Date

March 6, 2020

ဂျူဗင်တပ် ကွင်းလယ်လူ၊ ကိုကီရဲ့ ကြုံးဝါးမှု၊ မီနာမီနို၊ ဂိုးမက်စ်နဲ့ လီဗာပူး ညနေခင်းသတင်းတို

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးမန်နေဂျာ ဆန်ကာတင်စာရင်းမှာ မန်နေဂျာ ယာဂင်ကလော့ပ်က ဆန်ကာတင်စာရင်းတောင် မပါလာပါဘူး။ ဒါက ဒီရာသီအတွက် ပထမဆုံးအကြိမ် ဆန်ကာတင်စာရင်းထဲ မပါဝင်နိုင်တာ ဖြစ်ပါတယ်။ အီတလီသတင်းတွေမှာ ဂျူဗင်တပ်အသင်း ကွင်းလယ်တိုက်စစ်သမား ဖယ်ဒရီကို ကို လီဗာပူးဘက်က ကမ်းလှမ်းလိုတယ်ဆိုတဲ့ သတင်းတွေ ဖော်ပြနေပါတယ်။ လီဗာပူးသတင်းထောက်တွေကတော့ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်လူနဲ့ ပက်သက်ပြီး ဘာသတင်းမှ ထုတ်ပြန်ထားခြင်း မရှိပါဘူး။ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ တီကိုက ခံစစ်ပဲ… Continue Reading →

လီဗာပူးနဲ့ ဘုန်းမောက်ပွဲမှာ ချန်ပီယံလောင်းတွေ ပွဲကြမ်းလိမ့်မယ်လို့ ခန့်မှန်းသွားတဲ့ စကိုင်းစပေါ့

စကိုင်းစပေါ့ရဲ့ ဘောလုံးသုံးသပ် ခန့်မှန်းသူ ချာလီ နီကိုးလက်စ်က ဒီအပတ် ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ ဘုန်းမောက်ပွဲမှာ ချန်ပီယံလောင်းတွေရဲ့ ပေါက်ကွဲ ကစားမှုကို မြင်တွေ့ရပါမယ်လို့ သုံးသပ်သွားပါတယ်။ စကိုင်းစပေါ့ရဲ့ ချာလီက ” လီဗာပူးက လူတိုင်းက ငြိမ်သက်နေပါတယ်။ ဘာလို့ဆိုတာတော့ ကျနော် မသိဘူး။ ဝတ်ဖိုဒ့်ကို အရေးနိမ့်ခဲ့တာကလည်း အကြောင်းရင်းတစ်ချက် ဖြစ်ရင် ဖြစ်မှာပေါ့ ဒါပေမယ့် ဒီပွဲက အန္တရာယ်များတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို အနိုင်ရဖို့ ကစားသမားတွေနဲ့… Continue Reading →

လီဗာပူးအတွက် ခြေစွမ်းကောင်းတွေ ထုတ်ပြခွင့်မရတာကို မုန်းတီး ဒေါသထွက်နေတဲ့ မီနာမီနို

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆဲလ်ဘက်ကနေ လီဗာပူးကို ပြောင်းလာပြီးနောက်ပိုင်း အနီရောင်ဂျာစီကို ၆ ကြိမ်ထိ ဝတ်ဆင်ထားပြီဖြစ်တဲ့ မီနာမီနိုက အသင်းအောင်မြင်ဖို့ ခြေစွမ်းကောင်းတွေ မပြနိုင်တာအတွက် ကိုယ်ဘာသာ မုန်းတီး ဒေါသထွက်နေပါတယ်။ ဂျပန်တိုက်စစ်သမားဟာ လီဗာပူးအတွက် သွင်းဂိုးနဲ့ ဂိုးထောက်ပံံ့မှုတွေ တစ်ကြိမ်မှ လုပ်ပေးနိုင်သေးခြင်း မရှိသေးသလို သူ့ရဲ့ အလားအလာကောင်းတွေကို ပြသနိုင်ခြင်းလည်း မရှိသေးပါဘူး။ မီနာမီနိုကတော့ ဒီအခြေအနေတွေကို ကျော်လွန်ဖို့ လေ့ကျင့်ရေးမှာ နေ့တိုင်း အကောင်းဆုံ သင်ယူနေပြီး လီဗာပူးအကြောင်း နားလည်လာဖို့ သူ ကြိုးစားနေပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ မီနာမီနိုက… Continue Reading →

လီဗာပူးကို စတီဗင်ဂျရတ် ပြန်လာမယ်ဆိုတဲ့ ရေပန်းစားမှု အဆနဲ့ချီပြီး မြင့်တက်

လီဗာပူးအသင်းမှာ လစ်လှပ်နေတဲ့ ယူ-၂၃ အသင်း မန်နေဂျာရာထူးအတွက် စတီဗင်ဂျရတ် ပြန်လာမယ်ဆိုတဲ့ ရေပန်းစားမှုက ဒီရက်ပိုင်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားပါတယ်။ စကော်တလန်ကလပ် ရိန်းဂျားအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်နေတဲ့ စတီဗင်ဂျရတ်ဟာ ဒီသီတင်းပတ်တွေမှာ စကော့ပရီးမီးယားရှစ်အတွင်း ရုန်းကန်နေရတာဖြစ်တယ်။ သူဟာ ရိန်းဂျားကို ဥရောပအဆင့် ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်မှာ နေရာတစ်နေရာ ပို့ဆောင်ထားနိုင်ပေမယ့် စကော့လိဂ်မှာတော့ စွမ်းဆောင်ရည်ပိုင်းတွေ ဆက်တိုက် ကျဆင်းလာနေတာပါ။ နေးခရစ်ချ်လေ ထွက်ခွာပြီးနောက်ပိုင်း သူ့နေရာ အစားထိုးဖို့ကို ဖြစ်နိုင်ချေ 100/1 လောက်ပဲ ရေပန်းစားခဲ့ပေမယ့် ဒီရက်တွေမှာ ရိန်းဂျားအသင်း… Continue Reading →

ပရီးမီးယားလိဂ် စည်းမျဉ်းက လီဗာပူးရဲ့ နွေအပြောင်းအရွှေ့အပေါ် သက်ရောက်မှု ကြီးမားမည်

လီဗာပူးအသင်းဟာ နွေအပြောင်းအတွက် အစီအစဉ်တွေကို ချမှတ်ရာမှာ ပရီးမီးယားလိဂ်ရဲ့ home-grown တွေကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ဟာ လူစာရင်းတင်သွင်းမှုမှာ ၁၇ ဦးကို နိုင်ငံခြားသား ကစားသမားနဲ့ ၈ ဦးကို home-grown ကစားသမားတွေ ထည့်သွင်းဖို့ သက်မှတ်ထားတာဖြစ်တယ်။ အင်္ဂလန်လိဂ်မှာ အသက် ၂၁ နှစ် မပြည့်ခင်ထိ အနည်းဆုံး သုံးရာသီတိုင်တိုင် နေထိုင် ကစားတဲ့သူတွေကို home-grown တွေအဖြစ် သက်မှတ်ပေးထားတာဖြစ်ပါတယ်။ လီဗာပူးရဲ့ ဒီရာသီ နောက်ဆုံး လူစာရင်းတင်မှုမှာ ချီရီဗီလာ၊ ကလိုင်း၊… Continue Reading →

ချန်ပီယံလောင်းတို့ ပေါက်ကွဲရမယ့်ပွဲ (သို့) လီဗာပူး Vs ဘုန်းမောက်ပွဲ လော်ရိုး ခန့်မှန်း

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာတော့ လီဗာပူးအသင်းက ဘုန်းမောက်ကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ဒီတလော ရှုံးပွဲတွေကြောင့် ယုံကြည်မှုတွေ ပြန် အဖတ်ဆယ်ဖို့နဲ့ ချန်ပီယံလိဂ် ပွဲ မတိုင်ခင် လမ်းကြောင်း မှန်ပေါ် ပြန်ရောက်ဖို့ လီဗာပူးအသင်းက ဒီပွဲကို ဖိဖိစီးစီး ကစားဖို့လည်း လိုအပ်နေပါတယ်။ လီဗာပူး ဘုန်းမောက်တို့ ပွဲစဉ် အတွက် ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ဒီတလောမှာ… Continue Reading →

နောက်ဆုံးရ ဒဏ်ရာအခြေအနေ၊ ရပ်တန့်လိုက်တဲ့ ကန့်ဝဲလ်၊ တီကိုပွဲ သတိပေးမှုနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးကွင်းလယ်လူ ကီတာဟာ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။ သူဟာ အသေးစား ဒဏ်ရာဖြစ်တဲ့ တင်ပါးဒဏ်ရာကြောင့် အနားယူနေခဲ့ရသူပါ။ ဘာစီလိုနာက တီမိုဝါနာနဲ့ လီဗာပူးကြား အခြေအနေကို လေ့လာမှုတွေ လုပ်နေပါတယ်။ ၎င်းတို့ကလည်း တိုက်စစ်ပိုင်းအတွက် ကာလရှည် အစားထိုးဖို့ တိုက်စစ်မှူးသစ် ရှာဖွေနေတာပါ။ ဘက်ဆစ်တက်ဟာ ၎င်းတို့အသင်းမှ လူငယ်ဂိုးသမားလေးကို နေရာပေးဖို့ ပြင်ဆင်နေပြီး လာမယ့် ပွဲတွေမှာ ကားရီယက်စ်ကို ပွဲထွက် လူစာရင်းကနေ ခေါက်ထားတော့မှာ ဖြစ်ပါတယ်။ လီဗာပူးက နော်ဝစ်ကွင်းလယ်လူ ကန့်ဝဲလ်ကို ခေါ်ယူဖို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!