Month

February 2020

ဆာလက်အတွက် လီဗာပူးဘက်က နားထောင်ပေးဖို့ စဉ်းစားမယ့် အနည်းဆုံး ပြောင်းရွှေ့ကြေး

လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် အစီအစဉ် နှစ်ခုကို ရေးဆွဲထားပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ရဲ့ ရွေးချယ်မတွေဟာ အဆိုပါ အစီအစဉ်တွေကနေပဲ ဆက်လက်ပြီး လုပ်ဆောင်လာမှာပါ။ ပထမအစီအစဉ်အရ ကလပ်အသင်းက အဓိက တိုက်စစ်သမား သုံးဦးကို မည့်သည့် နည်းနဲ့မှ လက်လွတ်ခံမှာ မဟုတ်ပဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ဒုတိယ အစီအစဉ်မှာတော့ ဈေးကွက်ထဲကနေပြီး တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်မှုကို ကျိန်းသေပေါက် ပြုလုပ်ကာ လာမယ့်နှစ် အာဖရိကဖလားအတွက် ကြိုတင်ပြင်ဆင်မှာ ဖြစ်ပါတယ်။ ကလပ်ရဲ့ ဦးစားပေးကိစ္စအဖြစ် ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ကို… Continue Reading →

ပရီးမီးယားလိဂ်ကို လီဗာပူးအခြေစိုက် သတင်းဘက်က ဆက်သွယ်မေးမြန်းမှု အခြေအနေ

ဗြိတိန်မှာ အားကစားဆိုင်ရာ ပွဲတွေကို ရပ်ဆိုင်းဖို့ အနေအထား ဖြစ်လာခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ မနေ့ညကပဲ တယ်လီဂရပ်က ဖော်ပြသွားပြီး အဆိုပါကိစ္စအတွက် လီဗာပူးအခြေစိုက် သတင်းဌာနဘက်က ပရီးမီးယားလိဂ်ကို ဆက်သွယ် မေးမြန်းခဲ့ပြီဖြစ်ပါတယ်။ The Liverpool Echo က ပရီးမီးယားလိဂ်ကို ဆက်သွယ်မေးမြန်းရာမှာ ကိုရိုနာအခြေအနေကြောင့် အာကစားပွဲတွေကို ကာလတို ရပ်နားရမလားဆိုတဲ့ အနေအထားအပေါ်မှာ လိဂ်တာဝန်ရှိသူတွေကတော့ ဆွေးနွေး စကားပြောရဦးမှာပါလို့ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၂ မှတ်… Continue Reading →

ကိုရိုနာ အခြေအနေနဲ့ တရုတ်သွားဖို့ ကိစ္စတွေအကြောင်း ပွဲကြိုမှာ ထုတ်ပြောတဲ့ ကလော့ပ်

လီဗာပူးဟာ Nike နဲ့ ချုပ်ဆိုင်ထားတဲ့ စာချုပ်အရ ရာသီကြိုမှာတော့ အရှေ့အာရှကို ခရီးထွက်ပြီး ပရိုမိုးရှင်း ဆင်းရမယ့် သဘောတူညီချက် ကိစ္စပါ ပါဝင်ထားပါတယ်။ ဝတ်ဖိုဒ့်ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ဒီဆုံးဖြတ်ချက်က ကိုင်ထားဆဲ အနေအထားဖြစ်ကာ ဘာဆက်ဖြစ်မလဲဆိုတာ သူလည်း မသေချာဘူးလို့ ပြောလာပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အနေအထားမှာ တရုတ်ပြည်ဘက်ကို သွားတဲ့ ကိစ္စတွေကို ရပ်တန့်လာခဲ့တာဖြစ်ပေမယ့် ရာသီကြို ပြင်ဆင်မှု ကာလအတွက်က ၅ လလောက် လိုသေးတာကြောင့် သေချာတဲ့ အဖြေကို ကလော့ပ်က မပေးနိုင်ခဲ့ပါဘူး။ ” ရာသီကြို… Continue Reading →

လီဗာပူးကို တီမိုဝါနာ ပြောင်းလာလိုနေတဲ့ သတင်းတွေအပေါ် ကလော့ပ် တုန့်ပြန်လာ

ချန်ပီယံလိဂ်ပွဲအဖြစ် စပါးနဲ့ ယှဉ်ပြိုင်ဖို့ အင်္ဂလန်ကို ရောက်လာခဲ့စဉ် သတင်းသမားတွေက ဝါနာကို လီဗာပူးနဲ့ အပြောင်းအရွှေ့အကြောင်း မေးမြန်းမှုတွေကို လုပ်ခဲ့ပါတယ်။ ထိုစဉ်တုန်းက ဝါနာက ” လက်ရှိမှာ လီဗာပူးက ကမ္ဘာအကောင်းဆုံး အသင်းဆိုတာ ကျနော် သိပါတယ်။ အဲ့လိုအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေတဲ့အခါ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ကျေနပ်စရာပါ။ ဒါပေမယ့် လီဗာပူးမှာက ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ကိုယ်ဘာသာ တိုးတက်လာအောင် လုပ်ပြီး လီဗာပူးလို အသင်းအတွက် ကစားနိုင်တဲ့ အဆင့်ထိရောက်အောင် မြင့်တင်ရမှာ… Continue Reading →

စံချိန်သစ်အတွက် ၁ ပွဲအလို၊ ဝါနာ၊ အသင်းသား ၇ ဦး၊ ဗန်ဒိုက် စာချုပ်သစ်နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ယူအီးအက်ဖ်အေက ဥရောပနိုင်ငံတွေရဲ့ ဝန်ကြီးတွေကို အစည်းအဝေးခေါ်ပြီး ပြက္ခဒိန်နှစ်ရဲ့ အားကစားပွဲတွေကို ဖျက်သိမ်းတာမျိုးတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် လက်ရွေးစင်အဆင့် ယူရိုပွဲတွေ၊ အိုလံပစ်ပွဲတွေကိုဖြစ်ပြီး ကလပ်အသင်းတွေကိစ္စကို ဆွေးနွေးဖွယ် မရှိသေးပါဘူး။ ဝတ်ဖိုဒ့်အသင်းခေါင်းဆောင် ဒန်နီက ” ငါတို့ ဒီမှာရှိနေမယ်၊ အန်ဖီးကို သွားပြိုင်တုန်းကလိုပဲ ငါတို့ အဆင်သင့်လည်း ဖြစ်နေမယ် ” လို့ ပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။ ဝတ်ဖိုဒ့်နဲ့ အဝေးကွင်းကို အနိုင်ရမယ်ဆိုရင် လီဗာပူးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်ပေးပွဲ ၁၉ ပွဲဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်း… Continue Reading →

BREAKING: ဗြိတိန်မှာ အားကစားပွဲတွေ ရပ်ဆိုင်းပါက လီဗာပူး အမှတ်ပေးချန်ပီယံဖြစ်မည် မဟုတ်

ဗြိတိန်မှာ အားကစားဆိုင်ရာ ပွဲတွေကို ရပ်ဆိုင်းဖို့ အနေအထား ဖြစ်လာခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အာမခံချက် ရှိမှာ မဟုတ်ဘူးလို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။ ထိုနည်းတူစွာပဲ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်းတွေကိုလည်း အာမခံချက် ပေးမှာ မဟုတ်ပါဘူး။ ဆွစ်ဇလန် အာဏာပိုင်တွေက သောကြာနေ့မှာပဲ ဒီအပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် ဘောလုံးပွဲစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ပြီဖြစ်တယ်။ ဗြိတိန် အာဏာပိုင်တွေကပါ အဆိုပါ တင်းကြပ်မှုကို လိုက်လံဆောင်ရွက်ပါက လီဗာပူးဟာ ချန်ပီယံအဖြစ် သက်မှတ်ခံရမှာ မဟုတ်ပါဘူး။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ… Continue Reading →

ကိုရိုနာကြောင့် ချန်ပီယံအဖြစ် အာမခံချက် မရှိခြင်းနဲ့ ဝတ်ဖိုဒ့်ပွဲကြို လီဗာပူး ညနေခင်းသတင်းများ

ဗြိတိန်အာဏာပိုင်တွေက လက်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ဗြိတိန်ပြည်တွင်းမှာ အားကစားပွဲတွေကို ကျင်းပဖို့ ရပ်ဆိုင်းလိုက်ပြီဆိုရင် ဒီရာသီအတွက် လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မှာ မဟုတ်ဘူးလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ ထိုနည်းတူစွာပဲ တန်းဆင်းရမယ့် အသင်းတွေကိုလည်း အတည်ပြုပေးမှာ မဟုတ်ပါဘူး။ တိုက်စစ်သမား မာနေးက ပရီးမီးယားလိဂ် ဖလားကို အနိုင်ရမယ်ဆိုရင် တစ်ဦးချင်းကို ဆုတံဆိပ်တစ်ခုစီ ပေးတာကို သူမသိပါဘူးလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားပါတယ်။ ကလော့ပ်ကတော့ ဒါကို ရယ်စရာအဖြစ်ပဲ မြင်ပါတယ်လို့ ပွဲကြိုမှာ ထုတ်ပြောပါတယ်။ ကွင်းလယ်လူတွေဖြစ်တဲ့ ကီတာနဲ့ ချိန်ဘာလိန်တို့ဟာ အသင်းမှာ… Continue Reading →

လီဗာပူးကို အနိုင်ကစားပြီး ရမှတ် သုံးမှတ် ယူဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ ဝတ်ဖိုဒ့်မန်နေဂျာ

ဝတ်ဖိုဒ့်မန်နေဂျာ Nigel Pearson က လီဗာပူးနဲ့ပွဲကို လွယ်လွယ် လက်မလျော့ပဲ အကောင်းဆုံး ကြိုးစားကာ ရလဒ်ကောင်းရယူဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ” အခြားအသင်းတွေထက်စာရင် ဒီပွဲမှာ ငါတို့အပေါ် မျှော်လင့်ထားမှုတွေက ပိုနည်းပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲက ငါတို့ နောက်ထပ် ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်ပြီး ကစားရတဲ့ ပွဲတိုင်းကို အနိုင်သုံးမှတ် ထပ်ပေါင်းထည့်နိုင်ဖို့ ကြိုးစားရမှာပါပဲ။ ပထမဆုံးနဲ့ အရေးကြီးဆုံးက ကိုယ် ကစားနိုင်တဲ့အတိုင်း အကောင်းဆုံး ကစားဖို့ပါပဲ။ အဲ့တာက အရေးကြီးဆုံးပါ။ ပွဲတွေကို အရေးနိမ့်တာကို ငါတို့… Continue Reading →

လီဗာပူးအသင်းက လွမ်းဆွတ်နေရတဲ့ အသင်းသားအကြောင်းကို ဖာဘင်ညို ထုတ်ဖော်

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုကတော့ အသင်းဟာ ကလပ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ခြေစွမ်းနဲ့ ဦးဆောင်မှုတွေကို လွမ်းဆွတ်နေရတယ်လို့ ဝန်ခံစကား ဆိုလိုက်ပါတယ်။ ဟန်ဒါဆန်ဟာ ဒီရာသီ လီဗာပူးအသင်း တည်ငြိမ်စွာနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ရစေဖို့အတွက် အဓိက ဦးဆောင်ပေးနေသူပါ။ သူဟာ လီဗာပူးအသင်းရဲ့ ဒီရာသီ အကောင်းဆုံး ကစားသမားအဖြစ် တောက်ပနေသလို ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဆုအတွက်ပါ ရေပန်းစားနေတာဖြစ်တယ်။ ဖာဘင်ညိုက “ ဒီရာသီမှာ ဟန်ဒိုက ကျနော်တို့ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်။ ဒါကို သံသယ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!