Month

December 2019

NEWS: မီနာမီနိုကို လီဗာပူးဘက်က ကမ်းလှမ်းထားကြောင်း ဆဲလ်ဘတ်အသင်း အတည်ပြု

လီဗာပူးဟာ ဆဲလ်ဘတ်အသင်း တိုက်စစ်သမား မီနာမီနိုကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားနေပြပီး အဆိုပါ သတင်းကို ဆဲလ်ဘတ်အသင်း အားကစားဒါရိုက်တာက အတည်ပြုသွားခဲ့ပါတယ်။ ဂျပန်တိုက်စစ်သမားဟာ ဆဲလ်ဘတ်နဲ့ ၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ရှိတာဖြစ်ပြီး သူ့ကို ခေါ်ယူလိုတယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၇.၂ သန်း ပေးရမှာဖြစ်တယ်။ လီဗာပူးက ကစားသမားကို ဇန်နဝါရီမှာတင် ခေါ်ယူဖို့ စတင် ညိနှိုင်းနေတာဖြစ်ပြီး ခေါ်ယူနိုင်မယ့် အလားအလာကောင်းကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သတင်းထွက်လာတာဖြစ်တယ်။ ဆဲလ်ဘတ် အားကစားဒါရိုက်တာ Christoph Freund က ၎င်းတို့… Continue Reading →

ဟန်ဒိုအတွက် ဗန်ဒိုက် ရပ်တည်ခြင်း၊ သတင်းကြီးလာတဲ့ မီနန်မီနိုနဲ့ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူး ခံစစ်မှူး ဗန်ဒိုက်က အသင်းခေါင်းဆောင် ဟန်ဒါဆန်က လီဗာပူးမှာ အရေးကြီးတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ခေါင်းဆောင်ကောင်း ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ အသင်း ပြင်ပမှာ ဟန်ဒါဆန်ရဲ့ အရည်အချင်းကို တခါတလေ သတိပြုခြင်း မခံရပေမယ့် အသင်းတွင်းမှာတော့ ဟန်ဒါဆန်ရဲ့ အားထုတ်မှုနဲ့ အရည်အချင်းတွေကို အားလုံး သဘောပေါက်ကြကြောင်း ဗန်ဒိုက် က ပြောခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဆဲလ်ဘတ်အသင်း တိုက်စစ်မှူး တာကူမိ မီနန်မီနိုကို ဇန်နဝါရီမှာ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူဖို့… Continue Reading →

စတန်းဒက်လိဂ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံးရ အာဆင်နယ် ညနေခင်းသတင်းများ

အာဆင်နယ် ကွင်းလယ်ကစားသမား ဂျိုးဝယ်လော့ခ်က နည်းပြ ယွန်းဘတ်ဟာ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ အချိတ်ဆက်၊ ဆက်ဆံရေး များ ရှိထားတာကြောင့် အားကိုးရသူ ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ နာပိုလီနည်းပြဟောင်း အန်ဆယ်လော့တီကို အာဆင်နယ်က နည်းပြရာထူးအတွက် ချိတ်ဆက်နေတဲ့ အပေါ် ယွန်းဘတ်ကတော့ ဘာမှတ်ချက်မှ မပေးလိုဘဲ အသင်းက ရွေးချယ်မှာ ဖြစ်ကြောင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းကို နိုင်တဲ့ပွဲမှာ ဆယ်ကျော်သက် ဘရာဇီးသား တိုက်စစ်သမား မာတင်နယ်လီ အထူးခြေစွမ်းပြသွားတာကြောင့် ဒီနေ့ည စတန်းဒက် လိဂ်နဲ့ ယူရိုပါလိဂ်ပွဲမှာ… Continue Reading →

ဇာဟာအတွက် ပြင်ဆင်ခြင်း၊ သက်တမ်းတိုးတော့မယ့် ဝီလီယံ၊ တိုမိုရီ နဲ့ ချယ်ဆီး ညနေခင်း သတင်းများ

ချယ်ဆီးတိုက်စစ်သမား ဝီလီယံ က ၎င်းရဲ့ အေးဂျင့်ဖြစ်သူဟာ ကလပ်အသင်းနဲ့ သက်တမ်းတိုး စာချုပ် ကိစ္စ ဆွေးနွေးမှုများ လုပ်ဆောင်နေပြီး မကြာခင် သတင်းကောင်း ပေးနိုင်မယ် မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ လူငယ်ဗဟိုခံစစ်မှူး တိုမိုရီကိုလည်း ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုပေးနိုင်ဖို့ နီးစပ်နေပါတယ်။ စာချုပ်သစ်အတွက် စက်တင်ဘာလတည်းက ညှိနှိုင်းနေခဲ့တာ ဖြစ်ပြီး အပြီးသတ် ချုပ်ဆိုနိုင်တော့မှာပါ။ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ဇန်နဝါရီမှာ တိုက်စစ်သမားတွေ ခေါ်ယူဖို့ချည်း ပေါင် သန်း ၁၅၀ သုံးစွဲခွင့်… Continue Reading →

လီဗာပူးမှာ အရမ်းလိုတဲ့ ကစားသမားဆိုရင် မက်ဆီလောက်ပဲ ကျလိမ့်မယ်ဆိုတဲ့ ဂန္တဝင်ကြီး ဂျွန်ဘန်း

လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘန်းက လက်ရှိ ကလပ်အသင်းဟာ အင်အားတောင့်တင်းနေပြီး မန်နေဂျာ ယာဂင်ကလော့ပ် အနေနဲ့ အပြောင်းအရွှေ့မှာ ခေါ်ယူမှုတွေ အများကြိး လုပ်စရာမလိုပါဘူးလို့ ဆိုလိုက်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အကောင်းဆုံး စတင်နေတဲ့ လီဗာပူးဟာ ကွင်းလယ်လူ ဖာဘင်ညိုနဲ့ ခံစစ်မှူးမာတစ်တို့ကို ဒဏ်ရာကြောင့် လက်လွတ်ထားခဲ့ရကာ အဆိုပါ နေရာတွေမှာ အင်အားဖြည့်မလား မေးခွန်း ထုတ်ခံနေရတာပါ။ မန်နေဂျာ ယာဂင်ကလော့ပ်က ခံစစ်သမားကိုတော့ ခေါ်ယူမှာ မဟုတ်ပါဘူးလို့ ဆိုထားတာဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ လက်စတာနဲ့ ၈ မှတ်အကွာ မန်စီးတီးနဲ့ ၁၄… Continue Reading →

အာမခံချက်တစ်ခုရမှ အာဆင်နယ်ကို အမြဲတမ်းမန်နေဂျာအဖြစ် ပြောင်းရွှေ့လာမယ့် အာတီတာ

အာဆင်နယ်ဟာ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ယွန်းဘတ်ကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်ထားပေမယ့် အမြဲတမ်း မန်နေဂျာရာထူးအတွက်တော့ ရှာဖွေနေဆဲပါ။ အာဆင်နယ်ဟာ ကလပ်အသင်း ကစားသမားဟောင်းဖြစ်ပြီး မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ လက်ထောက်ဖြစ်သူ အာတီတာကို အမြဲတမ်း မန်နေဂျာအတွက် အလိုရှိနေတာဖြစ်တယ်။ အာတီတာကလည်း အာဆင်နယ်ကို တာဝန်ယူလိုပေမယ့် အာဆင်ဝင်းဂါးနောက်ပိုင်း တာဝန်ယူမှုမှာ ပြုပြင်စရာတွေများနေတဲ့အပေါ် အချိန်လောက်ငစွာ မရမှာကို စိတ်ပူနေပါတယ်။ စပိန်သားမန်နေဂျာ အူနိုင်းအမ်မရီဟာ အာဆင်နယ်မှာ ၁၈ လလောက်ပဲ အချိန်ယူခွင့်ရခဲ့ပြီး တူညီတဲ့ အခြေအနေမျျိုးအတွက် အာတီတာက အာမခံချက် လိုနေတာဖြစ်တယ်။… Continue Reading →

ရော်နယ်ဒိုထက်တောင် သာလွန်နေတဲ့ ရပ်ဖိုဒ့်ရဲ့ အံ့အားသင့်ဖွယ် စွမ်းဆောင်ရည် မှတ်တမ်းများ

ယူနိုက်တက် တိုက်စစ်မူှး ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ စီးတီးနဲ့မန်ချက်စတာ ဒါဘီပွဲမှာ တစ်ပွဲလုံး အကောင်းဆုံး ကစားသမား ခြေစွမ်း ပြသွားခဲ့ပြီး သူ့ရဲ့ ဇာတိ ကလပ်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲ ၁၂၇ ပွဲ မြောက် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အသက် ၂၂ နှစ် အရွယ် ဝိုင်သန်ရှောဒေသဖွား လူငယ်လေးအပေါ် ၎င်း စတင် ပွဲထွက် ကစားခဲ့တဲ့ ၂၀၁၆ တည်းက စ လို့ ပရိသတ်တွေက မျှော်လင့်ချက်တွေ ကြီးခဲ့ပါတယ်။ ဆာအဲလက်စ်… Continue Reading →

ဘယ်လာရင်နဲ့ဆို ဘယ်သူပိုမြန်သလဲ မေးခွန်းကို အဖြေပေးတဲ့ ဂန်းနားဟောင်းကြီး ဂနာဘီ

ချန်ပီယံလိဂ်ပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်အပြီးမှာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တောင်ပံသမားဖြစ်သူ ဂနာဘီကို သတင်းသမားတွေက သူနဲ့ အသင်ဖော်ဟောင်း ဘယ်လာရင်မှာ ဘယ်ကစားသမားက ပိုမြန်သလဲဆိုတဲ့ မေးခွန်းကို မေးခဲ့ကြပါတယ်။ မန်နေဂျာအာဆင်ဝင်းဂါးလက်ထက် ဂန်းနားဟောင်းကြီးဖြစ်သူ ဂနာဘီဟာ လန်ဒန်မြေမှာ တောက်ပဖို့ ရုန်းကန်ခဲ့ရသလို ပရီးမီးယားလိဂ်ကလပ် ဝက်ဘရွန်းအသင်းမှာလည်း ခြေစွမ်းမပြနိုင်ခဲ့လို့ ဂျာမနီကို ပြန်သွားခဲ့ရသူပါ။ ဘွန်ဒက်လီဂါကလပ် ဝါဒါဘရီမင်မှာ ခြေစွမ်း ထူးချွန်းတာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရသူဖြစ်တယ်။ ဂနာဘီဟာ ဘိုင်ယန်မြူးနစ်မှာ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းတွေ ပိုင်ဆိုင်လာခဲ့ပြီး ဥရောပရဲ့… Continue Reading →

ခံစစ်မှူးတိုမိုရီကို အကျိုးများတဲ့ ၅ နှစ် သက်တမ်းတိုးစာချုပ် ပေးနိုင်တော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ ကလပ်အသင်း အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ဒီရာသီမှာ ခြေစွမ်းထူးချွန်နေတဲ့ အင်္ဂလန်သား လူငယ်ခံစစ်မှူး တိုမိုရီကို ကာလရှည် သက်တမ်းတိုးစာချုပ် ပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ လာမယ့် သီတင်းပတ်မှာ အသက် ၂၂ နှစ်ပြည့်မှာဖြစ်ပြီး အသက် ၈ နှစ်အရွယ်ကတည်းက ချယ်ဆီးနဲ့ ချိတ်ဆက်ခဲ့တာပါ။ သူ့ရဲ့ ကာလရှည် ပူးပေါင်းမှုကို အသိအမှတ်ပြုဖို့နဲ့ အသင်းမှာပဲ ဆက်ထိန်းဖို့ ကလပ်ဘက်က အင်္ဂလန်သားလေးကို အကျိုးအမြတ်များတဲ့ ၅ နှစ် စာချုပ်သစ်ပေးမှာဖြစ်ပါတယ်။ ချယ်ဆီးနဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!