Date

March 12, 2020

ပရီးမီးယားလိဂ်မှာ ကိုရိုနာ သံသယရှိလာခြင်း၊ ယူအီးအက်ဖ်အေ အစည်းအဝေးနဲ့ လီဗာပူး ညနေခင်းသတင်းများ

မီနာမီနိုက ချန်ပီယံလိဂ်မှာ နောက်ဆုံးမိနစ်တွေအတွင်း ပါဝင်ရတာက အဆင်မပြေခဲ့ပဲ ပွဲထွက်လူစာရင်းကနေ ယှဉ်ပြိုင်ရတာနဲ့စာရင် ခက်ခဲလွန်းတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ သူက ပရီးမီးယားလိဂ်ကို ပိုမို အာရုံစိုက်ပါတော့မယ်လို့ ဆိုခဲ့ပါတယ်။ ယူအီးအက်ဖ်အေက ဥရောပပြည်တွင်းဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှ ပြိုင်ပွဲ အသီးသီးနဲ့ ယူရို ပြိုင်ပွဲအတွက် ဆုံးဖြတ်မှုတွေ လုပ်ဖို့ အစည်းအဝေးတစ်ခုကို ခေါ်ယူပြီး စတင်လိုက်ပါပြီ။ နောက်ဆုံးတွဲ ဆုံးဖြတ်ချက်ကို အဆိုပါ အစည်းအဝေးက ထွက်ပေါ်လာတဲ့အတိုင်း ဆက်လက် လုပ်ဆောင်ပါမယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းရဲ့ စီနီယာအသင်းသား သုံးဦးဟာ ကိုရိုနာ ကူးစက်ခံထားရတယ်ဆိုတဲ့ သံသယကြောင့်… Continue Reading →

ဝေဖန်မှု ဖိအားတွေအောက် လဲပြိုမှာ မဟုတ်ဘဲ လီဗာပူးအတွက် ကြံ့ကြံ့ခံ ရင်ဆိုင်မယ့် အသင်းသားများ

ချန်ပီယံလိဂ်ကနေ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့နောက် လီဗာပူးအသင်းသားတွေက ဒီအခြေအနေကနေ အကောင်းဆုံး တုန့်ပြန်ဖို့ လိုအပ်ကြောင်းနဲ့ ကလပ်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် ရှိရတာကို ဂုဏ်ယူတယ်ဆိုတဲ့ စကားတွေကို ပြောဆိုခဲ့ကြပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်က “ ဂိုးတွေ ခွင့်ပြုလိုက်ရတာအတွက် အရမ်း စိတ်ပျက်မိပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အချိန် အများအပြားမှာ ကျေနပ်ဖို့ ကောင်းခဲ့ပါတယ်။ ဂိုးတွေ ပေးလိုက်ရတာအတွက်ကတော့ ကျနေ်ာတို့ စိတ်ပျက်ခဲ့ရတယ်။ ဒီလို အခြေအနေနဲ့ ဂိုးတွေ ပေးလိုက်ရတာက ကျနေ်ာတို့ ဖြစ်နေကျ မဟုတ်ပါဘူး။ ဒါကို… Continue Reading →

အတ်ဒရီယန်နဲ့ ပက်သက်ပြီး မှတ်ချက်စကားကို အရိုးသားဆုံး ပြောဆိုသွားတဲ့ မန်နေဂျာကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အတ်ဒရီယန်ရဲ့ အမှားဟာ တီကို ကို အရေးနိမ့်မှုအပေါ် သက်ရောက်မှု ကြီးမားခဲ့ပေမယ့် နောက်တစ်ဆင့်ကို မတက်နိုင်ခဲ့တာအတွက် ဂိုးသမားကို အပြစ်တင်နေမှာ မဟုတ်ပါဘူးလို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။ ကလော့ပ်က ” သူက ယောက်ကျားတစ်ယောက်ဖြစ်လို့ ဒါက ဘယ်လို အနေအထားလဲဆိုတာကို နားလည်ပါတယ်။ သူ့ကို ပြစ်တင်မှုတွေ ကျနေ်ာတို့ လုပ်သွားမှာ မဟုတ်ပါဘူး။ ဘာလုပ်ရမလဲ ဆိုတာတော့ ကျနော် မသိဘူး ဒါပေမယ့် သူ့ကို လေးစားမှု ရှိရမှာပါ။ အဲ့လို လုပ်တာကပဲ ကောင်းပါလိမ့်မယ်။… Continue Reading →

အက်သလက်တီကို ကို အန်ဖီးကွင်းမှာ အရေးနိမ့်အပြီး မန်နေဂျာကလော့ပ်ရဲ့ ပြောဆိုမှု

မန်နေဂျာယာဂင်ကလော့ပ်က တီကို ကို နှစ်ကျော့စလုံး အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းသားတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အားရကျေနပ်ပါကြောင်း စကားဆိုခဲ့ပါတယ်။ လီဗာပူးရဲ့ ဒီရာသီ ချန်ပီယံလိဂ်ကာကွယ်ဖို့ ကြိုးစားမှုက အဆုံးသတ်ခဲ့ပေမယ့် လာမယ့်ရာသီတွေမှာ အသင်း ပြန်လည် ယှဉ်ပြိုင်မှာဖြစ်ပြီး ဆက်ရန်ရှိဦးမလား မပြောနိုင်တဲ့ ပရီးမီးယားလိဂ်ကို အာရုံစိုက်ဖို့ပဲ ကြိုးစားရပါတော့မယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ကလော့ပ်က ” ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး။ လုပ်စမ်းပါဗျာ ကျနေ်ာတို့ အစွမ်းကုန် ကြိုးစားခဲ့တာပါ။ နှစ်နှစ်ခွဲအတွင်း ချန်ပီယံလိဂ်မှာ… Continue Reading →

အန်းဖီးမှတ်တမ်းကောင်းပါ ကျိုးပျက်ခဲ့ရခြင်း အပါအဝင် တီကိုပွဲ နောက်ဆက်တွဲ လီဗာပူး နံနက်ခင်းသတင်းများ

လီဗာပူးအသင်းဟာ ညက ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်ကို ပုံမှန်ပွဲချိန်အတွင်း အနိုင်ရခဲ့ပေမယ့် အချိန်ပိုမှာ ဂိုးသမားရဲ့ ချွတ်ချော်မှုကနေ ဂိုးများပေးခဲ့ရကာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဂိုးသမား အက်ဒရီယန်က ပွဲချိန်အတွင်း မှားယွင်းမှုတွေ ရှိခဲ့တာ မှန်ပေမယ့် သူ့အပေါ် အပြစ်တင်သွားမှာ မဟုတ်ကြောင်း လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ပြောဆိုခဲ့ပါတယ်။ အက်သလက်တီကိုကို ရှုံးနိမ့်လိုက်တာက လီဗာပူး ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ အပြင် အန်းဖီးမှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!