Date

December 6, 2019

NEWS: မန်နေဂျာလမ်းပတ် ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူဖို့ ပေါင် ၁၅၀ သန်းရရှိမည်

ချယ်ဆီးဟာ အာကစားခုံရုံးထံ အပြောင်းအရွှေ့ဆိုင်ရာ အယူခံဝင်မှု လုပ်ထားတဲ့ကိစ္စ အောင်မြင်ခဲ့ပြီး ဇန်နဝါရီမှာ ကလပ်အသင်း အရှိတဲ့အတိုင်း ကစားသမားသစ် ခေါ်ယူဖို့ကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကနေ့ ဆွစ်ဇလန်မှာ ပြုလုပ်တဲ့ ဆုံးဖြတ်ချက်အရ ချယ်ဆီးရဲ့ အယူခံဝင်မှုကို အတည်ပြုခဲ့ပြီး အပြောင်းအရွှေ့ နှစ်ခု ပိတ်သိမ်းမှုအစား တစ်ခုပဲ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကာ အဆိုပါ ပြစ်ဒဏ်ကို နွေတုန်းက ကျခံခဲ့ပြီဖြစ်ပါတယ်။ ချယ်ဆိးဘက်ကတော့ အပြောင်းအရွှေ့ ကိစ္စကို အပြီးသတ် ဖြေရှင်းနိုင်ပြီးဖြစ်လို မန်နေဂျာလမ်းပတ်ကို အသုံးစရိတ် ပေါင် ၁၅၀ သန်း ထုတ်ပေးသွားတော့မှာဖြစ်ကြောင်း တယ်လီဂရပ်က… Continue Reading →

အနာဂတ်အတွက် ကမ်းလှမ်းချက်တွေကို လမ်းဖွင့်ထားတဲ့ ဂျိမ်းစ် မေနာ

လီဗာပူးအသင်းရဲ့ အားထားရတဲ့ အသက် ၃၃ နှစ် အရွယ် ဝါရင့်ကစားသမားကြီး ဂျိမ်းစ် မေနာရဲ့ လက်ရှိစာချုပ်နဲ့ အနာဂတ် အစီအစဉ်များအကြောင်း မေးမြန်းရာ မေနာက လီဗာပူးကနေ ထွက်ခွာသွားဖြစ်တာလည်း ဖြစ်နိုင်သလို စာချုပ်သစ်လည်း ချုပ်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။ မေနာရဲ့ လက်ရှိစာချုပ်က ၂၀၂၀ နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်ကုန်ဆုံးခါနီး ဖြစ်တာကြောင့် ၎င်းက အနာဂတ်အတွက် လမ်းဖွင့် စဉ်းစားနေဆဲ ဖြစ်ပါတယ်။ ၎င်းက အသင်းဟောင်း လိဒ်ယူနိုက်တက်ထံလည်း ကစားသမား ဘ၀… Continue Reading →

ဖလာမင်ဂိုနဲ့ ပက်သက်ပြီး ဝိုက်နယ်ဒမ်ရဲ့ ဖြေဆိုမှုကြောင့် ဘောလုံးဘိုးအေ ဘရာဇီးပရိသတ်တွေ ဒေါသထွက်

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ရဲ့ ရိုးသားတဲ့ ဖြေဆိုမှုတစ်ခုဟာ ဘရာဇီးကလပ် ဖလာမင်ဂို ပရိသတ်တွေရဲ့ ဒေါသကို သွားစခဲ့သလို ဖြစ်နေခဲ့ပြီး ဘရာဇီးပရိသတ် အများအပြားက ဝိုက်နယ်ဒမ်ကို ဒေါသတကြီး ထိုးနှက်မှုတွေ လုပ်နေခဲ့ပြီဖြစ်ပါတယ်။ ဒီဇင်ဘာလထဲမှာ လီဗာပူးဟာ ကာတာမှာ ကလပ်များကမ္ဘာဖလား ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ဖို့ လိုအပ်နေတာပါ။ အဆိုပါပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်အဆင့်အတွက် ဦးစားပေးနှစ်သင်းက ဥရောပချန်ပီယံ လီဗာပူးအသင်းနဲ့ တောင်အမေရိကချန်ပီယံ ဖလာမင်ဂိုတို့ဖြစ်ပြီး နှစ်သင်းဟား သီးခြားဆီမီးဖိုင်နယ်ပွဲတွေကို အနိုင်ရမယ်ဆိုရင် ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ကြမှာပဲဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ ပြိုင်ဘက်တွေက ထွက်ပေါ်လာခြင်း မရှိသေးပဲ… Continue Reading →

ပစ်မှတ်ပြောင်းလာတဲ့ ရီးရဲလ်ကြောင့် အဲရစ်ဆန်ကို ခေါ်ယူဖို့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက် ရှင်သန်လာ

လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူအတွက် ရှာဖွေမှုတွေ လုပ်နေရာမှာ စပါးမှ အဲရစ်ဆန်၊ ယူနိုက်တက်မှ ပေါ့ဘာတို့ထက် အေဂျက်မှာ တောက်ပနေတဲ့ ဗန်ဒါဘိခ်ကိုပဲ ယူရို ၅၅ သန်းပေးပြီး ခေါ်ယူဖို့ မျက်စိကျလာခဲ့ပါတယ်။ ကွင်းလယ်ပိုင်း အင်အားဖြည့်မှုမှာ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တို့ဟာ ပစ်မှတ်တွေ တူညီနေခဲ့တာဖြစ်ပြီး အဲရစ်ဆန်၊ ဖာနန်ဒက်စ်တို့ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။ ယူနိုက်တက်က ကွင်းလယ်လူသစ် ခေါ်ယူဖို့ထက် ပေါ့ဘာကို ဆက်ထိန်းသိမ်းဖို့ပဲ အာရုံစိုက်ခဲ့ပြီး ဇန်နဝါရီနဲ့ နွေမှာတော့ အင်အားဖြည့်တင်းမှု လုပ်မယ့်အထဲမှာ ကွင်းလယ်ကိုပါ ထည့်တွက်လာတာဖြစ်ပါတယ်။… Continue Reading →

ချယ်ဆီးအတွက် ပွဲထွက်ပေးရဖို့ဆိုတဲ့ အိပ်မက်တစ်ခုနဲ့ ကြိုးစားလာခဲ့ရတဲ့ တိုက်စစ်မှူး အေဘရာဟမ်

ဒီရာသီမှာ ချယ်ဆီး လူငယ်တိုက်စစ်သမား အေဘရာဟမ်ဟာ အခြားသော တိုက်စစ်သမားတွေဖြစ်တဲ့ ဘတ်ရှူဝါရီ၊ ဂျီရူးတို့ထက် မန်နေဂျာလမ်းပတ်ရဲ့ ပထမဦးစားပေး တိုက်စစ်မှူးတစ်ယောက်အဖြစ် ဦးစားပေးခံနေရသူ ဖြစ်နေခဲ့ပါတယ်။ အသင်းမှာ သူ့ရဲ့အရေးပါမှုကိုလဲ ပြသခဲ့ပြီး သူမပါတဲ့ ဝက်စ်ဟမ်းပွဲမှာ ချယ်ဆီးတို့ ရှုံးနိမ့်ခဲ့သလို ပေါင်ဒဏ်ရာကနေ ဗီလာနဲ့ပွဲမှာ ပြန်ပါလာတော့ နိုင်ပွဲရရှိအောင် ကူညီပေးခဲ့ပါတယ်။ တမ်မီဟာ ချယ်ဆီးအတွက် ကစားပေးနိုင်ဖို့ အိပ်မက်ရှိခဲ့သူဖြစ်ပြီး ဒီအခွင့်အရေး ရရှိချိန်မှာ ကလပ်အတွက် ရာနှုန်းပြည် ပေးဆပ်နေတယ်လို့ အသင်းခေါင်ဆောင် ကွီတာက ပြောပါတယ်။ ကွီတာက “သူ့ရဲ့ စိတ်ဓာတ်က… Continue Reading →

အာဆင်နယ်ရဲ့ ကာလရှည် အားနည်းချက်မှာ ပူးတွဲပါဝင်လာတဲ့ လာကာဇက်တီရဲ့ အဝေးကွင်းခြေစွမ်း

ယွန်းဘတ်ဟာ ယာယီနည်းပြအနေနဲ့ တာဝန်စယူပြီး နှစ်ပွဲကိုင်တွယ်ထားပေမယ့် တစ်ပွဲရံှူး တစ်ပွဲသရေကျပြီးနောက် တစ်မှတ်သာ ရရှိခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ထိပ်ဆုံးလေးနေရာကို တက်လှမ်းနိုင်ချင်ရင် ကြီးမားတဲ့ တိုးတက်မှုအချို့ လိုအပ်နေပါတယ်။ အခုချိန်မှာ ယွန်းဘတ် ဘယ်လောက်ကြာမလဲဆိုတာ မသိသေးပေမယ့် အာဆင်နယ်က အမ်မရီနေရာအတွက် အမြဲတမ်းနည်းပြတစ်ယောက်ကို အလျင်စလို ခန့်အပ်ဦးမှာ မဟုတ်ဘူးလို့ ဆိုတာကြောင့် ယွန်းဘတ်က အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်ရှိနေနိုင်ပါတယ်။ အာဆင်နယ်ကို ပြန်လည်ဦးမော့လာအောင် ကာလတိုအတွင်း သူပြင်ဆင်ရမယ့် ပြဿနာတွေထဲ အဝေးကွင်းခြေစွမ်း ညံ့ဖျင်းမှုမှာ ပါဝင်လာခဲ့ပြီဖြစ်တယ်။ ရာသီအဖွင့်မှာ နယူးကာဆယ်ကို… Continue Reading →

ဒဏ်ရာပြန်ဖြစ်နိုင်တဲ့ အနေအထားနဲ့ လီဗာပူးကနေ ဇန်နဝါရီမှာ ထွက်ခွာမလားကို ရှာကွီရီ အဖြေပေး

လီဗာပူးတိုက်စစ်သမား ရှာကွီရီဟာ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ မီဒီယာတွေမှာတော့ သူဟာ ပွဲထွက်ခွင့်မရခြင်းကြောင့် စိတ်ပျက်နေပြီး ဇန်နဝါရီမှာ အသင်းပြောင်းလိုနေတယ်ဆိုတဲ့ သတင်းတွေကို ဖော်ပြခဲ့တယ်။ အဲဗာတန်ကို ၅-၂ နဲ့ အနိုင်ရတဲ့ မာဆေးဆိုဒ်ဒါဘီပွဲအပြီးမှာ တိုက်စစ်သမား ရှာကွီရီက အဆိုပါ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး the athletic သတင်းဌာနက လီဗာပူးသတင်းထောက် James Pearce နဲ့ အင်တာဗျူးမှာ သူက လီဗာပူးကနေ လုံးဝ ထွက်သွားမှာ မဟုတ်ပါဘူးလို့ တုန့်ပြန်သွားပါတယ်။ ရှာကွီရီက “ ကျနော်… Continue Reading →

BREAKING: ဇန်နဝါရီမှာ လူဝယ်ခွင့် အယူခံဝင်မှု အောင်မြင်သွားတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ဖီဖာရဲ့ အပြောင်းအရွှေ့ ပိတ်ခံရမှု အယူခံတင်မှုကိစ္စမှာ တရားဝင် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူဝယ်ယူခွင့် ရရှိခဲ့ပြီလို့ သိရပါတယ်။ ဖီဖာဘက်က ချယ်ဆီးဟာ အပြောင်းအရွှေ့ဆိုင်ရာ လုပ်ရှားမှုတွေမှာ ၎င်းတို့ရဲ့ စည်းမျဉ်းပေါင်း ၁၅၀ ထိကို ချိုးဖောက်ခဲ့ပြီး ကစားသမား ၇၀ ဦးကို ခေါ်ယူခဲ့တယ်ဆိုကာ အပြောင်းအရွှေ့ နှစ်ခု ဝင်ရောက်ခွင့် ပိတ်သိမ်းတဲ့ ပြစ်ဒဏ်ချခဲ့တာဖြစ်တယ်။ ကစားသမား အပြောင်းအရွှေ့တွေမှာ third-party ဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်ပြီး ဒဏ်ငွေ ပေါင် ၅… Continue Reading →

ဝက်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီမှာ ဂိုးပြတ်လိမ့်မယ်ဆိုတဲ့ စကိုင်းစပေါ့ ပွဲကြိုသုံးသပ်နဲ့ ခန့်မှန်း

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲတွေအတွက် စကိုင်းစပေါ့ရဲ့ ခန့်မှန်းချက်တွေထဲမှာတော့ လန်ဒန်ဒါဘီမှာ အာဆင်နယ်တို့ အနိုင်ရလိမ့်မယ်လို့ ချာလီက ဆိုသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ရလဒ်ဆိုးတွေကြောင့် မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ထားခဲ့ပြီး ယာယီမန်နေဂျာ ယွန်းဘတ်လက်ထက်မှာလည်း အခြေအနေ မကောင်းပဲ တစ်ပွဲသရေ တစ်ပွဲရံှူးရလဒ်ကိုပဲ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အာဆင်နယ်အတွက်ကတော့ ၉ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတာပါ။ စီနီယာအသင်းသားတွေ စိတ်ဓါတ်ကျဆင်းနေတာက အာဆင်နယ် ရုန်းကန်နေရတာအတွက် အဓိက ထိုးနှက်ချက်ဖြစ်ပြီး ယွန်းဘတ်လက်ထက်မှာ တိုက်စစ်ပိုင်း ပုံစံကောင်း မြင်ရပေမယ့် ခံစစ်ပိုင်းက တိုးတက်မလာတာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် လန်ဒန်ဒါဘီပွဲမှာတော့ သိပ်အကောင်းကြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!