Date

February 7, 2020

မန်စီးတီးကင်းထောက်စနစ်ကို လီဗာပူး ချိုးဖျက်ကြောင့် စွပ်စွဲမှုအတွက် စုံစမ်းမှုကို အက်ဖ်အေ ပိတ်သိမ်း

အက်ဖ်အေ တာဝန်ရှိသူတွေက မန်စီးတီးရဲ့ လူငယ် ကင်းထောက်မှုဆိုင်ရာ စနစ်ကို လီဗာပူးဘက်က ဟက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးမှု လုပ်ဖို့အား ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ အက်ဖ်အေဘက်က တာဝန်ရှိသူက ” ဒီကိစ္စရပ်နဲ့ ပတ်သတ်ပြီး အက်ဖ်အေက လက်ခံရရှိထားတဲ့ သက်သေ အထောက်အထားတွေကို သေချာစွာ လေ့လာ သုံးသပ်ခဲ့ပါတယ်။ အချက်အလက်တွေထဲမှာ နှစ်ဘက် ကလပ်အသင်းတွေက ပေးပို့ထားတဲ့ အချက်တွေ ပါဝင်ပေမယ့် စုံစမ်းစစ်ဆေးမှု ဆက်လက် မပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်က အချက်အလက်တွေ အများကြီးပေါ်မှာ အခြေခံပြီး ထွက်ပေါ်လာတာပါ။ ကလပ်နှစ်သင်းလုံးကလည်း… Continue Reading →

ဘာစီလိုနာကို ငြင်းပယ်ခဲ့သူ ဆာက မာနေး ခြေရာ လိုက်နိုင်ဖို့ ကြိုးစားမယ်လို့ ထုတ်ပြော

ဝတ်ဖိုဒ်အသင်း တိုက်စစ်သမား ဆာက သူဟာ လီဗာပူးတိုက်စစ်သမား မာနေးကို အကိုကြီးလို ယုံကြည်ကိုးစားသူဖြစ်ပြီး မာနေးခြေရာ လိုက်နိုင်ဖို့ ကြိုးစားလိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ရောက်လာဖို့ စတင်ခဲ့တဲ့ ခြေလှမ်းအကြောင်း ပြောပြရာမှာ ဆာက “ ရီးနက်စ်နဲ့ ဘာစီလိုနာတို့ထံက ကမ်းလှမ်းမှုနှစ်ခုကို ရရှိခဲ့တယ်။ ပွဲကစားခွင့်ရမယ့် ကလပ်ကို ပြောင်းလိုတာကြောင့် ရီးနက်စ်ကို ပြောင်းခဲ့တယ်။ ဘာစီလိုနာမှာဆိုရင် စီနီယာပွဲထွက်ခွင့် ရဖို့ မလွယ်ဘူးလို့ ကျနော် တွေးမိခဲ့တယ်။ အခြား ကစားသမားတွေဆိုရင် ဘာစီလိုနာကိုပဲ ရွေးကြမှာပါ။ ကျနော်ကတော့ ကိုယ်ရဲ့… Continue Reading →

အကောင်းဆုံးမန်နေဂျာ ကလော့ပ်၊ NIKE မီနာမီနို၊ ရှယ်ယာရှင် ညိနှိုင်းမှုနဲ့ လီဗာပူး ညနေခင်းသတင်းများ လ

ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး မန်နေဂျာဆုကိုတော့ လီဗာပူး မန်နေဂျာ ယာဂင်ကလော့ပ်က ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ကလော့ပ်ဟာ ဒီဆုကို ဒီရာသီအတွင်း ၅ ကြိမ်မြောက် သြဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ၅ လတိုင်တိုင် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်လည်း ဖြစ်ပါတယ်။ ဘာစီလိုနာက ကော်တင်ညိုအတွက် ပြောင်းရွှေ့ကြေးကို ပြတ်ပြတ်သားသား အရံှူးခံတဲ့ အနေနဲ့ နွေမှာ ပေါင် ၆၈-၇၇ သန်း ရရင်ကို အသင်းပြောင်းခွင့်ပေးမယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားခဲ့ပါတယ်။… Continue Reading →

ကော်တင်ညိုအတွက် ပြောင်းရွှေ့ကြေးကို မယုံနိုင်လောက်အောင် ဈေးချပေးသွားတော့မယ့် ဘာစီလိုနာ

လီဗာပူးကစားသမားဟောင်းကြီး စတိဗ် မတ်မန်နာမန်း အသင်းဟောင်းအား ဘိုင်ယန်မြူးနစ်ထံ အငှားထွက်ကစားနေကာ အပြီးသတ် ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တဲ့ ကွင်းလယ်လူ ကော်တင်ညိုကို နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ တိုက်တွန်းထားပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးကနေ ဘာစီလိနာကို ပေါင် ၁၄၂-၁၄၅ သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူရဲ့ လက်ရှိ တန်ကြေးဟာ အတော်လေး ကျဆင်းနေတာဖြစ်ပြီး သူ့ကို ဘိုင်ယန်မြူးနစ်ဘက်ကလည်း အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိ ဖြစ်နေတာပါ။ ဘိုင်ယန်မြူးနစ်ဟာ ကော်တင်ညိုအတွက် တစ်နှစ်လုပ်ခ ပေါင်… Continue Reading →

ပရီးမီးယားလိဂ် ကလပ် လေးသင်း အပြိုင် စိတ်ဝင်စားခြင်းခံနေရတဲ့ လီဗာပူးကွင်းလယ်သမား

ရာသီကုန်ရင် လီဗာပူးအသင်းနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား လယ်လာနာကို ပရီးမီးယားလိဂ် ကလပ်တွေထဲက လေးသင်း အပြိုင် စိတ်ဝင်စားနေပါတယ်။ လယ်လာနာရဲ့ စာချုပ်မှာ သက်တမ်း ထပ်တိုးခွင့် တစ်နှစ် ပါရှိပေမယ့် အင်္ဂလန်သားဟာ နောက်ရာသီမှာ လီဗာပူးအသင်းနဲ့ ဆက်ရှိဖို့ အခွင့်အရေး နည်းနေပြီ ဖြစ်ပါတယ်။ တယ်လီဂရပ်ဖ် သတင်း အဆိုအရ လယ်လယ်နာကို အာဆင်နယ်၊ လက်စတာ၊ စပါးနဲ့ ဝက်စ်ဟမ်း အသင်းတို့ အပြိုင် ခေါ်ယူလိုနေတာ ဖြစ်ပြီး ဇွန်မှာ စာချုပ် ကုန်တော့မယ့် လယ်လာနာ… Continue Reading →

ရာသီဝက်အားလပ်ရက်၊ ဖလူမိနိစ်အသင်းနဲ့ အယ်လီဆန်ရဲ့ ထရိန်နင် အစီအစဉ်

လီဗာပူး ဂိုးသမား အယ်လစ်ဆန်ကတော့ ဆောင်းရာသီ အားလပ်ရက်မှာ ကစားသမားတွေကို နားရက်ပေးထားတဲ့ ကာလအတွက် အနားယူ မနေဘဲ ၎င်း အစ်ကို ရှိရာ ဘရာဇီးကလပ်မှာ ထရိန်နင် သွားဆင်းနေတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းက စီနီယာအသင်းသားတွေကို နားရက် တစ်ပတ် ပေးထားပြီး ကျန်တစ်ပတ်ကိုမှ လေ့ကျင့်ရေး ပြန်လည် ပြုလုပ်မှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဘရာဇီးသားကတော့ အားလပ်ရက်မှာလည်း နှပ်မနေဘဲ အစ်ကို ဖြစ်သူ ရှိတဲ့ ဖလူမိနိစ်အသင်းမှာ သွားရောက်က အတူ ထရိန်နင်… Continue Reading →

လီဗာပူးကို ပြန်လာဖို့ ကြိုးစားခဲ့တဲ့ အိုဝင်နဲ့ ယူနိုက်တက် မပြောင်းဖို့ တားဆီးခဲ့တဲ့ ကာရေဂါ ဇာတ်ကြောင်း

လီဗာပူးသမိုင်းမှာ အခါးသီးဆုံး အပြောင်းအရွှေ့ကိစ္စ တစ်ခုကို ပြောပါဆိုရင် ၂၀၀၉ ခုနှစ်မှာ နယူးကာဆယ်ကနေ ယူနိုက်တက်ကို ပြောင်းဖို့ အိုဝင် ဆုံးဖြတ်ခဲ့ခြင်းကလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်မန်နေဂျာဟောင်း ဆာအဲလက်စ်ရဲ့ ခေါ်ယူမှုနဲ့ လီဗာပူး အကယ်ဒမီထွက် တိုက်စစ်သမားဟောင်း အိုဝင်တစ်ယောက် မဟာပြိုင်ဘက်အသင်းထံ ပြောင်းခဲ့တာက လီဗာပူးပရိသတ်တွေကို ခါးသီးစေခဲ့တယ်။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ လီဗာပူးဘက်ကလည်း အားနည်းမှုတွေ ရှိခဲ့ပြီး ဒီအချိန်ထိ အိုဝင်ရဲ့ ဆုံးဖြတ်ချက်က မှန်တယ်၊ မှားတယ်ဆိုတဲ့ ငြင်းခုံမှုတွေကြားမှာ လီဗာပူးသားကြီးကတော့ သိုးမဲတစ်ယောက်အဖြစ်ပဲ ဆက်ရှိနေခဲ့ပါတယ်။ ၂၀၀၀… Continue Reading →

ပရီးမီးယားလိဂ်ဖလား အနိုင်ရရင် လီဗာပူးအသင်းသားတွေ ရရှိမယ့် ဆုကြေး ထွက်ပေါ်လာ

လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ရင် စီနီယာအသင်းသားတွေကို ဆုကြေး ပေါင် ၄ သန်း ပေးသွားမယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန်အနိုင်ရဖို့ ရေပန်းစားနေတဲ့ လီဗာပူးဟာ အမှတ်ပေးဇယားကို ရမှတ် ၂၂ မှတ်ထိ ဖြတ်ထားနိုင်တာဖြစ်တယ်။ အမှတ်ပေးပွဲ ၂၅ ပွဲ ကစားပြီး ၁၃ ပွဲ ကျန်ရှိနေသေးပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ရနိုင်တဲ့ ရမှတ်ထက် ၂ မှတ်ပဲ လျော့နည်းထားပါတယ်။ လက်ကျန်ပွဲတွေထဲက… Continue Reading →

ဖီလစ်ရဲ့ အထင်ကြီးမှု၊ ပရီးမီးယားလိဂ် ဆုကြေး၊ မဲဝုဒ်ပြန်လာတဲ့ ဆာလက်နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံးထိချက် အများဆုံး ထိပ်ဆုံးစာရင်းမှာတော့ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ထရန့်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်တို့ကပဲ အစဉ်လိုက် ရပ်တည်နေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်နိုင်မယ်ဆိုရင် လီဗာပူးစီနီယာအသင်းဟာ ဆုကြေး ပေါင် ၄ သန်းကို အချိုးကျ ခွဲဝေရရှိမှာပါ။ မနှစ်တုန်းက ချန်ပီယံလိဂ် အောင်မြင်စဉ်က ပေါင် ၇ သန်းကိုလည်း ခွဲဝေရခဲ့ကြတာဖြစ်ပါတယ်။ တိုက်စစ်မှူးဆာလက်ဟာ အားလပ်ရက်ကနေ မဲဝုဒ်ကို ပြန်ရောက်လာခဲ့ပါပြီ။ မန်နေဂျာယာဂင်ကလော့ပ်က သူ့အသင်းသားတွေကို ယုံကြည်စွာနဲ့ နားရက်တွေ ပိုပေးထားပေမယ့် ဆာလက်ကတော့ ပုံစံကောင်းတွေကို ဆက်လက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!