Date

February 10, 2020

တနင်္လာနေ့အဖြစ် ဒီကနေ့မှာ ပြန်လည်စတင်တဲ့ လီဗာပူးအသင်း လေ့ကျင့်ရေးမှ သတင်းကောင်း

ဒီကနေ့မှာတော့ လီဗာပူးအသင်းသားတွေဟာ ဖေဖော်ဝါရီ အားလပ်ရက်ကနေ ပြန်ရောက်လာကြပြီဖြစ်ပြီး မဲဝုဒ် လေ့ကျင့်ရေးမှာ ပုံမှန် လေ့ကျင့်ရေးတွေကို ပြန်လည်စတင်ခဲ့ပြီဖြစ်ပါတယ်။ စီနီယာလေ့ကျင့်ရေး ပြန်ဝင်လာချိန်မှာပဲ လီဗာပူးအသင်းသားတွေထဲမှာ အားလပ်ရက်တွေ မရခင် ဒဏ်ရာပြဿနာတွေ ရထားတဲ့ မာနေးနဲ့ မီလ်နာတို့ ပြန်လည် ပါဝင်နေတာကို မြင်ခဲ့ရတယ်။ သူတို့ နှစ်ဦးဟာ ဒဏ်ရာပြဿနာတွေကြောင့် လီဗာပူးပွဲစဉ် အနည်းငယ်တွေကို လွဲချော်နေခဲ့တာဖြစ်ပြီး အခုလို စီနီယာလေ့ကျင့်မှု အပြည့်အစုံ လုပ်ချိန်မှာ ပါဝင်နိုင်ခဲ့တာဖြစ်တယ်။ မာနေး၊ မီလ်နာတို့အပြင် အခြားသော စီနီယာအသင်းသားတွေကို စုံစုံလင်လင် မြင်ခဲ့ရပြီး ဒဏ်ရာကနေ… Continue Reading →

စာချုပ်သစ်ရမယ့် ကြယ်ပွင့်၊ ၂ ဦးရောင်း ၁ ဦးဝယ်၊ မန်နေဂျာဆုအပြိုင်နှင့် လီဗာပူး ညနေခင်းသတင်းများ

ဒီကနေ့ဟာ လီဗာပူးကွင်းလယ်လူ ကီတာရဲ့ ၂၅ နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ လီဗာပူးဘက်ကတော့ လာမယ့်ရာသီမှာ ကီတာနဲ့ ချိန်ဘာလိန်ထံက အများကြီး မျှော်လင့်ထားတယ်လို့ သိထားရတာဖြစ်တယ်။ လူငယ် ညာအစွန်လူ နီကိုး ဝီလီယမ်ကို စာချုပ်သစ်ပေးပြီး အသင်းမှာ ကာလရှည်ထားဖို့ လီဗာပူးဘက်က ရည်ရွယ်နေပါတယ်။ နီကိုးဟာ လက်ကျန် ရာသီဝက်မှာ ပွဲထွက်ခွင့်တွေ ပိုရလာမယ်လို့ သတင်းကြီးနေပါတယ်။ လီဗာပူးဟာ ရှာကွီရီနဲ့ ဝဲလ်ဆန်ကို ပေါင် ၅၅ သန်းနဲ့ ရောင်းထုတ်ပြီး လိုက်ဇစ်တိုက်စစ်မှူး တီမို ဝါနာကို ခေါ်ယူဖို့ အကြံရှိထားပါတယ်။… Continue Reading →

အမ်မရေ ချန်နဲ့ လီဗာပူး စာချုပ်သစ်အတွက် ညှိနှိုင်းလို့ မရခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်း

ဂျာမန်သား ကွင်းလယ်ကစားသမား အမ်မရေချန်ဟာ အန်းဖီးမှာ အလားအလာရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ၎င်းအတွက် စာချုပ် သက်တမ်း တိုးဖို့ ညှိနှိုင်းခဲ့မှု မအောင်မြင်ခဲ့တာကြောင့် ၂၀၁၈ မှာ ဂျူဗင်တပ်အသင်းထံ စောစောစီးစီး လက်လွှတ်ခဲ့သူ ဖြစ်ပါတယ်။ ချန်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ခဲ့ရတာက ထိုစဉ်က လီဗာပူး အတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အန်းဖီးက ထွက်ခွာသွားပြီးနောက် ဂျူဗင်တပ်မှာ ချန်က ပွဲဦးထွက်ရာသီမှာ ၃၇ ပွဲ ကစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့်… Continue Reading →

လက်ရှိအသင်းကို သုံးသပ်လိုက်တဲ့ အမှတ်ပေးဖလား နောက်ဆုံးရအသင်းမှ အသင်းသားဟောင်းကြီး

လီဗာပူးအသင်းအတွက် ကာလရှည် အမှုထမ်းခဲ့ပြီး သုံးရာသီဆက် အမှတ်ပေးချန်ပီယံဖြစ်တဲ့ အသင်းအတွက် အဓိက ကစားသမားလည်းဖြစ်ခဲ့တဲ့ ဂန္တဝင်ကြီး ဂျန်မိုဘီက လက်ရှိ လီဗာပူးအပေါ် ကြီးကြီးမားမား တန်ဖိုးဖြတ်မှု လုပ်သွားခဲ့ပါတယ်။ မိုဘီဟာ လီဗာပူးနဲ့အတူ သုံးရာသီဆက် အမှတ်ပေးဖလား အနိုင်ရခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ခေတ်ဦးမှာလည်း သုံးရာသီတိုင် ကစားပေးခဲ့သူပါ။ သူဟာ လီဗာပူးအသင်း နောက်ဆုံးအကြိမ် အမှတ်ပေးဖလား အနိုင်ရတဲ့ အသင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိ လီဗာပူးအသင်းကို အတော်လေး သဘောတွေ့တာကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်လူဟောင်းကြီး ဂျန်မိုဘီက ” ဒီအသင်းဟာ လီဗာပူးအသင်းတွေထဲမှာ… Continue Reading →

လီဗာပူးသားစစ်စစ်ကြီး လမ်ဘတ်ရဲ့ အသင်းဖော်ဟောင်းအပေါ် မြတ်နိုးစွာ ချီးကျူးမှု

၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာ ဆောက်သမ်တန်ကနေ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ လီဗာပူးအသင်းထံ တစ်ရာသီ လာကစားခွင့်ရသွားခဲ့တဲ့ ကီရာဘီဖွား လီဗာပူးသားစစ်စစ်ကြီး ရစ်ကီလမ်းပတ်က လီဗာပူးအသင်းဖော်ဟောင်း ဟန်ဒါဆန်ကို ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။ လမ်ပတ်ဟာ ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေးခဲ့သူပါ။ အသင်းအကယ်ဒမီရှိရာ ကီရာဘီဝန်းကျင်မှာ မွေးဖွားခဲ့ပြီး အကယ်ဒမီကိုတောင် တက်ရောက်ခဲ့သေးပေမယ့် အသက် ၁၅ နှစ်အရွယ်မှာ အင်္ဂလန်တစ်ဝန်းကို စတင်ထွက်ခွာခဲ့သူဖြစ်တယ်။ သူ့အသက် ၃၂ နှစ်အရွယ်မှာတော့ ဘရန်ဒန်ရော်ဂျာရဲ့ ခေါ်ယူမှုဖြင့် ဆောက်တမ်သန်ကနေ လီဗာပူးကို ပြောင်းလာခဲ့ပြီး သွင်းဂိုး ၅ ဂိုး… Continue Reading →

မီယာမီ၊ မော်ဒိုက်တွေကနေ ဒီကနေ့မှာ မဲဝုဒ်ကို ပြန်လာကြတော့မယ့် လီဗာပူးအသင်းသားများ

ဖေဖော်ဝါရီလဝက်အတွင်း ရခဲ့တဲ့ ပရီးမီးယားလိဂ် ပထမဆုံးသော ဆောင်းရာသီ အားလပ်ရက်မှာတော့ လီဗာပူးအသင်းသားတွေက ကမ္ဘာနေရာအနှံကို အားလပ်ရက်ခရီးတွေ ထွက်နေကြတာပါ။ မန်နေဂျာယာဂင်ကလေ့ာပ်က ရာသီဝက်ကာလမှာ လေ့ကျင့်ရေး ဆင်းစေဖို့အစား ပြည့်ပြည့်ဝဝ အနားပေးမှုကို ခွင့်ပြုထားခဲ့တာဖြစ်ကာ ဒီကနေ့ တနင်္လာနေ့မှာတော့ အသင်းသားတွေက အားလပ်ရက်တွေကနေ မဲဝုဒ်ကို ပြန်လာပြီး လက်ကျန်ရာသီဝက်အတွက် ပြင်ဆင်မှုကို စတင်တော့မှာ ဖြစ်ပါတယ်။ အားလပ်ရက် ကာလအတွင်း လီဗာပူးအသင်းသားတွေကို တစ်ဦးချင်း လေ့ကျင့်ရေးတွေပါ ပြုလုပ်ဖို့ အသင်းဘက်က စီစဉ်ပေးခဲ့ပြီး ဗန်ဒိုက်၊ ချိန်ဘာလိန်၊ အယ်လီဆန်တို့ဟာ ကိုယ်ပိုင် အစီအစဉ်တွေနဲ့… Continue Reading →

အင်္ဂလန်မှာ မုန်တိုင်းတွေ ထန်နေပေမယ့် တစ်ကိုယ်တည်း လေ့ကျင့်နေတဲ့ မာနေး

တိုက်စစ်မှူး ဆာဒီယို မာနေးက ပရီးမီးယားလိဂ်တွေ ပြန်စတဲ့အခါ အဆင်သင့်ဖြစ်နေဖို့ ကြံ့ခိုင်မှုပိုင်း ပြန်လည် တည်ဆောက်မှုတွေ လုပ်နေတာကို သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ဖော်ပြသွားပါတယ်။ အင်စတာဂရမ်မှာ သူတင်ခဲ့တာက မဲဝုဒ်မှာ တစ်ဦးတည်း လေ့ကျင့်ရေး လုပ်နေတဲ့ ဗီဒီယိုဖြစ်ပြီး လိမ်ခေါက်ကျော်ဖြတ်မှုပိုင်းတွေကို လုပ်ပြီး ဂိုးသွင်းလေ့ကျင့်နေတာဖြစ်တယ်။ မာနေးကို ကြည့်ရတာ နော်ဝစ်ကိုသွားမယ့် ပရီးမီးယားလိဂ်ပွဲကို ပါဝင်ပေးဖို့တောင် အဆင်သင့်ဖြစ်နေပုံ ရပါတယ်။ ဝုဗ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မာနေးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဝက်ဟမ်းနဲ့ ဆောက်သမ်တန်ပွဲတွေကိုလည်း လွဲချော်ထားခဲ့တာပါ။ ဖေဖော်ဝါရီ… Continue Reading →

နွေအပြောင်းအရွှေ့အတွက် ပေါင် ၇၅ သန်း ထွက်လာဖို့ ကြိုတင် ပလန်ဆွဲနေတဲ့ လီဗာပူး

လီဗာပူးအသင်းရဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ အဖွဲ့၊ အငှားချကစားသမားများ စောင့်ကြည့်ရေးအဖွဲ့တို့ဟာ စီနီယာတိုးတက်မှုဆိုင်ရာ နည်းပြတွေနဲ့ ပေါင်းပြီး နွေအတွက် ပလန်တစ်ခုကို ကြိုတင်လျာထားမှုတွေ ရှိနေပါတယ်။ ယာဂင်ကလော့ပ်၊ အားကစားဒါရိုက်တာ အဒ်ဝတ်၊ FSG ကိုယ်စားလှယ် မိုက်ဂေါ်ဒန်တို့ဟာ နွေမှာ ကလပ်အသင်းအတွက် ကစားသမားသစ် ခေါ်ယူဖို့ကိစ္စတွေကို ပူးပေါင်း လုပ်ဆောင်မှာဖြစ်ပါ။ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီနွေမှာတော့ ကစားသမား ရောင်းထုတ်မှုတွေကို ပြတ်ပြတ်သားသား လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လီဗာပူးဟာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် လယ်လာနာ၊ ကလိုင်းတို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာခွင့်ပေးမှာဖြစ်ပြီး စီနီယာ ကစားသမားအချို့ကို… Continue Reading →

လီယွန်နယ် မက်ဆီကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖြစ်လာတဲ့ လီဗာပူးတိုက်စစ်မှူး

လီဗာပူးအသင်း တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ နောက်ဆုံး တွက်ချက်မှုတွေအရ ၎င်း တန်ကြေးဟာ လီဗာပူးအသင်းထံ ရောက်လာစဉ် ကထက် လေးဆထိ ခုန်တက်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။ အီဂျစ်သား မာဆေးဆိုဒ် စရောက်စဉ်က အခုလို ခြေစွမ်းပြမှုမျိုးထိ ပရိသတ်များက မမျှော်လင့်ခဲ့ကြပါဘူး။ လီဗာပူးအသင်းဟာ ဆာလက်ကို ၂၀၁၇ မှာ စီးရီးအေကလပ် ရိုးမားထံက ယူရို ၄၂ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ထိုစဉ်က ဈေးကွက် တန်ဖိုးဖြတ်မှုမှာ ဆာလက် တန်ကြေးကို ယူရို ၃၅… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!