Date

December 5, 2019

ဖီဖာ ကလပ်အသင်းများကမ္ဘာ့ဖလားပွဲ သွားရောက်ယှဉ်ပြိုင်မယ့် လီဗာပူး ၂၃ ယောက် လူစာရင်း အတည်ပြု ကြေငြာ

လီဗာပူးအသင်းဟာ ဒီလထဲ ကာတာမှာ ပြုလုပ်မယ့် ဖီဖာ ကလပ်အသင်းများ ကမ္ဘာ့ဖလားပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ၂၃ ယောက် လူစာရင်းကို ယနေ့ပဲ အတည်ပြု ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို လီဗာပူးက ဥရောပ ချန်ပီယံ အဖြစ် ဆီမီးဖိုင်နယ် အဆင့်က ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဗိုလ်လုပွဲထိ တက်ရောက်ရင် ၂ ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်ပွဲ ဖြစ်ပြီး ၂၁ ရက်… Continue Reading →

လီဗာပူးအသင်းသားကို ကမ္ဘာအကောင်းဆုံးအဖြစ် မက်ဆီမဲပေးခဲ့တာ မှန်ကန်ကြောင်း သက်သေပြမှု

ဒီအပတ်မှ ဘလွန်းဒီအော့ဆုကို ယူအီးအက်ဖ်အေ အကောင်းဆုံးကစားသမားဆုရှင် လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ကျော်လွန်ပြီး အနိုင်ရခဲ့တဲ့ မက်ဆီဟာ ရာသီစတုန်းကပဲ ဖီဖာ ကမ္ဘာအကောင်းဆုံးဆုမှာလည်း ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး အနိုင်ရထားခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ မက်ဆီဟာ လီဗာပူးအသင်းသားတစ်ဦးက ကမ္ဘာအကောင်းဆုံး ကစားသမားလို့ ယူဆခဲ့သူဖြစ်တယ်။ ဖီဖာက ကြီးမှုပေးအပ်သော ၂၀၁၉ ခုနှစ် ကမ္ဘာအကောင်းဆုံး ကစားသမားဆုအတွက် သူ့ရဲ့မဲကိုတော့ လီဗာပူးအသင်းမှ မာနေးကို ထိပ်ဆုံးထားကာ ရော်နယ်ဒို၊ ဒီဂျောင်းတို့အား အစဉ်လိုက် ရွေးချယ်ပေးခဲ့တာလည်းဖြစ်တယ်။ မာနေးဟာ ဘလွန်းဒီအော့ဆုအတွက်လည်း စတုတ္ထနေရာက ရွေးချယ်ခံခဲ့ရပြီး မက်ဆီ၊… Continue Reading →

အဓိကတိုက်စစ်မှူးတွေ မပါဘဲ ဒါဘီနိုင်ပွဲ ယူသွားတဲ့ လီဗာပူးအသင်းရဲ့ ကြောက်မက်ဖွယ် အစွမ်းအပေါ် လင့်ကာ မှတ်ချက်ပြု

အင်္ဂလန်လက်ရွေးစင်ဟောင်း အဲဗာတန်နဲ့ စပါးကစားသမားဟောင်းလည်း ဖြစ်တဲ့ ဂယ်ရီ လင့်ကာက လီဗာပူးနဲ့ အဲဗာတန် မာဆေးဆိုဒ် ဒါဘီပွဲ အပြီးမှာ အဓိက တိုက်စစ်မှူးတွေ မပါဘဲတောင် ဂိုးတွေသွင်း နိုင်ပွဲ ယူနိုင်နေတဲ့ လီဗာပူးအသင်းက ဒီရာသီ အမှတ်ပေးချန်ပီယံဆုကို အရ ယူသွားလိမ့်မယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ယာဂင်ကလော့ပ်က ကြာသပတေးနေ့ မနက်အစောပိုင်းက အဲဗာတန်နဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး မိုဆာလက်နဲ့ ဖာမီနိုတို့ မပါဝင်ဘဲ ပွဲထွက်လာခဲ့ပါတယ်။ ပွဲမတိုင်ခင်မှာ ကလော့ပ်က ပွဲကြပ်တွေ မတိုင်ခင် အဓိက ကစားသမားတချို့ အနားပေးလိုပြီး… Continue Reading →

လီဗာပူးရဲ့ GOAT ကြီးလို့ အိုရီဂီကို တင်စားလိုက်တဲ့ ထရန့်နဲ့ ရော်ဘတ်ဆန်

မာဆေးဆိုဒ် ဒါဘီပွဲမှာတော့ ယာဂင်ကလော့ပ်က တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ပြီး အထောင်တိုက်စစ်နေရာမှာ အိုရီဂီကို ပွဲထွက်ခွင့်ပေးခဲ့ကာ ဘယ်ဂျီယံသား တိုက်စစ်သမားကလည်း သွင်းဂိုး နှစ်ဂိုးသွင်းယူပြီး မန်နေဂျာရဲ့ ယုံကြည်မှုကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ အိုရီဂီဟာ လီဗာပူးပရိသတ်တွေကြားမှာ နာမည်ကျော်သူဖြစ်ပြီး ဂျန့်နဲ့ ချန်ပီယံလိဂ်ပွဲကြိုမှာဆိုရင် ဘယ်ဂျီယံသတင်းထောက်တွေကို ယာဂင်ကလော့ပ်ကပဲ ‘အိုရီဂီကလည်း ဘယ်ဂျီယံအကယ်ဒမီထွက်ပါပဲ။ လီဗာပူးမှာတော့ သူက အရမ်းနာမည်ကြီးတယ်။ ဂန္တဝင်တစ်ဦးလေ’ လို့တောင် တင်စားခဲ့သေးတာဖြစ်ပါတယ်။ အိုရီဂီဟာ မာဆေးဆိုဒ်ဒါဘီမှာ စတီဗင်ဂျရတ် (၉ ဂိုး)၊ ရော်ဘီဖော်လာ (၆ ဂိုး) နောက်ပိုင်း ဂိုးအများဆုံး… Continue Reading →

ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီနဲ့ ပြောဆိုဆွေးနွေးရန် ယွန်းဘတ် စီစဉ်

အာဆင်နယ်အသင်းရဲ့ ယာယီနည်းပြ ယွန်းဘတ်က ကလပ် စံချိန်တင်ကြေး ပေါင် ၇၂ သန်းနဲ့ ခေါ်ယူထားတဲ့ တောင်ပံတိုက်စစ်သမား နစ်ကိုးလပ်စ် ပီပီနဲ့ အေးအေးဆေးဆေး ပြောဆိုဆွေးနွေးကာ သူ အလိုရှိသည်များ အသိပေးဖို့ စီစဉ်နေပါတယ်။ ယွန်းဘတ်က ပီပီဟာ ယုံကြည်မှုပိုင်း လျော့နည်းနေတာမျိုး မဟုတ်ဘူးလို့ ယူဆထားပြီး ဒီရာသီ ၎င်းရဲ့ ရုန်းကန်မှုများနဲ့ ပတ်သတ်ကာ ဆွေးနွေးလိုနေတာပါ။ အိုဗရီကို့စ်သားဟာ အာဆင်နယ်အတွက် သက်ရောက်မှုကြီး လုပ်မပြနိုင်သေးဘဲ ဒီရာသီ ပြိုင်ပွဲစုံ ၃ ဂိုး သာ သွင်းယူရသေးကာ တစ်ဂိုးကမှ… Continue Reading →

ယူနိုက်တက်ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ကစားသမား နှစ်ဦးကို ထုတ်ဖော်လိုက်တဲ့ ဆိုးရှား

ယူနိုက်တက်က စပါးကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရတာအတွက် မန်နေဂျာဆိုးရှားက ကလပ်အသင်း လူငယ်ကစားသမား နှစ်ဦးရဲ့ ခြေစွမ်းကို ကျေနပ်မိကြောင်း ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ ဒီပွဲမှာတော့ ရပ်ဖိုဒ့်က တိုက်စစ်ကနေ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး မော်ရင်ညိုကို အပျော်တွေ ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့တာပါ။ ဒါ့အပြင် ကလပ်ရဲ့ ပွဲသုံးပွဲကို လွဲချော်ထားတဲ့ စကော့တလန်လက်ရွေးစင် တော်မီနေးကလည်း ကွင်းလယ်မှာ ပြန်လည်ပါဝင်လာခဲ့ကာ ယူနိုက်တက် အနိုင်ရဖို့ ကြီးမားတဲ့ ထောက်ပံ့မှု ဖြစ်ခဲ့ပါတယ်။ ” ဒီအခြေအနေမှာ တော်မီနေးကို လူစာရင်းကနေ… Continue Reading →

ကစားခွင့် ပြန်ရလို့ ပျော်ရွှင်နေပြီး သူ့ရဲ့ အကြီးကျယ်ဆုံး အိပ်မက်အကြောင်း ရှာကွီရီ ဖွင့်ဟ

ကြာသပတေးနေ့ မနက်အစောပိုင်း မာဆေးဆိုဒ် ဒါဘီပွဲမှာ ကလော့ပ်က ပွဲထွက် လူစာရင်းကို ဘရိုက်တန်က ပွဲမှ လူစာရင်းကနေ ၅ နေရာ အပြောင်းအလဲ လုပ်ကာ ပွဲထုတ်လာခဲ့ပါတယ်။ လီဗာပူးမှာ အမေ့ခံ ဖြစ်နေတဲ့ တိုက်စစ်မှူး အိုရီဂီနဲ့ တောင်ပံသမား ရှာကွီရီတို့ ပါဝင် ကစားခဲ့ကြပြီး နှစ်ဦးလုံလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရှာကွီရီဟာ ဒီရာသီမှာ ဒဏ်ရာ ရှိလျက်ကြောင့်သော် လည်းကောင်း၊ ဒဏ်ရာ မရှိဘဲနဲ့သော် လည်းကောင်း လီဗာပူး လူစာရင်းကနေ အကြောင်း အမျိုးမျိုးနဲ့ ချန်လှပ်ခံခဲ့ရသူပါ။ ဒါပေမယ့်… Continue Reading →

အိုထရတ်ဖိုဒ့်မှာ မန်နေဂျာဟောင်းရဲ့အသင်းကို အနိုင်ရဖို့ ကြိုးစားခဲ့ရမှုကို ဖွင့်ဟသွားတဲ့ ရပ်ဖိုဒ့်

အိုထရတ်ဖိုဒ့်မှာ ယူနိုက်တက်က စပါးကို ၂-၁ နဲ့ အနိုင်ရတာက သုံးမှတ်ရဖို့အတွက် အရမ်းကို ကြိုးစားထားရတာကြောင့် ဖြစ်တယ်လို့ ရပ်ဖိုဒ့်က ပြောဆိုပါတယ်။ ပြိုင်ပွဲစုံ ၃ ပွဲဆက် အနိုင်မရမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်သမား ရပ်ဖိုဒ့် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူပေးခဲ့တာပါ။ အင်္ဂလန် လက်ရွေးစင်က အနိုင်ရဖို့အတွက် အသင်းက ခက်ခဲတဲ့ ကြိုးစားမှုတွေ လုပ်ခဲ့ရသလို ဂိုးတွေ ပိုမိုသွင်းယူနိုင်သင့်တယ်လို့လည်း ခံစားရပါကြောင်း ပြောဆိုခဲ့ပါတယ်။ ရပ်ဖိုဒ့်က ” လိုချင်တဲ့ ရလဒ်ရဖို့အတွက် ကျနေ်ာတို့ ကြိုးစားခဲ့တာက အခက်ခဲဆုံးပါပဲ။… Continue Reading →

တယ်ရီအား ကြိုဆိုကြမှုကို ကြည်နူးဝမ်းသာပြီး အသင်းစွမ်းဆောင်ရည်ကိုလည်း ကျေနပ်နေတဲ့ လမ်းပတ်

အက်စတွန်ဗီလာကို နိုင်တဲ့ ပွဲအပြီးမှာ ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းဖော်ဟောင်း တယ်ရီဟာ ချယ်ဆီးရဲ့ ဂန္တဝင် ဖြစ်တယ်လို့ ခေါ်ဝေါ် လိုက်ပြီး တယ်ရီကို ပြိုင်ဘက် အဖြစ် မြင်ရတာအတွက် ထူးထူးဆန်းဆန်း ဖြစ်နေခဲ့ရကြောင်း ဝန်ခံ ပြောဆိုလိုက်ပါတယ်။ တယ်ရီဟာ ချယ်ဆီး စီနီယာအသင်းကြီး အတွက် ၁၉ နှစ်တာ ကစားသွားခဲ့ကာ ပရီးမီးယားလိဂ် ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ အခြား ဆုဖလားများစွာ ချယ်ဆီးနဲ့ အတူ ရယူသွားခဲ့သူ ဖြစ်ပါတယ်။ ချယ်ဆီးမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!