Date

February 11, 2020

လေ့ကျင့်ရေးစင်တာ၊ အန်ဖီးကွင်း၊ စတီဗင်ဂျရတ်၊ တိုက်စစ်မှူးကင်းထောက်ခြင်းနဲ့ ညနေခင်းသတင်းများ

လီဗာပူးအသင်းဟာ ဂျန့်အသင်းမှ အသက် ၂၀ အရွယ် ကနေဒါ တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်ကို ကင်းထောက် စောင့်ကြည့်နေပါတယ်။ တိုက်စစ်သမားဟာ အမ်ဘာပေးနဲ့ တိုက်စစ်ပိုင်း ဆင်တူသူလို့ နာမည်ရနေပြီး ဒီရာသီမှာ သွင်းဂိုး ၁၇ ဂိုးထိ ရယူထားပါတယ်။ ကော်တင်ညိုဟာ လီဗာပူးအသင်းမှာ ရှိနေစဉ်ကလိုပဲ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု လုပ်နိုင်စွမ်း ရှိနေဆဲဖြစ်ကာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်မှာ အဓိက ရုန်းကန်နေရတာက သူ့အပေါ် ပရိသတ်တွေရဲ့ အားပေးမှုနဲ့ သူ့အပေါ်မှာ ဖိအားဝင်နေတဲ့ ပြောင်းရွှေ့ကြေးကြောင့်ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။… Continue Reading →

အာဖရိကကစားသမား မဟုတ်တဲ့ အသက် ၂၀ အရွယ် တိုက်စစ်မှူးနှစ်ဦးကို လီဗာပူး စောင့်ကြည့်

လီဗာပူးနာမည်ကျော် ဖန်းဆိုဒ်တွေဖြစ်တဲ့ TIA တို့က ဖော်ပြမှုအရ ကလပ်အသင်းဟာ လူသစ်ခေါ်ယူမှုအတွက် ကင်းထောက်မှုမှာ အာဖရိက ကစားသမားမဟုတ်တဲ့ အသက် ၂၀ အရွယ် တိုက်စစ်သမား နှစ်ဦးကို ကင်းထောက်နေတယ်လို့ သိရပါတယ်။ ဘရာဇီးကလပ် ဖလူမီနန်စ်အသင်းမှ အသက် ၂၀ အရွယ် ဘရာဇီးသား တိုက်စစ်မှူး အဲဗန်လီဆန်ကို ကလပ်ဘက်က ကင်းထောက်ပြီး စောင့်ကြည့်နေတာဖြစ်တယ်။ အလားအလာရှိတဲ့ တိုက်စစ်မှူးဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်ကိစ္စကတော့ အနည်းငယ် ရှုပ်ထွေးဖွယ် ရှိလာပါတယ်။ အဲဗန်လီဆန်ဟာ ဖေဖော်ဝါရီမှာတော့ ဖလူမီနန်စ်နဲ့ စာချုပ်ကုန်မှာဖြစ်ပြီး အခြားသော… Continue Reading →

ပရီးမီးယားလိဂ်ဖလား မြောက်နိုင်ဖို့ လီဗာပူးကို စတီဗင် ပြန်လာဖို့ မဖြစ်နိုင်ကြောင်း စီအီးအို ထုတ်ပြော

လီဗာပူးကို ဘဝတစ်လျှောက်လုံး အားပေးလာခဲ့တဲ့ အမာခံပရိသတ်နဲ့ ကလပ်အသင်း စီအီးအို ပီတာမိုးက အသင်းဂန္တဝင်ကြီး စတီဗင်ဂျရတ်ကို ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်ခွင့်ရစေဖို့ နေရာပြန်ပေးဖို့ ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းတွေကို ပယ်ချလိုက်ပါတယ်။ မီဒီယာတွေကနေ စတင်လာပြီး ကလပ်အသင်းပရိသတ်တွေ ရင်ထဲက ခံစားချက်ကို ပွင့်အံစေတဲ့ အဆိုပါ မေးခွန်းအတွက် များစွာသော ပရိသတ်တွေကတော့ ရက်စ်ဆိုတဲ့ အဖြေကို ကြားလိုမှာပါ။ ဒါပေမယ့်လို့ ကလပ်အသင်းတစ်သင်းအတွက် အဲ့သည်လို လုပ်ဆောင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလို့ ပီတာမိုးက ပြောပါတယ်။ အသက် ၃၉ နှစ်အရွယ် လီဗာပူးသားကြီး… Continue Reading →

လီဗာပူးအသင်း အောင်မြင်လာခြင်းရဲ့ အဓိက အကြောင်းရင်းကို ထောက်ပြသွားတဲ့ ကာရေဂါ

လီဗာပူးဂန္တဝင်ကြီး ကာရေဂါက လက်ရှိ လီဗာပူးအသင်းအတွက် အဓိက အကျိုးဖြစ်မှုဟာ မန်နေဂျာ ယာဂင်ကလော့ပ်ရဲ့ ခေါ်ယူမှုတွေကြောင့် ဖြစ်သလို ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် သူ့ရဲ့ ကိုင်တွယ်မှုကြောင့်လို့ ထုတ်ပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လီဗာပူးဟာ အရှက်ရစရာ အနေအထားအဖြစ် ထိုစဉ် ဝင်ဘာလေကွင်းကို ယာယီအိမ်ကွင်းအဖြစ် အသုံးပြုနေတဲ့ စပါးကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဆာလက်၊ ဖာမင်နိုလို ကစားသမားတွေနဲ့ ကော်တင်ညို၊ ချန်တို့လို ကွင်းလယ်တွေလည်း ပါဝင်ခဲ့တဲ့ ပွဲအပြီးမှာ ကလော့ပ်က ပွဲအရေးနိမ့်မှုအတွက် သူ့တာဝန်ယူတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။… Continue Reading →

အမေးအဖြေ ကဏ္ဍာမှာ ရိုဘိုကို အကြီးကြီးဖဲ့ပြီး စိတ်လှုပ်ရှားစရာ ရွေးချယ်မှုတွေ လုပ်သွားတဲ့ ထရန့်

ကနဦး ပြောလိုတာက ဒီ အမေးအဖြေတွေဟာ တွစ်တာမှာ ဖော်လိုဝါ ၁ သန်းပြည့်တဲ့ အနေနဲ့ ထရန့်က ပြန်လည် ဖြေဆိုမှုတွေ လုပ်ပေးတာဖြစ်ပြီး သူဟာ အပျော်သဘောဖက်တဲ့ အဖြေတွေကို လုပ်ပေးသွားတာဖြစ်ပါတယ်။ ထရန့်ဟာ သူ့ရဲ့ ကစားသမားဘဝ သွင်းဂိုတွေထဲမှာ အကြိုက်ဆုံး သွင်းဂိုးအဖြစ် ဟော့ဖင်ဟိန်းနဲ့ ချန်ပီယံလိဂ် ခြေစစ်ပွဲ သွင်းဂိုးကို ရွေးခဲ့ပါတယ်။ အဆိုပါ ဖရီးကစ်ဂိုးဟာ သူ့ကစားသမားဘဝ ပထမဆုံးသော လီဗာပူး စီနီယာဂိုး ဖြစ်ပါတယ်။ ကျောနံပါတ် ၆၆ ကို ဝတ်ဆင်နေတဲ့ ထရန့်က… Continue Reading →

ပရိသတ်တွေကို စဉ်းစားစရာတွေ ဖြစ်လာစေမယ့် လီဗာပူး အကောင်းဆုံး ကစားသမား

ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူးအသင်းသားတွေက ပြိုင်ဘက် အသင်းသားတွေကို ခပ်ဝေးဝေး ကျော်ဖြတ်ထားနိုင်တာကို မြင်တွေ့ရပါတယ်။ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ရေပန်းစားစာရင်းမှာ ဟန်ဒါဆန်၊ မာနေး၊ ဗန်ဒိုက်၊ ဆာလက်၊ ဖာမင်နို၊ ထရန့် တို့တွေ ပါဝင်နေတာဖြစ်ပြီး ပြိုင်ဘက် အသင်းသားတွေထဲမှာ ဒီဘရိုင်း၊ ဗာဒီတို့လောက်ပဲ ပါဝင်နေတာပါ။ ဒါကြောင့် ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း လီဗာပူးအသင်းသား တစ်ဦးကပဲ သုံးနှစ်ဆက်အဖြစ် ရယူသွားဖို့ များနေတာဖြစ်တယ်။ ထပ်ပြီး… Continue Reading →

ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်သင့်တဲ့ အဓိက အကြောင်းရင်းကို မာဖီ ထောက်ပြ

လီဗာပူးကွင်းလယ်လူဟောင်း မာဖီက တိုက်စစ်အားသန် ကစားသမားဖြစ်သူ ဝဲလ်ဆန်ဟာ ရုပ်ပိုင်းဆိုင်ရာ အားနည်းလွန်းပြီး လီဗာပူးကစားကွက်နဲ့ ကိုက်ညီမှု မရှိတာကြောင့် ရောင်းထုတ်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဝဲလ်ဆန်ဟာ အသက် ၂၂ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ဒီရာသီမှာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဘောလုံးရာသီကို စတင်နေတာဖြစ်တယ်။ ဘုန်းမောက်မှာ ခြေစွမ်းကောင်းပြီး ၁၈ ကြိမ် ပွဲထွက်ထားကာ ၇ ဂိုးထိ သွင်းယူထားနိုင်တာဖြစ်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ လူကောင်သေးပြီး မြန်ဆန်မှု နည်းပါးခြင်းက ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တစ်နေရာကို လွဲပြောင်းယူဖို့… Continue Reading →

ယာဂင်ကလော့ပ်နဲ့ အရေးကြီးကိစ္စ ဆွေးနွေးဖို့ မဲဝုဒ်ကို ရောက်ရှိလာတဲ့ ကလပ်အသင်း ဥက္ကဌ

မနေ့က လီဗာပူးအသင်း လေ့ကျင့်ရေးမှာ မာနေး ပြန်လည်ပါဝင်လာတာက သတင်းကောင်းဖြစ်ခဲ့ပြီး ထူးခြားသတင်းအနေနဲ့ အသင်းဥက္ကဌဟာ အသင်းအုပ်ချုပ်ရေးပိုင်းမှ ယာဂင်ကလော့ပ် အပါအဝင် အခြားသော ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ မဲဝုဒ်ကို ရောက်နေခဲ့ပါတယ်။ တွမ်ဝါနာဟာ လီဗာပူးအသင်းကို ကိုယ်စားပြုပြီး ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးကို တက်ရောက်ဖို့ အင်္ဂလန်ကို ရောက်လာတာပါ။ လာမယ့် နွေအပြောင်းအရွှေ့ကို အခြားသော ဥရောပလိဂ်တွေလိုပဲ သြဂုတ်လအကုန်ထိ ပြန်ထားဖို့ လန်ဒန်မှာလုပ်တဲ့ ဆွေးနွေးမှုမှာ အတည်ပြုခဲ့ကြပြီလည်း ဖြစ်တယ်။ ဝါနာဟာ လီဗာပူးမှာ အရင်အပတ်ထဲက ရှိနေတာဖြစ်ပြီး အမေရိကန်ကြီးက… Continue Reading →

ယူရို ၃၅ သန်း ပယ်ချခံရ ထရန့်ကြိုက်တဲ့ ကစားသမား မာနေး ဖာမင်နို ကော်တင်ညိုနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးမှာ တည်ကန်ဘောကန်တာ ထူးချွန်တဲ့ ကစားသမားက ထရန့် တစ်ဦးတည်း မဟုတ်ပဲ ဟန်ဒို၊ ဆာလက်၊ ဗန်ဒိုက်တို့ကလည်း လေ့ကျင့်ရေးမှာ တည်ကန်ဘောတွေကို ကန်ယူမှုတွေ ကောင်းမွန်ကြပါသေးတယ်။ လေဗာကူဆင်အသင်းက လိဂ်ရဲ့ ထိပ်ဆုံးမှာ ရှိမနေကြောင်း သူတို့ကို ဝေဖန်တဲ့ ယူနိုက်တက် ပရိသတ်အား တွစ်တာကနေတစ်ဆင့် မင်းတို့အသင်းက လီဗာပူးနဲ့ ၃၈ မှတ်တောင် ကွာနေတာပါလို့ ပြန်လည် တုန့်ပြန်သွားပါတယ်။ လီဗာပူးဟာ ဇန်နဝါရီလတုန်းက ဗီလာရီးရဲတောင်ပံသမား ဆမ်မြူရယ် ချူကွာဇီကို ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လာလီဂါကလပ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!