Date

December 4, 2019

ယွန်းဘတ် ကူညီနေရာချဖို့ လိုအပ်နေမယ့် အာဆင်နယ်ရဲ့ ကွင်းလယ်ဖိုက်တာ

အာဆင်နယ်အသင်း ရလဒ်တွေမှာ ရုန်းကန်နေရခြင်းအတွက် ခံစစ်က အဓိကပြဿနာဖြစ်နေသလို တိုက်စစ်ကို ပံ့ပိုးပေးမှုနဲ့ ခံစစ်ကို ကာကွယ်ပေးမှုတွေကြားက ကွင်းလယ်ရဲ့ ဟန်ချက်မညီမှုကလဲ အာဆင်နယ် နောက်တန်းကို ပြဿနာဖြစ်စေခဲ့တာပါ။ ပြီးခဲ့တဲ့ အမှတ်ပေးပွဲအဖြစ် ဝက်ဖို့ဒ်ကို ကန်သွင်းမှု ၃၁ ကြိမ် ခွင့်ပြုခဲ့ရပြီး ဆောက်သမ်တန်ကို ၂၁ ကြိမ် ခွင့်ပြုခဲ့ရတာက ခံစစ်ကို အကာအကွယ်ပေးဖို့ရာ ကွင်းလယ်မှာ ကြီးမားတဲ့ ပြဿနာရှိနေတယ်ဆိုတာ ပြသတာပါ။ ပြိုင်ဘက် အသင်းတွေဟာ အာဆင်နယ်ကို လွယ်လွယ် ထိူးဖောက်ပြီး ခံစစ်ဆီ တန်းသွားကာ အခွင့်အရေးတွေ ဖန်တီးနိုင်နေတာ… Continue Reading →

ဆောင်းပါး – အန်ဖီးကွင်းထံက လီဗာပူးရဲ့နှလုံးသားကို တေးသွားဖြင့်ဖွင့်လှစ်သူ အန်ဖီးရဲ့ပဲ့တင်သံပိုင်ရှင်

ဒီအပတ်မှာ အင်္ဂလန်ရဲ့ အစဉ်အလားအကြီးဆုံး ဒါဘီပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ မာဆေးဆိုဒ်ဒါဘီအဖြစ် လီဗာပူးနဲ့ အဲဗာတန်တို့ဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်တယ်။ ဒီနှစ်သင်းဟာ အင်္ဂလန်ရဲ့ သက်တမ်းရင့် ကလပ်အသင်းတွေပီပီ နှစ်သင်းထိပ်တိုက်တွေ့တိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပြီး ပွဲကောင်းတွေ ဖြစ်လေ့ရှိတာဖြစ်တယ်။ လီဗာပူးမြို့ခံ ကလပ်နှစ်သင်းဟာ တစ်သင်းကအနီ၊ တစ်သင်းကအပြာဖြစ်ပေမယ့် မိသားစုဆန်ပြီး ကွင်းထဲမှာဆိုရင်တော့ ကြီးကျယ်တဲ့ ရန်သူတွေဖြစ်လေ့ရှိပါတယ်။ အဆိုပါ ပွဲကို မိတ်ဆက်ပေးမယ့်သူက ‘the Voice of Anfield’ လို့ ထင်ရှားတဲ့ ဂျော့ဆပ်တန်ပဲဖြစ်ပါတယ်။ အသက် ၇၃ နှစ်အရွယ်… Continue Reading →

အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီက သာမာန်ပွဲလေးပါလို့ ယူဆနေသူတွေကို သတိကြီးပေးတဲ့ ယာဂင်ကလော့ပ်

အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် လီဗာပူးက မြို့ခံပြိုင်ဘက် အဲဗာတန်ကို ရမှတ် ၂၆ မှတ်တောင် ဖြတ်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်သူလည်းဖြစ်နေလို့ ဒီတစ်ကြိမ် တွေ့ဆုံမှုက စိတ်ဝင်စားစရာမရှိတဲ့ သာမာန်ပွဲလေးတစ်ပွဲလို့ ယူဆကြမှုတွေရှိလာရင် အဲ့သည်သူက လီဗာပူးပွဲကို သိပ်မသိသူဖြစ်လို့ပါပဲ။ ဒီအယူအဆကို ထုတ်ပြောတဲ့သူက ယာဂင်ကလော့ပ်ပဲဖြစ်တယ်။ အဲဗာတန်က တန်းဆင်းဇုန်ကို ရောက်လုနီးနီး အနေအထားမှာ ရှိနေပြီး လီဗာပူးကို ဒီတစ်ကြိမ် အဝေးကွင်းမှာ အရေးနိမ့်မယ်ဆိုရင် တန်းဆင်းဇုန်ကို ရောက်သွားမယ့် အနေအထားဖြစ်တယ်။ လီဗာပူးအတွက်ကတော့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်ပြီး ခေါင်းမော့နေနိုင်မယ့် အခြေအနေဖြစ်တယ်။… Continue Reading →

ပြိုင်ဘက်တိုင်း ကြောက်ရွံ့ရမယ့် တိုက်စစ်ဖြစ်လာဖို့ ယွန်းဘတ်ဖြေရှင်းရမယ့် ပီပီ ခြေစွမ်းမပြမှု ပြဿနာ

နောဝစ်ချ်ပွဲမှာ အာဆင်နယ်ဟာ အနိုင်ဂိုးအတွက် ရှာဖွေခဲ့သလို ယွန်းဘတ်ရဲ့ တိုက်စစ်လူစားလဲမှုမှာ ဆယ်ကျော်သက် နှစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ သူတို့က မာတီနယ်လီနဲ့ ဘူကာယို ဆာကာတို့ပဲ ဖြစ်ပြီး ပေါင် ၇၂ သန်းတန် တိုက်စစ်သမား ပီပီကတော့ အရံခုံမှာပဲ ဆက်ထိုင်ခဲ့ရပါတယ်။ ပီပီအနေနဲ့ အခုချိန်မှာ သူ့ကိုယ်သူ ရှာဖွေနေတယ်ဆိုတာကို ပြသတဲ့ အချက်တစ်ချက် ရှိခဲ့ပါတယ်။ သူနောက်ဆုံး လိဂ်ပွဲထွက်ခွင့်ရခဲ့တာ ပဲလေ့စ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲပါ။ အဲ့ဒီ့နောက် သူဟာ လက်စတာနဲ့ပွဲမှာ ၁၃ မိနစ် ကစားခဲ့ရပြီး… Continue Reading →

ခက်ခဲတဲ့ အနေအထားတွေ ရှိလာခဲ့ရင် ရင်ဆိုင်ဖို့ လီဗာပူးရဲ့ ပြင်ဆင်ထားမှုတွေကို ချိန်ဘာလိန် ဖွင့်ဟ

ခက်ခဲတဲ့ အနေအထားတွေ ရှိလာခဲ့ရင် ရင်ဆိုင်ဖို့ လီဗာပူးရဲ့ ပြင်ဆင်ထားမှုတွေကို ချိန်ဘာလိန် ဖွင့်ဟ လီဗာပူးဟာ မာဆေးဆိုဒ်ဒါဘီ မတိုင်ခင် ပြိုင်ပွဲစုံ ၁၅ ပွဲ ရှုံးပွဲမရှိထားပါဘူး။ ဒီနိုင်ပွဲတွေကြောင့် လက်စတာနဲ့ မန်စီးတီးကို အမှတ်အများကြီး ဖြတ်ထားနိုင်ပေမယ့် ချိန်ဘာလိန်က ကလပ်ရဲ့ ဦးဆောင်နိုင်မှုအပေါ် အသင်းသားတွေက အေးဆေးဖြစ်နေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ချိန်ဘာလိန်က “ ကျနော်တို့ကစားတဲ့ အချိန်တိုင်း ဒါကအရေးအကြီးဆုံးပွဲလို့ မှတ်ယူတယ်၊ ဒါက နည်းပြ ကျနော်တို့ကို ပေးတဲ့အမှာစကားပါ၊ ဒီအတိုင်းကျနော်တို့ လုပ်ပြီး နှစ်ကုန်မှာ… Continue Reading →

စပါး၊ မန်စီးတီးပွဲတွေမှာ ယူနိုက်တက်ကို ဒုက္ခပေးနိုင်တဲ့ ပြိုင်ဘက်အသင်းသားများ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် အက်စတွန်ဗီလာနဲ့ ပွဲအပြီး ဒီကြားရက်မှာပဲ စပါးနဲ့ အိမ်ကွင်းမှာ ထပ်မံ ယှဉ်ပြိုင်ရဦးမှာဖြစ်ကာ သီတင်းပတ်အကုန်မှာတော့ မန်ချက်စတာ ဒါဘီပွဲအဖြစ် မန်စီးတီးရဲ့ အိမ်ကွင်း အီသီဟတ်ကိုသွားပြီး ယူနိုက်တက်တို့ ယှဉ်ပြိုင်ရရမှာ ဖြစ်ပါတယ်။ ပွဲစဉ်တွေ ကျပ်တည်းတာကြောင့် တစ်ပွဲနဲ့ တစ်ပွဲမှာ ကလပ်အသင်းကို ဒုက္ခပေးခဲ့တဲ့ ကစားသမားတွေအကြောင့်တွေက ခပ်မြန်မြန်ပဲ ကျော်လွှားခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပွဲစဉ် ၁၄ တုန်းက ယူနိုက်တက်ကို ခြေစွမ်းပိုင်း ပြစ်တင်ရအောင် ဖြစ်စေတဲ့ အဓိက ကစားသမားတစ်ဦးကို ဖော်ပြပြီး… Continue Reading →

အပြောင်းအရွှေ့ ပြစ်ဒဏ် အယူခံဝင်မှု ဆုံးဖြတ်ချက်ထွက်မယ့် ရက်အကြောင်း လမ်းပတ် သတင်းပေး

ချယ်ဆီးနည်းပြ လမ်းပတ်က အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကို အားကစားခုံရုံးထံ အယူခံဝင်ထားရာ ဆုံးဖြတ်ချက်ကို သိရဖို့ သိပ်မကြာတော့ကြောင့် ဗီလာနဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့်သွင်း ဖြေကြားခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ အယူခံကို နိုဝင်ဘာ ၂၀ က လက်ခံကြားနားခဲ့တာ ဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့ ဖွင့်မယ့် ဇန်နဝါရီ ၁ ရက် မတိုင်ခင် ဆုံးဖြတ်ချက်ကို သိရမှာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ကတော့ ဆုံးဖြတ်ချက်ကို လာမယ့် ရက်ပိုင်းအတွင်း သိရတော့မှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။… Continue Reading →

ဆန်ချိုနဲ့ ပတ်သတ်တဲ့ အပြောင်းအရွှေ့ သတင်းတွေကို ယာဂင်ကလော့ပ် တုန့်ပြန်

ဒီတပတ်အစောပိုင်း သတင်းတွေမှာ လီဗာပူးအသင်းဟာ အင်္ဂလန်လက်ရွေးစင် ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ အလေးအသာဆုံး အဖြစ် ရေပန်းစားနေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ထိုသတင်းတွေကို တုန့်ပြန်မှု ပေးလိုက်ပြန်ပါတယ်။ ဒေါ့မွန်မှာ ၂၀၀၈ ကနေ ၂၀၁၅ ထိ နည်းပြဖူးတဲ့ ကလော့ပ်က ကလပ်အသင်းဟောင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးတယ်လို့ ကလော့ပ်က ထုတ်ဖော် ပြောဆိုခဲ့တာပါ။ ” ဆန်ချိုက သိပ်ကောင်းတဲ့… Continue Reading →

အမ်မရီ ထုတ်ပယ်ခံရအပြီး အာဆင်နယ်နဲ့ ယွန်းဘတ်ထံ အကြောင်းကြားစာ ပို့ခဲ့တဲ့ အာဆင်ဝင်းဂါး

ဖီဖာအကြီးအကဲတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက ယွန်းဘတ်ဟာ အာဆင်နယ်အတွက် အများကြီး ကြိုးစားပေးထားတဲ့သူဖြစ်ပြီး ဂန်းနား ယာယီမန်နေဂျာအား အကြံပေးရတာအတွက် ပျော်ရွှင်ပါတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ အရင်အပတ်က မန်နေဂျာအမ်မရီ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် အမြဲတမ်းမန်နေဂျာ မခန့်နိုင်ခင်မှာ ကလပ်အသင်းကို ယွန်းဘတ်က ယာယီတာဝန်ယူမှာဖြစ်တယ်။ ဂန်းနားဟောင်းကြီးဟာ အာဆင်ဝင်းဂါးကြီးလက်ထက်မှာ ပွဲပေါင်း ၃၂၆ ပွဲ ကစားခဲ့ပြီး ကလပ်ကို ပရီးမီးယားလိဂ်ဖလား ၂ လုံး အက်ဖ်အေဖလား ၃ လုံးတို့ကို အနိုင်ရအောင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။ အာဆင်ဝင်းဂါးကတော့ ကွင်းလယ်လူဟောင်းဟာ ဂန်းနားတို့ရဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!