Date

March 11, 2020

အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲကြို ထူးခြားသတင်းတွေနဲ့အတူ လီဗာပူး ညနေခင်းသတင်းများ

လီဗာပူးရဲ့ နောက်ပိုင်းပွဲတွေကို အရန်ခုံနောက်က ပွဲကြည့်စင်ကနေ ထိုင်ကြည့်နေတဲ့ ဟန်ဒါဆန်က အသင်းပရိသတ်တွေက အသင်းအတွက် ဘယ်လောက်တောင်မှ အရေးပါကြောင်းကို သူပို နားလည်လာခဲ့ပါပြီလို့ တီကိုပွဲကြိုမှာ အသိအမှတ်ပြုစကား ပြောဆိုပါတယ်။ မက်ဒရစ်ဟာ ကိုရိုနာ အခြေအနေကြောင့် ကွင်းပိတ်ကန်ရမှုတွေအပြင် ကျောင်းတွေ ပိတ်ထားမှုတွေပါ ရှိနေပေမယ့် ချန်ပီယံလိဂ်ပွဲအဖြစ် ဗြိတိန်က လီဗာပူးမြို့ကို ထောင်နဲ့ချီတဲ့ ပရိသတ်တွေ လာခွင့်ပေးတဲ့အပေါ် မေးခွန်းထုတ်ခံရမှုတွေ ရှိနေပါတယ်။ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ကို ကွင်းပိတ်ကန်တာထက် ပွဲကို ခေတ္တရပ်ဆိုင်းတာမျိုးကို ပိုနှစ်သက်တယ်လို့ အာဆင်နယ်ပွဲကြိုတုန်းက ထုတ်ပြောခဲ့ပါတယ်။ ပြိုင်ပွဲက… Continue Reading →

ပရီးမီးယားလိဂ်ကို ကွင်းပိတ်ကန်မယ့်အစား ရပ်နားစေလိုတဲ့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ် ပွဲတွေကို အီတလီနဲ့ စပိန်တွေမှာလို ကွင်းပိတ်ကန်ဖို့ ဆုံးဖြတ်လာခဲ့ရင် အဲ့လို လုပ်မယ့်အစား ရပ်နားထားဖို့ကို ပိုမို ဆန္ဒရှိပါတယ်လို့ ထုတ်ဖော်ပြောဆိုမှု လုပ်လာခဲ့ပါတယ်။ လက်တလောဖြစ်ပေါ်နေတဲ့ ကိုရိုနာ ပျံ့နှံ့မှုအပေါ် ထိန်းချုပ်မှုနဲ့ ပက်သက်ပြီး ဂွာဒီယိုလာက ” အီတလီမှာတော့ ပွဲရပ်နားမှုက စတင်ကာ ဖြစ်ပွားနေပြီဖြစ်ပါတယ်။ နောက်ပြီး စပိန်မှာတော့ ပွဲတွေကို ကွင်းပိတ်ကန်နေပါပြီ။ ဒီမှာလည်း စတင်ဖြစ်လာတော့မယ်လို့ ထင်ပါတယ်။ ” လို့ မှတ်ချက်ပေးပါတယ်။ သူကပဲ ဆက်လက်ပြီး ” အားပေးသူတွေ… Continue Reading →

အက်သလက်တီကို ကစားသမားတစ်ဦးကို အထူးချီးကျူးလိုက်တဲ့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်

မန်နေဂျာ ယာဂင်ကလော့ပ်က ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ပြိုင်ဘက် အက်သလက်တီကိုအသင်းမှ တိုက်စစ်သမား ဖီလစ်ကို အတေ်ာလေး အထင်ကြီးကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ မနှစ်ကနွေမှာ ဘင်ဖီကာကနေ အက်သလက်တီကိုအသင်းထံ ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဖီလစ်ဟာ ကမ္ဘာဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံး ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၂၀ အရွယ်ပဲ ရှိသေးပြီး သူဟာ ဒီရာသီမှာ အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲအတွင်း ကိုယ်တိုင် ၆ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု… Continue Reading →

တီကိုပွဲကို ယောက်ကျားကြီးတွေအဖြစ် ရဲရင့်စွာ ကစားပြီး လီဗာပူးရဲ့ ထိုက်တန်မှုကိုပြလိုတဲ့ ဗန်ဒိုက်

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ဒီကနေ့ည ယှဉ်ပြိုင်ကစားမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ပြင်းပြမှုအပြည့်နဲ့ ကြိုးစားကစားကြမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဗန်ဒိုက်က ” ဘာစီလိုနာကို ရင်ဆိုင်ကစားခဲ့တုန်းက ဘယ်လို အခွင့်အရေးမှ ကျနေ်ာတို့ မပေးခဲ့ဘူး။ တီကိုနဲ့ ပွဲကိုလည်း တူညီတဲ့ ခံယူချက်တွေနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ပွဲကောင်းတစ်ပွဲကို ကစားပြီး အနိုင်ရဖို့ မျှော်လင့်ထားတယ်။ ဒါပေမယ့် အရေးကြီးဆုံးနဲ့ အရေးပါဆုံးအဖြစ် ပြင်းပြမှုတွေနဲ့ ကြိုးစားမှုတွေကို ပြသလိုပါတယ်။ ပွဲရဲ့ ပထမဆုံး စက္ကန့်မှသည် နောက်ဆုံး… Continue Reading →

လီဗာပူးနဲ့ တီကိုပွဲကို ခန့်မှန်းပေမယ့် မယုံကြည်ဖြစ်နေတဲ့ စကိုင်းစပေါ့ ပွဲကြို သုံးသပ်ချက်

လီဗာပူးအသင်းဟာ ဒီတပတ်မှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံှးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ် အဖြစ် အက်သလက်တီကို မက်ဒရစ်ကို အိမ်ကွင်း အန်းဖီးမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့မှာ ၁-၀ နဲ့ လီဗာပူးတို့ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲမှာ အနိုင်ယူနိုင်မှ နောက်တစ်ဆင့် တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရစ်ပ် ပြသနာကြောင့် ဥရောပ ပွဲစဉ် အချို့ကွင်းပိတ် ကျင်းပမှုတွေ ရှိမှာ ဖြစ်ပေမယ့် လီဗာပူးကတော့ ဒီပွဲစဉ်မှာ ပရိသတ်တွေ ဝင်ရောက် အားပေးခွင့် ရမှာ… Continue Reading →

လီဗာပူးကို ပွဲကြိုမှာ သုံးသပ်မှု ပြုလုပ်သွားတဲ့ အက်သလက်တီကို မန်နေဂျာ ဆီမြွန်နီ

အက်သလက်တီကို မန်နေဂျာ ဒီယေဂို ဆီမြွန်နီက ဒီကနေ့ သူရင်ဆိုင်ရမယ့် လီဗာပူးအသင်းဟာ ခက်ခဲတဲ့ အသင်းဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေ အများကြီး ရှိတဲ့အသင်းလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒီပွဲအတွက် တီကိုနည်းတူ လီဗာပူးအသင်းမှာလည်း အဓိက တိုက်စစ် ကစားသမားတွေ အားလုံးနည်းပါး ကြံ့ခိုင်မှု ကောင်းနေပါတယ်။ ဆာဒီယိုမာနေး၊ ဆာလက်၊ ဖာမင်နိုတို့အပြင် ချိန်ဘာလိန်၊ ကီတာတို့ကလည်း ရွေးချယ်ခံဖို့အတွက် အဆင်သင့် ဖြစ်နေတာပါ။ ကွင်းလယ်မှာလည်း ဟန်ဒါဆန် ပြန်ကစားနိုင်မှာဖြစ်တယ်။ ဆီမြွန်နီက ” သူတို့က သူတို့ဘာသာအတွက် အကောင်းဆုံး လုပ်နိုင်တဲ့… Continue Reading →

အက်သလက်တီကိုအား စိန်ခေါ်ခြင်း၊ ၊ ဒဏ်ရာကိစ္စ၊ ဥရောပ မှတ်တိုင်သစ်နဲ့ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးအသင်းက မနှစ်က ချန်ပီယံလိဂ်မှာ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့မှုကို တည်းဖြတ်ထားတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး ” ဘာလုပ်ရမယ်ဆိုတာ အားလုံး သိကြတယ် မဟုတ်လား ” ဆိုကာ ပွဲကြို နိုးဆော်မှုကို ပြုလုပ်လိုက်ပါတယ်။ လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က ” အန်ဖီးကွင်းက ပရိသတ်တွေကတော့ ငါတို့ကို နောက်တစ်ဆင့်ကို ပို့ပေးမှာပါ ဆိုတာမျိုး စဉ်းစားနေရမှာ မဟုတ်ဘူး။ ငါတို့က ရာနှုန်းပြည့်ကို အာရုံစိုက် ယှဉ်ပြိုင်ကြရမယ် ” လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ မန်နေဂျာကလော့ပ်က “ ရံှူးလို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!