Date

December 6, 2019

အဲဗာတန် VS ချယ်ဆီး ပွဲကို အံ့အားသင့်ဖွယ် ရလဒ်ခန့်မှန်းသွားတဲ့ စကိုင်းစပေါ့မှ ချာလီ

ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာတော့ ချယ်ဆီးအသင်းဟာ အဝေးကွင်းအသင်းအဖြစ် ရလဒ်တွေဆိုးရွားကာ မန်နေဂျာကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူထားခဲ့ပြီး အင်အားဖြည့်တင်းမှုကောင်းတွေ လုပ်ထားခဲ့တာပါ။ ဒါပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ခဲ့ကာ ရလဒ်တွေဆိုးရွားနေပြီး လီဗာပူးကို အရေးနိမ့်တဲ့ ဒါဘီပွဲအပြီး တန်းဆင်းဇုန်ကို ကျရောက်ခဲ့တဲ့နောက် မန်နေဂျာ မားကိုစ့်ဆေးဗားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးကတော့ မန်စီးတီးနဲ့ ဝက်ဟမ်းတို့ကို အရေးနိမ့်အပြီး ကြားရက်မှာ ပုံစံကောင်းတွေ ပြန်ပြသနိုင်ခဲ့ကာ ဒီအပတ်မှာတော့ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရပါမယ်။ ဒီပွဲပြီးရင်တော့… Continue Reading →

လီဗာပူးကစားသမားဘ၀ အဆိုးဝါးဆုံး နေ့ရက်အကြောင်း စတီဗင်ဂျရတ် ဖွင့်ဟ

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂန္တဝင်ကစားသမားကြီး စတီဗင်ဂျရတ်က ဘောလုံးရာသီ ၁၇ ရာသီကြာ ကစားသွားခဲ့တဲ့ ကလပ်အသင်းကို နောက်ဆုံး နှုတ်ဆက်ခဲ့ရတဲ့ ရက်က အဆိုးဝါးဆုံး နေ့ရက် တစ်ရက်ပဲ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိ ရိမ်းဂျားစ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဂျရတ်ဟာ လီဗာပူးမှာတော့ ပွဲပေါင်း ၇၁၀ ကစားသွားခဲ့ကာ ချန်ပီယံလိဂ် ဖလား တစ်ကြိမ် အပါအဝင် ဆုဖလား ၈ ခု အသင်းနဲ့ အတူ ရရှိသွားခဲ့ပါတယ်။ ၎င်းဟာ ၂၀၁၆ ဘောလုံးကစားသမားဘ၀ အပြီး အနားမယူခင်… Continue Reading →

မန်ချက်စတာဒါဘီအတွက် စကိုင်းစပေါ့ရဲ့ ခန့်မှန်းမှာ ချာလီက ယူနိုက်တက်ကို ပေါ်တင် နှိမ့်ချသွားခဲ့

ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာတော့ မန်ချက်စတာဒါဘီအဖြစ် ယူနိုက်တက်ဟာ မန်စီးတီး အိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ကြားရက်က စပါးအသင်းကို အိမ်ကွင်းမှာ အနိုင်ယူခဲ့တဲ့နောက် ယူနိုက်တက် ပြန်လာပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ထားခဲ့တာပါ။ စကိုင်းစပေါ့မှ ချာလီနီကိုးလက်စ်ကတော့ အဆိုပါ မေးခွန်းတွေကို ငြင်းဆန်ခဲ့ပြီး ဒီတစ်ရာသီလုံး ယူနိုက်တက် ပြန်လာပြီးလားမေးခွန်းကို မေးခဲ့ကြပေမယ့် အချိန်တိုင်း မှားခဲ့တယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ အသင်းကြီးတွေကို ရင်ဆိုင်ရာမှာ ရလဒ်ကောင်းနေပေမယ့် ချာလီကတော့ ဒီပွဲမှာလည်း ဆိုးရှားကို သိပ်အထင်ကြီးဟန်… Continue Reading →

ဘုန်းမောက် နဲ့ လီဗာပူးပွဲအတွက် စကိုင်းစပေါ့ရဲ့ ပွဲကြိုသုံးသပ်မှုနဲ့ ရလဒ်ခန့်မှန်း

လီဗာပူးဟာ ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲအဖြစ် ဘုန်းမောက်နဲ့ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲဟာ ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ ဆဲလ်ဘတ်နဲ့ အုပ်စုတွင်း နောက်ဆုံးပွဲမတိုင်ခင် သွားရောက်ကစားရမယ့် အဝေးကွင်းပွဲဖြစ်တယ်။ လီဗာပူးဟာ ဒီရာသီ အမှတ်ပေးပွဲ ၁၅ ပွဲကစားပြီး ၁၄ ပွဲကို အနိုင်ရထားကာ တစ်ပွဲပဲ သရေကျထားပါတယ်။ ဒီအပတ်မှာ မန်ချက်စတာဒါဘီ ကစားရဖို့ ရှိနေတာကြောင့် မန်စီးတီး ပွဲကြပ်ကို ကြုံတွေ့ချိန်မှာ သေချာပေါက် အနိုင်သုံးမှတ် ရယူလိုမှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ်ကလည်း အဆုံးအဖြတ် အနေအထားကို ရောက်နေတာကို သတိပြုရမှာဖြစ်တယ်။… Continue Reading →

ဒါဘီပြိုင်ဘက် မာကိုစ်ဆေးဗားကို ရာထူကနေ ထုတ်ပယ်ခံရစေတဲ့ လီဗာပူးရဲ့ တိုက်စစ်သမားသုံးဦး

မာဆေးဆိုဒ်ဒါဘီအဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ကစားတဲ့ပွဲမှာ ပထမပိုင်းမပြီးခင်မှာပဲ နှစ်သင်းပေါင်း ၆ ဂိုးထိ ရှိခဲ့ပြီး ပွဲအစ ၆ မိနစ်မှာတင် လီဗာပူးတိုက်စစ်သမား အိုရီဂီက မာနေးရဲ့ ဖန်တီးပေးမှုကနေ အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ လီဗာပူးအတွက် တိုက်စစ်သမားတွေအဖြစ် ပွဲထွက်ခဲ့တဲ့ ရှာကွီရီ၊ အိုရီဂီနဲ့ မာနေးတို့အားလုံး ဂိုးသွင်းယူခဲ့ကြပြီး အဲဗာတန်အတွက်တော့ မိုက်ကယ်ကိန်းနဲ့ ရစ်ချာလီဆန်တို့က ဂိုးတွေသွင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို ဝိုင်နယ်ဒန်က သွင်းယူခဲ့တာဖြစ်ပြီး အိမ်ရှင်တို့အတွက် အနိုင်ရလဒ်ကို သေချာစေခဲ့ပါတယ်။ အဆိုပါပွဲအပြီးကတည်းက လီဗာပူးတစ်မြို့လုံးက အရေးကြီးတစ်သင်းတစ်ခုကို… Continue Reading →

ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ထိပ်ဆုံးစာရင်းထဲ မိနစ်အနည်းဆုံး ကစားသူအဖြစ် ပါဝင်လာတဲ့ တမ်မီ

ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အပြီးမှာ ရွှေဖိနပ်ဆုအတွက် ဦးဆောင်ကစားသမားစာရင်း အပြောင်းအလဲ အနည်းငယ်ဖြစ်ခဲ့ပြီး ဗာဒီနဲ့ အေဘရာဟမ်ကတော့ ဆက်လက် ဦးဆောင်ထားနေဆဲ ဖြစ်ပါတယ်။ အရင်နှစ်တွေက ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ လီဗာပူးနဲ့ မန်စီးတီး ကစားသမားတွေ ကြီးစိုးခဲ့ပေမယ့် ဒီရာသီမှာတော့ လက်စတာနဲ့ ချယ်ဆီးတိုက်စစ်သမားတွေက ထိပ်ဆုံးကို ရောက်လာခဲ့တာဖြစ်တယ်။ တိုက်စစ်အသားပေးတဲ့ လက်ရှိ ကစားဟန်တွေအရ ဗာဒီနဲ့ အေဘရာဟမ်တို့ဟာ ဂိုးတွေ ဆက်သွင်းဦးမှာဖြစ်သလို ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဆက်လက် ပါဝင်နေဦးမှာဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်သမား အဂွယ်ရီု ဒဏ်ရာရနေပြီး အာဆင်နယ်၊ စပါး၊… Continue Reading →

ပရိသတ်ရဲ့ အားပေးမှုတော့ လိုချင်ပြီး ပေးဆပ်မှုကျမရှိတဲ့ ကစားသမားတွေလို့ ပေါက်ကွဲလိုက်တဲ့ တိုနီအဒမ်

အိမ်ကွင်းမှာ ဘရိုက်တန်ကို အရေးနိမ့်တဲ့နောက် လက်ရှိ အာဆင်နယ်အသင်းသားတွေရဲ့ ပေးဆပ်လိုစိတ် မရှိတဲ့ စိတ်ဓါတ်၊ ဦးဆောင်သူမရှိတဲ့ လူစာရင်းနဲ့အတူ တစ်ဦးကိုတစ်ဦး အပြစ်တင်လိုနေတဲ့ ခံယူချက်တွေကို ဂန်းနားဟောင်းကြီး တိုနီအဒမ်က ပေါက်ကွဲစွာ ဝေဖန်သွားပါတယ်။ ရာသီစကတည်းက ခြေစွမ်းမငြိမ်တဲ့ အာဆင်နယ်ဟာ မန်နေဂျာအမ်မရီရဲ့ နောက်ဆုံးနေ့ရက်တွေမှာ စိတ်ပျက်ဖွယ် စိတ်ဓါတ်ခံယူချက်တွေနဲ့ ကစားခဲ့ကြတာကြောင့် ရလဒ်တွေ ဆက်တိုက် ကျဆင်းခဲ့တယ်။ ယာယီမန်နေဂျာ ယွန်းဘတ်လက်ထက်မှာလည်း စီနီယာအသင်းသားတွေရဲ့ စိတ်ဓါတ်ပိုင်းက တက်မလာပဲ ပရိသတ်တွေထံက အားပေးသံကို လိုချင်ပေမယ့် ပေးဆပ်မှုတော့ မရှိကြဘူးလို့ တိုနီအဒမ်က ပြင်းပြင်းထန်ထန်… Continue Reading →

ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ဖို့အတွက် ထိန်းသိမ်းရမယ့် အနေအထားအပေါ် ထောက်ပြမှုများ

ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ နဗီးနဲ့ အိုဝင်တို့ကတော့ ကလပ်အသင်းဟာ အရမ်းကြီးဆိုးတဲ့ အခြေအနေမှာ ရှိမနေတော့ပဲ တိုးတက်မှုတွေကို စတင်မြင်တွေ့လာရတဲ့ အနေအထားမှာ ရှိနေကာ ဆက်ပြီး ကြိုးစားဖို့လိုမယ်လို့ ဆိုခဲ့ကြတယ်။ အိုဝင်က ယူနိုက်တက်မန်နေဂျာဆိုးရှား အနေနဲ့ ကလပ်အသင်းသားတွေထံက အကောင်းဆုံးတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားမှာဖြစ်ပြီး ဈေကွက်မှာ လူဝယ်ဖို့ထက် လက်ရှိ အသင်းသားတွေကို အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ဖို့ကိုလည်း ကြိုးစားရပါမယ်လို့ ဆိုသွားခဲ့ပါတယ်။ အိုဝင်က ” လက်ရှိ ယူနိုက်တက်အသင်းသားတွေမှာ အလားအလာကောင်းတွေ အများကြီး ရှိနေပါသေးတယ်။ ပုံမှန်ခြေစွမ်းအောက်မှာ ရှိနေတဲ့ ကစားသမားတွေလည်းရှိပြီး… Continue Reading →

တန်းဆင်းဇုန်က အဲဗာတန်ကို ချယ်ဆီး အနိုင်ရဖို့ မလွယ်ဘူးလို့ ခန့်မှန်း သုံးသပ်သွားတဲ့ လော်ရိုး

လောလောလတ်လတ် နည်းပြ အပြောင်းအလဲ ဖြစ်သွားတဲ့ အဲဗာတန် အသင်း ရှိရာ ဂွတ်ဒီဆင့်ပါခ်သို့ ချယ်ဆီးတို့ ဒီစနေမှာ သွားရောက် ကစားရတော့မှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ မြန်မာစံတော်ချိန် ညနေ ၇ နာရီပါ။ ချယ်ဆီးက နှစ်ပွဲဆက် ရံှူးပွဲအပြီး ပြန်လာနိုင်မှုကို ရှာဖွေနိုင်ခဲ့ပေမယ့် အဲဗာတန်ဟာ နောက်ဆုံးယှဉ်ပြိုင်တဲ့ လီဗာပူးကို အရေးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်ကို ကျရောက်နေပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ လူငယ်ကစားသမားများမယ့် ချယ်ဆီးကို လူကောင်းများပြီး ပွဲမစည်ဖြစ်နေတဲ့ အဲဗာတန်က သရေခံကန်လိမ့်မယ်လို့ လော်ရိုက ယူဆနေပါတယ်။ အဲဗာတန်နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!