Date

February 2, 2020

လီဗာပူးမှာ ရှားပါးလာတဲ့ အဝေးကန်သွင်းမှုတွေကို လုပ်ပေးနေသူ ချိန်ဘာလိန်ရဲ့ ဖွင့်ဟပြောဆိုမှု

လီဗာပူး ကွင်းလယ်ကစားသမား ချိန်ဘာလိန်က အသင်းမှာ ပုံမှန် ကစားခွင့်ရလာခြင်းနဲ့ အရေးကြီးတဲ့ အဆုံးအဖြတ်များမှာ ပါဝင်ခွင့် ရလာခြင်း က ၎င်းရဲ့ လီဗာပူးကစားသမား ဘဝကို တစ်ဆင့် မြင့်တက်စေဖို့ အကူအညီ ဖြစ်စေမယ် ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းဘက် လီဗာပူးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ ချိန်ဘာလိန်ဟာ သုံးရက်အတွင်း ၎င်းရဲ့ ဒုတိယမြောက် သွင်းဂိုး လည်း ဖြစ်ပါတယ်။ ချိန်ဘာလိန်ဟာ လီဗာပူးရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ပွဲထွက် ကစားခွင့်… Continue Reading →

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ထုတ်ပြောတဲ့ PFA အကောင်းဆုံးဆု အနိုင်ရသင့်တဲ့ လီဗာပူးအသင်းသား

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အလန်ရှီးယားက လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ သူ့အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားပါလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟန်ဒါဆန်ဟာ လီဗာပူးကွင်းလယ်မှာ အရေးပါဆုံး ကစားသမားအဖြစ် ပါဝင်နေပြီး အထူးသဖြင့် သူ့ရဲ့ စိတ်ဓါတ်ကောင်းနဲ့ လှုပ်အားတွေက အသိအမှတ်ပြုခံနေရတာဖြစ်တယ်။ ဒီရာသီ တစ်ခုလုံးမှာ ဟန်ဒါဆန်ဟာ မန်နေဂျာယာဂင်ကလော့ပ် အလိုရှိတဲ့ နေရာတိုင်း ကစားပေးခဲ့ပြီး ကွင်းလယ်ဗဟိုလူ၊ ကွင်းလယ်ခံစစ်၊ ခံစစ်မှူး၊ ညာအစွန်လူ အစရှိတဲ့ နေရာစုံမှာ ခြေစွမ်းကောင်းတွေ ပြသထားတာဖြစ်ပါတယ်။ အင်္ဂလန်နဲ့ နယူးကာဆယ် အသင်းခေါင်းဆောင် အလန်ရှီးယားက ” မနက်ဖြန်မှာ… Continue Reading →

အသင်းဖော် တိုက်စစ်မှူး ဖာမင်နိုက တကယ်ကို ရူးလောက်စရာပဲလို့ ဖွင့်ဟလိုက်တဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေပြီး ဆောက်သမ်တန်နဲ့ပွဲမှာ ကိုယ်တိုင် တစ်ဂီုးရယူနိုင်ခဲ့သလို အသင်းဖော် ဆာလက် ဂိုးရဖို့လည်း ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သူက ပထမပိုင်းမှာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြီး ဒုတိယပိုင်း စွမ်းဆောင်ရည်တွေကြောင့် အနိုင်ရခဲ့တယ်လို့ ထုတ်ပြောခဲ့တယ်။ ဖေဖော်ဝါရီ နားရက်တွေ ရောက်လာပြီဖြစ်ပြီး ရာသီပြန်စရင်လည်း အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက် ထိန်းသိမ်းကြမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ” တကယ့် အားထုတ်မှုကြီးပါ။ ဒီပွဲက ခက်ခဲခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာ ဖြစ်တယ်။… Continue Reading →

လီဗာပူးကို ဂုဏ်ပြုပြီး ရမှတ်တစ်မှတ်မှ မရတာတောင် ပျော်မိတယ်ဆိုတဲ့ ပြိုင်ဘက်မန်နေဂျာ

လီဗာပူးနဲ့ ဆောက်သမ်တန်ပွဲအပြီးမှာ လီဗာပူးက လုံးဝကို လျော့တွက်လို့မရတဲ့ အသင်းဖြစ်သလို အနိုင်ယူလို့မရတဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ပွဲအပြီး ဝန်ခံပြောဆိုခဲ့တဲ့ ပြိုင်ဘက်မန်နေဂျာက ဆက်လက်ပြီးလည်း ချီးကျူးစကား ပြောဆိုပါတယ်။ ပရီးမီးယားလိဂ် ကြီး ၆ ကြီး ပြင်ပမှာ ခြေစွမ်း အတိုးတက်ဆုံးလို့ ဆိုနိုင်တဲ့ ဆောက်သမ်တန်ဟာ လီဗာပူးကို ပထမပိုင်းမှာ အတော်လေး ဒုက္ခပေးနိုင်ခဲ့တာပါ။ လီဗာပူးဘက်က ဆောက်သမ်တန်ကို တားဆီးဖို့ ခက်ခဲနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ စက္ကန့်ပိုင်းအတွင်း ခံစစ်ကနေ တိုက်စစ်ကို လျှင်မြန်စွာ ကူးပြောင်းနိုင်မှုနဲ့အတူ သွင်းဂိုးတွေကို အဆင့်အတန်းမြင့်မြင့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။… Continue Reading →

လီဗာပူးက ပြီးပြည့်စုံတဲ့အသင်း မဟုတ်ဘူး ပြည့်စုံတဲ့အဆင့်နား နီးကို မနီးစပ်ပါဘူးလို့ ကလော့ပ်ဆို

လီဗာပူးအသင်းဟာ ညက ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန်အသင်းကို ဒုတိယပိုင်း သွင်းဂိုးများနဲ့ လေးဂိုး ဂိုး မရှိ ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ယာဂင်ကလော့ပ်ကတော့ လီဗာပူးအသင်းဟာ ပြီးပြည့်စုံတဲ့ အဆင့်နား မနီးစပ်သေးကြောင်း မှတ်ချက်ပြု ခဲ့ပါတယ်။ ဆောက်သမ်တန်ကို နိုင်လိုက်တာကြောင့် လီဗာပူးအသင်းဟာ ၂၅ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၇၃ မှတ်ထိ ရောက်သွားခဲ့ပြီ ဖြစ်ကာ တနင်္ဂနွေနေ့ ပွဲစဉ်များ မတိုင်ခင်မှာ စီးတီးကို ၂၂ မှတ်ထိ ဖြတ်လိုက်ပြီ ဖြစ်ပါတယ်။… Continue Reading →

လျှပ်စီးကြောင်းလို လီဗာပူးရဲ့ ရက်စက်လွန်းတဲ့ ကစားဟန်ကို အားကျမိသူတွေရဲ့ ဖွင့်ဟ ဝန်ခံမှု

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ အမှတ်ပေးပွဲကို ၄ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပရီးမီးယားလိဂ်ပွဲတွေအတွင်း ရမှတ်ရနိုင်တဲ့ ၁၀၂ မှတ်မှာ ရမှတ် ၁၀၀ ထိ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အန်ဖီးကွင်းမှာ အမှတ်ပေးပွဲပေါင်း ၂၀ အထိကို ဆက်တိုက် အနိုင်ရခဲ့တဲ့နောက် လီဗာပူးကို လျှပ်စီးကြောင်းလိုအသင်းအဖြစ် ချီးကျူးမှုရှိခဲ့သလို အင်္ဂလန်ရူဘီလက်ရွေးစင်အသင်း မန်နေဂျာချုပ်ကလည်း သူ့အသင်းကို လီဗာပူးလိုပဲ ကြမ်းကြုတ်ရက်စက်စွာ ကစားပြီး အနိုင်ယူမရတဲ့အသင်းအဖြစ် အားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားလိုတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဘီဘီစီက သုံးသပ်သူတစ်ဦးဖြစ်တဲ့… Continue Reading →

စံချိန်သစ်တွေ၊ လီဗာပူးအိပ်မက်၊ ပြိုင်ဘက်ရဲ့ ဝန်ခံခြင်းတွေနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးတိုက်စစ်သမား မီနာမီနိုက ကလပ်အသင်းအတွက် ကစားပေးဖို့ဟာ ငယ်ဘဝအိပ်မက်ဖြစ်တာကြောင့် လီဗာပူးကကို ပြောင်းလာဖို့ကို မငြင်းဆန်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ သူဟာ ဂျရတ်နဲ့ တောရက်စ်တို့ ကစားတာကို ကြည့်ရင်း ကြီးပြင်းလာခဲ့ရသူလို့ ဝန်ခံလိုက်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက လီဗာပူးကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုအတွက် စိန်ခေါ်နိုင်မယ့်သူလို့ ထောက်ခံပြောဆိုပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ ဆာလက်၊ ဟန်ဒါဆန်တို့ ခြေစွမ်းပြခဲ့ပေမယ့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ သွင်းဂိုးထောက်ပံ့မှုမှာ hat-trick လုပ်ပေးနိုင်တဲ့ ဖာမင်နိုကပဲ ထိုက်ထိုက်တန်တန် ရသွားခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!