Date

February 8, 2020

ဟားဗက်၊ ဆန်ချို၊ ဝါနာထဲက တစ်ဦးရွေးမှာဖြစ်ပြီး ခံစစ်ပိုင်းလည်းပါမယ် လီဗာပူးရဲ့ နွေအပြောင်းအရွှေ့ ပလန်

ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက်ဖြစ်သူ ဂျိမ်း ပီယာ့စ်က လီဗာပူးရဲ့ နွေအစီအစဉ်ကို ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပြီး ရာသီကုန်မှာ ဖြစ်လာနိုင်မယ့် ကိစ္စတွေအတွက် ကလပ်ဘက်က ကြိုတင်စီစဉ်နေတယ်လို့ သိရပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်ဟာ တိုက်စစ်ပိုင်းကို ဦးစားပေးဖို့ ပြင်ဆင်ထားပြီး ဈေးကွက်ထဲမှာ ထွက်ပေါ်နေတဲ့ ပေါက်ဈေးမျိုးနဲ့ဆိုရင်တော့ ခေါင်းခါမှုတွေ လုပ်မှာဖြစ်တယ်။ သူဟာ အသင်း စီနီယာအချို့ကိုလည်း ထွက်ခွာခွင့်တွေ ပေးမှာဖြစ်ကာ သူတို့နေရာ လူငယ်တွေကို အစားဝင်လို့ အဆင်ပြေမလားနဲ့ လူသစ် ခေါ်မှပဲ အဆင်ပြေမလားဆိုတာကိုလည်း လေ့လာနေတယ်လို့ သိရပါတယ်။ အထူးသဖြင့် လီဗာပူးက နွေအပြောင်းအရွှေ့မှာ… Continue Reading →

ဗန်ဒိုက် စာချုပ်သစ်၊ ဘေဘီလေးတွေရသွားတဲ့ ဆာလက် ဟန်ဒါဆန်၊ နွေပစ်မှတ်နဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ လာမယ့်ရာသီတွေမှာလည်း အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ပဲ စာချုပ်သစ်ကိစ္စကိုပဲ ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လီဗာပူးသတင်းထောက် ဂျိမ်းပီးယာ့စ်ရဲ့ ထုတ်ဖော်မှုအရ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ဟာ ကလပ်အသင်းနဲ့ စာချုပ်သစ်ကိစ္စ စကားပြောနေပြီး ညိနှိုင်းမှု အဆင်ပြေတာကြောင့် မကြာခင်မှာ တရားဝင် စာချုပ်ချုပ်နိုင်တော့မှာဖြစ်ပါတယ်။ လီဗာပူးဟာ ကိုင်းဟာဗက်၊ ဆန်ချိုနဲ့ ဝါနာတို့တွေကို စောင့်ကြည့်နေရာမှာ ဟာဗက်နဲ့ ဆန်ချိုတို့ကို ခေါ်ယူဖို့ ကိစ္စအား သွေးအေးသွားခဲ့ခြင်းက ဝါနာကို ပိုမိုသက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရနိုင်လို့ သုံးဦးထဲမှာ တိုက်စစ်မှူးကိုပဲ ဦးစားပေး… Continue Reading →

ဗန်ဒိုက်နဲ့ ဝိုက်နယ်ဒမ် သက်တမ်းတိုးကိစ္စကို အဖြေပေးသွားတဲ့ လီဗာပူးသတင်းထောက်ကြီး ဂျိမ်းပီးယာ့စ်

ဒီအပတ်အတွက် The Athletic သတင်းဌာနမှ လီဗာပူးသတင်းထောက်ကြီး ဂျိမ်းပီးယာ့စ်က အမေးအဖြေ ပြုလုပ်ပေးရာမှာ စီနီယာအသင်းသား နှစ်ဦးရဲ့ စာချုပ်သစ်ကိစ္စအတွက် စကားပြောမှုတွေ လုပ်သွားခဲ့ပါတယ်။ အီတလီဘက်က သတင်းတွေမှာ ဂျူဗင်တပ်ဟာ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ ပါရှိတာပါ။ သူတို့က နယ်သာလန်သား ခံစစ်သမား ဒီလစ်နဲ့ တွဲဘက်ဖို့ ဗန်ဒိုက်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူမယ်လို့ ဖော်ပြခဲ့ပေမယ့် ပီးယာ့စ်က အဆိုပါ သတင်းတွေကို ငြင်းဆန်ပါတယ်။ ပီယာ့စ်ကတော့ ဗန်ဒိုက်က လီဗာပူးမှာပဲ ပျော်နေသလို ကလပ်ဘက်ကလည်း… Continue Reading →

ပရီးမီးယားလိဂ်ချန်ပီယံ ကျိန်းသေပေါက်ဖြစ်မယ် ယုံကြည်လို့ တက်တူးပါ ထိုးလိုက်တဲ့ အမာခံ ပရိသတ်

လီဗာပူးအသင်ဟာ လက်ကျန်ပွဲ ၁၃ ပွဲမှာ ၆ ပွဲ အနိုင်ရရင်ကို သချာၤနည်းအရ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မှာဖြစ်ပါတယ်။ ပွဲစဉ် ၂၅ ပွဲအပြီးမှာပဲ ဒုတိယနေရာက မန်စီးတီးကို ရမှတ် ၂၂ မှတ် ဖြတ်ထားနိုင်တာကြောင့် ရာသီမသိမ်းခင် ချန်ပီယံဖြစ်ဖို့ ရာနှုန်း အမြင့်ဆုံးကို ရောက်နေတာပါ။ လီဗာပူးကို အထူးယုံကြည်တဲ့ ပရိသတ်တစ်ဦးဖြစ်သူ မက် ဂရေတန်က သူ့ရဲ့ ယုံကြည်မှု ထက်သန်လွန်းတာကြောင့် ချန်ပီယံတက်တူးကိုပါ ကြိုထိုးထားနှင့်ပါပြီ။ ဘဝတစ်လျှောက်လုံး လီဗာပူးကို အားပေးခဲ့တဲ့ အမာခံပရိသတ်ကြီး မက်… Continue Reading →

အမှတ်ပေးဖလား တစ်ကျော့ပြန်ရဖို့ နီးကပ်လာချိန် ပရိသတ်တွေကို တိုက်တွန်းမှုလုပ်တဲ့ လီဗာပူးအသင်းဥက္ကဌ

လီဗာပူးအသင်း ဥက္ကဌဖြစ်ပြီး လီဗာပူးပရိသတ်လည်းဖြစ်တဲ့ တွမ်ဝါနာက အပတ်တိုင်းမှာ အောင်ပွဲတွေ ရယူနေတဲ့ အသင်းရဲ့ အနေအထားကို ကြည့်ပြီး ပျော်ရွှင်နေကြဖို့ အသင်းပရိသတ်တွေကို တိုက်တွန်းမှု လုပ်သွားခဲ့ပါတယ်။ တွမ်ဝါနာက အရမ်းကို ရှည်ကြာတဲ့ ခရီးကို ကျော်ဖြတ်လာပြီးမှ ဒီလို အောင်မြင်မှုတွေနဲ့ နီးစပ်တဲ့ အနေအထားကို ရောက်လာချိန်မှာ အပျော်တွေကို မစောပဲ အပတ်တိုင်း အသင်းကို အားပေးနေကြဖို့နဲ့ ရာသီကုန်ကျမှ အတိုးချ အောင်ပွဲခံရအောင် သိမ်းထားကြဖို့လည်း ပရိသတ်တွေကို သတိပေးခဲ့သေးတာပါ။ ဝါနာက “ ပရိသတ်တစ်ယောက်အနေနဲ့ တကယ်ကို ရှည်လျားတဲ့… Continue Reading →

ပရိသတ်စိတ်ဝင်စားမှုမှာ ဘာစီလိုနာ၊ ယူနိုက်တက်နဲ့ ဂျူဗင်တပ်ကို ကျော်တက်ခဲ့တဲ့ လီဗာပူး

ကမ္ဘာဘောလုံးစင်မြင့်ပေါ် အရှိန်နဲ့ တိုးတက်လာနေတဲ့ လီဗာပူးအသင်းဟာ မနှစ်ကရာသီ ကမ္ဘာတစ်လွှားက အသင်းဝဘ်ဆိုဒ် ဝင်ရောက် ဖတ်ရှုမှုနှုန်းမှာ ဒုတိယအမြင့်ဆုံး နေရာကို တက်လှမ်းလာခဲ့တယ်လို့ သိရပါတယ်။ မနှစ်ကရာသီမှာ လီဗာပူးအသင်းဝဘ်ဆိုဒ်ကို တစ်လ ပျှမ်းမျှကြည့်နှုန်းဟာ ၈၆၃၀၀၀ ရှိခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရံှူးပွဲ တစ်ပွဲပဲရှိတဲ့ လီဗာပူးအသင်းနဲ့ ပက်သက်လို့ ကလပ်အသင်းဘက်က သတင်းထုတ်ပြန်မှုကို စောင့်ကြည့် လေ့လာတဲ့ ပရိသတ်တွေက အရှိန်နဲ့ မြင့်တက်လာခဲ့တာပါ။ ကမ္ဘာပထမဆုံးနေရာမှာတော့ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်က တစ်လကို ပျှမ်းမျှဝင်ကြည့်နှုန်း ၂.၀၁ သန်းထိ… Continue Reading →

ဖေဖော်ဝါရီနားရက် စောစောစီးစီးမှာပဲ သတင်းကောင်းပေးလာတဲ့ မာနေး

လီဗာပူးရဲ့ ဒီရာသီ ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးဖြစ်သူ မာနေးကတော့ အရင်လက ရထားတဲ့ ဒဏ်ရာကနေ ပြန်သက်သာလာကြောင်း သတင်းပေးမှုကို မနေ့ကပဲ ပြုလုပ်သွားခဲ့ပါတယ်။ လီဗာပူးက ဝက်ဟမ်း၊ ဆောက်သမ်တန်အသင်းတွေကို အနိုင်ရတဲ့ပွဲတွေမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ဝုဗ်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်တယ်။ ဒဏ်ရာက ပြင်းပြင်းထန်ထန် မဟုတ်ပေမယ့် နောက်ဆုံး နှစ်ပွဲကို မာနေး ပါဝင်ပေးနိုင်မှာ မဟုတ်ကြောင်းကို ကလော့ပ်က ကြိုတင် သတင်းပေးခဲ့သေးတာဖြစ်တယ်။ မန်နေဂျာကြီးက ” ဝက်ဟမ်းပွဲမှာကော ဆောက်သမ်တန်ပွဲမှာပါ… Continue Reading →

လီဗာပူးရဲ့ မယုံနိုင်လောက်တဲ့ တိုးတက်မှုကို ယူနိုက်တက်၊ မန်စီးတီးတို့နဲ့ နှိုင်းယှဉ်ပြောတဲ့ မိုးယက်စ်

ဝက်ဟမ်းမန်နေဂျာ မိုးယက်စ်က အတိတ်တုန်းက ယူနိုက်တက်ကို ပြိုင်ဘက်တိုင်းက အနိုင်ယူချင်ကြသလိုပဲ ဒီကနေ့မှာ လီဗာပူးကို ပြိုင်ဘက်တိုင်းက အနိုင်ကစားလိုနေကြပါပြီလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မိုးယက်စ်က ” လူတိုင်းက လီဗာပူးကို အနိုင်ရဖို့ ကြိုးစားလာကြတယ်။ ဒါက ဘောလုံးမှာ ဖြစ်နေတာပါပဲ။ ယူနိုက်တက်မှာ ကျနော်ရှိနေတုန်းက အဲ့လိုမျိုး ဖြစ်ခဲ့ပါတယ်။ လူတိုင်းက မန်ချက်စတာယူနိုက်တက် ဆိုတာနဲ့ အနိုင်ယူဖို ကြိုးစားလိုကြပြီး အသင်းတွေ တိုးတက်လာကြတယ်။ အကောင်းဆုံးအသင်းနဲ့ ယှဉ်ပြိုင်ရတိုင်းမှာ အသင်းတွေက ဘယ်လို အနိုင်ယူမလဲဆိုတာကို အဖြေထုတ်လိုကြတယ်။ မန်နေဂျာတွေက ဘယ်လို… Continue Reading →

အဲဗာတန်ကွင်း မှာ လီဗာပူးက ချန်ပီယံ အဖြစ် အောင်ပွဲခံမှာ ကြောက်နေတဲ့ အန်ဆာလော့တီ

လီဗာပူးအသင်းရဲ့ မြို့ခံ ပြိုင်ဘက် အဲဗာတန် အသင်း မန်နေဂျာ အန်ဆာလော့တီက ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို လီဗာပူး စောစောစီးစီး ရရင် အောင်ပွဲခံမှာက သူတို့ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့ခ် ဖြစ်မှာ မလိုလားကြောင်း ဖွင့်ဟလိုက်ပါတယ်။ ၎င်းက လီဗာပူး အောင်ပွဲခံနေတာကို ကြည့်မနေရဖို့ မျှော်လင့်ကြောင်း ဆိုခဲ့တာပါ။ လီဗာပူးအသင်းဟာ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၂၂ မှတ် ဖြတ် ဦးဆောင်ထားပြီး နှစ်ပေါင်း ၃၀ ကြာဝေးကွားနေတဲ့ အမှတ်ပေးဖလား ရယူဖို့ အနီးစပ်ဆုံး ဖြစ်နေပါပြီ။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!