Date

March 2, 2020

ပရီးမီးယားလိဂ် ရပ်ဆိုင်းမယ်ဆိုတာကို ဉာဏ်တိမ်သူတွေပဲ ယုံလိမ့်မယ်လို့ ကလော့ပ် တုန့်ပြန်

ဗြိတိန်မှာ အားကစားဆိုင်ရာ ပွဲတွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ အနေအထား ဖြစ်လာခဲ့ရင် လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အာမခံချက် ရှိမှာ မဟုတ်သလို ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် အသင်းတွေကိုလည်း အာမခံချက် ပေးမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ ကျယ်ပြန့်နေခဲ့တာကို သိကြမှာပါ။ လီဗာပူးက ရာသီကုန်ထိ ပွဲစဉ် ၁၀ ပွဲထိ ယှဉ်ပြိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အနည်းဆုံး လေးပွဲကို အနိုင်ရဖို့ လိုအပ်နေသေးတာဖြစ်တယ်။ ဒီရာသိမှာ ထူးချွန်တဲ့ ခြေစွမ်းတွေနဲ့ ချန်ပီယံဖြစ်ဖို့ နီးစပ်နေတဲ့ လီဗာပူးက နောက်ဆုံး… Continue Reading →

ချယ်ဆီးပွဲကြို ထုတ်ပြောမှု၊ အဝတ်လဲခန်း အခြေအနေ၊ ဆန်ချို၊ ဝါနာတို့နဲ့ လီဗာပူး ညနေခင်းသတင်းတိုများ

ယူအီးအက်ဖ်အေ ဥက္ကဌက ဗြိတိန်အာဏာပိုင်းတွေက အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ရာကနေ သတင်းထူးတစ်ခုကို သူတို့ကို ပေးထားတယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။ ယူအီးအက်ဖ်အေကတော့ ရာသီကုန်မှာ ယူရို ပြိုင်ပွဲကို ပုံမှန်အတိုင်း ပြုလုပ်နိုင်ဖို့ ရည်ရွယ်နေဆဲပါ။ ချယ်ဆီးနဲ့ အက်ဖ်အေပွဲကို စီနီယာတွေ အသားပေးကစားမှာဖြစ်ကြောင်း မန်နေဂျာကလော့ပ်က ပွဲကြိုမှာ ထုတ်ပြောလိုက်ပြီး အီးလီယော့၊ ဟိုဗာတို့ ပါဝင်လာဖို့ မရှိပေမယ့် ဂျုံးကတော့ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ ဝတ်ဖိုဒ့်နဲ့ပွဲအတွက် အဝတ်လဲခန်းထဲမှာ ဟန်ဒိုနဲ့ မီလ်နာတို့ရဲ့ ပြန်လည် စုစည်းပေးမှုကို နှစ်သက်မိတယ်လို့ ကလော့ပ်က… Continue Reading →

လီဗာပူးကို တွစ်တာမှာ လှောင်ပြောင်တဲ့ လက်ရှိကလပ်ကို ပလစ်လိုက်တဲ့ တီမိုဝါနာ

လီဗာပူးက ဝတ်ဖိုဒ့်ကို အရေးနိမ့်တဲ့ပွဲမှာ တွစ်တာကနေ တီမိုဝါနာပုံသုံးပြီး လှောင်ပြောင်မှု ပြုလုပ်ခဲ့တဲ့ လိုက်ဇစ်တွစ်တာအကောင့်ကို ဝါနာဘက်က unfollowed လုပ်သွားခဲ့ပါတယ်။ ၄၂၂ ရက်အကြာမှ ပရီးမီးယားလိဂ် ပွဲစဉ် ၄၄ ပွဲကို အရေးမနိမ့်ထားတဲ့ လီဗာပူးဟာ ပထမဆုံးအကြိမ် ရံှူးပွဲ ရင်ဆိုင်ခဲ့ရတာပါ။ အဆိုပါ ရံှူးပွဲက ဗြိတိန်ကလပ်တွေတင်မကပဲ ထိပ်သီး အသင်းအများအပြားကို အံ့အားသင့်စေခဲ့ပြီး လိုက်ဇစ်ကတော့ လူမှုကွန်ယက်ကနေ ဝါနာပုံကို သုံးပြီး ချက်ခြင်း လှောင်ပြောင်ခဲ့တာဖြစ်တယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်သမားဟာ သူ့ရဲ့ အကောင့်မှာ… Continue Reading →

လီဗာပူးက ကန့်ဝဲလ်ကိုခေါ်ဖို့ ခြေလှမ်းတိုးတဲ့နောက် နောက်ဆက်တွဲ အမြင်နှစ်မျိုး ထွက်ပေါ်လာ

နွေအပြောင်းအရွှေ့အတွက် ပြင်ဆင်မှုတွေ ကြိုတင်လုပ်ဆောင်နေတဲ့ လီဗာပူးဟာ နော်ဝစ် လူငယ်ကွင်းလယ်လူကို ခေါ်ယူဖို့ ခြေလှမ်းသစ်တွေကို အရှိန်မြင့် ပြင်ဆင်ခဲ့ပါပြီလို့ The Athletic က ဖော်ပြခဲ့ပြီဖြစ်ပါတယ်။ နွေအပြောင်းအရွှေ့မှာ လယ်လာနာကို လက်လွတ်ရမှာဖြစ်ပြီး ရှာကွီရီကို ရောင်းထုတ်သွားမယ့် လီဗာပူးက ကွင်းလယ်တစ်နေရာစာကို ကန့်ဝဲလ်နဲ့ ပြန်လည် အစားထိုးဖို့ ပြင်ဆင်နေတာပါ။ လယ်လာနာက စာချုပ်သက်တမ်း ကုန်ဆုံးခြင်းကြောင့် လက်လွတ်ရမှာဖြစ်ကာ ရှာကွီရီကတော့ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားခွင့် ရုန်းကန်နေရခြင်းမှာ နွေမှာတော့ ထွက်ခွာဖို့ များနေတာဖြစ်တယ်။ လီဗာပူးဘက်ကတော့ လယ်လာနာအတွက် တစ်ပတ် ပေါင်… Continue Reading →

BREAKING: မန်နေဂျာအဖြစ် တာဝန်ယူဖို့ လူငယ်နည်းပြ နေးခရစ်ချ်လေ လီဗာပူးကနေ ထွက်ခွာ

လီဗာပူး ယူ-၂၃ အသင်း မန်နေဂျာ နေခရစ်ချ်လေဟာ လိဂ်ဝမ်းကလပ် ဘလက်ပူးလ်အသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ဖို့ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း ကလပ်အသင်းဘက်က အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ အရန်အသင်းဖြစ်တဲ့ ယူ-၂၃ အသင်းကို တာဝန်မယူခင် ခရစ်ချ်လေဟာ ယူ-၁၈ အသင်းကို တာဝန်ယူခဲ့သူပါ။ သူဟာ ဒီရာသီမှာ အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်တဲ့ ကာရာဘောင်းပွဲ၊ ရှရူဘူရီနဲ့ ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေပွဲတွေမှာ သူ့ရဲ့ ယူ-၂၃ အသင်းနဲ့အတူ စီနီယာအဆင့်ပွဲတွေကို ကိုင်တွယ်ခွင့်ရခဲ့သူဖြစ်တယ်။ လီဗာပူးအသင်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ… Continue Reading →

နွေအပြောင်းအရွှေ့အတွက် လီဗာပူးမှာ လုံလောက်တဲ့ အသုံးစရိတ်ရထားကြောင်း ဖော်ထုတ်မှု

လီဗာပူးတက္ကသိုလ်မှ ဘောလုံးဝင်ငွေပိုင်းဆိုင်ရာ ကျွမ်းကျင်သူ Kieran Maguire က မာဆေးဆိုဒ်သတင်းဌာနကို နွေမှာ လီဗာပူးရဲ့ အသုံးစရိတ်အကြောင်းကို မေးမြန်း ဖြေဆိုမှုတစ်ခု ပြုလုပ်ပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာပဲ လီဗာပူးရဲ့ တစ်နှစ်တာ အကျိုးအမြတ်စာရင်းတွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ပေါင် ၅၃၃ သန်း ရှိခဲ့ကာ အကျိုးအမြတ်အားဖြင့် ပေါင် ၄၂ သန်း အပေါင်းထွက်ခဲ့တာဖြစ်တယ်။ ဒါဟာ ဒီနှစ်တွေအတွင်း လီဗာပူးရဲ့ ကွင်းတွင်း ကွင်းပြင် အောင်မြင်မှုတွေကြောင့် စတင်ရရှိလာတဲ့ အကျိုးအမြတ်ဖြစ်ပြီး လာမယ့်ရာသီမှာလည်း… Continue Reading →

နာမည်ကျော်တွေရဲ့ သုံးသပ်မှု၊ မာတစ် အခြေအနေ၊ ဝါနာ၊ လက်မှတ်ထိုးမှုကြီးနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

မာတစ်ကို လူစာရင်းထဲ မထည့်ရတာက ဒဏ်ရာပြဿနာ ဖြစ်လာမှာ စိုးရိမ်လို့ဖြစ်ပြီး ချယ်ဆီးနဲ့ပွဲမှာ ထုတ်သုံးနိုင်မလားဆိုတာကိုတော့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကလော့ပ်က ပြောပါတယ်။ လီဗာပူးနဲ့ လိုက်ဇစ်ဟာ ဧပြီလ နောက်ဆုံးရက်မတိုင်ခင် ဝါနာရဲ့ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်ဖို့ အကောင်းမြင်မှုတွေ ရနေပါတယ်။ လိုက်ဇစ်ဘက်ကလည်း ကစားသမား ပြန်လည် ခေါ်ယူဖို့ အချိန် လုံလုံလောက်လောက် ရမှာဖြစ်လို့ လက်ခံပေးဖွယ် ရှိနေပါပြီ။ ဝတ်ဖို့တိုက်စစ်သမားဒန်နီက “ လီဗာပူးက မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ ကမ္ဘာချန်ပီယံ၊ ဥရောပချန်ပီယံအဖြစ် ရှိနေဆဲဖြစ်ပြီး မကြာခင်မှာ ပရီးမီးယားလိဂ်ဖလားကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!