရအပြီးမှာ ကွင်းအတွင်း အငြင်းပွာစရာ အနေအထားဖြစ်တဲ့ အယ်လီဆန်ကို ဘာကြောင့် အနီကဒ်ပေးတယ်ဆိုတာ သူမသေချာကြောင်းနဲ့ ရမှတ် ၁၁ မှတ်ပြတ်မှုတွေကို တွေးနေလို့ မရသေးဘူးဆိုတာတွေကို ထုတ်ပြောခဲ့တယ်။ လီဗာပူးဟာ ဒီရာသီမှာတော့ ကစားအားကို ထိန်းနိုင်ဖို့ ခံစစ်လိုင်းကို မြင့်မြင့်ထားတဲ့ စနစ်ကို ကျင့်သုံးနေတာပါ။ ဘရိုက်တန်နဲ့ပွဲမှာလည်း အဆိုပါ ခံစစ်ပြင်ဆင်မှုကနေ ပေါက်ထွက်လာတဲ့ ထိုးဖောက်မှုကို အယ်လီဆန် စိုးရိမ်ကြီးစွာ ကာကွယ်ဖို့ လုပ်ရာက ဧရိယာပြင်ပမှာ ဘောလုံးကို လက်နဲ့ ပုတ်မိတာဖြစ်တယ်။ ဒါဟာ အနီကဒ်ဖြစ်ခဲ့ပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!