Date

February 4, 2020

မာနေး၊ ဒီဘရိုင်း၊ ဗန်ဒိုက်ကို ကျော်ဖြတ်ပြီး ရေပန်းစားမှု ထိပ်ဆုံးကို ရောက်ရှိသွားတဲ့ ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ နှစ်တစ်နှစ်ရဲ့ လိဂ်အကောင်းဆုံး ကစားသမားဆုကို ရွေးချယ်ပေးအပ်တဲ့ PFA Player of the Year ဆုအတွက် ရေပန်းစားစာရင်းမှာ ထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ရာသီစက ရေပန်းစားမှုမှာ 200/1 ပဲ ရှိခဲ့တာဖြစ်ပေမယ့် လီဗာပူးအသင်းကို အကောင်းဆုံး ဦးဆောင်ပြီး ခက်ခဲတဲ့ ရာသီကို ကျော်ဖြတ်ပြလာတာကြောင့် အသင်းဖော်တွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်၊ ဆာလက်၊ ဖာမင်နိုတို့အပြင် ပြိုင်ဘက်အသင်း ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဗာဒီတို့ကိုပါ ကျော်ဖြတ်ပြီး 6/4 ဖြင့် ရေပန်းစားမှု… Continue Reading →

အမ်ဘတ်ပီနေရာ သူဆိုရင် မန်စီးတီးကိုကျော်ပြီး လီဗာပူးပဲရွေးမယ်လို့ ဂန်းနားဟောင်းကြီး အီရန်ရိုက် ပြော

ပီအက်ဂျီမန်နေဂျာ တူချယ်နဲ့ တိုက်စစ်မှူး အမ်ဘတ်ပီတို့ ပြဿနာဖြစ်ခဲ့တဲ့နောက် ပြင်သစ်သား တိုက်စစ်မှူးဟာ ထိပ်တန်းကလပ်တစ်သင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာပြီဆိုတဲ့ သတင်းတွေ ကျယ်ပြန်လာနေခဲ့ပါတယ်။ အင်္ဂလန်သတင်းဌာနဖြစ်တဲ့ BBC Radio 5 Live မှာ အမ်ဘတ်ပီကိစ္စ ဆွေးနွေးစကားပြောမှုတွေ ရှိခဲ့ပြီး အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်တဲ့ အီရန်ရိုက်က အမ်ဘတ်ပီက ပရီးမီးယားလိဂ်ကို ပြောင်းလာဖို့ စိတ်ဝင်စားနေပြီး သူက အင်္ဂလန် ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးအသင်းတွေကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ဆိုခဲ့တယ်။ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဆွဲမက်စရာ… Continue Reading →

ဂျုံးနဲ့ လူးဝစ်ဆွာရက် စံချိန်၊ ထိပ်ဆုံးရောက်လာတဲ့ အသင်းသား၊ အမ်ဘတ်ပီနဲ့ လီဗာပူး ညနေခင်းသတင်းများ

အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲအဖြစ် အန်ဖီးကွင်းက ရှက်ရူဘူရီနဲ့ပွဲမှာ ဂျုံးဂိုးသွင်းနိုင်မယ်ဆိုရင် တိုက်စစ်မှူးဟောင်း ဆွာရက်စ်ရဲ့ စံချိန်ကို လိုက်မှီမှာ ဖြစ်ပါတယ်။ ဂျုံးဟာ ဒီတစ်ကြိမ် ရှရူဘူရီကို ဂိုးသွင်းနိုင်ရင် အက်ဖ်အေဖလား သုံးပွဲဆက် ဂိုးသွင်းနိုင်မှာဖြစ်ပြီး ယခင်စံချိန်ဟောင်းက ၂၀၁၂ ခုနှစ်မှာ ဆွာရက်စ် တင်ရှိထားတာဖြစ်ပြီး အက်ဖ်အေဖလား သုံးပွဲဆက် ဂိုးသွင်းယူထားနိုင်တာဖြစ်ပါတယ်။ ဘက်ဆစ်တက်မန်နေဂျာသစ်ဟာ လီဗာပူးကနေ အငှားခေါ်ထားတဲ့ ဂိုးသမား ကားရီးယက်စ်ရဲ့ လက်စွမ်းကို မနှစ်သက်ခြင်းကြောင့် ပွဲထွက်လူစာရင်းကနေ အနားပေးပြီး အရန်ခုံထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူး စီနီယာအသင်းသားတွေဟာ ၎င်းတို့အတွက်… Continue Reading →

လီဗာပူး ပရီးမီးယားလိဂ် ဖလားယူတဲ့ပွဲစဉ်ကျ ဝေးရာသွားနေလိုတဲ့ ဂယ်ရီ နဗီးလ်

စကိုင်းစပေါ့မှာ ဘောလုံးသုံးသပ်သူ အဖြစ် တာဝန်ယူနေတဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမား ဂယ်ရီ နဗီးလ်က ခါးသီးပြိုင်ဘက် အသင်း ဖြစ်တဲ့ လီဗာပူးအသင်း ပရီးမီးယားလိဂ် ဖလားယူတဲ့ ပွဲစဉ်ကျရင် အားကစားအစီအစဉ်တွေမှာ မပါဝင်လိုကြောင်း ၎င်း ဆန္ဒကို ပြသသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီးမှာ ဒုတိယနေရာမျ မန်စီးတီးကို ၂၂ မှတ်ဖြတ်ထားပြီး ဖြစ်တာကြောင့် လီဗာပူးအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ဒီနှစ်မှာတော့ အရယူနိုင်လောက်ပြီလို့ ဆိုရမှာပါ။ လက်ကျန် ၁၃ ပွဲမှာ လီဗာပူး… Continue Reading →

အင်္ဂလန်ပြင်ပ လီဗာပူးပရိသတ်တွေ ချန်နယ်တစ်ခုတည်းကပဲ အက်ဖ်အေပွဲကို ကြည့်ခွင့်ရမည်

ဒီကနေ့ည အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲဖြစ်တဲ့ လီဗာပူးနဲ့ ရှရူဘူရီပွဲကို အင်္ဂလန်ရုပ်သံတွေက တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ မဟုတ်ပါဘူး။ ရာသီဝက်အနားပေးမှုကြောင့် စီနီယာအသင်းသားတွေ မရှိတဲ့ အဆိုပါပွဲကို မန်နေဂျာယာဂင်ကလော့ပ်က နောက်ကွယ်က ကိုင်တွယ်မှာဖြစ်ပြီး ကွင်းဘေးမှာတော့ နေးခရစ်ချ်လေပဲ တာဝန်ယူသွားမှာပါ။ ပွဲမတိုင်ခင် ပြင်ဆင်မှုတွေကို ယာဂင်ကလော့ပ်ကိုယ်တိုင် ကြီးကြပ်ပြီး ဒုတိယပိုင်းမစခင်မှာ အသင်းအဝတ်လဲခန်းအတွင်း ကလော့ပ်က ကြီးကြပ်စကားတွေ ပြောမှာဖြစ်ပါတယ်။ အဆိုပါ ပြန်ကန်ပွဲအတွက် ရုပ်သံလွှင့်ခွင့် မရဖြစ်နေပြီး အင်္ဂလန်ရုပ်သံဖြစ်တဲ့ BBC က တူညီတဲ့ အချိန်အတွင်း ယှဉ်ပြိုင်ရမယ့်… Continue Reading →

သူက လီဗာပူးပရိသတ်တွေ သိထားတဲ့ ကောင်လေး မဟုတ်တော့ဘူး သတင်းပေးလာတဲ့ ဟိုဗာ

ရှရူဘူရီနဲ့ အက်ဖ်အေ ပြန်ကန်ပွဲမှာ လီဗာပူးအသင်းသမိုင်းတစ်လျှောက် အက်ဖ်အေပြိုင်ပွဲအတွင်း အသက်အငယ်ဆုံး ပွဲထွက်သူအဖြစ် ၁၆ နှစ် ၃၅၄ ရက်နဲ့ မှတ်တမ်းဝင်ထားတဲ့ ဟိုဗာလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ယူ-၂၃ အသင်းရဲ့ အဓိက ကစားသမားဟာ ယာဂင်ကလော့ပ်ရဲ့ ထောက်ခံပေးမှုအရ အနာဂတ်မှာ ဗဟိုခံစစ်မှူးနေရာကနေပဲ အဓိက ကစားတော့မှာဖြစ်တယ်။ သူဟာ လီဗာပူးကစားသမားဘဝ ပထမဆုံးသော ပွဲထွက်မှုကို ဗဟိုခံစစ်မှူးနေရာက ကစားခွင့်ရခဲ့ပေမယ့် နောက်ပိုင်း စီနီယာပွဲတွေမှာ ညာအစွန်နေရာကပဲ ကစားနေရသူဖြစ်တယ်။ ဒီညပွဲမှာတော့ ဟိုဗာဟာ ခံစစ်မှူးစစ်စစ်အဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။ အက်ဖ်အေပွဲမှာ… Continue Reading →

လူငယ်တွေပွဲထွက်မယ့် လီဗာပူးနဲ့ ရုရူဘူရီ အက်ဖ်အေပြန်ကန်ပွဲကို သုံးသပ်ခန့်မှန်းသွားတဲ့ အိုဝင်

လီဗာပူးအသင်းဟာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ရှရူဘူရီ အသင်းကို ပထမအကျော့မှာ အနိုင်ယူကာ ပွဲမဖြတ်နိုင်ခဲ့ဘဲ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ အားလပ်ရက် အစမှာ ပြန်ကန်ပွဲစဉ်ကို အန်းဖီးမှာ ကန်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးဘက်က စီနီယာအသင်းကြီးမှ နည်းပြ၊ ကစားသမားများ ပါဝင်မှာ မဟုတ်ဘဲ U23 အသင်းသားတွေနဲ့ နည်းပြ နေး ခရစ်ချ်လေကို အခွင့်အရေး ပေးသွားမှာလို့ သိရပါတယ်။ ဒီ ပြန်ကန်ပွဲစဉ်နဲ့ ပတ်သတ်ပြီး သတင်းများစွာ မှတ်ချက်များစွာလည်း… Continue Reading →

အန်ဖီးကွင်းက အက်ဖ်အေ ပြန်ကန်ပွဲမှာ ပွဲထွက်လာမယ့် လီဗာပူးအသင်း လူစာရင်း ခန့်မှန်း

အက်ဖ်အေ စတုတ္ထအဆင့် ပြန်ကန်ပွဲအဖြစ် အန်ဖီးမှာ ရှရူဘူရီကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲကို ယူ-၂၃ မန်နေဂျာ နေးခရစ်ချ်လေက တာဝန်ယူမှာဖြစ်ကာ ယူ-၂၃ အသင်းသားတွေပဲ အဓိက ပွဲထွက်မှာဖြစ်တယ်။ ဒီပွဲအတွက် ယာဂင်ကလေ့ပ်က ဂျုံး၊ အီလီယော့၊ ချီရီဗီလာတို့ကို ကစားခွင့် ပေးထားပါတယ်။ လီဗာပူးရဲ့ အနာဂတ် ကြယ်ပွင့်တွေအဖြစ် နာမည်ရထားတဲ့ ညာအစွန်လူ နီကိုး၊ ဗဟိုခံစစ်မှူး ဟိုဗာ၊ တိုက်စစ်သမား အီလီယော့တို့ ပွဲထွက်မှာက စိတ်ဝင်စားစရာဖြစ်သလို ထရန့်နောက်ပိုင်း အကောင်းဆုံး အကယ်ဒမီထုတ်ကုန်အဖြစ် နာမည်ရနေတဲ့ မာဆေးဆိုဒ်သား ဂျုံးက… Continue Reading →

နားရက်အတွင်း ကမ်းခြေမှာ အုန်းရည်သောက်ဖို့လောက် ခရီးထွက်ရမှာ မဟုတ်တဲ့ လီဗာပူးအသင်းသားများ

ညမှာတော့ အက်ဖ်အေပြန်ကန်ပွဲတွေထဲက တစ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးနဲ့ ရှရူဘူရီတို့ ယှဉ်ပြိုင်ကစားသွားတော့မှာ ဖြစ်ပါတယ်။ ဒီရာသီကစလို့ ဖေဖော်ဝါရီ နားရက် နှစ်ပတ်ရှိမှာဖြစ်ကာ စီနီယာအသင်းသားတွေဟာ တစ်ပတ် နားရက်ရမှာဖြစ်ပြီး နောက်ထပ် တစ်ပတ်ကိုတော့ ပြင်ဆင်မှုတွေလုပ်ဖို့ မဲဝုဒ်ကို ပြန်လာရမှာဖြစ်ပါတယ်။ အဆိုပါ ပြင်ဆင်ရမယ့် အချိန်အတွင်းမှာ လက်ကျန် ရာသီဝက်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်လို့ ကလော့ပ်က ပြောပါတယ်။ စီနီယာတွေဟာ အားလပ်ရက် ကာလအတွင်းမှာ ဘောလုံးအတွက် လေ့ကျင့်ဖို့ မဟုတ်ပေမယ့် အသင်းသားတိုင်း ကိုယ်ပိုင် နည်းပြတွေနဲ့ ခရီးအတူထွက်ရမှာဖြစ်ကာ စီနီယာနည်းပြတွေကိုလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!