Date

February 17, 2020

BREAKING: လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲကို အက်သလက်တီကို အဓိက တိုက်စစ်သမား လွဲချော်မည်

အက်သလက်တီကို မက်ဒရစ်ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ ဝမ်ဒါ မီထရိုပိုလီတာနို ကွင်းကို လီဗာပူးတို့ ချန်ပီယံလိဂ်ပွဲ လာရောက် ကစားချိန်မှာ သူတို့ စံချိန်တင် ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်သမား ဂျာအိုဖိလစ် မပါဝင်ဘဲ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ ဖိလစ်က တနင်္လာနေ့ ပွဲကြို ထရိန်နင်မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဖိလစ်ဟာ ဇန်နဝါရီလထဲ လီဂါနက်စ်ကို ဂိုးမရှိ သရေကျတဲ့ ပွဲကနေ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကနေ နောက်ဆက်တွဲတွေ ရှိနေဆဲ ဖြစ်ပြီး အက်သလက်တီကိုရဲ့ နောက်ဆုံး… Continue Reading →

တီကိုပွဲကြို လေ့ကျင့်ရေး၊ ကတ်ဝဲလ်၊ အာဆင်နယ်လူငယ်၊ ဆန်ချို၊ ဝါနာ ထူးခြားကိစ္စနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးရဲ့ ပစ်မှတ်ထဲမှာ ဝါနာက ထိပ်ဆုံးမှာရှိနေတာက ဂျာမနီတိုက်စစ်သမားဟာ ဆန်ချိုနဲ့ အမ်ဘာပေးထက် ဈေးပိုသက်သာလို့ဖြစ်ပြီး ပစ်မှတ်ကို သေချာပေါက် ရွေးရသေးခြင်း မရှိဘူးလို့ သိရပါတယ်။ အက်သလက်တီကို ပွဲကြို လီဗာပူးရဲ့ ပွဲကြို လေ့ကျင့်ရေးမှာ အသင်းသားအားလုံး အစုံအလင် ပါဝင်လာပေမယ့် ရှာကွီရီကတော့ ပါဝင်လာနိုင်ခြင်း မရှိပါဘူး။ ဒီကနေ့ လေ့ကျင့်ရေးမှာ လူငယ်ကစားသမား လူးဝစ် လောင်းစတပ်လည်း ပါဝင်ခွင့် ရထားပါတယ်။ မန်စီးတီးက အင်္ဂလန်ပြည်တွင်း အရေးယူမှုမှာ ရမှတ်လျော့ ပြစ်ဒဏ် ကျခံရမလား ၂၀၁၄ ခုနှစ် ချန်ပီယံဖြစ်ခဲ့မှုကို… Continue Reading →

လီဗာပူးက ဝါနာပဲ စိတ်ဝင်စားတာ မဟုတ်သလို ဆန်ချိုကို မခေါ်ဖို့လည်း စိတ်ပိုင်းဖြတ်ထားခြင်း မရှိဘူး

အင်္ဂလန်မီဒီယာဖြစ်တဲ့ ဒေးလီးမေလ်းက ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် ဝင်ရောက်ကမ်းလှမ်းဖို့ လီဗာပူးက စိတ်ဝင်စားနေပါကြောင်း သတင်းကြီးတစ်ရပ် ဖော်ပြခဲ့ပြီး နောက်ဆက်တွဲမှာ လီဗာပူးသတင်းထောက်တွေက ပြန်လည် ငြင်းဆန်တဲ့ သတင်းတွေ ထွက်ပေါ်လာတာကို မှတ်မိကြမှာပါ။ လီဗာပူးသတင်းထောက်ဖြစ်ပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ စစ်မှန်တဲ့ သတင်းတွေကိုပဲ ဖော်ပြလေ့ရှိတဲ့ ဂျိမ်းပီယာ့စ်က The Athletic သတင်းဌာနကနေ အဆိုပါ သတင်းကို ငြင်းဆန်ခဲ့ပါတယ်။ သူက လီဗာပူးဟာ ဝါနာကိုပဲ ကမ်းလှမ်းမယ်လို့ အခိုင်အမာ ပြောဆိုတယ်။ နောက်ဆက်တွဲ ပြန်ရှင်းမှုမှာ… Continue Reading →

လီဗာပူးရဲ့ Epic Comeback ကို ခွင့်ပြုလိုက်ရတဲ့အပေါ် ပထမဆုံးအကြိမ် ဖွင့်ဟလာတဲ့ ဗယ်ဗာဒီ

လွန်ခဲ့တဲ့ ၉ လခန့်က ဘာစီလိုနာရဲ့ ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံး နာကျင်မှုလို့ ဆိုနိုင်တဲ့ ဖြစ်ရပ်အဖြစ် အန်ဖီးကွင်းမှာ လီဗာပူးကို ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းကို ထိုစဉ် ဘာစီလိုနားမန်နေဂျာဖြစ်သူ ဗယ်ဗာဒီက ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် မန်နေဂျာဟာ အဆိုပါပွဲ နောက်ပိုင်း ဘာစီလိုနာ ပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်ခဲ့ရပြီး ဒီရာသီမှာတော့ ရာထူးကနေတောင် ထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်။ ဗယ်ဗာဒီက လီဗာပူးနဲ့ပွဲကို ဂိုးပြတ် အရေးနိမ့်ခဲ့မှုမှာ အဓိကက အိုရီဂီရဲက အဖွင့်ဂိုးကို ခွင့်ပြုလိုက်ရခြင်းနဲ့ ဝိုက်နယ်ဒမ်ရဲ့… Continue Reading →

ဒီရာသီ လီဗာပူးပရိသတ်တွေ အလိုချင်ဆုံး ကြယ်ပွင့်အတွက် ပေါင် သန်း ၃၀ သုံးရမယ့် လီဗာပူး

တနင်္လာနေ့အတွက် ကလပ်အသင်းတွေရဲ့ ထူးခြားဆိုင်ရာ သတင်းတွေကို ပုံမှန်တင်ဆက်နေတဲ့ The Athletic သတင်းထောက် Ornstein ကတော့ ဒီအပတ်အတွက် သတင်းထူးထဲမှာ လီဗာပူးနဲ့ သက်ဆိုင်တဲ့ တစ်သင်းတစ်ခု ပါဝင်ခဲ့ပါတယ်။ လီဗာပူးဟာ ဥရောပချန်ပီယံကာကွယ်ဖို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အစရှိတဲ့ ဦးတည်ချက်တွေအတွက် ကွင်းထဲမှာ ကြိုးစားနေကြသလို ကစားကွင်းနောက်ကွယ်က လှုပ်ရှားမှုအဖြစ် လာမယ့်ရာသီအတွက် ခေါ်ယူမယ့် ကစားသမားကောင်းတွေကို စုစည်းနေတာပါ။ The Athletic က ဖော်ပြရာမှာတော့ လီဗာပူးဟာ နော်ဝစ်ကွင်းလယ်လူ ကတ်ဝဲလ်ကို နွေမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားမှုကို အရှိန်မြင့်လာတယ်လို့… Continue Reading →

ဆာလက်နဲ့ ပက်သက်တဲ့ လီဗာပူးရဲ့ ဆုံးဖြတ်ချက်ကို ဖီဖာက အရေးယူမည် မဟုတ်

အီဂျစ်လက်ရွေးစင်မန်နေဂျာ Shawky Gharib က နွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဂျပန် တိုကျိုအိုလံပစ်မှာ ဆာလက်ကို ယူ-၂၃ အသင်းအတွက် ရွေးချယ်ထားပါကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။ အကယ်လို့ အဆိပါ ပြိုင်ပွဲကို ဆာလက် ပါဝင်ဖို့ သဘောတူညီခဲ့မယ်ဆိုရင် ဂျူလိုင်လ ၂၂ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့ကြားမှာ အာရှကို လာရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒါဆိုရင်တော့ လီဗာပူးရဲ့ ရာသီကြို ပြင်ဆင်မှုကို ပါဝင်သွားမှာ မဟုတ်တော့တဲ့အပြင် အစောပိုင်း ပွဲအနည်းငယ်ကိုပါ လွဲချော်သွားနိုင်တာ ဖြစ်ပါတယ်။ မနှစ်ကလည်း… Continue Reading →

တီကိုနဲ့ပွဲမှာ အရေးပါမယ့် ပြိုင်ဘက်အသင်းသားနဲ့ စီးရီးအေမှာ ချန်ပီယံဖြစ်စေလိုတဲ့ အသင်းကို ကလော့ပ် ဖွင့်ဟ

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ချန်ပီယံလိဂ်ပြိုင်ဘက် အက်သလက်တီကိုက ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားပေမယ့်လည်း ဆီမြွန်နီရှိနေတာကြောင့် စိုးရိမ်မိနေဆဲလို့ ဝန်ခံလိုက်ပါတယ်။ တီကိုဟာ ဒီနောက်ပိုင်း ကာလတွေမှာ တိုက်စစ်ပိုင်း ပြဿနာတွေ ရင်ဆိုင်နေရပြီး သွင်းဂိုးတွေ ပျောက်ဆုံးနေတာပါ။ ဒါပေမယ့်လို့ လီဗာပူးပွဲကြိုမှာ သူတို့ရဲ့ တိုက်စစ်သမားတွေ ပြန်သက်သာလာနေပြီး မန်နေဂျာဆီမြွန်နီဟာ ရလဒ်အတွက် ဘယ်လို ကစားရမလဲဆိုတာ အကောင်းဆုံး သိသူပါလို့ ကလော့ပ်က ပြောပါတယ်။ ကလော့ပ်က ပြောရာမှာ ” လာလီဂါမှာ အက်သလက်တီကိုရဲ့… Continue Reading →

မန်စီးတီးကို အရေးယူမှုအပေါ် ဘာလို့ စိတ်ဝင်စားမိသလဲဆိုတာ ရှင်းပြသွားတဲ့ စတီဗင်ဂျရတ်

လီဗာပူးအသင်း ဂန္တဝင်ကြီး စတီဗင်ဂျရတ်က မန်စီးတီးအပေါ် ယူအီးအက်ဖ်အေရဲ့ အရေးယူမှု နောက်ဆက်တွဲအဖြစ် ဥရောပဝင်ခွင့် ပိတ်ခံရမှုနဲ့ မန်စီးတီးဘက်က အယူခံဝင်မှုတွေကို စောင့်ကြည့်နေတယ်လို့ ဝန်ခံလိုက်ပါတယ်။ မန်စီးတီးရဲ့ ပြစ်မှုကို ယူအီးအက်ဖ်အေကတောင် အရေးယူတာဖြစ်လို့ မကြာခင်မှာ ပရီးမီးယားလိဂ်ကလည်း အရေးယူမှု ထွက်ပေါ်လာနိုင်ပါတယ်။ ဖြစ်နိုင်ဖွယ် အရေးယူမှုကတော့ ၂၀၁၄ ခုနှစ်က အမှတ်ပေးဖလားကို ပြန်ရုတ်သိမ်းတာ ဖြစ်ဖို့ များတယ်လို့ သတင်းကျယ်ပြန့်နေတာပါ။ ၂၀၁၄ ခုနှစ်မှာ အမှတ်ပေးဖလားကို ရမှတ် ၂ မှတ်အကွာကနေ လက်လွတ်ခဲ့ရတဲ့ လီဗာပူးအသင်းကို အဓိက ဦးဆောင်ခဲ့သူ… Continue Reading →

သတိထားရမယ့် တီကိုအသင်းသား၊ ကမ္ဘာအကောင်းဆုံးဂိုး၊ ရောင်းရန်မဟုတ်တဲ့ တိုက်စစ်နဲ့ လီဗာပူးနံနက်ခင်းသတင်းများ

လီဗာပူးအသင်းဟာ နွေမှာ တိုက်စစ်သမား ခေါ်ယူမှာဖြစ်ပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ကို လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်ပဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားမှာပါ။ နွေအိုလံပစ်မှာ ဆာလက်ကို ထွက်ခွာခွင့်ပေးမလား ရာသီကြို အသင်းနဲ့ပဲ ပူးပေါင်းစေမလားဆိုတဲ့ အဆုံးအဖြတ်ကို ပြုလုပ်ခွင့်က လီဗာပူးလက်ထဲမှာပါလို့ ဖီဖာက ထုတ်ပြန်ပါတယ်။ မန်စီးတီးရဲ့ အမှတ်ပေးဖလားတစ်ကြိမ် လက်လွတ်ရဖွယ်ရှိနေတဲ့ သတင်း ထွက်ပေါ်လာပြီးနောက် မော်ရင်ညိုက ၂၀၁၈ ခုနှစ်က မန်စီးတီးနောက် ဒုတိယနေရာက ရပ်တည်ခဲ့တဲ့ သူ့ရဲ့ ယူနိုက်တက်အသင်းက… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!