Date

February 15, 2020

ဖာမင်နိုက အစားထိုးလို့ရတယ်ဆိုတာနဲ့ ဖာမင်နိုက ဆုံးရှူံးခံလို့မရသူဆိုတဲ့ မတူညီတဲ့ အမြင်နှစ်ခု

လီဗာပူးအတွက် ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ ဖာမင်နိုက အစားထိုးလို့ရတယ်ဆိုတာနဲ့ ဖာမင်နိုက အစားထိုးမရနိုင်ဘူးဆိုတဲ့ မတူညီတဲ့ အမြင်နှစ်ခုဟာ ဆွေးနွေးစရာ ခေါင်းစဉ်အဖြစ် ဒီအပတ်တွေမှာ ထွက်ပေးလို့နေပပါတယ်။ ဖာမင်နိုကို ၂၀၁၁ ခုနှစ်က ဘရာဇီးကနေ ဥရောပကလပ် ဟော့ဖင်ဟိန်းကို မထင်မရှား လူငယ်လေးတစ်ဦးအဖြစ်နဲ့ ခေါ်ယူလာခဲ့ပြီး နေရာတစ်နေရာအတွက် စတင်ပေးခဲ့သူ Lutz Pfannenstiel က ဖာမင်နိုဟာ လီဗာပူးရဲ့ မရှိမဖြစ် တန်ဖိုးအကြီးဆုံး ကစားသမားပါလို့ ညွှန်းဆိုပါတယ်။ Lutz က ” လူတိုင်းက မာနေးနဲ့ ဆာလက်တို့ရဲ့ သွင်းဂိုးတွေအကြောင်းပဲ… Continue Reading →

ဆာလက်ကို ချီးကျူးအသိအမှတ်ပြုခြင်း မရှိဘူးဆိုတဲ့ မှတ်ချက်များ အပေါ် ကလော့ပ် တုန့်ပြန်

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်ဟာ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေပေမယ့် အန်းဖီးမှာ ချီးကျူး အသိအမှတ် ပြုခြင်းများ မခံယူနေရဘူး ဆိုတဲ့ မှတ်ချက်များအပေါ် ကလော့ပ်က ရယ်မောပြီး တုန့်ပြန်ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။ ဆာလက်ဟာ လီဗာပူးအသင်းထံ ၂၀၁၇ နွေမှာ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းအတွက် ၁၃၇ ပွဲ ကစားပြီးချိန်မှာ ၈၉ ဂိုးထိ ခြေစွမ်းပြ စွမ်းဆောင်ထားပါတယ်။ ပရီးမီးယားလိဂ်မှာ ဆိုရင်လည်း ၇၂ ပွဲ ကစားပြီးချိန်မှာတင် ဂိုး ၅၀ ပြည့်ခဲ့တာ… Continue Reading →

အိုလံပစ်နဲ့ ဆာလက်၊ တီကိုအသင်းသားတွေ ပြန်လာမှု၊ ဒီဘရိုင်း၊ ဗင်နီးဆီးယက်စ်နဲ့ လီဗာပူး ညနေခင်းသတင်းများ

အီဂျစ် အိုလံပစ်ပြိုင်ပွဲဝင် ယူ-၂၃ အသင်းဟာ နွေမှာ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ကို ပါဝင်သွားဖို့ သေချာနေပေမယ့် ကလပ်အသင်းတွေက အိုလံပစ်အတွက် ကစားသမား မဖြစ်မနေ စေလွှတ်ရမယ်ဆိုတဲ့ ချုပ်နှောင်ခံထားရမှု မရှိဘူးလို့ သိရပါတယ်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အိုလံပစ်ကို ဆာလက် ပါဝင်သွားမယ်လို့ အတည်ပြုထားပေမယ့် ဆာလက်နဲ့ လီဗာပူးဘက်က အတည်ပြု သတင်းထုတ်ပြန်တာမျိုး မရှိသေးတာကြောင့် ညိနှိုင်းနေဆဲလို့ ယူဆရပါတယ်။ မန်နေဂျာယာဂင်ကလော့ပ် လီဗာပူးအသင်းသားတွေအား အနီရောင်ဂျာစီကို ဝတ်ဆင်ပြီး လီဗာပူးအသင်းကို ကိုယ်စားပြုဖို့ ထိုက်တန်သူတွေဖြစ်ကြောင်း သက်သေပြဖို့ တောင်းဆိုသွားပါတယ်။ အင်္ဂလန်သတင်းဌာနအချို့က လီဗာပူးရဲ့… Continue Reading →

လီဗာပူးပရိသတ်တွေကြား အမ်ဘာပီထက်တောင် အရှိန်မြင့်သွားတဲ့ ဒီဘရိုင်း တောင်းဆိုမှု

ဒီကနေ့မနက်မှာတော့ ပရီးမီးယားလိဂ်ကလပ်တစ်သင်းဖြစ်တဲ့ မန်စီးတီးဟာ ဥရောပ ဘဏ္ဍာရေးဆိုင်ရာ ချိုးဖောက်မှုကြောင့် ဥရောပပွဲ နှစ်နှစ်ပယ် ပြစ်ဒဏ်နဲ့အတူ ဒဏ်ငွေ ပေါင် ၂၅ သန်း ကျသင့်ဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ပါတယ်။ မန်စီးတီးဘက်က အယူခံဝင်မှုကို ချက်ခြင်းလုပ်ဆောင်ထားပြီး နောက်ဆက်တွဲအားဖြင့် ပရီးမီးယားလိဂ်ကလည်း မန်စီးတီးအပေါ် အရေးယူမှုတွေ ပြုလုပ်ဖွယ်ရှိတယ်။ မမှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ အောင်မြင်မှုတွေကို ရယူနေတယ်ဆိုရင် အဲ့သည် အောင်မြင်မှုကို ရင်ဆိုင် ဆန့်ကျင်သင့်တယ်ဆိုတာက ဒီကနေ့ အင်္ဂလန်မီဒီယာတွေမှာ ရေပန်းစားတဲ့ ဝေဖန်ချက်လည်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း… Continue Reading →

အိပ်မက်တွေ မက်မနေပဲ လီဗာပူးအတွက် မှန်ကန်တဲ့ ကိုယ်စားပြုသူတွေဆိုတာ ပြသဖို့ ကလော့ပ် တိုက်တွန်း

မန်နေဂျာ ယာဂင်ကလော့ပ်က ကလပ်အသင်းဟာ ရာသီအကုန်မှာ ရောက်လာမယ့် အောင်မြင်မှုတွေအတွက်ထက် နေ့စဉ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အာရုံစိုက်နေပါတယ်လို့ နော်ဝစ်ပွဲကြိုမှာ ထုတ်ပြောပါတယ်။ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးဟာ ဒီအပတ်မှာတော့ နော်ဝစ်ကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အက်သလက်တီကို ပွဲမတိုင်ခင်မှာ အသင်းရဲ့ ပုံစံကောင်းတွေကို ထိမ်းသိမ်းဖို့ အာရုံစိုက်နေရမှာပါ။ ဒီပွဲတွေပြီးရင် နောက်လမှာတော့ ချယ်ဆီးနဲ့ အရေးပါတဲ့ အက်ဖ်အေပွဲလည်း ရှိနေတာဖြစ်တယ်။ ကလော့ပ်ကတော့ အနာဂတ်ဆိုတဲ့ အချိန်ကာလကို ကျော်မကြည့်ပဲ လက်ရှိကာလကို အာရုံစိုက်ကာ အိပ်မက်တွေအတွက် စိတ်ကူးယဉ်မနေကြဖို့နဲ့ လီဗာပူးအတွက်… Continue Reading →

နော်ဝစ်အတွက် အကောင်းဆုံးထုတ်မလား တီကိုအတွက် ချန်ထားမလား ရွေးရမယ့် ပွဲကြို လူစာရင်း နှစ်မျိုး

ဒီကနေ့မှာတော့ လီဗာပူးဟာ အမှတ်ပေးဇယား အဆင့် ၂၀ နေရာက နော်ဝစ်အသင်းရဲ့ အိမ်ကွင်းထံ သွားရောက်ပြီး ပရီးမီးယားလိဂ်ပွဲ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ လီဗာပူး လေ့ကျင့်ရေး အစီအစဉ်တွေမှာ မီလ်နာနဲ့ မာနေးတို့ ပြန်သက်သာလာပေမယ့် ရှာကွီရီ ကလိုင်းတို့ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်း မရှိပါဘူး။ ဒီအပတ်ပွဲအပြီးမှာ အက်သလက်တီကိုကွင်းထံ ချန်ပီယံလိဂ်ပွဲ သွားကစားဖို့ ရှိတာကြောင့် မန်နေဂျာ ယာဂင်ကလော့ပ်က အဓိက ကစားသမားတွေကို ထုတ်သုံးမလား အနားပေးမလားဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လီဗာပူးဟာ အမှတ်ပေးဇယားကို ၂၂ မှတ်ထိ ဖြတ်ထားတာကြောင့်… Continue Reading →

တစ်နေရာကလွဲပြီး လီဗာပူးအသင်းသား ၁၀ ဦး ပါဝင်သွားနိုင်တဲ့ PFA အကောင်းဆုံး ၁၁ ဦးအသင်း

၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အကောင်းဆုံး ယှဉ်ပြိုင်နေတဲ့ လီဗာပူးအသင်းဟာ ဒီနှစ်ရဲ့ အကောင်းဆုံး ၁၁ ဦး အသင်းမှာ နေရာ ၁၀ နေရာထိ အနိုင်ရသွားနိုင်တယ်လို့ ဒေးလီးမေလ်းက ဖော်ပြခဲ့ပါတယ်။ တစ်ရာသီလုံး ရံှူးပွဲမရှိသလို သရေပွဲ တစ်ပွဲရှိတဲ့ လီဗာပူးအသင်းဟာ အဆုံးသတ်ကာလတွေအတွက် အကောင်းဆုံး လုပ်ပြဖို့ အချိန် ကျရောက်လာပြီဖြစ်တယ်။ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ယူနိုက်တက်က တစ်နှစ်တာ အကောင်းဆုံးအသင်းအတွင်း လီဗာပူးမှ စတီဗင်ဂျရတ်၊ ချယ်ဆီးမှ ဒရော့ဘာနဲ့ စပါးမှ ဘာဘာတော့ဗ်ကလွဲရင် ကျန် ၈ နေရာလုံး… Continue Reading →

မန်နေဂျာကောင်း ဖြစ်လိုသူတိုင်း ကလော့ပ်နဲ့ လီဗာပူးကို လေ့လာဖို့ လိုပါတယ်ဆိုတဲ့ လိုက်ဇစ်မန်နေဂျာ

ဂျာမနီကလပ် လိုက်ဇစ်အသင်း မန်နေဂျာဖြစ်သူ နေဂဲလ်စမန်းက သူဟာ ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာဖို့အတွက် လီဗာပူးပွဲတွေကို လေ့လာ ကြည့်ရှုပါတယ်လို့ ဝန်ခံပြောဆိုမှု လုပ်ခဲ့ပါတယ်။ ဘွန်ဒက်လီဂါသမိုင်းမှာ အသက်အငယ်ဆုံး မန်နေဂျာလည်းဖြစ်တဲ့ နေဂဲလ်စမန်းဟာ အသက် ၃၂ နှစ်အရွယ်ပဲ ရှိသေးတာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို ကြည့်ရှုလေ့လာကာ သူ့ရဲ့ ကိုယ်ပိုင် မန်နေဂျာအလုပ်တွေမှာ အကူအညီဖြစ်စေဖို့ ကြိုးစားပါတယ်လို့ ဆိုခဲ့တာဖြစ်တယ်။ လိုက်ဇစ် မန်နေဂျာက “ လီဗာပူးနဲ့ မန်စီးတီးပွဲတွေ အများကြီး ကျနော် ကြည့်ပါတယ်။ မနှစ်တုန်းက မန်စီးတီးက… Continue Reading →

ပြိုင်ဘက် ဥရောပဝင်ခွင့် ပိတ်ခံရခြင်း၊ ကစားသမားစောင့်ကြည့်ခြင်းတွေနဲ့ လီဗာပူးနံနက်ခင်း သတင်းများ

အမှတ်ပေးဖလားပြိင်ဘက် မန်စီးတီးဟာ ယူအီးအက်ဖ်အေ စည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် ဥရောပပွဲတွေကို ၂ ရာသီဆက်တိုက် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း ရမှတ်လျော့ပစ်ဒဏ်ကို ရင်ဆိုင်သွားရတော့မှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူဖို့ အီတလီ အင်အားကြီး ကလပ်နှစ်သင်းဘက်က ဆွေးနွေးမှုတွေ စတင်လာခဲ့ပြီဖြစ်ပါတယ်။ အဒမ်ဟာ ရာသီကုန်မှာတော့ ၆ နှစ်ကြာ ကျင်လယ်ခဲ့တဲ့ ကလပ်ကနေ ထွက်ခွာသွားတော့မှာပါ။ အာဆင်နယ်မန်နေဂျာ အာတီတာက လီဗာပူးနဲ့ သတင်းထွက်နေတဲ့ လူငယ်လေး ဆာကာကို အသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။ မန်နေဂျာယာဂင်ကလော့ပ်က… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!