Date

February 20, 2020

မက်ဆီ၊ တီကိုတို့ရဲ့ ပွဲခံမှု၊ Nike စတုတ္ထဂျာစီ၊ ဂလေဇယ်၊ ကင်းထောက်ချုပ်နဲ့ လီဗာပူး ညနေခင်းသတင်းများ

ချန်ပီယံလိဂ် ပထမအကျော့အပြီး တီကိုဘက်က ပွဲခံလွန်းနေတာကြောင့် ဒီကနေ့မှာပဲ လီဗာပူးကစားသမား ဆာလက်က အန်ဖီးကနေ စောင့်နေမယ်ဆိုပြီး တွစ်တာကနေ ပိုစ့်တင်သွားခဲ့ပါတယ်။ စပါးမှာ တိုက်စစ်သမား ပြတ်လှပ်မှုဖြစ်နေတဲ့နောက် မန်နေဂျာ မော်ရင်ညိုက သူ့အသင်း ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ မရှိတဲ့ လီဗာပူးလို ဖြစ်နေပါတယ်လို့ ခိုင်းနှိုင်းပြောဆိုလိုက်ပါတယ်။ ဝါနာကို ခေါ်ယူဖို့အတွက် ကြိုးစားမှုမှာ ဘိုင်ယန်မြူးနစ်ဘက်က နောက်ဆုတ်မယ်လို့ ဂျာမနီသတင်းတွေက ဖော်ပြလာပါတယ်။ ဒါကြောင့် လီဗာပူးဟာ ဂျာမနီသား တိုက်စစ်သမားအတွက် အဓိက ပြိုင်ဘက်တစ်သင်း လျော့သွားခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်က… Continue Reading →

ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ဘာစီလိုနာနဲ့ ယှဉ်လုမယ့် ပြိုင်ဘက် လေးသင်းကို မက်ဆီ ထုတ်ဖော်

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ကက်တလန်ကလပ်ကို အတားအဆီးဖြစ်စေမယ့် ကလပ်အသင်းများစာရင်းမှာ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကိုလည်း ထည့်သွင်းသွားပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလားကို ပြန်လည် ကိုင်မြောက်နိုင်ဖို့ ကြိုးစားနေတဲ့ ဘာစီလိုနာဟာ မနှစ်တုန်းက ချန်ပီယံလိဂ်ဖလားကို နူးကမ့်ထံ အရောက်သယ်ဆောင်လာဖို့ မက်ဆီရဲ့ ကတိပေးခြင်းကို ပိုင်ဆိုင်ခဲ့တယ်။ အဆိုပါ ကတိဟာ လီဗာပူးကို အရေးနိမ့်တဲ့နောက် ကျိုးပဲ့ခဲ့ပေမယ့် ဒီရာသီမှာလည်း ဘာစီလိုနာပရိသတ်တွေအတွက် မက်ဆီကတော့ တူညီတဲ့ ကတိပေးမှုကိုပဲ ထပ်လုပ်ခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို… Continue Reading →

လီဗာပူးက ကန့်ဝဲလ်ကို မခေါ်သင့်ကြောင်း အချက်ကျကျ ထောက်ပြတဲ့ ကွင်းလယ်လူဟောင်း မက်မန်နာမန်း

လီဗာပူးကွင်းလယ်လူဟောင်းဖြစ်သူ စတိဗ် မက်မန်နာမန်းက နော်ဝစ်ကြယ်ပွင့် ကန့်ဝဲလ်ဟာ လီဗာပူးအတွက် ကစားပေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ထုတ်ဖော် ပြောဆိုပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီမှာ တောက်ပတဲ့ခြေစွမ်းတွေ ပြသနေပြီး လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ထွက်လာနေခဲ့သူပါ။ သူဟာ ဒီရာသီမှာ နော်ဝစ်အတွက် သွင်းဂိုး ၆ ဂိုး သွင်းယူထားပေမယ့် လီဗာပူးအတွက် ကစားပေးဖို့ဆိုရင် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိူးမှာ ရှိမနေဘူးလို့ မက်မန်နာမန်းက ထောက်ပြခဲ့တာဖြစ်တယ်။ လီဗာပူးကွင်းလယ်လူဟောင်းက ” အနာဂတ်မှာတော့ သူ လီဗာပူးအတွက်… Continue Reading →

လမ်းပတ်နဲ့ ပေါလ်စခိုးထက် ဂျရတ်ကို ပိုကြိုက်တယ်လို့ ထုတ်ပြောလာတဲ့ ဘရာဇီးဂန္တဝင် ကာကာ

ဘရာဇီးဂန္တဝင်တစ်ဦးဖြစ်ပြီး ကမ္ဘာကျော် ကွင်းလယ်ကစားသမားဟောင်းလည်းဖြစ်တဲ့ ကာကာက သူအကြိုက်ဆုံး ကွင်းလယ်ကစားသမားက လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ပါလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကာကာဟာ ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုး၊ ချယ်ဆီးကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ်နဲ့ လီဗာပူးကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်တို့ထဲမှာ ဘယ်သူ့ကို သဘောကျလဲလို့ မေးခွန်းထုတ်ခံခဲ့ရတာပါ။ ကာကာက ပြောရာမှာ ” ကျနော် ဂျရတ်ကို သဘောကျတယ်။ ” ဆိုပြီး ဘရာဇီးသား ကွင်းလယ်လူက သူ့ရဲ့ အကြိုက်ဆုံး အင်္ဂလိပ် ကွင်းလယ်လူအဖြစ် ဂျရတ်ကို ရွေးချယ်ခဲ့ပါတယ်။ သူကပဲ ” ဘာလို့လည်းဆိုတော့ ၂၀၀၅… Continue Reading →

ရီးရဲမက်ဒရစ် အကြီးအကဲကို ခေါ်ယူမယ်လို့ သတင်းထွက်နေခြင်းကို လီဗာပူးဘယ်က ပယ်ချ

လီဗာပူးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကင်းထောက်ချုပ်ဖြစ်သူ ဂျူနီ ကယ်လဖတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ မနက်က တယ်လီဂရပ် သတင်းဌာနမှာ ဖော်ပြသွားပါတယ်။ သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်၊ ချယ်ဆီးတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပြီး ကယ်လဖတ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ထူးချွန်တ့ ကင်းထောက်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ ဗယ်ဗာဒီ၊ အိုဒီတ်၊ မီလီတို၊ ရိုဒရီဂိုနဲ့ ဗင်နီးဆီးယက်စ် အစရှိတ့ လူငယ်ကစားသမားတွေကို ရီးရဲလ်မက်ဒရစ်အတွက် ချိတ်ဆက်ခေါ်ယူပေးခဲ့သူလည်းဖြစ်တယ်။ သူနောက်ဆုံး ခေါ်ယူထားတဲ့ ကစားသမားကတော့ ဖလာမင်ဂိုအသင်းမှ ဘရာဇီး လူငယ်လေး ရီနီရာ ဂျီးဆပ်ဖြစ်ပြီး… Continue Reading →

လီဗာပူးပစ်မှတ် ဟာဗက် နွေမှာ ထွက်ခွာနိုင်တယ်လို့ ဝန်ခံလိုက်တဲ့ လေဗာကူဆင် အားကစားဒါရိုက်တာ

ဂျာမန်ကွင်းလယ်ဖန်တီးရှင် ကိုင်းဟာဗက်ဟာ နွေမှာ အသင်းပြောင်းဖို့ လုပ်ဆောင်ဖွယ်ရှိပေမယ့် သူ့ကို ဆက်ထိန်းထားဖို့ကို ကလပ်ဘက်က ပိုမို အလိုရှိတယ်လို့ လေဗာကူဆင်အသင်း အားကစားဒါရိုက်တာက ထုတ်ဖော် ပြောဆိုပါတယ်။ လေဗာကူဆင် ဒါရိုက်တာ ရူဒီ ဗိုလာက ၎င်းတို့ကလပ်ဟာ ဂျာမနီလူငယ်လေးအပေါ် အများကြီး တန်ဖိုးဖြတ်ထားတယ်ဆိုတာကို ဝန်ခံခဲ့ပြီး ကစားသမားလေးနဲ့ စာချုပ်အကြောင်းကိုပါ ထုတ်ပြောလာပါတယ်။ အသက် ၂၀ အရွယ် ကွင်းလယ်တိုက်စစ်သမားကို ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းက အတော်လေး စိတ်ဝင်စားနေတာဖြစ်ပါတယ်။ မနှစ်ကရာသီ ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ဂိုး… Continue Reading →

ဘယ်လို အခြေအနေဆိုရင် ဆန်ချိုကို လီဗာပူး ကမ်းလှမ်းမလဲ သတင်းပေးတဲ့ စကိုင်းစပေါ့ သတင်းထောက်

ပရီးမီးယားလိဂ်ကလပ် အများအပြားက ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အဆိုပါ ကလပ်တွေထဲမှာတော့ လီဗာပူးအသင်းကလည်း တစ်သင်း အပါအဝင် ဖြစ်ပါတယ်။ ဆန်ချိုကို လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေတာဖြစ်ကာ ရာသီအကုန်မှာတော့ အင်္ဂလန်ကလပ် တစ်သင်းက ဆန်ချိုကို ခေါ်ယူနိုင်မယ်လို့ သတင်းတွေ ကျယ်ပြန့်နေတာဖြစ်တယ်။ ဒါပေမယ့်လို့ လီဗာပူးက ကျန်တဲ့ နှစ်သင်းထက် ဆန်ချိုအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းက ကစားသမားအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရမှာကလဲ အကြောင်းရင်းတစ်ရပ် ဖြစ်နေပါတယ်။ စကိုင်စပေါ့ သတင်းထောက်ဖြစ်သူ Solhekol… Continue Reading →

လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းပယ်ခြင်း မလုပ်တဲ့အပြင် ဂုဏ်ယူနေတဲ့ တီမိုဝါနာ

လိုက်ဇစ်အသင်း တိုက်စစ်မှူး တီမိုဝါနာက လီဗာပူးလို ကမ္ဘာအကောင်းဆုံး ကလပ်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတာအတွက် ဂုဏ်ယူပါကြောင်း ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်က သူက အန်ဖီးနဲ့ သတင်းတွေထွက်တာကို ဂုဏ်ယူပေမယ့် လီဗာပူးမှာ ကစားရဖို့ ကိုယ်ဘာသာ လုံလောက်အောင် ကောင်းပါမလားဆိုတဲ့ သံသယရှိမိကြောင်းလည်း ဝန်ခံခဲ့တယ်။ ဝါနာကို ချယ်ဆီး၊ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း ခေါ်ယူလိုနေတာ ဖြစ်ပေမယ့် အပြောင်းရွှေ့ သတင်းတွေနဲ့ ကစားသမားရဲ့ စိတ်ဆန္ဒက တဖြေးဖြေး လီဗာပူးနဲ့ပဲ ပိုမို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်… Continue Reading →

အန်ဖီးကွင်းက ကွင်းဟောင်းကြီးပါလို့ ဝေဖန်သွားတဲ့ အက်သလက်တီကို ဥက္ကဌ အန်းနရစ် ဆီရီဇို

အက်သလက်တီကိုဥက္ကဌဖြစ်သူ အင်းနရစ် ဆီရီဇိုက အန်ဖီးကွင်းက ယူအီးအက်ဖ်အေရဲ့ စစ်ဆေးမှုကို ခံယူမယ်ဆိုရင် စစ်ဆေးမှု အောင်မြင်မှာမဟုတ်တဲ့ ကွင်းတစ်ကွင်းလို့ ဝေဖန်မှု ပြုလုပ်သွားပါတယ်။ ပထမအကျော့အပြီး အန်ဖီးကနေ ကြိုဆိုနေပါတယ်ဆိုတဲ့ ကလော့ပ်ရဲ့ ပြောဆိုမှုကို ဆီရီဇိုက အထက်ပါအတိုင်း တုန့်ပြန်လိုက်တာဖြစ်ပြီး လီဗာပူးရဲ့ကွင်းက ကွင်းဟောင်းတစ်ကွင်းအဖြစ်ပါ သူက အကဲဖြတ်လိုက်တာပါ။ လီဗာပူးဟာ လာမယ့် သုံးပတ်အကြာ မတ်လထဲမှာ ချန်ပီယံလိဂ် ၁၆ သင်း ရံှူးထွက် ဒုတိယအကျော့အဖြစ် တီကို ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပပါတယ်။ ဆီရီဇိုက “ အသင်းပရိသတ်တွေကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!