Date

December 5, 2019

အိုဇေးနဲ့ မာတင်နယ်လီတို့ ပါဝင်မယ့် ဘရိုက်တန်ပွဲအတွက် အာဆင်နယ်လူစာရင်း ခန့်မှန်း

အာဆင်နယ် ယာယီမန်နေဂျာ ယွန်းဘတ်ဟာ သူ့လက်ထက် ပထမဆုံးသော အိမ်ကွင်းပွဲအဖြစ် ဒီကနေ့ညမှာ ဘရိုက်တန်နဲ့ အမှတ်ပေးပွဲ ယှဉ်ပြိုင်ကစားမှုကို တာဝန်ယူသွားမှာဖြစ်ပါတယ်။ အာဆင်နယ်အစွန်လူ ဘယ်လာရင် တံကောက်ကြော ဒဏ်ရာကနေ ပြန်သက်သာလာပေမယ့် ဒီပွဲမှာလည်း သူ့ကို ပွဲမထုတ်သေးပဲ ချမ်ဘာကိုပဲ ပွဲထုတ်ဖွယ်ရှိကာ ခံစစ်မှာတော့ တီရာနေးနဲ့ ဟိုးဒင်းတို့က ဝါရင့်ခံစစ်သမား လူးစ်နဲ့အတူ ပွဲထွက်လာမယ်လို့ မျှော်လင့်ထားရတာဖြစ်တယ်။ အာဆင်နယ်ဟာ ခံစစ်ပြဿနာတွေ ရှိနေပေမယ့် အပြောင်းအလဲကြီးတွေ လုပ်ဖို့ကလည်း လူစာရင်းမှာ ရွေးချယ်စရာ မရှိတာကြောင့် အရမ်းကြီး အသွင်ကွဲမှုတွေကို မြင်တွေ့ရဖွယ်တော့ မရှိသေးပါဘူး။… Continue Reading →

ပေါ့ဘာအတွက် ပေါင် ၁၃၀ သန်း လုံးဝမပေးပဲ အောက်ဈေးနိုက်ဖို့ ရည်ရွယ်ထားတဲ့ ပီရက်ဇ်

ရီးရဲလ်မက်ဒရစ်မန်နေဂျာ ဇီဒန်းက ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို ခေါ်ယူဖို့ အလိုရှိနေပေမယ့် ဘာနေဗျူးကလပ်အသင်း ဥက္ကဌ ပီရက်ဇ်က ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး မပေးပဲ ဈေးပေါပေါနဲ့ရဖို့ကို အလိုရှိနေတယ်လို့ သိရပါတယ်။ ကမ္ဘာဖလားချန်ပီယံ ပြင်သစ်အသင်းသားကို ဇီဒန်က အလိုရှိနေပြီး ပီရက်ဇ်က အသက် ၂၆ နှစ်အရွယ် ကစားသမားကို ယူနိုက်တက်ဘက်က ဈေးဖွင့်ပေမယ့် ပေါင် ၁၃၀ သန်းကို ပေးဖို့ထက်စာရင် ပေါင် ၅၀ သန်းလောက်နဲ့ပဲ ခေါ်ယူလိုနေတယ်လို့ ဒေးလီးမေးက ဖော်ပြခဲ့တာဖြစ်တယ်။ ပေါ့ဘာဟာ ယူနိုက်တက်နဲ့ ၂၀၂၁… Continue Reading →

ဘလွန်းဒီအော့ဆုမှာ မာနေး စတုတ္ထနေရာမှာပဲ ရှိနေခဲ့တာက စိတ်ပျက်စရာပဲလို့ ဝန်ခံသွားတဲ့ မက်ဆီ

တိုက်စစ်သမား မာနေးဟာ လီဗာပူးရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု နှစ်ကြိမ်လည်း လုပ်နိုင်ခဲ့ပါတယ်။ အဲဗာတန်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် မာနေးဟာ သူ စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ဘလွန်းဒီအော့ဆုအတွက် ဆုပေးပွဲကိုတောင် မတက်နိုင်ခဲ့ပဲ ဂုဏ်ပြုစကားကိုပဲ ဗီဒီယိုနဲ့ ပေးပို့ခဲ့တာဖြစ်တယ်။ အဆိုပါ ဗီဒီယိုမှာတော့ နောက်ရာသီ ဘလွန်းဒီအော့ကို စိန်ခေါ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး အဆိုဆုကို တစ်နှစ်တာ အကောင်းဆုံး ထိန်းသိမ်းပေးထားဖို့ တောင်းဆိုစကားလည်း ပါဝင်ခ့တာဖြစ်ပါတယ်။ ဘလွန်းဒီအော့ဆုအတွက်… Continue Reading →

၂၀၁၉ အတွက် UK မှာ စံချိန်တင်သွားတဲ့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို လီဗာပူးတို့ ဂိုးပြတ် အနိုင်ယူတဲ့ပွဲ

၂၀၁၉ ခုနှစ်အတွင်း ဗြိတိန်တစ်ခုလုံးမှာ ယူကျူ့ လူမှုကွန်ယက်ပလက်ဖောင်း အသုံးပြုသူတွေကြားမှာ လူကြည့်အများဆုံးနဲ့ အထင်ရှားဆုံး ဗီဒီယိုအဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးက ဘာစီလိုနာကို အန်ဖီးကွင်းအတွင်း ၄-၀ နဲ့ အနိုင်ယူတဲ့ပွဲက မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မနှစ်က ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အဖြစ် လီဗာပူးနဲ့ ဘာစီလိုနာတို့ အတွဲကျခဲ့တာပါ။ ပထမအကျော့အဖြစ် နျူးကမ့်မှာ ဘာစီလိုနာက လီဗာပူးကို မက်ဆီရဲ့ အံ့မခန်းတဲ့ ခြေစွမ်းတွေနဲ့အတူ ၃-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။ ပထမအကျော့အပြီး ဘာစီလိုနာဟာ ဖိုင်နယ်တက်မယ့်အသင်းလို့ အပြတ်အသတ် ရေးပန်းစားခဲ့ပေမယ့် ဒုတိယအကျော့အဖြစ် အန်ဖီးကွင်းမှာတော့… Continue Reading →

စီနီယာတွေ တစ်ဦးမှမပါတဲ့ ကာရာဘောင်း ကွာတားဖိုင်နယ်အတွက် လီဗာပူး ခန့်မှန်းလူစာရင်း ထွက်ပေါ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ကလပ်များကမ္ဘာဖလားပြိုင်ပွဲအတွက် စီနီယာကစားသမား ၂၃ ဦးကို ခေါ်ယူသွားမှာဖြစ်ပြီး ဒဏ်ရာရကစားသမားတွေရလွဲလို့ ပထမအသင်းမှ အဓိက ကစားသမား အားလုံးနီးပါး ပါဝင်သွားမှာဖြစ်ပါတယ်။ လီဗာပူးသမိုင်းမှာ တစ်ကြိမ်မှ မရသေးတဲ့ တစ်ခုတည်းသော ဆုဖလားကို အနိုင်ယူဖို့အတွက် ယာဂင်ကလော့ပ်ဟာ အဓိက ကစားသမားတွေနဲ့ ကာတာကို သွားမှာဖြစ်တယ်။ အဆိုပါပွဲအတွက် လူစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီဖြစ်ကာ ဂျုံး၊ ဘရူးစတား၊ အီလီယော့နဲ့ ဝီလီယံလို လူငယ်ကြယ်ပွင့်တွေလည်း လိုက်ပါသွားမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်မှာ ကာရာဘောင်း ကွာတားဖိုင်နယ်ကို အက်စတွန်ဗီလာနဲ့ ကစားရဖို့ရှိနေပြီး… Continue Reading →

မော်ရင်ညိုရဲ့ နည်းစနစ်အမှားနဲ့ စပါးအသင်းသားကို ခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းတဲ့ ရှမိုင်ကယ်

သရဲနီဟောင်းကြီးဖြစ်ပြီး ပရီးမီးယားလိဂ်ဂိုးသမားဟောင်းလည်းဖြစ်တဲ့ ရှမိုင်ကယ်က ဆိုးရှားရဲ့ လူစာရင်းမှာ စပါးအသင်း တိုက်စစ်သမား ဆွန်ကို မြင်တွေ့ရမယ်ဆိုရင် အရမ်းကို သဘောကျမိပါလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဘလွန်းဒီအော့ဆုမှာ အဆင့်ရပ်တည်မှု အမြင့်ဆုံးသော အာရှကစားသမားလည်းဖြစ်တဲ့ ဆွန်ဟာ ပရီးမီးယားလိဂ်မှာတော့ ထိပ်တန်း တိုက်စစ်သမားအဖြစ် ခြေစွမ်းပြသနေသူပါ။ ဆွန်ရဲ့ တိုက်စစ်မှူးနောက်က လိုက်ပါမှုနဲ့ ပံ့ပိုးပေးမှု အနေအထားဟာ ယူနိုက်တက်မှာ ရပ်ဖိုဒ့်ရဲ့နောက် ထားမယ်ဆိုရင် အရမ်းကို စိတ်လှုပ်ရှားစရာ အရည်အသွေးကို မြင်ရမယ်လို့ ရှမိုက်ကယ်က ယုံကြည်နေပါတယ်။ သရဲနီ ဂိုးသမားဟောင်းကြီးက “ အိုထရတ်ဖိုဒ့်မှာ ဆွန်ကို… Continue Reading →

အူဘာမီးယန်း မရှိတဲ့ အာဆင်နယ် အနေအထား မတွေးတတ်တော့ဘူး ဆိုတဲ့ အွန်နရီ

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီကတော့ ၎င်း ကလပ်အသင်းဟောင်းဟာ တိုက်စစ်မှူး အူဘာမီးယန်းသာ မရှိရင် နောဝစ်နဲ့ပွဲမှာ ရှုံးနိမ့်သွားနိုင်တယ်လို့ ဝန်ခံလိုက်ပြီး နည်းပြ ယွန်းဘတ်နဲ့ အသင်းရဲ့ တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်နေပါတယ်။ အမ်မရီ ထုတ်ပယ်ခံရပြီးနောက် ယာယီတာဝန်ယူတဲ့ ယွန်းဘတ်ရဲ့ ပွဲဦးထွက် နောဝစ်နဲ့ ပွဲဟာ ၂ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး အာဆင်နယ် အတွက် နှစ်ဂိုးလုံးကို အူဘာမီးယန်းက သွင်းယူပေးခဲ့တာပါ။ မြောက် လန်ဒန်သားတွေဟာ ဒီရာသီ လမ်းပျောက်နေဆဲလို့… Continue Reading →

လမ်းပတ် ချောင်ထိုး မရအောင် အစွမ်းပြနေတဲ့ တမ်မီရဲ့ အရည်အချင်းကို ပြိုင်ဘက်က ချီးကျူးခဲ့ရ

ချယ်ဆီး မှာ ခြေစွမ်းပြနေတဲ့ တန်မီအေဘရာဟမ်ရဲ့ ပြီးခဲ့တဲ့ရာသီ အက်စ်တွန်ဗီလာမှာတုန်းက အချိန်တွေကို ၎င်းရဲ့ အသင်းဖော်ဟောင်း ဂျွန်မက်ဂျင်းက ပြန်သတိရနေပေမယ့် ဗုဒ္ဓဟူးနေ့ ဗီလာနဲ့ပွဲ မတိုင်ခင် သူ မပါလာစေဖို့ အလိုရှိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အေဘရာဟမ်ဟာ ဒီရာသီမှာ ဘာကြောင့် ချယ်ဆီးအတွက် ပြောင်းလဲပေးနိုင်သူ ဖြစ်နေရလဲဆိုတာ နားလည်ဖို့ လွယ်ကူပါတယ်။ ဗလင်စီယာနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ဝက်စ်ဟမ်းနဲ့ ပွဲကို လွဲချော်ခဲ့ပြီးနောက် အက်စ်တွန်ဗီလာကို ၂-၁နဲ့ နိူင်ခဲ့တဲ့ပွဲမှာ အေဘရာဟမ်က ပြန်ပါလာခဲ့ပြီး အဖွင့်ဂိုး သွင်းခဲ့တဲ့အပြင် မေဆန်မောင့်အတွက်ပါ… Continue Reading →

ပြိုင်ဘက်တိုက်စစ်မှူးနဲ့ နှိုင်းယှဉ်ပြီး လီဗာပူးတိုက်စစ်သုံးဦးအပေါ် ဝေဖန်မှုကို ကလော့ပ် တုန့်ပြန်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က သူဟာ ဖာမီနို၊ မာနေး၊ ဆာလက်တို့ အရင်ရာသီတွေလို အတူတကွ ဂိုးမသွင်းပြနိုင်တာကို မစိုးရိမ်ဘူးလို့ အဲဗာတန်ပွဲမှာ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် နာမည်ကျော် တိုက်စစ်တွဲလုံးဟာ ဒီရာသီမှာ သွင်းဂိုးနှုန်း ကျနေတာဖြစ်တယ်။ နိုဝင်ဘာ ၂၃ ရက်နေ့ကက ဆဲဟက်ပက်ခ်မှာ ၂-၁ နဲ့ နိုင်ခဲ့စဉ်က ဖာမီနိုရဲ့ အနိုင်ဂိုးဟာ ၂ လအတွင်း သူ့ရဲ့ ပထမဆုံးဂိုး ဖြစ်ခဲ့ပြီး ဘရာဇီးသားဟာ ဒီရာသီ အန်ဖီးကွင်မှာ ဂိုးမသွင်းနိုင်သေးတာလဲ ဖြစ်ပါတယ်။ မာနေးနဲ့ဆာလက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!