Date

March 4, 2020

လီဗာပူးအတွက် အရေးကြီးဆုံးက ပရီးမီးယားလိဂ်ပါပဲ ဒီဖလားကပဲ အရေးကြီးဆုံးပါဆိုတဲ့ ထုတ်ပြောမှု

လီဗာပူးကွင်းလယ်လူဟောင်း မာဖီက အသင်းဟောင်းဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းလာခဲ့ပြီးမှ အရေးကြီးဆုံး အချိန်မှာ ခြေချော်မှုတွေ ဖြစ်နေပေမယ့် အသင်းရဲ့ ဦးတည်ချက်က ပရီးမီးယားလိဂ်ပဲ ဖြစ်ပါတယ်လို့ သတိပေးစကား ပြေပာဆိုလိုက်ပါတယ်။ မယုံနိုင်လောက်အောင် ထူးချွန်ပြမှုတွေကြောင့် လီဗာပူးနဲ့ ပက်သက်ပြီး မြင့်မြင့်မားမား မျှော်လင့်မှုတွေထဲမှာ ချန်ပီယံလိဂ်ဖလားကို ကာကွယ်ဖို့၊ အာဆင်နယ်ရဲ့ ရွှေဖလားစံချိန်ကို လိုက်မှီဖို့နဲ့ ယူနိုက်တက်ရဲ့ ၁၉၉၉ ခုနှစ်တုန်းကလို ဖလားသုံးလုံးတွေ အနိုင်ရဖို့ဆိုတဲ့ နှိုင်းယှဉ်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် ဒါတွေက လီဗာပူးအသင်းက ထားရှိတဲ့ ရည်မှန်းချက် မဟုတ်ပဲ အခြားသူတွေရဲ့… Continue Reading →

ဂယက်ရိုက်မှုများ၊ ကွင်းလယ်လူသစ်၊ ဝါနာရဲ့ စာချုပ်၊ ဖာဘင်ညိုရဲ့ မှတ်တမ်းဆိုးနဲ့ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးက လိဂ်ကို အရမ်းစောစော အနိုင်ရဖို့ဖြစ်လာခဲ့တာက ယခုလို ရံှူးပွဲတွေ တွေ့လာရတဲ့ အကြောင်းရင်းလို့ အင်္ဂလန်မန်နေဂျာဟောင်း စတိဗ် မက္ကလာရင်က ထုတ်ပြောလိုက်ပါတယ်။ သူက လီဗာပူးအသင်းသားတွေ ပေါ့လျော့လာကြပြီး အာရုံစူးစိုက်မှု နည်းကုန်ကြတယ်လို့ ဆိုလိုလိုက်တာပါ။ ရော်ဘတ်ဆန်က “ လူတိုင်းက လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံဆိုတဲ့ စကားတွေ ပြောနေကြပေမယ့် ချန်ပီယံ မဟုတ်သေးပါဘူး။ သေချာပေါက် ဖြစ်လာဖို့ နိုင်ပွဲလေးပွဲ လိုပါတယ်။ ကျနေ်ာတို့ ဆက်သွားဖို့ လိုပါတယ်။ စွမ်းဆောင်ရည် ပြန်ကောင်းဖို့လိုပါတယ်။ စနေနေ့မှာ ဒါကို အစပြုနိုင်ဖို့… Continue Reading →

နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ ရံှူးနိမ့်ခဲ့ပေမယ့် လီဗာပူးက တုန့်လှုပ်ခြောက်ခြားနေဖို့ အချိန်မရှိဘူး

လီဗာပူးဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲစုံ ၃ ရပ်မှာ ရံှူးပွဲ ၃ ပွဲထိကို ရင်ဆိုင်ထားရပြီဖြစ်ပါတယ်။ ဒါပေမယ့်လို့ အဓိက ဆုဖလားပြိုင်ပွဲ နှစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာပါ အခွင့်အရေးတွေ ရှိနေသေးကာ ဆက်လက် ကြိုးစားရမှာပါ။ ကာလရှည် အနိုင်ယူမရတဲ့ အသင်းအဖြစ်ကနေ ဆက်တိုက်ဆိုသလို ရံှူးပွဲတွေ ရင်ဆိုင်လာရတာကြောင့် လီဗာပူးရဲ့ အနေအထားကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၄ ပွဲမှာဆိုရင် ပေးဂိုး ၈ ဂိုးထိ ရှိခဲ့သလို တိုက်စစ်က ဂိုးပေါက်မတွေ့တာ ၃… Continue Reading →

အကောင်းဆုံးအသင်းက နိုင်ခဲ့တာဖြစ်ပြီး အရံှူးတွေကနေ အမြန်နိုးထဖို့ တိုက်တွန်းလိုက်တဲ့ မာနေး

ဆီနီဂေါလက်ရွေးစင် မာနေးက အက်ဖ်အေဖလားမှာ ချယ်ဆီးက ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ခြင်းဖြစ်ကာ အသင်းဟာ အရံှူးရလဒ်တွေကနေ တုန့်ပြန်လာနိုင်စွမ်း ရှိရပါမယ်လို့ တိုက်တွန်းစကား ပြောဆိုပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ တစ်ရာသီလုံး ခြေစွမ်း တောက်ပလာခဲ့ပေမယ့် ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ရံှူးပွဲဆက်မှုကို ရင်ဆိုင်ခဲ့ရတာပါ။ အမှတ်ပေးပွဲ ၄၄ ပွဲဆက်တိုက် အရေးမနိမ့်ခဲ့ပေမယ့် ဝတ်ဖိုဒ့်နဲ့ပွဲမှာ ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့သလို အက်ဖ်အေဖလားမှာပါ ချယ်ဆီးကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ မာနေးကတော့ “ ဒီကနေ့ပွဲမှာ အကောင်းဆုံးအသင်းက အနိုင်ရသွားတာပါ။ ပထမပိုင်းမှာ ကစားပုံကောင်းပြီး အခွင့်အရေးတွေလည်း… Continue Reading →

ရာသီဝက် အားလပ်ရက်အပြီး လီဗာပူးမှာ ဆိုးဆိုးရွားရွား ဖြစ်လာနေခဲ့တဲ့ ပြဿနာကြီး ၄ ရပ်

နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၃ ပွဲထိ အရေးနိမ့်ခဲ့ပြီဖြစ်လို့ လီဗာပူးဟာ နောက်ပြန်ဆုတ်နေတဲ့ အနေအထားတွေ မြင်နေရပြီဖြစ်ကြောင်း သုံးသပ်မှုတွေ များနေခဲ့ပြီဖြစ်တယ်။ ရာသီဝက် အားလပ်ရက်အပြီး သုံးပတ်တာ ကာလအတွင်းမှာ လီဗာပူးက အဆိုးရွားဆုံး အနေအထားတွေ ပိုင်ဆိုင်လာခဲ့ပေမယ့် လာမယ့် သုံးပတ်ကို ဒီရာသီ အကောင်းဆုံး သီတင်းပတ်တွေဖြစ်အောင် ကြိုးစားဖို့ ကလော့ပ်က တိုက်တွန်းခဲ့ပါတယ်။ ဒီအခြေအနေမှာ ဝေဖန်မှုတွေ ဆက်တိုက် ပေါ်ထွက်လာတော့မှာဖြစ်ပေမယ့် ကလပ်ဘက်ကတော့ ရလဒ်ကောင်းတွေ ပြန်ယူနိုင်ဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်မှာ ၄၄… Continue Reading →

တာကုမိကို ချီးကျူးပြီး အမှားနှစ်ခုကြောင့် အရေးနိမ့်ခဲ့ကြောင်း ကလော့ပ် ဝန်ခံ

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ချယ်ဆီးကို ရှုံးခဲ့တဲ့ အက်ဖ်အေပွဲမှာ လီဗာပူးကစားသမားတွေက တိုက်စစ်သမား တာကုမိ မီနာမီနိုကို ဘောလုံး မပေးခဲ့ကြတဲ့ အပေါ် ဒေါသပေါက်ကွဲနေပါတယ်။ ရှုံးနိမ့်မှုအပေါ် ကလော့ပ်က ဖိအားလျော့အောင် လျှော့ပေါ့ ပြောခဲ့ပေမယ့် ဒီရာသီ ပထမဆုံးအကြိမ် နှစ်ပွဲဆက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ ကလော့ပ်က အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို သဘောကျတယ် ဆိုနေပေမယ့် ဝေဖန်မှုတွေ ခံနေရတဲ့ မီနာမီနိုထက် ညာစွန်ခံစစ်မှူး နီကို ဝီလီယံကလည်း လူစားလဲခံရသင့်သူဖြစ်ပါတယ်။ ” တာကုမိ (မီနာမီနို) က ပွဲကောင်း… Continue Reading →

ပွဲတွေရံှူးလို့ ဘယ်သူကမှ သနားပေးနေမှာ မဟုတ်ပဲ နိုင်ပွဲတွေ ပြန်ယူဖို့ တိုက်တွန်းလိုက်တဲ့ ကလော့ပ်

လီဗာပူးဟာ မနက်တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးနဲ့ပွဲကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး ဒီရာသီမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးဟာ နောက်ဆုံး လေးပွဲမှာ သုံးပွဲထိ အရေးနိမ့်ထားကာ ရလဒ်တွေမကောင်း ဖြစ်နေတာပါ။ မန်နေဂျာကလော့ပ်ကတော့ ဒီအခြေအနေမှာ ရလဒ်ပြန်ကောင်းလာဖို့ကိုပဲ အာရုံစိုက်ရမှာဖြစ်ကာ ချန်ပီယံလိဂ်ပွဲထက် အနီးကပ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲကို အနိုင်သေချာအောင် လုပ်ဖို့ လိုအပ်ကြောင်း အသင်းသားတွေကို သတိပေးစကား ပြောဆိုလိုက်ပါတယ်။ မန်နေဂျာ ယာဂ်ကလော့ပ်က ” ပွဲရဲ့ အစိတ်အပိုင်း အများအပြားက… Continue Reading →

ချယ်ဆီးရံှူးပွဲအပေါ် ကလော့ပ်ရဲ့ တုန့်ပြန်မှု၊ လူငယ်တွေ အရေးနိမ့်မှုနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်မှာတော့ ချယ်ဆီးကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဝီလီယမ်၊ ဘာကလေတို့ရဲ့ အဝေးကန်ချက်တွေကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပြီး အတ်ဒရီယန် ကာကွယ်မှု အချိူ့ လုပ်ခဲ့ရပါသေးတယ်။ ချယ်ဆီးနဲ့ ရံှူးပွဲအပြီး ကလော့ပ်က “ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ငါတို့ စိတ်ပျက်ခဲ့ရတယ်။ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အသင်းသားတွေ ကြိုးစားခဲ့ကြတာကို လူတိုင်းလည်း မြင်မှာပါ။ အားလုံးကောင်းခဲ့ပြီး လူတိုင်း ကြိုးစားခဲ့ကြတယ် ” လို့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် တုန့်ပြန်ပါတယ်။ ချယ်ဆီးကို ၂-၀ နဲ့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!