Date

January 19, 2020

လီဗာပူးမှာ ကလော့ပ် သဘောတွေ့လှတဲ့ အသင်းသားကို ရွေးထုတ်ပြတဲ့ ကာရေဂါ

လီဗာပူးဂန္တဝင်ကစားသမားကြီး ကာရေဂါက အသင်းဟောင်းနဲ့ ပက်သက်ပြီး သုံးသပ်ပြောဆိုရာမှာ ယာဂင်ကလော့ပ်လက်အောက် အရေးပါဆုံး ကစားသမားအဖြစ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ရွေးချယ်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၁၁ ခုနှစ်ကတည်းက လီဗာပူးကို ပြောင်းလာခဲ့သူဖြစ်ပြီး လက်ရှိ အသင်းမှာ ဝါအရင့်ဆုံး စီနီယာဖြစ်တယ်။ သူဟာ အဝတ်လဲခန်းကို အကောင်းဆုံး ဦးဆောင်နိုင်ပြီး မာကျောတဲ့ စိတ်ဓါတ်ရှိသူအဖြစ်လည်း လီဗာပူးအသင်းသားတွေထဲ ထင်ရှားပါတယ်။ ဆာလက်၊ မာနေး၊ ဗန်ဒိုက်လို ကမ္ဘာအဆင့် ကစားသမားတွေနဲ့ ဘရာဇီး ကစားသမားတွေဟာ ဟန်ဒိုရဲ့ ဦးဆောင်မှုကို… Continue Reading →

ပထမနေရာကနေ ပထမဆုံး ဧည့်ခံခြင်း အပါအဝင် ယူနိုက်တက်နဲ့ပွဲမတိုင်ခင် နောက်ဆုံးရ လီဗာပူးသတင်းများ

လီဗာပူးအသင်းဟာ ပေါင် သန်း ၆၀ တန် လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို စောင့်ကြည့်လျက်သာ ရှိခဲ့ပေမယ့် ခေါ်ယူဖို့ လှုပ်ရှားမှု ပြုလုပ်လာခဲ့ပြီလို့ သတင်းထွက်လာခဲ့ကာ ချယ်ဆီးနဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ ဟော်လန်သား ခံစစ်မှူး ဗန်ဒိုက်ဟာ လီဗာပူး ခံစစ်မှာ ပြစ်မျိုးမှဲ့မထင်နီးပါး စွမ်းဆောင်ပြထားပြီး မြင်ဖူးသမျှ ဗဟိုခံစစ်မှူးတွေထဲ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ လီဗာပူး ကစားသမားဟောင်း ဒန်နီ မာဖီက ချီးကျူးပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ၁၉၉၀ နောက်ပိုင်းနဲ့ ၂၀၀၀ ပြည့်နှစ်နားမှာ… Continue Reading →

လီဗာပူးက ယူနိုက်တက်ကို ဂရုမစိုက် မနေဘူးဆိုတဲ့အကြောင်း ပွဲကြို ပြောဆိုတဲ့ ယာဂင်ကလော့ပ်

လီဗာပူးနဲ့ ယူနိုက်တက်ပွဲကြို ပရိုဂရမ်မှာ အသင်းမန်နေဂျာ ယာဂင်ကလော့ပ်က လီဗာပူးအသင်း အဝတ်လဲခန်းဟာ ပြိုင်ဘက်က ဘယ်သူတွေဆိုတာထက် ကိုယ်ဘာသာကိုပဲ ဂရုစိုက်ပါတယ်လို့ ပြောဆိုပါတယ်။ အရမ်းကောင်းတဲ့ ကစားဟန်တွေကို ပြသနေပေမယ့် အခြားသော ပြင်ပက အမြင်တွေကို ဂရုမစိုက်ပဲ ကိုယ်အသင်းရဲ့ အကောင်းဆုံး အရည်အချင်းကို ဆက်ထိန်းနိုင်ဖို့ အရေးကြီးတယ်လို့ ကလော့ပ်က မြင်ပါတယ်။ မန်နေဂျာကြီးက လက်ရှိဆိုတဲ့ အနေအထားကို အာရုံစိုက်ပြီး ပွဲတိုင်းမှာ ပိုကောင်းလာဖို့ လိုအပ်တဲ့ စိတ်ထားက လီဗာပူး အဝတ်လဲခန်းမှာ ရှိနေတယ်လို့ ဆိုခဲ့တာဖြစ်တယ်။ ကလော့ပ်က “… Continue Reading →

ယူနိုက်တက်နဲ့ ပြိုင်ရတာမို့ အာရုံစိုက်ရမှာ မဟုတ်ပဲ လီဗာပူးအတွက်မို့ကို အာရုံစိုက်ရမယ်ဆိုတဲ့ ပွဲကြိုစကား

ဒီကနေ့ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်နဲ့ ပွဲအတွက် လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ပွဲကြို ပရိုဂရမ်မှာ အသင်းရဲ့ သဘောထားကို ကိုယ်စားပြုတဲ့ စကားတွေကို ပြောဆိုခဲ့ပြီဖြစ်ပါတယ်။ ဟန်ဒါဆန်က “ လီဗာပူးနဲ့ ယူနိုက်တက်ပွဲဟာ မာဆေးဆိုဒ် ဒါဘီထက် ပိုကြီးမားတဲ့ ပွဲတစ်ပွဲလား ဒါကို သေချာမပြောလိုပေမယ့် ဒီပွဲက အရမ်းကို အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ကာ ခြားနားတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် တစ်ဦးအဖြစ် ကျနော်က ပြိုင်ဘက်တိုင်းကို လေးစားမှုရှိရမယ်လို့ သင်ကြားခံခဲ့ရတယ်။ လီဗာပူး ကစားသမားတစ်ယောက်အဖြစ် ယူနိုက်တက်က ဘယ်လို သန်မာတဲ့… Continue Reading →

မန်စီးတီးတို့ သရေကျအပြီး လီဗာပူးကို သတင်းတစ်ခု အမှာပါးလိုက်တဲ့ ဂယ်ရီလင်ကာ

ဘီဘီစီ အားကစားသုံးသပ်သူ ဂယ်ရီလင်ကာက မနေ့ကပွဲမှာ မန်စီးတီး သရေကျခဲ့ပြီးနောက် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် ကြိုးစားနေတဲ့ လီဗာပူးကို သတင်းပေးမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အီသီဟတ်မှာ ယှဉ်ပြိုင်တဲ့ ပဲလေစ့်နဲ့ပွဲမှာ မန်စီးတီးဟာ ၂-၂ သရေလဒ် ထွက်ပေါ်ခဲ့တာကြောင့် လီဗာပူးဟာ ပွဲစဉ် ၂ ပွဲ ကစားဖို့ လိုသေးချိန်မှာပဲ အနီးကပ် ပြိုင်ဘက်ကို ၁၃ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲဗာတန်က အငှားချထားတဲ့ တိုဆန်ကြောင့် ပဲလေစ့်က ပွဲကို ဦးဆောင်နိုင်ခဲ့သလို အဂွယ်ရို နှစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် ဖာနန်ဒင်ဟိုရဲ့… Continue Reading →

အင်္ဂလန်ဒါဘီဆိုတာ ဘာလဲဆိုတာကို အပြိုင် ပွဲကြမ်းပြနေတဲ့ လီဗာပူးနဲ့ ယူနိုက်တက်

” ကျနော်က ယူနိုက်တက်ကို မုန်းရမယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရသူပါ။ သူတို့ (စခိုးနဲ့ နဗီး) ကလည်း ကျနော်လိုပဲ ဖြစ်ပါလိမ့်မယ်။ ” – စတီဗင်ဂျရတ် မာဆေးဆိုဒ်ရဲ့ ဟူတွန်သား ဂျရတ်နဲ့ ဂရိတ် မန်ချက်စတာဖွားတွေဖြစ်တဲ့ စခိုးနဲ့ နဗီးတို့ဟာ ကစားသမားဘဝ တစ်လျှောက်လုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြကာ တစ်ဦးနဲ့တစ်ဦး ရန်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ရသူတွေပါ။ ဒါကလည်း သမိုင်းကြောင်းနဲ့ချီပြီး ပြိုင်ဆိုင်လာခဲ့တဲ့ လီဗာပူးနဲ့ ယူနိုက်တက်ရဲ့ အစိတ်အပိုင်းတွေအဖြစ် သူတို့ကစားသမားဘဝကို အခြေချခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။ လီဗာပူး အကျမှာ… Continue Reading →

လီဗာပူးနဲ့ ယူနိုက်တက်ကြား ကွာဟချက်ကြီးနဲ့တကွ ကလော့ပ်နဲ့ ဆိုးရှားရဲ့ ကိုယ်ပိုင်ဟန်ကို နှိုင်းယှဉ်ပြခြင်း

ဒီကနေ့မှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ပြီဖြစ်ပြီး နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့အတွက် လီဗာပူးဘက်က အရှိန်အဟုန်နဲ့ ကြိုးစားလာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးရဲ့ တိုးတက်မှုကို ရပ်တန့်ဖို့ရာ ယူနိုက်တက်ဟာ လိုအပ်ချက်များလှပြီး ယာဂင်ကလော့ပ် လုပ်ပြနိုင်သလို ကိုယ်ပိုင် ဟန်တစ်ခုကိုလည်း ဆိုးရှား မတည်ဆောက်နိုင်သေးကြောင်းကို အားကစားကလောက်ရှင် ဂျီးနပ်က သုံးသပ်သွားပါတယ်။ ဂျီးနပ်က ” နှစ်သင်းကြားမှာ ကွာဟချက်က အရမ်း ကြီးနေပါပြီ။ ကလော့ပ်က ကစားသမားတွေကို အုပ်ချုပ်မှုမှာ ထူးချွန်လွန်းပြီး အိုလီက သင်ယူနေဆဲပါ။… Continue Reading →

တိုက်စစ်သမားအတွက် ပေါင် ၆၀ သန်း သုံးလိုနေတဲ့ လီဗာပူးကို ခံစစ်အတွက်ပဲ သုံးဖို့ ထောက်ပြမှု

လီဗာပူးဟာ ဈေးကွက်ထဲမှာ ကစားသမားကောင်းတွေကို ရှာဖွေနေပြီး လာမယ့် နွေမှာတော့ တိုက်စစ်သမားတစ်ဦးအပြင် ခံစစ်ပိုင်းကိုလည်း အားဖြည့်မယ်လို့ သတင်းကြီးနေခဲ့တယ်။ လိုက်ဇစ်မှ တိုက်စစ်သမား တီမိုဝါနာအတွက် ပေါင် ၆၀ သန်း အကုန်အကျခံမယ်လို့ သတင်းကြီးနေပေမယ့်လည်း လီဗာပူးခံစစ်မှူးဟောင်း ဖီဘတ်ကတော့ တိုက်စစ်ပိုင်းထက် ခံစစ်ပိုင်းကိုပဲ ကမ္ဘာအဆင့်အားဖြည့်မှုကို လုပ်စေလိုပါတယ်။ လာမယ့် နွေမှာဆိုရင် နာပိုလီခံစစ်မှူး ကိုလီဘာလီကို ပေါင် ၆၄ သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး သူ့ကို ခေါ်ကာ ဗန်ဒိုက်နဲ့ တွဲပေးဖို့ လီဗာပူးအသင်းသား ဟောင်းကြီးက တိုက်တွန်းခဲ့တာပါ။… Continue Reading →

ယူနိုက်တက်နဲ့ ဒါဘီပွဲကြို အသင်းတွင်း အခြေအနေ၊ အပြောင်းအရွှေ့နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဒီကနေ့ညမှာတော့ အနောက်မြောက် ဒါဘီပွဲအဖြစ် လီဗာပူးဟာ ယူနိုက်တက်ကို အန်ဖီးကွင်းမှာ ဧည့်ခံကစားမှာဖြစ်ပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီကနေ့မှာ ယှဉ်ပြိုင်ရမယ့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်တဲ့ အသင်းကောင်းဖြစ်ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။ ဒီကနေ့ပွဲမှာ သွင်းဂိုး ရယူနိုင်မယ်ဆိုရင် မာနေးဟာ အင်္ဂလန်လိဂ်မှာ သွင်းဂိုး ၁၀၀ ပြည့်ဂိုးကို ရရှိမှာဖြစ်ပါတယ်။ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးဟာ အင်္ဂလန်ရဲ့ အချမ်းသာဆုံးအသင်းနေရာကို ယူနိုက်တက်ထံက လွဲယူနိုင်ဖို့ သတင်းကြီးနေပါတယ်။ လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ ဆုဖလားအောင်မြင်မှုကြောင့် ဆုကြေးကြီးတွေ ရနေပေမယ့် စီးပွားရေးပိုင်းဆိုင်ရာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!