Date

March 7, 2020

ဆက်တိုက် ဝေဖန်ခံနေရမှုအပေါ် ဘုန်းမောက်ပွဲအပြီးမှာပဲ တုန့်ပြန်စကား ပြောဆိုလိုက်တဲ့ ဂျိမ်းစ် မေနာ

လီဗာပူးအသင်းဟာ တစ်ရာသီလုံး အကောင်းဆုံး ပုံစံနဲ့ဖြတ်သန်းခဲ့သော်လည်း ဒီတလောမှာ ရှုံှးပွဲများ ခပ်စိပ်စိပ် ပြန်ကြုံလာခဲ့တာကြောင့် ဝေဖန်မှုတွေ ခံနေခဲ့ရပါတယ်။ ဒီည ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ လီဗာပူးက ၂-၁ နဲ့ အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ် ပြန် ဆွဲတင်လာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူး ဝါရင့်ကစားသမားကြီး ဂျိမ်းစ်မေနာက ဘုန်းမောက်ကို နိုင်တဲ့ ပွဲအပြီးမှာပဲ အသင်း စိတ်ဓာတ်နဲ့ တိုက်ရည်ခိုက်ရည် အပြည့် စိတ်ဓာတ်တွေ ပြန်လာပြီလို့ ယုံကြည်နေပါတယ်။ ” ပရီးမီးယားလိဂ်မှာ ဘယ်ပွဲမဆို နိုင်ဖို့ လွယ်တယ်ဆိုတာ မရှိဘူးလို့… Continue Reading →

အန်ဖီးမှာ ဘုန်းမောက်ကို အနိုင်ယူပြီး အမှတ်ပေးချန်ပီယံဖြစ်ဖို့ ရမှတ် ၉ မှတ်ပဲလိုတော့တဲ့ လီဗာပူး

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ဘုန်းမောက်ပွဲဟာ ပွဲအပြီးမှာတော့ ဆာလက်၊ မာနေးတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ပဲ ပွဲကို ၂-၁ နဲ့ အနိုင်ရကာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အရေးပါတဲ့ ခြေလှမ်းကို လှမ်းနိုင်ခဲ့ပါတယ်။ ပွဲထွက်လူစာရင်းမှာတော့ ဂိုးသမားနေရာအဖြစ် ဒဏ်ရာရနေတဲ့ အယ်လီဆန်နေရာ အတ်ဒရီယန် ပွဲထွက်ပြီး ဘယ်အစွန်နေရာ မီလ်နာ ပါဝင်လာခဲ့တယ်။ ဘုန်းမောက်နဲ့ပွဲမှာ ရော်ဘတ်ဆန်ကို အရန်စာရင်းမှာတောင် မထည့်တာက ဒဏ်ရာ အသေးစားလေး ရနေလို့ဖြစ်ပြီး အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် အပြည့်အဝ သုံးခြင်းလို့ အနားပေးခဲ့ခြင်းဖြစ်တယ်။ ကွင်းလယ်က… Continue Reading →

ကလော့ပ်လိုချင်တဲ့ ကွင်းလယ်လူက ကော်တင်ညို မဟုတ်ကြောင်း လီဗာပူးသတင်းထောက် ထုတ်ဖော်

ဒီရက်တွေမှာ စပိန်အခြေစိုက် သတင်းဌာနတွေက လီဗာပူးဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဆိုတဲ့ သတင်းတွေကို ဆက်လက် ဖော်ပြခဲ့ပြန်ပါတယ်။ ဘိုင်ယန်မြူးနစ်ကို အငှားချထားတဲ့ ကွင်းလယ်လူဟာ ရာသီကုန်မှာတော့ ဘာစီလိုနာကိုပဲ ပြန်သွားရမှာပါ။ ဘာစီလိုနာကလည်း အပြောင်းအရွှေ့မှာ ကော်တင်ညိုကို ပြန်အသုံးချဖို့ ပြင်ဆင်နေပြီး အသုံးစရိတ်ရရှိအောင် ရောင်းထုတ်ခြင်း (သို့) နေမာအတွက် ပီအက်ဂျီကို အလိုက်ပေးမှုမှာ ထည့်သွင်းခြင်းတွေကို လုပ်ဆောင်လိုနေတာဖြစ်တယ်။ ပီအက်ဂျီဘက်က နေမာကို အပြီးသတ် ပြောင်းရွှေ့ကြေးနဲ့ပဲ လက်ခံဖွယ်ရှိနေတာကြောင့် ဘာစီလိုနာက ကော်တင်ညိုကို ရောင်းထုတ်နိုင်ဖို့ နည်းလမ်းရှာလာခဲ့တာဖြစ်တယ်။… Continue Reading →

ပြိုင်ဘက်ရဲ့ စံချိန် ကျိုးပြတ်မှုကို ရှန်ပိန်ဖောက်ပြီး အောင်ပွဲခံတဲ့ နဗီးရဲ့ အပြုအမှုကို ကီယွန် ဝေဖန်

အာဆင်နယ်ဂန္တဝင်ကြီး မာတင်ကီယွန်ကတော့ လီဗာပူးအသင်း ရံှူးပွဲတွေ့ပြီး ဒီရာသီ ရွှေဖလားရဖို့ မဖြစ်နိုင်တော့တဲ့အပေါ် အောင်ပွဲခံနေကြမှုကို ဝေဖန်စကားတစ်ခွန်း ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်မှာ ဘယ်အသင်းကမှ အနိုင်ယူနိုင်ဖွယ် မရှိဘူးလို့ ထင်ကြေးပေးရလောက်အောင် ထူးချွန်နေတဲ့ လီဗာပူးက အံ့အားသင့်စရာအဖြစ် ဝတ်ဖိုဒ့်ကို ၃-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။ ဒီရံှူးပွဲက အင်္ဂလန်တစ်ဝန်းတင်မကပဲ ဥရောပကိုပါ ရိုက်ခတ်ခဲ့ပြီး များစွာသော လှောင်ပြောင်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးအသင်းသားတွေနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကတော့ ဒီရံှူးပွဲအတွက် ကောင်းမွန်တဲ့ တုန့်ပြန်မှုကို ပေးခဲ့ကြပြီး အသင်းက လိုအပ်ချက်များခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ လီဗာပူးရဲ့ အရံှူးအတွက်… Continue Reading →

အန်ဖီးကွင်းက လီဗာပူးနဲ့ ဘုန်းမောက်ပွဲကို အပြတ်အသတ် ခန့်မှန်းသွားတဲ့ မိုင်ကယ် အိုဝင်

လီဗာပူးအသင်းဟာ ဒီအပတ်မှာတော့ အိမ်ကွင်းပွဲအဖြစ် အန်ဖီးကွင်းမှာပဲ တန်းဆင်းဇုန် အန္တရာယ်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ဘုန်းမောက်ကို ဧည့်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လီဗာပူးဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ တီကို၊ ဝတ်ဖိုဒ့်နဲ့ ချယ်ဆီး အစရှိတဲ့ အဝေးကွင်းပွဲတွေကို ဆက်တိုက် အရေးနိမ့်ထားပြီး ဒီအခြေအနေကို ကုစားဖို့ အိမ်ကွင်းပွဲမှာ အနိုင်ရလဒ်ကို ရယူဖို့ ကြိုးစားလာမှာဖြစ်တယ်။ ဒီပွဲပြီးရင် ချန်ပီယံလိဂ် ၁၆ သင်းအဖြစ် အက်သလက်တီကို ကို အိမ်ကွင်းမှာ ဧည့်ခံဦးမှာဖြစ်လို့ ပွဲကို အမြန်ဆုံး အပြတ်ဖြတ်နိုင်ဖို့ အားသွန်းကစားလာမယ်လို့ ယုံကြည်ရပါတယ်။… Continue Reading →

ဒဏ်ရာထိုးနှက်ချက်၊ ပွဲကြို တောင်းဆိုခြင်းများ၊ ကလော့ပ် အလိုရှိသူ ၄ ဦးနဲ့ လီဗာပူး နံနက်ခင်းသတင်းများ

ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အန်ဖီးကွင်းမှာ အသင်းကို အကောင်းဆုံး အားပေးမှုတွေ လုပ်ပေးဖို့ ပရိသတ်တွေကို အသင်းခေါင်းဆောင် ဟန်ဒါဆန်က တောင်းဆိုလိုက်ပါတယ်။ နွေအတွက် မန်နေဂျာကလော့ပ် အလိုရှိတဲ့ ကစားသမားတွေက ထိပ်တန်း တိုက်စစ်သမား တစ်ဦး၊ ဘယ်အစွန်လူတစ်ဦး၊ ပေါက်ကွဲအားကောင်းတဲ့ ကွင်းလယ်လူတစ်ဦးနဲ့ လိုဗရန်ကို ရောင်းထုတ်ခဲ့ပြီးရင် အစားထိုးဖို့ ဗဟိုခံစစ်မှူး တစ်ဦးတို့ဖြစ်ကြောင်း ဂျိမ်းပီယာ့စ်က ထုတ်ဖော်လိက်ပါတယ်။ မန်နေဂျာကလော့ပ်က “ ဘုန်းမောက်နဲ့ပွဲမှာ ကျနေ်ာတို့တွေ အားပေးမှု ပုံစံကောင်းကို ဖန်တီးဖို့လိုပြီး အသုံးပြုဖို့လည်း လိုတယ်။ လူတိုင်းက မှန်ကန်တဲ့ စိတ်ဓါတ်တွေ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!