Date

February 5, 2020

လီဗာပူးကြောင့် လာလီဂါအသင်းတွေ ဒုက္ခရောက်မှာ စိုးရိမ်နေတဲ့ စပိန်မီဒီယာများ

လီဗာပူးဟာ အကောင်းဆုံး ပုံစံတွေ ရရှိနေပြီး ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့ အင်အားတောင့်တင်းနေခြင်းက လာလီဂါကလပ်တွေအတွက် စိုးရိမ်စရာ အနေအထားပါလို့ စပိန်မီဒီယာတွေက ဖော်ပြသွားပါတယ်။ ၂၀၁၈ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကို ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် မနှစ် ဇွန်လမှာတော့ လီဗာပူးအသင်းဟာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အနိုင်ရခဲ့ပါတယ်။ ဆီမီဖိုင်နယ်အဆင့်မှာ ဘာစီလိုနာကို ကျော်ဖြတ် အနိုင်ယူခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ၁၆ သင်းအဆင့်မှာတင် လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့နေတာဖြစ်တယ်။ ဥရောပမှာ ချန်ပီယံလိဂ်ဖလားကို တတိယ အောင်မြင်မှု အမြင့်ဆုံး… Continue Reading →

ကော်စတာ ဒဏ်ရရ၊ ဖာမင်နိုကို စံချိန်ချိုးစေလိုတဲ့ လူးကပ်၊ အက်ဒရီယန်၊ ဟာဗက်နဲ့ လီဗာပူး ညနေခင်းသတင်းများ

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဒီယေဂို ကော်စတာဟာ ဒဏ်ရာကြောင့် သုံးလလောက် အနားယူရတော့မယ်လို့ သိရပါတယ်။ သူဟာ လီဗာပူးနဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲ နှစ်ပွဲလုံးကို လွဲချော်သွားနိုင်ပါတယ်။ လီဗာပူးကွင်းလယ်လူဟောင်း လူးကပ်လေဗာက ကလပ်အတွက် သူကစားပေးထားတဲ့ လိဂ်ပွဲအများဆုံး ဘရာဇီးသားဆိုတဲ့ စံချိန်ကို ဖာမင်နို ချိုးဖျက်သွားမှာ မြင်လိုတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ လူးကပ်ဟာ လီဗာပူးအတွက် ၂၄၇ ပွဲ ကစားပေးထားပြီး ဖာမင်နိုကတော့ ၁၆၂ ပွဲ ရှိလာခဲ့ပါပြီ။ လီဗာပူးရဲ့ စပိန်ဂိုးသမား အတ်ဒရီယန်ကို လာလီဂါကလပ်… Continue Reading →

လီဗာပူးက ထရန့်လို ထွန်းတောက်လာမယ့် လူငယ်မျိုးဆက်သစ်ကို ရလိုက်ပြီလို့ တိုက်စစ်မှူးဟောင်း ဖွင့်ဟ

လီဗာပူးတိုက်စစ်မှူးဟောင်း ဂျွန် အယ်ဒရစ်က လူငယ်ကြယ်ပွင့်လေး ကားတစ်ဂျုံးဟာ စီနီယာအသင်းသား ထရန့်လိုပဲ လီဗာပူးအတွက် အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာမယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။ ကားတစ်ဂျုံးဟာ ထရန့်လိုပဲ လီဗာပူးသားတစ်ဦးဖြစ်ပြီး အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ အသင်းသားတစ်ဦးပါ။ သူနဲ့ ထရန့်ကြား ကွာခြားတာက ထရန့်က ရိုးရိုးအေးအေးဖြစ်ပြီး ကားတစ်ဂျုံးကတော့ ပိုမို သွေးဆူတဲ့ ကစားသမားမျိုးဖြစ်တယ်။ သူက ကိုယ်ဘာသာ ယုံကြည်မှု ပြင်းထန်လွန်းပြီး မာန်မာနကြီးသူအဖြစ်လည်း အကယ်ဒမီမှာ ထင်ရှားပါတယ်။ ဂျွန် အယ်ဒရစ်က ” ကားတစ် အသက်… Continue Reading →

ချယ်ဆီးနဲ့ အက်ဖ်အေပွဲမှာ ဘယ်အသင်း ပွဲထွက်လာမလဲ အရိပ်အမြွက်ပြောတဲ့ နေးခရစ်ချ်လေ

မနက်က ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲကို လီဗာပူးက လူငယ်ကစားသမားတွေ ထုတ်သုံးပြီး အနိုင်ရကာ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ အစောပိုင်းကတည်းက မတ်လ ၂ ရက်နေ့မှာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲ ကစားရမယ်လို့ သိထားရပြီး လီဗာပူးဟာ ချယ်ဆီးအသင်းကို အဝေးကွင်းမှာ သွားရောက် ကစားရမှာဖြစ်တယ်။ အဆိုပါပွဲမှာ လူငယ်အသင်းထက် စီနီယာအသင်း ပွဲထွက်နိုင်ကြောင်း နေးခရစ်ချ်လေက သတင်းပေးခဲ့ပါတယ်။ လီဗာပူးသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးအဖြစ် ပျှမ်းမျှအသက် အသက် ၁၉ နှစ် ၁၀၂ ရက်နဲ့ ပွဲထွက်ခဲ့တဲ့ လူငယ်လေးတွေဟာ… Continue Reading →

ဆာလက်ရောင်းပြီး အမ်ဘတ်ပီဝယ်လို့ အကြံပေးမှုကြောင့် ဝေဖန်ခံနေရတဲ့ ချာလီ အဒမ်

လီဗာပူးမှာ တစ်ရာသီ ကစားခဲ့ဖူးတဲ့ စကော်တလန် ကွင်းလယ်လူ ချာလီအဒမ်က ဆာလက်ကို ရောင်းထုတ်ပြီး အမ်ဘတ်ပီကို ခေါ်ယူဖို့ အကြံပေးစကား ပြောဆိုသွားပါတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ အကြံပေးမှုက လီဗာပူးပရိသတ်တွေထံက ဝေဖန်မှုတွေကို ရရှိဖို့ ဖြစ်လာတာပါ။ လီဗာပူးပရိသတ်တွေဘက်က အမ်ဘတ်ပီကို လိုချင်ပေမယ့် ချာလီအဒမ်ရဲ့ အကြံပေးမှုက မဖြစ်နိုင်တာကိုလည်း သိတယ်လို့ တုန့်ပြန်ခဲ့ကြတယ်။ ပရိသတ် အများအပြားက အသင်းမှာ တစ်နှစ်လောက် ကစားခဲ့ရုံနဲ့ ငါတို့အသင်းကို ဘာလုပ်ရမယ်လို့ လမ်းညွှန်စရာ မလိုဘူးလို့ ပြန်လည် အကြံပေးသွားခဲ့ကြပါတယ်။ ချာလီအဒမ်က “… Continue Reading →

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် လက်ရွေးစင်မှာ အရွေးခံရဖို့ ချီးကျူးမှုတွေရနေတဲ့ ၁၈ နှစ်သား လီဗာပူးအသင်းသား

လီဗာပူးနဲ့ ရှရူဘူရီပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကစားသမားတွေထဲက တစ်ဦးကတော့ ညာအစွန်လူ နီကိုး ဝီလီယမ်ဖြစ်ပြီး ဆယ်ကျော်သက် လူငယ်လေးဟာ hat-trick ရနိုင်လောက်တဲ့ အခွင့်အရေးကောင်းတွေကိုတောင် ရှာဖွေနိုင်ခဲ့တာပါ။ ညာအစွန်နောက ကစားခဲ့တဲ့ နီကိုးဟာ ဒုတိယပိုင်းအတွက် အကောင်းဆုံး လီဗာပူးအသင်းသားဖြစ်သလို အသင်းဖော်တွေအတွက် ထူးချွန်တဲ့ ဖန်တီးမှုတွေကို လုပ်ပေးနိုင်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အကောင်းဆုံး အခွင့်အရေးတွေ ရခဲ့တာဖြစ်တယ်။ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်လေးဟာ ခံစစ်မှာ လိုအပ်ချက်ရှိပေမယ့် ထရန့်ရဲ့ တိုက်စစ်လိုက်ပုံနဲ့ တူညီတဲ့ ပံ့ပိုးမှုကို ပြသနိုင်ခဲ့ပါတယ်။… Continue Reading →

ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံးပါ ဒါပေမယ့် PFA ဆုအတွက်တော့ သူမဟုတ်ပါဘူးဆိုတဲ့ ဖာဒီနန်

ယူနိုက်တက်ဂန္တဝင်ကြီး ရီယို ဖာဒီနန်က ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးပါလို့ ထုတ်ဖော်ချီးကျူးခဲ့ပေမယ့် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုကို အနိုင်ရသင့်သူကတော့ အခြားသော လီဗာပူးအသင်းသားပါလို့ ထုတ်ပြောလိုက်ပါတယ်။ နယ်သာလန်သား ခံစစ်မှူးဟာ လီဗာပူးရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးဖြစ်ပြီး သူပါဝင်တဲ့ ခံစစ်တန်းဟာ သွင်းဂိုး ၁၅ ဂိုးပဲ ခွင့်ပြုရတဲ့အထိ တောက်ပနေတာပါ။ အသက် ၂၈ နှစ်အရွယ် ဗဟိုခံစစ်မှူးဟာ ချီးကျူးမှုတွေကို လက်ခံရသင့်သူဖြစ်ပြီး ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးဖြစ်တယ်လို့ ဖာဒီနန်က ဝန်ခံခဲ့တယ်။ ဖာဒီနန်က ” ဗန်ဒိုက်က သံသယရှိစရာမလိုတဲ့ ကမ္ဘာအကောင်းဆုံး… Continue Reading →

ချယ်ဆီးနဲ့ တွေ့ဆုံခြင်း၊ အီလီယော့ာ၊ အန်ဖီးမှတ်တမ်း၊ ခေါင်းဆောင်စိတ်နဲ့ မီနာ လီဗာပူး နံနက်ခင်းသတင်းများ

ကလပ်အသင်းသမိုင်း အသက်အငယ်ဆုံး ပွဲထွက်လူစာရင်း၊ အသက်အငယ်ဆုံး အသင်းခေါင်းဆောင်တို့နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အက်ဖ်အေ ပြန်ကန်ပွဲမှာ ရှရူဘူရီကို ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် လီဗာပူးဟာ အက်ဖ်အေဖလား ၁၆ သင်းအဆင့်မှာ ချယ်ဆီးနဲ့ မတ်လ ၂ ရက်နေ့မှာ ထိပ်တိုက်တွေ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ပြိုင်ပွဲစုံ ပွဲ ၄၀ အထိကို အရေးမနိမ့်ထားပဲ ၃၅ ပွဲနိုင် ၅ ပွဲ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၇ ပွဲကိုဆိုရင် ပေးဂိုး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!