Date

February 1, 2020

ဒုတိယပိုင်းမှာ သူတော်စင်တွေကို ချန်ပီယံခြေစွမ်းပြပြီး အမှတ်ပေးဇယားကို ၂၂ မှတ်ဖြတ်လိုက်တဲ့ လီဗာပူး

လီဗာပူးဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ အဖြစ် သူတော်စင်တွေလို့ နာမည်ပြောင်ရထားတဲ့ စိန့်ကို အန်ဖီးကွင်းမှာ အလင်းပြပြီး ပွဲအပြီးမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ကာ အမှတ်ပေးဇယား ရမှတ်ကွာဟမှုကို ထပ်တိုးခဲ့ပါတယ်။ ဒီပွဲမှာတော့ မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့ ဖာဘင်ညိုကို ကွင်းလယ်ခံစစ်မှာ ထုတ်သုံးခဲ့ပြီး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ကွင်းလယ်အလှုပ်ထားကာ ချိန်ဘာလိန်ကိုတော့ ဘယ်ခြမ်းကို ပို့ခဲ့တာဖြစ်တယ်။ ဒါကလွဲရင် ကျန်နေရာတွေမှာ အမာခံ ကစားသမားတွေကိုပဲ ထုတ်သုံးခဲ့ပြီး စိန့်ကို ရင်ဆိုင်ပါတယ်။ ပွဲအစမှာတင် လီဗာပူးကို စိန့်ဘက်က… Continue Reading →

စိန့်နဲ့ ပွဲ မတိုင်ခင် နောက်ဆုံးရ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ဆောက်သမ်တန်မှာ ခြေစွမ်းပြနေတဲ့ အသင်းဖော်ဟောင်း တိုက်စစ်မှူး ဒန်နီအင့် အတွက် ဝမ်းမြောက်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဒီနေ့ည ဆောက်သမ်တန်နဲ့ ပွဲမှာ အမှတ်ရအောင် စွမ်းဆောင်နိုင်ပါက နော့တင်ဟမ်ဖောရက်စ် အသင်း တင်ထားခဲ့တဲ့ ပရီးမီးယားလိဂ် ၄၂ ပွဲ ရှုံးပွဲ မရှိတဲ့ စံချိန်ကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆာလက်ဟာ လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားခဲ့ရာ ပွဲစဉ်တိုင်းမှာ လီဗာပူးအသင်း အနိုင်ရရှိခဲ့တာ ဖြစ်တာကြောင့် အသင်းအတွက်… Continue Reading →

အာဆင်နယ်ရဲ့ စံချိန်ကို လီဗာပူး ချိုးနိုင်မလားအပေါ် ဂန်းနားဟောင်းကြီးနှစ်ဦးရဲ့ အမြင်

အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ ပီရက်စ်နဲ့ လေးမန်းတို့က ဒီရာသီ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ သူတို့ရဲ့ အာဆင်နယ်တစ်သင်းတည်း စိုက်ထူးထားတဲ့ တစ်ရာသီလုံး ရံှူးပွဲမရှိ စံချိန်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံး ရံှူးပွဲမရှိ စံချိန်ကို ရယူပြခဲ့ဖူးပြီး ရာသီကုန်မှာ ရမှတ် ၉၀ နဲ့အတူ ပရီးမီးယားလိဂ် ရွှေဖလားကို အနိုင်ရခဲ့တာဖြစ်တယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရံှူးပွဲမရှိ စံချိန်ကို အချိန် အကြာဆုံးအဖြစ် ၄၉ ပွဲထိ ရယူနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။ ဂန်းနားဟောင်းကြီး ပီရက်စ်က ”… Continue Reading →

အနာဂတ်မှာ လီဗာပူးအတွက် ဘယ်နေရာကနေ ပုံသေကစားပေးမလဲအပေါ် အဖြေပေးလာတဲ့ မီနာမီနို

လီဗာပူးကို ဇန်နဝါရီမှာ ရောက်လာခဲ့ပြီး ပွဲထွက်မှုတွေလည်း လုပ်ထားပေးပြီဖြစ်တဲ့ မီနာမီနိုက အသင်းမှာ ကစားရတာကို ပျော်နေသလို မန်နေဂျာရဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်မှုတွေကို ပြန်လည် ပေးဆပ်လိုတယ်လို့ ဆိုပါတယ်။ တိုက်စစ်ပိုင်း နေရာစုံမှာ ကစားနိုင်တဲ့ မီနာမီနိုက သူဘယ်နေရာမှာ ကစားရမလဲဆိုတာအတွက် ဖိအားတွေ ရှိနေခြင်းမရှိပဲ အနာဂတ်မှာ နေရာတစ်နေရာကနေ တာဝန်ယူကစားဖို့ ရှာဖွေနေကြောင်း ရှင်းပြခဲ့ပါတယ်။ မီနာမီနိုက ပြောရာမှာ ” ကျနော် ဘယ်နေရာမှာ ကစားရမယ်ဆိုတာက ပြိုင်ဘက်အပေါ်မှာပဲ မူတည်ပါတယ်။ ဘယ်နေရာမှာ ကစားလိုတယ်ဆိုတာကို ပြောရတာက ခက်ပါတယ်။… Continue Reading →

ဇန်နဝါရီဈေးကွက်ထဲ ဝင်ရောက်ပြီး သိပ်မလှုပ်ရှားပေမယ့် လီဗာပူးက ဈေးကွက်ကို အနိုင်ရခဲ့ခြင်း

လီဗာပူးဟာ ဇန်နဝါရီ ဈေးကွက်အတွင်းမှာ သိပ်ပြီး ကြီးကြီးမားမား ဝင်ရောက် လှုပ်ရှားခဲ့ခြင်း မရှိပဲ ခေါ်ယူမှုတစ်ခုသာ ပြုလုပ်ခဲ့သလို အသင်းတိုက်စစ်သမား ရှာကွီရီကို ဆက်ထိန်းဖို့ ဆုံးဖြတ်ခဲ့ခြင်းလောက်ပဲ လုပ်ဆောင်ခဲ့ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်အတွင်း ပြိုင်ဘက်အသင်းတွေကတော့ အတော်ကို အလုပ်များတဲ့ ကြိုးစားမှုတွေ ရှိခဲ့ကြကာ ဘာပဲဖြစ်ဖြစ် ၂၀၂၀ ဇန်နဝါရီ အပြောင်းအရွှေ့ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ရဲ့ အငြိမ်သက်ဆုံးသော ဈေးကွက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အင်္ဂလန်ကလပ်တွေ လှုပ်ရှားမှုနည်းတဲ့ ဈေးကွက်ဖြစ်ခဲ့ကာ ဒီဈေးကွက်အတွင်း အောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်တွေထဲ လီဗာပူးလည်း ပါဝင်တယ်လို့… Continue Reading →

နောက်ရာသီ လီဗာပူးမှာ ဆာလက် ဆက်ရှိမလား မေးခွန်းကို ကလော့ပ် အဖြေပြန်

မန်နေဂျာယာဂင်ကလော့ပ်က ဆောက်သမ်တန်ပွဲကြိုမှာ တိုက်စစ်မှူးဆာလက်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။ ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆာလက်ဟာ သူကစားသမားဘဝ အိပ်မက်တွေကို လီဗာပူးမှာ အောင်မြင်နေတာပါ။ ဒါပေမယ့်လည်း သတင်းသမားတွေက ထုံးစံအတိုင်း တည်ငြိမ်နေတဲ့ သတင်းခေါင်းစီးတွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်လိုကြပါတယ်။ ဒါကြောင့်လည်း လာမယ့်ရာသီမှာ ဆာလက်က လီဗာပူးမှာ ဆက်ရှိနေမလားလို့ မေးခွန်းထုတ်ခဲ့ကြတာဖြစ်တယ်။ ဒီမေးခွန်းနဲ့ ပက်သက်ပြပီး မန်နေဂျာ ယာဂ်ကလော့ပ်က ” ငါကတော့ ဆက်ရှိနေမယ် ထင်ပါတယ်။ ခြားနားတဲ့ ကိစ္စတစ်ခုခုကို မင်းတို့ ကြားထားမိလို့လား? လီဗာပူးမှာ… Continue Reading →

လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲမှာ ဂိုးကွာခြားချက် ကြီးကြီးမားမား ခန့်မှန်းလိုက်တဲ့ လော်ရိုး

ဒီအပတ် လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲက အန်ဖီးမှာ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပြိုင်ဘက်အတွက် အခွင့်အရေး မရှိပါဘူးလို့ လော်ရိုးက ပြောဆိုလိုက်ပါတယ်။ လော်ရိုးက ” ဆောက်သမ်တန်က အမှတ်ပေးဇယားကို တက်လှမ်းပြလာတာက တကယ်ကို ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ဒီတစ်ကြိမ်က အန်ဖီးကို သွားရောက် ယှဉ်ပြိုင်ရမှာပါ။ သူတို့ ကစားတာ အရမ်းကောင်းနေပေမယ့် အန်ဖီးမှာတော့ ခက်ခဲမှာပါ။ ဒီအခြေအနေမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ လီဗာပူးကို စိတ်ပျက်စေဖို့ဆိုတာက မြင်ရဖို့ ခက်ခဲပါတယ်။ ကြားရက်က ဝက်ဟမ်းနဲ့ပွဲကို လီဗာပူးက ခပ်လွယ်လွယ် လုပ်ပြခဲ့တယ်။… Continue Reading →

ချွင်းချက်တစ်ခုကလွဲ သူက ကျနေ်ာတို့ရဲ့ ကောင်လေး ဖြစ်နေဆဲပါပဲဆိုတဲ့ ယာဂင်ကလောပ့်

လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲမှာ ပြိုင်ဘက်အသင်းကို ဦးဆောင်လာမှာက တိုက်စစ်သမား ဒန်နီအင့်ဖြစ်ပြီး သူ့ရဲ့ တိုးတက်လာတဲ့ အခြေအနေကောင်းတွေအတွက် မဲဝုဒ်က လူတွေအားလုံး ပျော်ရွှင်နေကြပါတယ်လို့ ယာဂင်ကလော့ပ်က ထုတ်ပြောလာပါတယ်။ လီဗာပူးတိုက်စစ်မှူးဟောင်းဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲ ၂၄ ပွဲ ကစားထားချိန်မှာ သွင်းဂိုး ၁၄ ဂိုးထိ ရယူထားနိုင်တာဖြစ်ပါတယ်။ ၂၀၁၈ မှာ ဆောက်သမ်တန်ကို ထွက်ခွာသွားတဲ့ တိုက်စစ်သမားဟာ လီဗာပူးအသင်းကထားတဲ့ ချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားတာကို ကလော့ပ်က ရှင်းပြခဲ့တယ်။ ကလော့ပ်က “ ဒန်နီရဲ့… Continue Reading →

ကလော့ပ်လက်ထက်မှာ ပျက်ပြယ်ခဲ့တဲ့ ပထမဆုံးသော အပြောင်းအရွှေ့ လှုပ်ရှားမှုကြီးအကြောင်း

ဇန်နဝါရီအပြောင်းအရွှေ့ ကုန်ဆုံးဖို့ နီးကပ်လာတဲ့ အပြောင်းအရွှေ့ဆိုင်ရာ နောက်ဆုံးနေ့မှာ အင်္ဂလန်သတင်းဌာနဖြစ်တဲ့ The Athletic က ကစားသမား ခေါ်ယူမှုကိစ္စတွေကို မေးမြန်းကြဖို့ ဆွေးနွေးခန်းတစ်ခု ဖွင့်ပေးခဲ့ပါတယ်။ လစဉ်ကြေးပေးပြီး The Athletic ထံက သတင်းတွေကို ဖတ်ရှုကြတဲ့ ပရိသတ်တွေက သက်ဆိုင်ရာကလပ်တွေကို ကိုယ်စားပြုတဲ့ သတင်းထောက်တွေကို သိလိုတဲ့ မေးခွန်းတွေအား တိုက်ရိုက်မေးခွင့်ရပြီး ၎င်းတို့ကလည်း ပြန်လည်ဖြေဆိုမှုတွေ လုပ်ပေးနေတာဖြစ်တယ်။ လီဗာပူးပရိသတ်တွေက The Athletic ရဲ့ လီဗာပူးသတင်းထောက် James Pearce ကို အပြောင်းအရွှေ့ကိစ္စတွေ မေးမြန်းကြရာမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!