Date

March 3, 2020

လီဗာပူးထံက ဘာတွေကို သင်ယူနေသလဲဆိုတာကို ရှင်းပြသွားတဲ့ ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်

ချယ်ဆီးမန်နေဂျာ လမ်းပတ်က သူဟာ လီဗာပူးရဲ့ တည်ဆာက်မှု ပုံစံတွေကို အထင်ကြီးပြီး စံပြအနေနဲ့ သင်ယူမှုကောင်းတွေ ပြုလုပ်ပါတယ်လို့ ဝန်ခံစကား ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ညမှာ အက်ဖ်အေဖလား ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့မယ့် နှစ်သင်းဟာ ရာသီစောတုန်းကလည်း စူပါဖလားမှာ ထိပ်တိုက်တွေ့ခဲ့ကြသေးတာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ မန်နေဂျာလမ်းပတ် လက်အောက်မှာ တည်ဆောက်မှုတွေကို ပြန်လုပ်နေပြီး လူငယ်သွေးသစ်တွေနဲ့အတူ အလားအလာကောင်းတွေ ပြသနေတဲ့ အသင်းကောင်း တစ်သင်းလည်း ဖြစ်ပါတယ်။ လမ်းပတ်က သူ့အမြင်ကို ပြောရာမှာ “ လီဗာပူးရဲ့ ခရီးလမ်းက မယုံနိုင်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ။… Continue Reading →

ချယ်ဆီးပွဲကြို သတင်းများ၊ ဂိုးမက်စ်၊ ယူအီးအက်ဖ်၊ ပရီးမီးယားလိဂ်နဲ့ လီဗာပူး ညနေခင်းသတင်းများ

ယူအီးအက်ဖ်အေက ကိုရိုနာကိစ္စအပေါ် အလေးအနက်ထား စောင့်ကြည့်လေ့လာနေပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက် ဒုတိယအကျော့အတွက် ဒီဖြစ်ရပ်ကို ဂရုစိုက်နေတယ်လို့ သိရပါတယ်။ ဂိုးမက်စ်က အင်္ဂလန်လက်ရွေးစင် အသင်းဖော် စတာလင်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ အချိန်တွေက ရင်ဆိုင် ကျော်ဖြတ်ရ ခက်ခဲလွန်းခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒါပေမယ့်လည်း အသင်းဘက်က ဒီကိစ္စကို ပြီးပြီလို့ ဆုံးဖြတ်လိုက်တာကြောင့် ခေါင်းထဲကနေ ထုတ်ခဲ့ရတယ်လို့ ဝန်ခံလိုက်ပါတယ်။ ဒီကနေ့ညမှာတော့ အက်ဖ်အေပွဲအပြင် လူငယ် ယူအီးအက်ဖ်အေပွဲလည်း ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လီဗာပူးက ဘင်ဖီကာကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီကနေ့ပွဲမှာ… Continue Reading →

အသင်းခေါင်းဆောင်ဟောင်းပြောတဲ့ ချန်ပီယံလိဂ်ရံှူးကြွေးကို တုန့်ပြန်ဖို့ လီဗာပူးရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဖီးသွမ်ဆန်က ကလပ်အသင်းဟာ ကိုယ်ဘာသာ သာယာကျေနပ်နေပြီး ဝတ်ဖိုဒ့်နဲ့ပွဲမှာဆိုရင် မြင်သာခဲ့တယ်လို့ ဝေဖန်သွားပါတယ်။ သွမ်ဆန်က ကလပ်အသင်းသားတွေ ကွင်းထဲမှာ အာရုံစိုက်ဖို့ ဟန်ဒါဆန်လို ခေါင်းဆောင်ကို လိုအပ်နေပြီး အက်သလက်တီကိုနဲ့ ပထမအကျော့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူရဲ့ အသင်းဖော်တွေကို စည်းလုံးစေမှုတွေ လိုအပ်နေတယ်လို့ ဆိုတယ်။ သူက ကလပ်အသင်းဟာ ဒီနောက်ပိုင်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေမှာ ရှိမနေတာကိုလည်း သတိပေးခဲ့ပါတယ်။ ဖီး သွမ်ဆန် ” လီဗာပူးရဲ့ နောက်ဆုံး နှစ်ပွဲက ဂျော်ဒန်ဟန်ဒါဆန်က ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာ ပြသလိုက်တာပါပဲ။… Continue Reading →

၈ ရက်အတွင်း ဗိုလ်လုပွဲ သုံးပွဲ ဆက် ကစားရတော့မယ့် လီဗာပူးအသင်း

လီဗာပူးအသင်းရဲ့ နောက်လာမယ့် ပွဲသုံးပွဲ ဗိုလ်လုပွဲ သုံးပွဲလို ဖြစ်ပြီး အမှားခံလို့ မရဘဲ သေချာ ကစားရမှာ ဖြစ်ကြောင်း စပိန်သား ဂိုးသမားကြီး အက်ဒရီယန်က သတိပေးစကား ဆိုလိုက်ပါတယ်။ အက်ဒရီယန်က လာမယ့် ၈ ရက် အတွင်းမှာ လီဗာပူး ကစားရမယ့် ပွဲတွေက ဗိုလ်လုပွဲတွေ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ထပ်ဆင့် ချန်ပီယံဆုတွေ ယူချင်ရင် ဒီပွဲတွေကို အတိမ်းစောင်းခံလို့ မရဘူးလို့ ပြောကြားခဲ့တာပါ။ လီဗာပူးအသင်းက ဒီညမှာ ချယ်ဆီးနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်… Continue Reading →

ရွှေဖလားထက် ဖလား နှစ်လုံး အနိုင်ရတာကိုပဲ လိုချင်မိတာပါဆိုတဲ့ ကာရေဂါ

လီဗာပူးဂန္တဝင်ကြီး ကာရေဂါက လိဂ်ကို ရံှူးပွဲမရှိ ချန်ပီယံမဖြစ်တာကို စိတ်မဝင်စားပဲ သူစိတ်ဝင်စားတာက လီဗာပူးက အက်ဖ်အေဖလားကို ပိုမို အာရုံစိုက် ပြိုင်ဆိုင်ဖို့ပါလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ကလပ်အသင်း ကစားသမားဟောင်း တစ်ဦးအဖြစ် မန်နေဂျာက အကောင်းဆုံး ရွေးချယ်မှုတွေကို လုပ်ဆောင်ရတာကို ကာရေဂါက နားလည်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ထုတ်ပြောရမှာ သူဟာ စကတည်းက တစ်ရာသီလုံး ရံှူးပွဲမရှိဆိုတာမျိုးကို မမက်ပဲ အဓိက ပန်းတိုင်းဖြစ်တဲ့ ပရီးမီးယားလိဂ်ဖလားကိုပဲ အနိုင်ရလိုကာ အပေါင်းအနေနဲ့ အက်ဖ်အေဖလား အနိုင်ရတာမျိုးကိုပဲ ပိုနှစ်သက်မိတယ်လို့… Continue Reading →

ဘမ်းခံရတဲ့ စတားရစ်၊ ဒဏ်ရာအခြေအနေများ၊ VAR အကူခံရဆုံး အသင်းနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူး ယူ-၂၃ အသင်း မန်နေဂျာသစ် ဖြစ်လာနိုင်သူစာရင်းထဲမှာ ပရိသတ်တွေက စနောက်တဲ့အနေနဲ့ ယူနိုက်တက်မန်နေဂျာ ဆိုးရှားနဲ့ လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်တို့ကိုပါ ထည့်သွင်းလိုက်ပါတယ်။ ဖီးသွမ်ဆန်က ” ဘာစီလိုနာနဲ့ နှစ်ကျော့မှာ လီဗာပူးအတွက် ဂျော်ဒန်ဟန်ဒါဆန်ရဲ့ အရေးပါမှုကို မြင်ခဲ့ရတယ်။ သူက ကွင်းလယ်လူတစ်ယောက်တင် မကပဲ အသင်းဖော်တွေကိုလည်း တောင်းဆိုနိုင်မှု မြင့်မားသူဖြစ်တယ်။ လက်ရှိ အသင်းရဲ့ ကွင်းအတွင်းက ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ် ” လို့ သုံးသပ်လိုက်ပါတယ်။ လီဗာပူးကစားသမားဟောင်း ဆစ်ဆိုခိုက အန်ဖီးကွင်းမှာ ချယ်ဆီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!