Date

December 4, 2019

ဒါဘီပွဲအကြောင်း အသိပေးခဲ့ပြီး အဲဗာတန်ကို အနိုင်ယူဖို့ အသင်းဖော်တွေကို တိုက်တွန်းတဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ကိုယ်လုပ်နေခဲ့သလိုပဲ ဒေသတွင်းပြိုင်ဘက် အဲဗာတန်နဲ့ပွဲကိုလည်း အကောင်းဆုံး လုပ်ဆောင်ပြီး အနိုင်ရလဒ်ကို ယူကြဖို့ အသင်းဖော်တွေကို တိုက်တွန်းစကား ပြောဆိုခဲ့ပါတယ်။ ဒီတစ်ကြိမ်ဟာ ၂၃၄ ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီဖြစ်ပြီး ဒီဒါဘီပွဲကို ကာလရှည် ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးရဲ့ ဝါအရင့်ဆုံး ကစားသမား ဟန်ဒါဆန်က ပြိုင်ပွဲရဲ့ ပြင်းထန်မှုကို အသင်းဖော်တွေသိအောင် သတိပေးစကားဆိုပါတယ်။ ဟန်ဒါဆန်ဟာ စတီဗင်ဂျရတ်နဲ့အတူ မာဆေးဆိုဒ်ဒါဘီတွေမှာ အဲဗာတန်အသင်းသားတွေနဲ့ မကြာခဏ ထိပ်တိုက်တွေ့မှုတွေရှိထားပြီး လီဗာပူးပရိသတ်တွေအတွက် ဒီပွဲက ဘယ်လိုပွဲဆိုတာ နားလည်ထားသူဖြစ်တယ်။ လီဗာပူးကစားသမားဘဝ ၈ ရာသီအတွင်း… Continue Reading →

အာဆင်နယ်တို့ ဦးနှိမ်နေရခြင်းရဲ့ အဓိကပြဿကို ဖြေရှင်ရမယ်ဆိုတာ သိထားတဲ့ ယွန်းဘတ်

ယွန်းဘတ်ဟာ ပြီးခဲ့တဲ့အပတ်က ယာယီနည်းပြအနေနဲ့ တာဝန်စယူခဲ့ပေမယ့် နောဝစ်ချ်ကို ၂-၂ နဲ့ သရေကျပြီးနောက် တစ်မှတ်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတွေဟာ ပြိုင်ပွဲစုံမှာ နိုင်ပွဲမရတာ ၈ပွဲ ရှိပြီဖြစ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ ၇မှတ် ကွာဟနေပါတယ်။ အာဆင်နယ် အနေနဲ့ ထိပ်ဆုံးလေးနေရာကို တက်လှမ်းနိူင်ချင်ရင် ကြီးမားတဲ့ တိုးတက်မှုအချို့ လိုအပ်နေပါတယ်။ အခုချိန်မှာ ယွန်းဘတ် ဘယ်လောက်ကြာမလဲဆိုတာ မသိသေးပေမယ့် အာဆင်နယ်က အမ်မရီနေရာအတွက် အမြဲတမ်းနည်းပြတစ်ယောက်ကို အလျင်စလို ခန့်အပ်ဦးမှာမဟုတ်ဘူးလို့ ဆိုတာကြောင့် ယွန်းဘတ်က အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေနိုင်ပါတယ်။… Continue Reading →

ဘလွန်းဒီအော့နောက် အကောင်းဆုံးဆုအတွက် ဆန်ကာတင် ၁၀ ဦးထဲ ဝင်သွားပြန်တဲ့ ဆာလက်နဲ့ မာနေး

လောလောလတ်လတ် ဘလွန်းဒီအော့ဆုမှာ နံပါတ် လေးနဲ့ ငါးနေရာတွေမှာ ရပ်တည်ခဲ့တဲ့ကြတဲ့ မာနေးနဲ့ ဆာလက်တို့ဟာ နောက်ထပ် အကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ကြပြီပြန်ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အာဖရိက အကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၁၀ ဦးစာရင်းထဲ ပါဝင်ခဲ့ကြတာဖြစ်တယ်။ နှစ်ဦးလုံးဟာ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွေမှာလည်း အကောင်းဆုံးကစားသမားရဲ့ ပထမနဲ့ ဒုတိယနေရာတွေမှာ ရပ်တည်ခဲ့ကြသူတွေဖြစ်ပြီး ဒီရာသီမှာလည်း ထိပ်ဆုံး နှစ်နေရာကို သူတို့ပဲ သိမ်းပိုက်မယ်လို့ သတင်းကြီးနေပါတယ်။ အာဖရိက ဒေသတွင်း မန်နေဂျာ၊ နည်းစနစ်ဒါရိုက်တာနဲ့ အသင်းခေါင်းဆောင်တွေ စုပေါင်း ရွေးချယ်တဲ့… Continue Reading →

လူစာရင်း အပြောင်းအလဲနှစ်ခု ပါဝင်လာနိုင်တဲ့ အဲဗာတန်ပွဲအတွက် လီဗာပူးလူစာရင်း ခန့်မှန်း

မာဆေးဆိုဒ်ဒါဘီမှာတော့ လီဗာပူးရဲ့ ဂိုးပေါက်ကို အယ်လီဆန် အစား အတ်ဒရီယန်က ပြောင်းလဲ တာဝန်ယူမှာဖြစ်ပြီး ကွင်းလယ်လူ ဖာဘင်ညိုနဲ့ ခံစစ်မှူး မာတစ်တို့ကတော့ နှစ်သစ်ထိ ပါဝင်နိုင်ဖို့ မျှော်လင့်လို့ မရနိုင်တာဖြစ်တယ်။ ဘရိုက်တန်နဲ့ပွဲမှာ အနီကဒ်ပြစ်ဒဏ် ရရှိခဲ့တဲ့ အယ်လီဆန်ဟာ သီတင်းပတ်အကုန်ဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲမှာတော့ ပြန်ပါလာနိုင်မှာဖြစ်တယ်။ ဒီရာသီ အမှတ်ပေးလိဂ်မှာ လီဗာပူးရဲ့ တစ်ပွဲတည်းသော clean sheet ကို ရယူပေးခဲ့သူ အတ်ဒရီယန်ဟာ ဒီရာသီ အန်ဖီးကွင်းမှာ တစ်ကြိမ်မှ clean sheet မရသေးတဲ့ အနေအထားကို အဆုံးသတ်ဖို့… Continue Reading →

စပါးနဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ ယူနိုက်တက် ထုတ်သုံးဖွယ်ရှိတဲ့ ၃-၅-၂ ကစားကွက် အခင်းအကျင်း

အိုထရတ်ဖိုဒ်မှာ မန်နေဂျာဟောင်း မော်ရင်ညို ဦးဆောင်လာမယ့် စပါးကို ရင်ဆိုင်ဖို့ ယူနိုက်တက် လူစာရင်းမှာတော့ တိုက်စစ်မှူး မာရှယ် ဒဏ်ရာကြောင့် ပါဝင်လာနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ ပြင်သစ်သားတိုက်စစ်သမားဟာ အက်စတွန်ဗီလာကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့တာကြောင့် စပါးနဲ့ပွဲကို လွဲချော်ဖို့ ရှိနေတာပါ။ ဒါပေမယ့် သတင်းကောင်းကတော့ ကွင်းလယ်လူ တော်မီနေး ဒီပွဲမှာ ပါဝင်ဖို့ မျှော်လင့်ထားနိုင်တာဖြစ်တယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်အပြီး ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ တော်မီနေးက ပြန်သက်သာလာနေတယ်လို့ သိထားရပါတယ်။ မန်နေဂျာဆိုးရှားက ကွင်းလယ်မှာ ပေါ့ဘာ… Continue Reading →

အမှတ်ပေးဇယားမှ လီဗာပူးနဲ့ ရမှတ်ကွာဟချက်အပေါ် တုန့်ပြန်မှုတွေ ပြုလုပ်သွားတဲ့ ရိုဒရီနဲ့ ဆေးဗား

မန်စီးတီးဟာ ကြားရက် ပရီးမီးယားလိဂ်ပွဲအဖြစ် ဘန်လေအသင်းကို အဝေးကွင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့နောက် ဒီည လီဗာပူးရဲ့ မာဆေးဆိုဒ်ဒါဘီပွဲမတိုင်ခင် ၈ မှတ်ကွာ အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အမှတ်ပေးဖလားကို သုံးရာသီဆက် အနိုင်ရမှုအား လက်မလျော့လိုသေးတဲ့ မန်စီးတီးရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ရိုဒရီနဲ့ ဆေးဗားက ၎င်းပွဲအပြီးမှာ လိဂ်ဦးဆောင်သူ လီဗာပူးကို သတိပေးစကားတွေ ပြောဆိုခဲ့ပါတယ်။ သူတို့ကတော့ မန်စီးတီးရဲ့ အကောင်းဆုံး ပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပြီး ရာသီကုန်ထိ ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ ဆိုကြပါတယ်။ ရိုဒရီက… Continue Reading →

ချယ်ဆီး တိုက်စစ် အပြင်အဆင်၊ ပူလီဆစ်၊ အလွန်ဆိုတို့အကြောင်း လမ်းပတ် ပြောဆိုခြင်း

အက်စတွန်ဗီလာနဲ့ ပွဲအတွက် ကစားကွက် ဘယ်လို ပြင်ဆင်မလဲအကြောင်း မေးမြန်းရာ တိုက်စစ်အခင်းအကျင်း၊ ပူလီဆစ်တို့ အပြင် အလွန် မကစားရခြင်း အကြောင်းတို့ကိုပါ လမ်းပတ်က ပွဲကြိုရှင်းလင်းပွဲမှာ ထည့်သွင်းဖြေကြားခဲ့ပါတယ်။ ပူလီဆစ်ကို False Nine အဖြစ် ကစားစေမှာလား အမေးကို လမ်းပတ်က – ” ဒါကို ကျနော် စဉ်းစားမှာပါ။ ဒီနေရာမှာ အပြိုင်တွေ ရှိတယ်ဆိုတော့ ကျွန်တော်က ရွေးချယ်မှု လုပ်ရမှာပေါ့။ ” လို့ ဆိုခဲ့ပါတယ်။ ” ပွဲ တစ်ပွဲက ကစားသမား… Continue Reading →

ဆိုးရှားကို မထုတ်လိုတဲ့ တာဝန်ရှိသူတွေနဲ့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို မျှော်လင့်နေတဲ့ ပိုချက်တီနို

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ရလဒ်တွေမကောင်းခြင်းတွေကြောင့် ကြီး ၆ ကြီးထဲက စပါးမန်နေဂျာ ပိုချက်တီနိုနဲ့ အာဆင်နယ်မန်နေဂျာ အမ်မရီတို့ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ ယူနိုက်တက်မန်နေဂျာ ဆိုးရှားရဲ့ အနေအထားကလည်း လူပြောများလာပြီဖြစ်တယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကလွဲလို့ ကျန်လေးသင်းရဲ့ မန်နေဂျာတွေက မငြိမ်မသက်တွေ ဖြစ်ခဲ့ပြီး အခုချိန်မှာ ကလပ်အသင်း သုံးသင်းက မန်နေဂျာအပြောင်းအလဲတွေ လုပ်ထားပြီဖြစ်ကာ လူတိုင်းက ဆိုးရှားရဲ့ အခြေအနေကို မျက်စိဒေါက်ထောက် ကြည့်လာနေပြီဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ အကြီးတန်းတာဝန်ရှိသူတွေက ကလပ်အသင်း ရလဒ်တွေ ဆိုးနေပေမယ့် မန်နေဂျာဆိုးရှားကို… Continue Reading →

အက်စတွန်ဗီလာနဲ့ ပွဲမတိုင်ခင် ဒဏ်ရာရ ကစားသမားများ အခြေအနေ

ချယ်ဆီးအသင်းဟာ ဒီညမှာတော့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပြီး ထိုပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြ လမ်းပတ်က ဒဏ်ရာရှိထားတဲ့ ကစားသမားတချို့ရဲ့ နောက်ဆုံး အခြေအနေကို သတင်းထုတ်ပြန် ဖြေကြားခဲ့ပါတယ်။ အက်စ်တွန်ဗီလာနဲ့ပွဲမှာ အေဗရာဟမ် ကစားနိုင်ခွင့်နဲ့ ပတ်သတ်ပြီး လမ်းပတ်က – “ကျွန်တော်တို့က သူ့ကို အခွင့်အရေး အပြည့်ပေး ထားပါတယ်၊ ဒဏ်ရာက တချို့နေရာတွေမှာ နာနေတုန်းဆိုတော့ ဒီညနေမှ ဆုံးဖြတ်မှာပါ။ ဒဏ်ရာအရှင်းမပျောက်သေးရင် သူ့ရဲ့ လှုပ်ရှားမှုတွေအပေါ် အကျိုးသက်ရောက်နိုင်တယ်၊ ဒါကြောင့် ကျွန်တော်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!