Month

January 2020

နှစ်ဦးပါပြီး နှစ်ဦးလွဲမှာဖြစ်ကြောင်း ကလော့ပ်ထုတ်ပြောတဲ့ ဆောက်သမ်တန်နဲ့ပွဲကြို ဒဏ်ရာရ အခြေအနေ

ဆောက်သမ်တန်နဲ့ အမှတ်ပေးပွဲမှာ မာနေး ဆက်လက် လွဲချော်မှာဖြစ်ပြီး ဒဏ်ရာရ ကစားသမားတွေထဲက နှစ်ဦး ပြန်လည် ပါဝင်လာကာ နှစ်ဦး ဆက်လက် လွဲချော်မယ့် ကြံ့ခိုင်မှုဆိုင်ရာ အခြေအနေကို ကလော့ပ်က ထုတ်ပြောလာပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အဖြစ် ဒီအပတ်မှာ လီဗာပူးက ဆောက်သမ်တန်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ဒီပွဲဟာ ရာသီဝက် အနားမရခင် နောက်ဆုံးပွဲဖြစ်ပြီး မကြာခင်မှာ ချန်ပီယံလိဂ် ရံှူးထွက်ပွဲတွေ ပြန်စတင်တော့မှာဖြစ်လို့ သေချာပေါက် အနိုင်ယူထားမှ ဖိအားတွေနဲ့ အဝေးမှာ ကင်းကင်းရှင်းရှင်း ရှိနေမှာဖြစ်တယ်။… Continue Reading →

ဇန်နဝါရီ အကောင်းဆုံးဆုထဲ ပါဝင်တဲ့ ဟန်ဒိုနဲ့ အယ်လစ်ဆန်၊ ဟာဗက်နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းမှ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ဟာ ဇန်နဝါရီလ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းထဲမှာ ပါဝင်လာပါတယ်။ ဆာလက်ရဲ့ ရိုးမားအသင်းဖော်ဟောင်း ဂန္တဝင်ကစားသမားကြီး တော့တီက အီဂျစ်သားဟာ ပွဲတစ်ပွဲကို ဘယ်အချိန်မှာ မဆို ပြောင်းလဲပစ်နိုင်တဲ့ အဆုံးအဖြတ် ကစားသမား ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ လီဗာပူးတိုက်စစ်မှူးဟောင်း လက်ရှိ ဆောက်သမ်တန် ကစားသမား ဒန်နီအင့်ကို မန်ချက်စတာယူနိုက်တက်က ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်ခင် ချိတ်ဆက်ခဲ့ပေမယ့် စိန့်တွေကတော့ အင့်ကို မရောင်းဘူးလို့ အပြတ် ငြင်းပယ်ခဲ့ပါတယ်။… Continue Reading →

လီဗာပူးကနေ ထွက်ခွာရတာက နာကျင်ရပေမယ့် ကူညီပေးခဲ့တာတွေကို မမေ့ကြောင်း ဒန်နီအင့် ဆို

ဒီအပတ်မှာတော့ လီဗာပူးဟာ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၎င်းအသင်းမှာတော့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒန်နီအင့်က အထူးခြေစွမ်းပြနေတာဖြစ်တယ်။ ဒန်နီအင့်ဟာ ဘန်လေကနေ လီဗာပူးကို ဘော့စမန်စည်းမျဉ်းအရ ပြောင်းလာခဲ့သူဖြစ်ပြီး နှစ်ကြိမ်တိုင် ခြေထောက်ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသူပါ။ သူ့ကို လီဗာပူးဘက်က ဆေးဘက်ဆိုဒ်ရာ အကြီးအကဲတစ်ဦးဖြစ်တဲ့ Matt Konopinski ကို ကြီးကြပ်စေပြီး ပြန်ကောင်းလာဖို့ အစွမ်းကုန် ကူညီခဲ့တာဖြစ်တယ်။ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့နောက် ပုံမှန် ပွဲကစားခွင့်အတွက် အင့်ဟာ အငှားထွက်ခဲ့ပြီး နောက်ဆုံးမှာတော့ ဆောက်သမ်တန်ကို ပေါင် ၂၀ သန်းနဲ့ ပြောင်းဖို့… Continue Reading →

ချန်ပီယံလိဂ်အမှီ အတောင့်တင်းဆုံးဖြစ်လာတဲ့ ကွင်းလယ်အကြောင်း သတင်းပေးလာတဲ့ ချိန်ဘာလိန်

ကွင်းလယ်လူ ချိန်ဘာလိန်က ကလပ်အသင်းဖော်ဖြစ်သူ ကီတာ ပြန်ပါလာတာက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကြီးစွာ အထောက်အကူဖြစ်ပြီး သူဟာ အများကြီး အကူအညီဖြစ်တဲ့ ကစားသမားပါလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ၂၀၁၈ နွေအပြောင်းအရွှေ့မှာ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဂူနီယာလက်ရွေးစင်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ရပေမယ့်လည်း သူပါဝင်ကစားနိုင်ချိန်တိုင်း အသင်းအတွက် အကူအညီဖြစ်စေသူပါ။ အခုချိန်မှာတော့ ကွင်းလယ်မှာ ချိန်ဘာလိန်၊ ကီတာ၊ ဖာဘင်ညိုတို့ ဒဏ်ရာကနေ သက်သာလာကြပြီး အသင်းဖော်တွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်တို့ကို ဖိအားပေးဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ ဖာဘင်ညိုနဲ ကီတာတို့… Continue Reading →

ဆောင်းပါး | ပြန်မရနိုင်တော့တဲ့ လီဗာပူးသမိုင်းမှာ စိတ်ခံစားမှု အပြင်းထန်ဆုံး ဇန်နဝါရီ အပြောင်းအရွှေ့

လီဗာပူးအတွက် ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ဆစ်ချိုးစေတဲ့ အပြောင်းအရွှေ့တွေဟာ ဇန်နဝါရီ ကာလတွေမှာ ဖြစ်ပေါ်လေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့လို ကာလတွေက ပြန်ရနိုင်ဖို့ လွယ်ကူတော့မှာ မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်က ကော်တင်ညိုနဲ့ စတားရစ်ကို ဆောင်းရာသီဈေးကွက်ကနေ ခေါ်ယူခဲ့သလို ၂၀၁၈ ခုနှစ်မှာတော့ ခရစ်စမတ်လက်ဆောင်အဖြစ် ကလပ်အသင်းက ဗန်ဒိုက်ကို ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးပေးပြီး ခေါ်ယူခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ လီဗာပူးရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ ကော်တင်ညိုဟာ ကလပ်စံချိန်တင်ကြေးနဲ့ အန်ဖီးကို စွန့်ခွာခဲ့သေးတာပါ။ လီဗာပူးရဲ့… Continue Reading →

ဇန်နဝါရီအပြောင်းအရွှေ့မှာ အင်္ဂလန်ကို ပြန်လာတော့မယ့် ဘော်ဘီဒွန်းကန့်

ဒီကနေ့ လီဗာပူးအသိုင်းအဝိုင်းကြားမှာ ပြောစရာဖြစ်နေတဲ့ သတင်းကတော့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဘော်ဘီဒွန်းကန့် အင်္ဂလန်ကို ပြန်လာမယ့် အကြောင်းပဲဖြစ်ပါတယ်။ The Athletic သတင်းဌာနရဲ့ လီဗာပူးပိုင်ဆိုင်ရာ သတင်းထောက်ဖြစ်သူ James Pearce က အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး ဆယ်ကျော်သက် တိုက်စစ်သမားဟာ အံ့အားသင့်ဖွယ် အနေအထားအဖြစ် လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းကို အငှားစာချုပ်နဲ့ ပြန်လာနိုင်တယ်လို့ သိရပါတယ်။ နွေအပြောင်းအရွှေ့မှာ လီဗာပူးကနေ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းထဲ ပြောင်းရွှေ့ခဲ့တဲ့ ဒွန်းကန့်ဟာ အီတလီမှာတော့ သူမျှော်လင့်သလို ပုံမှန်ပွဲထွက်ခွင့် မရခဲ့ပါဘူး။… Continue Reading →

အန်ဖီးကွင်းပြင်ပမှာ ဒီကနေ့ စိုက်ထူသွားခဲ့တဲ့ ကလပ်ရဲ့ ဂန္တဝင်အမှတ်အသား ရုပ်ထု

လီဗာပူးအသင်းဟာ ကလပ်အသင်းရဲ့ အအောင်မြင်ဆုံး မန်နေဂျာတစ်ဦးဖြစ်တဲ့ ဂန္တဝင်မန်နေဂျာကြီး ဘော့ ပီယာစလေရဲ့ အထင်ရှားဆုံး ပုံရိပ်ကို ရုပ်ထုအဖြစ် ပုံဖော်ပြီး အန်ဖီးကွင်းပြင်ပမှာ ထားရှိခဲ့ပြီဖြစ်ပါတယ်။ ကလပ်အသင်းရဲ့ အဓိက စပွန်ဆာဖြစ်သူ Standard Chartered က လီဗာပူးနဲ့ လက်တွဲမှု ဆယ်နှစ်ပြည့်မှာ အဓိက ထောက်ပံ့ကူညီပေးမှုနဲ့အတူ ပီယာစလေရဲ့ ပုံရိပ်ကို ငယ်ရွယ်တဲ့ လီဗာပူးပရိသတ်တွေ သိစေဖို့ နည်းပညာ အထူးပြုလုပ်မှုတွေနဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း ဖော်ပြခဲ့ပြီးဖြစ်တယ်။ အန်ဖီးပြင်ပမှာ ထားရှိတဲ့ ရုပ်ထုကတော့ အသင်းသားဟောင်း Emlyn Hughes ရဲ့… Continue Reading →

အသင်းဖော်ဟောင်း အဆင်ပြေမှုကို ပီတိဖြစ်နေပြီး သူလည်း လီဗာပူးမှာ အဆင်ပြေပါတယ်ဆိုတဲ့ ဗန်ဒိုက်

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က အသင်းဟောင်း စိန့်အသင်း ရလဒ်ကောင်းတွေ ပြန်ရနေတဲ့အပေါ် ဝမ်းသာပါကြောင်းနဲ့ အသင်းဖော်ဟောင်း ဒန်နီအင့် စိန့်မှာ အဆင်ပြေနေတဲ့အပေါ် အကောင်းမြင်စကားတွေ ပြောဆိုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဗန်ဒိုက်ဟာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မနှစ်က နွေအပြောင်းအရွှေ့မှာ ဒန်နီအင့်ဟာ လီဗာပူးကနေ ဆောက်သမ်တန်ကို ပေါင် ၂၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ နှစ်ဦးလုံးဟာ သက်ဆိုင်ရာ ကလပ်တွေရဲ့ အဓိက ကစားသမားတွေအဖြစ် တောက်ပနေတာ ဖြစ်ပါတယ်။… Continue Reading →

လီဗာပူး ယန္တရားကြီးကို စိန့်တို့လည်း ရပ်တန့်နိုင်ဦးမှာ မဟုတ်ဘူးဆိုတဲ့ စကိုင်းစပေါ့ ခန့်မှန်း

ဆောင်းရာသီ နားရက် မတိုင်ခင်ပဲ လီဗာပူးအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲ အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲကျန် တစ်ပွဲ ကြားရက်မှာ ကစားပြီးတဲ့ လီဗာပူးဟာ အမှတ်ပေးဇယားမှာတော့ ၁၉ မှတ်ထိ ဖြတ်ကာ အပြတ်အသတ် ဦးဆောင်ထားနိုင်ပါတယ်။ ပွဲစဉ်ကတော့ မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ည ၉း၃၀ နာရီ မှာ ယှဉ်ပြိုင်ကြမှာပါ။ လီဗာပူးနဲ့ စိန့်တို့ ပွဲစဉ် အတွက် စကိုင်းစပေါ့မှ နာမည်ကျော် သုံးသပ်သူ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!