Date

January 21, 2020

News: ဇန်နဝါရီမှာ ရှာကွီရီကို လက်လွတ်မှာ မဟုတ်ပဲ ကြိုက်ဈေးကို သတင်းလွှင့်လာတဲ့ လီဗာပူး

လီဗာပူးမှာ နေရာမရဖြစ်နေတဲ့ ကွင်းလယ်လူ ရှာကွီရီကို စီးရီးအေကလပ် ရိုးမားက အသဲအသန် ချိတ်ဆက်နေပြီး လက်ရှိမှာတော့ လာလီဂါကလပ် ဆီးဗီးလာကလည်း လိုချင်လာပြီလို့ သိရပါတယ်။ လီဗာပူးကတော့ ၂၀၁၈ နွေအပြောင်းအရွှေ့မှာ စတုတ်စီးတီးကနေ ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားတဲ့ ရှာကွီရီကို ဇန်နဝါရီမှာ လုံးဝ ရောင်းထုတ်မှာ မဟုတ်တာဖြစ်တယ်။ ဒါပေမယ့်လို့ ကစားသမားကို နွေအပြောင်းအရွှေ့မှာတော့ ထိုက်သင့်တဲ့ တန်ဖိုးနဲ့ ရောင်းထုတ်မှာဖြစ်ပြီး ယူရို ၃၀ သန်း တောင်းဆိုမှာ ဖြစ်ပါတယ်။ လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ James Pearce… Continue Reading →

မပြောင်းလဲတဲ့ ဗန်ဒိုက်၊ လီဗာပူးနဲ့ သင့်တော်တဲ့ ဂရေးလစ်ချ်၊ တီမိုဝါနာ၊ အမ်ဘတ်ပီတို့နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးနဲ့ သတင်းထွက်လာတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို စပိန်လာလီဂါကလပ် ဘာစီလိုနာကလည်း အလိုရှိလာပြီး ဒီလထဲမှာ ကမ်းလှမ်းမှု ပြုလုပ်ရန် ပြင်ဆင်နေပါတယ်။ ရှာကွီရီအား အငှားခေါ်ယူဖို့ ကြိုးစားနေတဲ့ ရိုးမားနဲ့ ဆီဗီလာအသင်းတို့အား လီဗာပူးက ဒီလထဲမှာ ဆွစ်ဇာလန်လက်ရွေးစင် ကစားသမားကို ထွက်ခွာခွင့် ပြုမှာ မဟုတ်ကြောင်း အသိပေးထားပါတယ်။ လီဗာပူးက ရာသီကုန်မှာ ယူရို ပေါင်သန်း ၃၀ လောက်နဲ့ ရှာကွီရီကို အပြီး ရောင်းချဖို့ ပိုမို လိုလားနေတာပါ။ ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ အက်စတွန်ဗီလာကြယ်ပွင့် ဂျက်… Continue Reading →

လီဗာပူးပရိသတ်တွေက ကမ္ဘာအကောင်းဆုံး ပရိသတ်ဖြစ်နေရတဲ့ အကြောင်းရင်းကို ဆွာရက်စ် ရှင်းပြ

ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်က လီဗာပူးပရိသတ်တွေအား ကမ္ဘာအကောင်းဆုံးတွေထဲ ပါဝင်ကြသူတွေပါလို့ ချီးကျူးစကား ပြောဆိုသွားပါတယ်။ လီဗာပူးအသင်းမှာ သုံးနှစ်ခွဲကြာ ကစားခဲ့တဲ့ ဥရုဂွေး တိုက်စစ်သမားဟာ အန်ဖီးမှာ ရှိစဉ်က ကလပ်ရဲ့ အချစ်တော် ဖြစ်ခဲ့သလို ကလပ်ရဲ့ ဂန္တဝင်တစ်ဦး ဖြစ်လောက်တဲ့ထိ တောက်ပခဲ့သူဖြစ်တယ်။ သူဟာ လီဗာပူးကစားသမားဘဝ သွင်းဂိုး ၆၉ ဂိုးထိ သွင်းယူခဲ့သလို သူရှိနေစဉ်က ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးလည်း ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မီဒီယာတွေနဲ့ မတည့်ခြင်းက သူ့ကို လီဗာပူးကနေ ထွက်ခွာဖို့ တွန်းအားဖြစ်ခဲ့ပြီး ၂၀၁၃-၂၀၁၄… Continue Reading →

လီဗာပူးပွဲတွေကို ဝိုင်းကြည့်နေရတဲ့အကြောင်း တသီတတန်းကြီး ချီးကျူးခန်းဖွင့်သွားတဲ့ အမ်ဘတ်ပီ

ဒီသတင်းကတော့ အမ်ဘတ်ပီက လီဗာပူးကို ပြောင်းလာမယ်ဆိုတဲ့ သတင်းမဟုတ်ပဲ ပြင်သစ်ရဲ့ အထူးချွန်ဆုံး လူငယ်တိုက်စစ်သမားက လီဗာပူးကို ဘယ်လောက်ထိ အထင်ကြီးသလဲဆိုတဲ့ အကြောင်းဖြစ်တယ်။ အပြောင်းအရွှေ့မှာ လီဗာပူးနဲ့ အမ်ဘတ်ပီကြား သတင်းကြီးတွေ ထွက်ထားပေမယ့် အမ်ဘတ်ပီက ပြင်သစ်မှာပဲ ပျော်နေသလို လီဗာပူးဘက်ကလည်း သူ့ကို ခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး မတတ်နိုင်ဘူးဆိုတာကို ယာဂင်ကလော့ပ် ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောထားတာဖြစ်တယ်။ လက်ရှိ အနေအထားမှာ ကမ္ဘာအကောင်းဆုံး အသင်းတစ်သင်းအဖြစ် ခြေစွမ်းပြနေတဲ့ လီဗာပူးကို အမ်ဘတ်ပီက ပွဲတိုင်း စောင့်ကြည့်ဟန်ရှိတယ်။ ဘီဘီစီနဲ့ ပြုလုပ်တဲ့… Continue Reading →

ပရီးမီးယားလိဂ် စည်းမျဉ်းကို မဖောက်ဖို့ သွင်းဂိုးတစ်ဂိုးကို အငြင်းမပွားပဲ အဆုံးခံခဲ့တဲ့ လီဗာပူး

လီဗာပူးဟာ အန်ဖီးမှာ ယှဉ်ပြိုင်ပြီး ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲအတွင်း သွင်းဂိုး နှစ်ဂိုး ပယ်ဖျက်ခံခဲ့ရပြီး တစ်ကြိမ်ကတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့အတူ VAR က ခွင့်မပြုခဲ့ခြင်း ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဖာမင်နိုက ဧရိယာထဲကနေ ဒီဂီယာရဲ့ ဘယ်ခြမ်းထောင့်ကို ကန်သွင်းပြီး သွင်းဂိုး ရယူခဲ့ပေမယ့် အဲ့မတိုင်ခင်မှာ ဗန်ဒိုက်က ဒီဂီယာကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး သွင်းဂိုးအဖြစ်ကနေ ပယ်ဖျက်ခဲ့တာဖြစ်တယ်။ ဒီဂိုးအပေါ် အငြင်းပွားမှုတွေ အများကြီး ရှိခဲ့ပြီး ယူနိုက်တက်ဘက်က သေချာပေါက် ပြစ်ဒဏ်ရယ်လို့ ဝေဖန်ခဲ့ပေမယ့် ဗန်ဒိုက်ဟာ ဘောလုံးကိုပဲ ဦးတည်ခဲ့သလို… Continue Reading →

ဝုဗ်နဲ့ လီဗာပူးပွဲမှာ လီဗာပူးရဲ့ စံချိန်ကောင်းတစ်ခု ကျိုးပျက်သွားမယ်လို့ ခန့်မှန်းသွားတဲ့ အိုဝင်

ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် လီဗာပူးက ဝုဗ်အသင်း အိမ်ကွင်းထံ သွားရောက်ပြီး ယှဉ်ပြိုင်ကစားရမှာဖြစ်တယ်။ လီဗာပူးက အကောင်းဆုံး ပုံစံတွေ ရနေသလိုပဲ ဝုဗ်ကလည်း အထူးတိုးတက်နေတဲ့ အသင်းတစ်သင်းဖြစ်လို့ ဒီတစ်ကြိမ် တွေ့ဆူံမှုက ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ထပ်ဖြစ်စေဦးမှာပါ။ အိုဝင်က ဒီပွဲမှာ လီဗာပူးက ရမှတ်သုံးမှတ်အပြည့်ကို ရလဒ်ကောင်း ယူနိုင်မယ်လို့ ယုံကြည်ပေမယ့် ၇ ပွဲဆက် ပေးဂိုးမရှိအောင် ထိန်းသိမ်းထားနိုင်တဲ့ ခံစစ်ပိုင်း ကောင်းမွန်နေမှု စံချိန်ကတော့ ပျက်သွားနိုင်တယ်လို့ ဆိုပါတယ်။ အိုဝင်က ” စနေနေ့တုန်းက စိန့်မေရီမှာ ကစားတဲ့ပွဲမှာ… Continue Reading →

ဝုဗ်နဲ့ လီဗာပူးပွဲမှာ လီဗာပူး အရေးနိမ့်မယ်လို့ ခန့်မှန်းသွားပြန်တဲ့ စကိုင်းစပေါ့ရဲ့ ချာလီ

ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲတွေ ကစားရဖို့ ရှိနေပြီး လီဗာပူးအသင်းက ဝုဗ်အသင်း အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ အမှတ်ပေးဇယားကို ၁၆ မှတ်ဖြတ်ထားနိုင်ကာ စိတ်ဓါတ် တက်ကြွနေတဲ့ လီဗာပူးက ထိပ်ဆုံး ၆ သင်းထဲကို ဝင်ရောက်ခွင့်နဲ့အတူ ချန်ပီယံလိဂ် ဝင်ခွင့်ကိုပါ ပစ်မှတ်ထားလာမယ့် ဝုဗ်ကို အဝေးကွင်းမှာ အရေးနိမ့်ပါလိမ့်မယ်လို့ စကိုင်းစပေါ့မှ ချာလီက ခန့်မှန်းသွားခဲ့ပါတယ်။ ချာလီက ” သိပ်ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပြီး လီဗာပူးက အရမ်းကို မြင့်မားနေတာပါ။ ကျနော်ကတော့ ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားထားတာကြောင့် လီဗာပူးက… Continue Reading →

တီမိုဝါနာနဲ့ လီဗာပူးကြား အပြောင်းအရွှေ့ သတင်းကို အကောင်းမြင်လာတဲ့ လီဗာပူးသတင်းထောက်

ဂျာမနီတိုက်စစ်သမား တီမိုဝါနာဟာ ဥရောပကလပ် အများအပြားက အလိုရှိနေတဲ့ ထိပ်တန်း တိုက်စစ်မှူးဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် လီဗာပူးကလည်း ရေပန်းစား အသင်းတစ်သင်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီး၊ ယူနိုက်တက်နဲ့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အပြင် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်တို့က တီမိုဝါနာကို ခေါ်ယူဖို့ လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားနေကြတာဖြစ်တယ်။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ ဝါနာကို ခေါ်ယူဖို့ လီဗာပူးနဲ့ ဘိုင်ယန်က ရေပန်းအစားဆုံး ဖြစ်ပေမယ့် ကစားသမားက လိုက်ဇစ်နဲ့ပဲ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီ နီးကပ်လာရာမှာတော့ အပြောင်းအရွှေ့မှာ လူသစ်ခေါ်ယူခွင့်ရတဲ့… Continue Reading →

လီဗာပူးရဲ့ နည်းစနစ်အတွက် နောက်ကွယ်က ပလန်နဲ့ ၁၁ ဦးပါ အသင်းကို ရော်ဘတ်ဆန် ထုတ်ဖော်ချီးကျူး

လီဗာပူးအသင်းဟာ မနှစ်ကဘောလုံးရာသီ တည်ကန်ဘော အကောင်းဆုံး အသင်းဖြစ်သလို ဒီရာသီမှာလည်း တည်ကန်ဘော အကောင်းဆုံး အသင်းအဖြစ် ခြေစွမ်းပြနေပါတယ်။ ယူနိုက်တက်ပွဲမှာ ထောင့်ကန်ဘောကနေ ဗန်ဒိုက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့နောက် အသင်းဖော် ရော်ဘတ်ဆန်က ဒီအနေအထားအတွက် လီဗာပူးတစ်သင်းလုံးဟာ လေ့ကျင့်ရေးမှာ ပွဲနေ့မတိုင်ခင်တည်းက အရမ်း ကြိုးစားခဲ့ရတာပါလို့ ဖွင့်ဟခဲ့တယ်။ သူကပဲ ဒီလိုလုပ်နိုင်အောင် နောက်ကွယ်က ကူညီပေးတဲ့ ၁၁ ဦးပါ အသင်းကိုလည်း ချီးကျူးခဲ့ပါတယ်။ ရော်ဘတ်ဆန်က “ ကျနော်တို့အသင်း နောက်ကွယ်က အသင်းက အရမ်းကို ကောင်းလွန်းပါတယ် ”… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!