Date

February 6, 2020

ပွဲတွေ ကြပ်ကုန်ပြီဖြစ်တဲ့ လီဗာပူးနဲ့ ချယ်ဆီးရဲ့ အက်ဖ်အေပွဲ အတည်ပြုရက်စွဲ ထွက်ပေါ်

ချယ်ဆီးအိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမယ့် အက်ဖ်အေ ပဉ္စမအဆင့်အတွက် အတည်ပြုရက်စွဲက မတ်လ ၃ ရက်နေ့ (မြန်မာစံတော်ချိန် ၄ ရက်နေ့ မနက် ၂း၁၅) မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ဝတ်ဖိုဒ့်နဲ့ အဝေးကွင်း၊ ဘုန်းမောက်ကို အိမ်ကွင်းတွေမှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲ နှစ်ပွဲကြားထဲကို ဝင်ရောက်လာမှာဖြစ်တယ်။ မတ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် အသလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ မတိုင်ခင် တစ်ပတ်အလိုမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အက်ဖ်အေဖလား တတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေကို လူငယ်တွေ အဓိကထားပြီး ယှဉ်ပြိုင်ခဲ့ပေမယ့်… Continue Reading →

လီဗာပူး နာမည်ကျော် ကစားသမားဟောင်းတွေ ပါဝင်လာတဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းနဲ့ ရန်ပုံငွေပွဲ

LFC Foundation အတွက် ရည်ရွယ်ပြီး မတ်လအတွင်း အန်ဖီးကွင်းမှာတော့ ဘာစီလိုနာ ဂန္တဝင်အသင်းနဲ့ လီဗာပူးဂန္တဝင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမှာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲမှာတော့ လီဗာပူးဘက်က ကာရေဂါ၊ ဟစ်ပီယာ၊ အဂ္ဂါ၊ အော်ရယ်လီယို၊ ကလင်းဂျွန်ဆင်၊ အန်းနရစ်၊ မက်အတီယာ၊ ဖီးဘပ်၊ Tore Kvarme တို့လို ခံစစ်သမားတွေက ဒူးဒက်၊ ဆန်ဒါ တို့နဲ့အတူ ခံစစ်ပိုင်းကို တာဝန်ယူမှာဖြစ်ပြိး ကလပ်အသင်း လေ့ကျင့်ရေးဂျာစီ ပါတနာဖြစ်တဲ့ AXA ကို ဝတ်ဆင်သွားမှာပါ။ ဆာကင်နီနဲ့ အီရန်ရှပ်တို့လို အဓိပတိတွေက မန်နေဂျာတွေအဖြစ်… Continue Reading →

ဘိုင်ယန်ကို ငြင်းတဲ့ ဗန်ဒန်ဘယ်ရာ၊ ကော်တင်ညိုကို ခေါ်ဖို့ တိုက်တွန်းမှု၊ နွေဈေးကွက်နဲ့ လီဗာပူး ညနေခင်း သတင်းများ

လီဗာပူး ညာအစွန်လူဟောင်း ကလင်းဂျွန်ဆင်က လူးကပ်လေဗာဟာ သူ့နဲ့ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေကို လီဗာပူးပရိသတ်တွေထံက မရဘူးလို့ ပြောဆိုလိုက်ပါတယ်။ လူးကပ်ဟာ လီဗာပူးသမိုင်းမှာ ပွဲထွက်အများဆုံး ဘရာဇီးသား ကစားသမားအဖြစ် ကစားခဲ့ပြီး လာဇီယိုကို ပြောင်းရွှေ့သွားခဲ့တာပါ။ လီဗာပူးခံစစ်မှူး ဗန်ဒန်ဘယ်ရာကို ခေါ်ယူဖို့ ဘိုင်ယန်ကလည်း နွေတုန်းက ကြိုးစားခဲ့သေးတာဖြစ်ပါတယ်။ နယ်သာလန်သား ဆယ်ကျော်သက်လေးက ကလော့ပ်ရဲ့ လီဗာပူးမှာ အခွင့်အရေး ပိုရမယ်လို့ ယုံကြည်ခြင်းကြောင့် ငြင်းဆန်ပြီး အင်္ဂလန်ကိုပဲ အရောက်လာခဲ့ပါတယ်။ လီဗာပူးကစားသမားဟောင်းကြီး မက်မန်နာမန်းက ဘိုင်ယန်ကို အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ကော်တင်ညိုကို… Continue Reading →

ဂျရတ် လမ်းပတ် စခိုးလ် ဘယ်သူ အကောင်းဆုံးလဲ ရွေးပြလိုက်တဲ့ အိုဝင်

ဂျရတ် လမ်းပတ် စခိုးလ် ဆိုတာ ဘယ်သူပိုကောင်းသလဲ ဘယ်တော့မှ မပြီးဆုံးတဲ့ အငြင်းအခုံ တစ်ခု ဖြစ်ပါတယ်။ ဒီတကြိမ်မှာ ထပ်မံ နှိုင်းယှဉ်လိုက်သူကတော့ မိုက်ကယ်အိုဝင် ပါ။ အင်္ဂလန် လက်ရွေးစင်ဟောင်းဟာ လီဗာပူးကနေ တောက်ပခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထိ သွား ကစားဖူးသူ ဖြစ်ပါတယ်။ အိုဝင်က ကလပ်အသင်းမှာ ဂျရတ်နဲ့ ကစားဖူးသလို နိုင်ငံအသင်းမှာလည်း စခိုးလ်၊ လမ်းပတ်တို့နဲ့ အတူ ကစားဖူးသူပါ။ ဒါကြောင့် သူ့ အမြင်က သိပ်ကြီး ဘက်လိုက်မယ်လို့ မယူဆရပါဘူး။ မိုက်ကယ်အိုဝင်က နာမည်ကျော်… Continue Reading →

လီဗာပူးရဲ့ ရာသီကုန် ရမှတ်က မိုင်ကုန်ထက် တစ်ထစ်ပဲလျော့မယ်လို့ ခန့်မှန်းသွားတဲ့ ရော်ဘီ ဆားဗေ့

လီဗာပူးဟာ ပရီးမီးယားလိဂ် လက်ကျန် ၁၃ ပွဲပဲ ကစားရဖို့ ရှိနေပြီး ၆ ပွဲ အနိုင်ရရင်ကို အမှတ်ပေးဖလားကို အနိုင်ရမှာဖြစ်ပါတယ်။ သင်္ချာနည်းအရ ဘာမဆို ဖြစ်နိုင်သေးပေမယ့် အားလုံးသော သုံးသပ်သူတွေက အမှတ်ပေးဖလားက လီဗာပူးလက်ထဲမှာလို့ ယုံကြည်နေကြတယ်။ ဒီတစ်ကြိမ်မှာ ဒေးလီးမေးရဲ့ အားကစားသုံးသပ်သူ ဝေလ်းကစားသမားဟောင်းကြီး ရော်ဘီဆားဗေ့က လီဗာပူးရဲ့ ရာသီကုန်မှာ ရနိုင်မယ့် ရမှတ်ကို ခန့်မှန်းမှု လုပ်ခဲ့ပြီး သူ့ရဲ့ ခန့်မှန်းကိုတော့ လီဗာပူးပရိသတ်တွေ နှစ်ခြိုက်ကြပါလိမ့်မယ်။ ရော်ဘီ ဆားဗေ့က လီဗာပူးဟာ လက်ကျန် ၁၃… Continue Reading →

အကောင်းဆုံးဆုအတွက် မန်ချက်စတာမြေမှာ လီဗာပူးသားတွေက အောင်ပွဲခံနိုင်မယ့် အခွင့်အရေး ထွက်ပေါ်

ပရီးမီးယားလိဂ်ကို လီဗာပူးနဲ့ မန်စီးတီးတို့က လွှမ်းမိုးထားပြီး အပြိုင်အဆိုင်ဖြစ်လာချိန်မှာပဲ အင်္ဂလန် အနောက်မြောက်ပိုင်းအတွက် ထူးခြားသတင်းတစ်ရပ်က ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ နှစ်တိုင်း ကျင်းပနေကြ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA)က ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပုံမှန်ကျင်းပနေကျ လန်ဒန်မြို့အစား ဒီနှစ်မှာတော့ မန်ချက်စတာမှာ ပြောင်းလဲကျင်းနိုင်တယ်လို့ သိရပါတယ်။ ဒါဟာ အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာအကြီးဆုံး တစ်ကိုယ်ရည် ထူးချွန်ဆုကို လန်ဒန်ပြင်ပမှာ ပထမဆုံး ကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုကို လီဗာပူး၊ မန်စီးတီး အသင်းသားတွေပဲ… Continue Reading →

အပြောင်းအလဲ အနည်းငယ်ရှိတဲ့ ချန်ပီယံလိဂ် ရံှူးထွက်အတွက် ၂၅ ဦးစာရင်း ထွက်ပေါ်လာ

လီဗာပူးဟာ ချန်ပီယံလိဂ် ရံှူးထွက်အတွက် လူစာရင်းတင်မှုကို အပြောင်းအလဲ အနည်းငယ်နဲ့အတူ အတည်ပြုခဲ့ပြီလို့ မာဆေးဆိုဒ် အခြေစိုက်သတင်းက ဖော်ပြသွားပါတယ်။ ချန်ပီယံလိဂ် ရံှူးထွက် လူစာရင်းမှာတော့ ‘A’ စာရင်းဝင် ၂၅ ဦးစာရင်းမှာ ဇန်နဝါရီကမှ ပေါင် ၇.၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား မီနာမီနို ပါဝင်လာတာကို တွေ့ရတယ်။ ဆဲလ်ဘတ်ကစားသမားဘဝ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ မီနာမီနိုဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းအပြောင်းအလဲအရ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်ဖူးပေမယ့် ရံှူးထွက်မှာ ပါဝင်ခွင့် ရလာတာဖြစ်ပါတယ်။ ကလပ်အသင်းတွေက ‘A’ စာရင်းအတွက်… Continue Reading →

လီဗာပူးပရိသတ်တွေ ရင်ခုန်စေမယ့် စကားမျိုးကို Nike အကြီးအကဲ ထုတ်ဖော်ပြောဆို

လာမယ့်ရာသီမှာ လီဗာပူးဟာ လက်ရှိ လက်တွဲနေတဲ့ New Balance နဲ့ သက်တမ်းကုန်ဆုးကာ ကမ္ဘာကျော် အားကစားကုမ္ပဏီ Nike နဲ့ လက်တွဲသွားတော့မှာဖြစ်ပါတယ်။ Nike ဘက်ကတော့ လာမယ့်ရာသီမှ စတင်လက်တွဲမယ့် လီဗာပူးအတွက် ဂျာစီပုံစံကို အထူး ပြုလုပ်နေပြီး မျိုးစုံတဲ့ ရွေးချယ်မှုတွေကို ဖန်တီးနေတယ်လို့ ဖွင့်ဟခဲ့တယ်။ ဒီကြားထဲ လီဗာပူးဂျာစီဒီဇိုင်းတွေ ပေါ်ထွက်နေပေမယ့် အတည်ပြု ဒီဇိုင်း ရသေးဟန် မရှိသလို ပရိသတ်ကြိုက် ဒီဇိုင်းကို ရွေးနိုင်ဖို့ အချိန် အနည်းငယ် ကြာဦးမယ့် သဘောဖြစ်ပါတယ်။ Nike… Continue Reading →

သန်း ၅၀ တန် ပြင်ဆင်မှု၊ အလန်းစား လုပ်ဆောင်နေတဲ့ NIKE၊ ကော်စတာ၊ ဆန်ချိုနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

မနေ့က ညပိုင်းမှာ ကော်စတာ ဒဏ်ရာရနေကာ ရာသီကုန်ထိ အနားယူရမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ စပိန်သတင်းဌာန အချို့ကနေပြီး ကော်စတာရဲ့ ဒဏ်ရာက မပြင်းထန်ကြောင်းနဲ့ သူက လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပြန်ပါလာမယ်လို့ ပြောင်းလဲ ဖော်ပြခဲ့ကြပါတယ်။ လီဗာပူးညာအစွန်လူ ထရန့်ဟာ ကမ္ဘာအကောင်းဆုံး အစွန်လူဖြစ်ပြီး လေ့ကျင့်ရေးမှာ သူ့ထံက သင်ယူမှုတွေ လုပ်နေတယ်လို့ လူငယ်အစွန်လူ နီကိုးက ဆိုပါတယ်။ NIKE ရဲ့ အကြီးတန်း ဒါရိုက်တာ Heidi Burgett က ၂၀၂၀ မှာ လီဗာပူး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!