Date

December 2, 2019

စတမ်းဖိုဒ့်ဘရစ်မှာ လမ်းပတ်နဲ့ တယ်ရီတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကို မိုက်ကယ်အိုဝင် ရလဒ်ခန့်မှန်း

နိုင်ငံတကာ သီတင်းပတ် ပြီးတည်းက ရလဒ်ဆိုးတွေ ကြုံနေရတဲ့ ချယ်ဆီးအသင်းဟာ လာမယ့် ကြာသပတေးနေ့မှာတော့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံ ကစားပြီး နိုင်ပွဲ ပြန်တွေ့ဖွယ် ရှိနေပါတယ်။ ဒဏ်ရာ ရထားတဲ့ တိုက်စစ်မှူး အေဗရာဟမ်ကလည်း ဒီပွဲ အမှီ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒီပွဲ မကစားခင်မှာ ချယ်ဆီးက အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ၂၆ မှတ်နဲ့ ရှိနေပြီး အက်စတွန်ဗီလာကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၅ မှာ… Continue Reading →

တစ်သင်းမြင့်ပြီး တစ်သင်းနိမ့်ပါးနေချိန် လာတွေ့ကြတဲ့ မာဆေးဆိုဒ်ဒါဘီပွဲကို အိုဝင် ရလဒ် ခန့်မှန်း

ဒီအပတ် အန်ဖီးကွင်းမှာတော့ ပွဲကြီးတစ်ပွဲအဖြစ် လီဗာပူးနဲ့ အဲဗာတန်တို့ဟာ မာဆေးဆိုဒ် ဒါဘီပွဲကို ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးသော ဒါဘီပွဲတွေထဲက တစ်ပွဲအဖြစ် သက်မှတ်ကြတဲ့ မာဆေးဆိုဒ်ဒါဘီဟာ မိသားစု အဆန်ဆုံးနဲ့ အကြမ်းဆုံးသော ဒါဘီပွဲလို ဆိုစမှတ်ပြုကြတယ်။ လီဗာပူးမြို့အခြေစိုက် ကလပ်နှစ်သင်းဟာ နှစ်သင်းထိပ်တိုက်တွေ့တိုင်း ခက်ခဲပြီး ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လေ့ရှိသလို ဒီတစ်ကြိမ်မှာ တစ်သင်းက အမှတ်ပေးဇယား ဦးဆောင်နေပြီး တစ်သင်းက တန်းဆင်ဇုံနား ရောက်ဖို့နီးနေတာဖြစ်ပါတယ်။ ဒီပွဲနဲ့ ပက်သက်ပြီး လီဗာပူးမြို့ဖွား ပရီးမီးယားလိဂ်တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်က… Continue Reading →

အိုထရတ်ဖိုဒ့်ထံ ပြန်အလာမှာ ယူနိုက်တက်ကို မော်ရင်ညို အနိုင်ယူပြမလား မိုက်ကယ်အိုဝင် ခန့်မှန်း

ရလဒ်ဆိုးတွေ များနေတဲ့ ယူနိုက်တက်ဟာ ကြားရက် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ နည်းပြဟောင်း မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ ပြီး သီတင်းပတ်ကုန်မှာလည်း မန်စီးတီးနဲ့ ဒါဘီပွဲ ကစားဖို့ ရှိနေတာကြောင့် ယူနိုက်တက် အတွက် စိန်ခေါ်မှုတွေ ဆက်လို့ နေပါတယ်။ ဒီပွဲ မတိုင်ခင်မှာ ယူနိုက်တက်က ၁၄ ပွဲ ကစား ၁၈ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိပြီး စပါးအသင်းကတော့… Continue Reading →

အမ်းမရိတ်က အာဆင်နယ်နဲ့ ဘရိုက်တန်တို့ရဲ့ အမှတ်ပေးပွဲကို ရလဒ် ခန့်မှန်းသွားတဲ့ မိုက်ကယ်အိုဝင်

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် ဒီအပတ်မှာတော့ အာဆင်နယ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲပျော်နေမှုကို အဆုံးသတ်ရတော့မယ့် အချိန်ရောက်ပြီလို့ အိုဝင်က ဆိုပါတယ်။ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ယွန်းဘတ် ပထမဆုံးကိုင်တွယ်တဲ့ နော်ဝစ်ပွဲမှာလည်း အနိုင်မရခဲ့ပဲ ခံစစ်က ပြဿနာတွေ ဆက်လက် ပေါ်ပေါက်နေခဲ့တယ်။ ဒီပွဲကတော့ ယွန်းဘတ်ရဲ့ အမ်းမရီကွင်းက ဂန်းနားပရိသတ်တွေရှေ့ ပထမဆုံးအကြိမ် ကိုင်တွယ်မှုဖြစ်ပြီး အနိုင်ရလဒ်ကို ရရှိမယ်လို့လည်း ပရီးမီးယားလိဂ် တိုက်စစ်မှူးက ယုံကြည်နေပါတယ်။ မိုက်ကယ်အိုဝင်က… Continue Reading →

ဘရိုက်တန်ရဲ့ ဖရီးကစ်ဂိုးဟာ စည်းမျဉ်းအရ မပေးသင့်တဲ့ဂိုးဖြစ်ကြောင်း ဒိုင်လူကြီးဟောင်း ထုတ်ဖော်

ပြီးခဲ့တဲ့ အမှတ်ပေးပွဲအဖြစ် လီဗာပူးနဲ့ ဘရိုက်တန်ပွဲမှာ ဘရိုက်တန်အသင်းသား ဒန့်ရဲ့ သွင်းဂိုးဟာ ပရီးမီးယားလိဂ် စည်းမျဉ်းအရ သွင်းဂိုးအဖြစ် ခွင့်မပြုသင့်ပါဘူးလို့ ကွင်းလယ်ဒိုင်လူကြီးဟောင်း Keith Hackett က ပြောဆိုလိုက်ပါတယ်။ ဘရိုက်တန် ခံစစ်သမားဟာ ပွဲချိန် ၇၉ မိနစ်မှာ အယ်လီဆန် အနီကဒ်ကြောင့် ထုတ်ပယ်ခံရချိန်မှာ ရရှိတဲ့ ဖရီးကစ်ကို တိုက်ရိုက် သွင်းယူခဲ့တာဖြစ်ပြီး အဆိုပါ သွင်းဂိုးက လီဗာပူးကို အကျပ်ရိုက်စေခဲ့တာပါ။ လီဗာပူးဂိုးသမားနဲ့ ခံစစ်တန်းတို့ နေရာယူဖို့ ပြင်ဆင်နေချိန် သွင်းယူခဲ့တဲ့ အဆိုပါ ဂိုးကို ကွင်းလယ်ဒိုင်… Continue Reading →

အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးကို သတိပေးမှု ပြုလုပ်သွားတဲ့ မန်စီးတီးခံစစ်မှူး လာပေါ်တေး

မန်စီးတီးခံစစ်မှူး လာပေါ်တေးက သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ သတင်းပေးမှုနဲ့အတူ အမှတ်ပေးဖလားပြိုင်ဘက် လီဗာပူးအား ဘောလုံးရာသီက မပြီးသေးပါဘူးလို့ သတိပေးမှုလည်း ပြုလုပ်သွားခဲ့ပါတယ်။ ပြင်သစ်သား ခံစစ်မှူးဟာ ဒီရာသီမှာ မန်စီးတီးအတွက် အမှတ်ပေးပွဲ ၄ ပွဲပဲ ကစားပေးနိုင်ခဲ့ပြီး ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့သူဖြစ်တယ်။ သူမပါဝင်ချိန်မှာ လက်ရှိ ချန်ပီယံ မန်စီးတီးဟာ သုံးပွဲရံှူး၊ တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားခဲ့ပြီး လီဗာပူးနောက် ၁၁ မှတ်အကွာကို ရောက်ရှိနေတာဖြစ်ပါတယ်။ ပြင်သစ်သတင်းဌာနက လာပေါ်တေးရဲ့ ကြံ့ခိုင်မှုကို သတင်းမေးခြင်းနဲ့အတူ ဒီရာသီ မန်စီးတီးက လီဗာပူးကို… Continue Reading →

ဆောင်းပါး – ပြဿနာဟောင်းတွေကြောင့် ထိပ်ဆုံးကို ပြန်တက်ဖို့ လွယ်လွယ်နဲ့ အဖြေရှာမတွေ့နိုင်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်းမှာ ပထမဆုံးပွဲအဖြစ် ယာယီမန်နေဂျာ ယွန်းဘတ်ကို ဦးဆောင်စေပြီး နော်ဝစ်ကို ယှဉ်ပြိုင်ကစားခဲ့ကာ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပြီဖြစ်ပါတယ်။ ကာလတိုအနေအထားမှာ ယွန်းဘတ် ဦးဆောင်မှုဟာ အပြောင်းအလဲ အများကြီး မဖြစ်ခဲ့ပေမယ့် အကောင်းမြင်စရာတွေလည်း ရှိထားခဲ့တာဖြစ်တယ်။ ဒီကစလို့ ဒီဇင်ဘာအကုန်အထိ အာဆင်နယ်ဟာ ပွဲကြပ်တွေ အများအပြားကို ကစားရမှာဖြစ်ဖို့ အသင်းကို ယွန်းဘတ် ဘယ်လောက်ထိ ထမ်းတင်ပေးနိုင်မလဲဆိုတာ မြင်တွေ့ရတော့မှာဖြစ်တယ်။ နော်ဝစ်နဲ့ပွဲအပြီးမှာ အာဆင်နယ်အတွက် ပြောစရာဖြစ်လာခဲ့တာတွေထဲက အချက် နှစ်ချက်ကို ဖော်ပြလိုပါတယ်။ အကောင်းမြင်ပေမယ့် အရင်လိုကျရှုံးမှုတွေ… Continue Reading →

လီဗာပူး လေ့ကျင့်ရေးမှ ဂျိမ်းမီလ်နာ ဦးဆောင် ဖန်တီးထားတဲ့ Rondo နည်းစနစ်အကြောင်း လင်ဒါး ရှင်းပြ

လီဗာပူးလက်ထောက်နည်းပြ ပပ်လင်ဒါးက ကလပ်အသင်းရဲ့ လေ့ကျင့်ရေးမှာ အရေးပါတဲ့ အစီအစဉ်တစ်ခုကို ဝါရင့် ကွင်းလယ်လူ ဂျိမ်းမီလ်နာက ဦးဆောင်ကာ ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ လင်ဒါးဟာ ၂၀၁၈ ဇွန်လမှာ လီဗာပူးနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီး မဲဝုဒ်က လေ့ကျင့်ရေးဆိုင်ရာ တိုးတက်မှုကို တာဝန်ယူသူလည်း ဖြစ်ပါတယ်။ နယ်သာလန်ဖွား နည်းပြဟာ အသင်းကွင်းလယ်လူ ဂျိမ်းမီလ်နာထံက အတွေးကို ဆင့်ပွားပြီး ပြင်းထန်တဲ့ rondo ကစားနည်းကို လီဗာပူးအသင်းအတွက် ပြင်ဆင်ခဲ့ပါတယ်။ Rondo ကစားနည်းက ကစားသမား အစုအဖွဲ့တွေ ဘောလုံးကို ဘယ်လို… Continue Reading →

ဘရိုက်တန်နဲ့ ပွဲက Assist နှစ်လုံး အတွက် တစ်ဝိုင်းကျွေးဖို့ ဗန်ဒိုက်အား တောင်းဆိုလိုက်တဲ့ ထရန့်

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ လီဗာပူးအတွက် ခေါင်းတိုက် ဂိုး နှစ် ဂိုး သွင်းယူခဲ့ပြီး ထို နှစ်ဂိုးလုံး အတွက် လီဗာပူး လူငယ် ထရန့် အလက်ဇန်းဒါး အာနိုးက ဂိုး ဖန်တီး ထောက်ပံ့မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူး လူငယ်လေးက ကောင်းမွန်တိကျတဲ့ ဖြတ်တင်ဘော နှစ်လုံးနဲ့ ဗန်ဒိုက် သွင်းဂိုးတွေ အတွက် ကူညီခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ ရခဲ့တဲ့ ပထမဂိုးက ဖရီးကစ်မှ တစ်ဆင့်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!