Date

March 15, 2020

ပရီးမီးယားလိဂ် ပယ်ဖျက်စေလိုသူတွေအား တုန့်ပြန်လိုက်တဲ့ လီဗာပူး ဂန္တဝင်ကြီး ဆာကင်နီဒဲလ်ဂလစ်

လီဗာပူး ဂန္တဝင်ကြီးဖြစ်တဲ့ ဆာကင်နီဒဲလ်ဂလစ်က ကိုရိုနာ အန္တရာယ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ကို ပယ်ဖျက်ဖို့ လုပ်ဆောင်ပြီး လီဗာပူးကို ချန်ပီယံမဖြစ်စေမှုကို လုံးဝ လက်ခံမှာ မဟုတ်ပါကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ၁၉၈၉ ခုနှစ် ဟေးဘရော့ဖြစ်ရပ်မှာ ထိုစဉ် လီဗာပူးအသင်းကို မန်နေဂျာအဖြစ် ကိုင်တွယ်ခဲ့တဲ့ ကင်းကင်နီဟာ နှစ်ပေါင်း ၃၀ တိုင်တိုင် လီဗာပူးတို့ ခက်ခဲစွာ ကြိုးစားလာတဲ့ အမှတ်ပေးဖလားကို ဒီာသီမှာ အနိုင်ရဖို့ ထိုက်တန်တယ်လို့ ယုံကြည်တယ်။ သူကတော့ လိဂ်ကို ပယ်ဖျက်ဖို့ ကိစ္စကို သဘောမတူပါကြောင်း… Continue Reading →

ယာဂင်ကလော့ပ်ရဲ့ လူစာရင်း ရှင်းထုတ်မှုမှာ ပါဝင်သွားမယ့် စီနီယာအသင်းသား လေးဦး

ပရီးမီးယားလိဂ်ကို သုံးပတ်ကြာ အနားပေးထားချိန်မှာ လီဗာပူးအတွက် ယာဂင်ကလော့ပ် ဘာတွေကို စီမံနိုင်သလဲဆိုတာအတွက် မာဆေးဆိုဒ် အခြေစိုက်သတင်းက သုံးသပ်မှုတစ်ခု ပြုလုပ်သွားပါတယ်။ လီဗာပူးအသင်းက စီနီယာအသင်းသားတွေကို နေအိမ်တွေထံ ပြန်ပို့ခဲ့ပြီဖြစ်ပြီး အိမ်တွင်းမှာပဲ တစ်ဦးချင်း လေ့ကျင့်ရေးတွေကို ပြုလုပ်ကာ အခြေအနေကို စောင့်ကြည့်နေစေမှာဖြစ်တယ်။ ဒီကာလတွေအတွင်းမှာ မန်နေဂျာ ယာဂင်ကလော့ပ်ကတော့ လာမယ့် နွေအတွက် အစီအစဉ်တွေ ပြုလုပ်မှာဖြစ်ပြီး ကစားသမား လေးဦးကို ရှင်းထုတ်ကာ အစားထိုးမှုအတွက် စတင် ကြံရွယ်နေမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဇန်နဝါရီတုန်းက ဆီးဗီးလားနဲ့ ရိုးမားတို့က အလိုရှိခဲ့တဲ့ ဆွစ်ဇလန်လက်ရွေးစင်… Continue Reading →

ဗိုင်းရပ် အန္တရာယ်မှာ မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ လုပ်ရပ်တွေအတွက် ချီးကျူးခံနေရတဲ့ လီဗာပူး

ပရီးမီးယားလိဂ်ကို ဧပြီလ ၃ ရက်နေ့ထိ ရပ်နားကြောင်း တရားဝင် ကြေညာချက်အပြီး မန်နေဂျာယာဂင်ကလော့ပ်နဲ့ စီနီယာအသင်းသားတွေရဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးမှုတွေ ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က ကလပ်အသင်း ဝဘ်ဆိုဒ်ကနေတစ်ဆင့် လီဗာပူးပရိသတ်တွေကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး လူမှုအဖွဲ့အစည်း ကောင်းမွန်ဖို့အတွက် တိုက်တွန်းစကား ဆိုခဲ့တာပါ။ ကလော့ပ်ရဲ့ အမှာစာထဲမှာတော့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ လမ်းညွှန်မှုကို လိုက်နာဖို့၊ ကိုယ်ဘာသာ ကောင်းအောင် ဂရုစိုက်ကြဖို့ ကျန်းမာရေးက အဓိကဖြစ်ပြီး ဘယ်လို စွန့်စားမှုမှ မလုပ်ပါဖို့နဲ့ တန်းဖိုးကြီးလှတဲ့ လူမှုအဖွဲ့အစည်းအတွက် ပိုမိုအရေးပါမှုတွေနဲ့ စဉ်းစားပေးပြီး… Continue Reading →

ချန်ပီယံလိဂ်မှာ အက်သလက်တီကို ကို အရေးနိမ့်ခဲ့တာကြောင့် ငွေကြေးနစ်နာမှုများမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာကြောင့် ငွေကြေး ဆုံးရံှူးမှု များမယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။ ချန်ပီယံလိဂ်ဟာ ကွာတားဖိုင်နယ် ရောက်တဲ့ အသင်းတွေကို ပေါင် ၈.၇ သန်း၊ ဆီမီးဖိုင်နယ် အဆင့်ကို ပေါင် ၁၀ သန်းနဲ့ ဖိုင်နယ်အဆင့်အတွက် ပေါင် ၁၂.၄ သန်း တို့ကို ပေးအပ်တာဖြစ်တယ်။ ဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာကြောင့် လီဗာပူးဟာ ပေါင် သန်း ၃၀ လောက်ထိကို နစ်နာမျာဖြစ်ပါတယ်။ ၂၀၁၈… Continue Reading →

လီဗာပူးကို ချန်ပီယံအဖြစ် ပေးသင့်၊ မပေးသင့်ကိစ္စအား ထုတ်ပြောလာတဲ့ နောက်ထပ် ပြိုင်ဘက်အသင်း

ဒီရက်ပိုင်းမှာ ဝက်ဟမ်းအသင်း ဒု-ဥက္ကဌက ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးကို ပေးဖို့ သဘောမတူပဲ ကန့်ကွက်ကြောင်းနဲ့ သူမရဲ့ ကန့်ကွက်မှုကိုလည်း လာမယ့် ကြာသပတေးနေ့ အစည်းအဝေးမှာ အဆိုတင်သွင်းမယ်လို့ ဆိုထားပါတယ်။ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ အသင်းတွေထဲမှာ ပါဝင်နေတဲ့ ဘရိုက်တန်းအသင်း စီအီးအိုကတော့ အဆိုပါ အချက်ကို လက်မခံခဲ့ပါဘူး။ သူကတော့ ပိုမို လက်တွေ့ကျတဲ့ ကိစ္စတွေကို စဉ်းစားဖို့ ထုတ်ပြောလာတာပါ။ ဘရိုက်တန် စီအီးအိုက ” နှစ်ပတ်၊ သုံးပတ်ကြာပြီးရင် ပရီးမီးယားလိဂ်က ဘာဖြစ်မလဲဆိုတာကို… Continue Reading →

ဝက်စ်ဟမ်း ဒုဥက္ကဌကို ခပ်ရွဲ့ရွဲ့ တုန့်ပြန်လိုက်တဲ့ ဂျင်မီ ကာရေဂါ

လီဗာပူး ခံစစ်မှူးဟောင်းကြီ ဂျင်မီကာရေဂါက ကိုရိုနာအရေးကြောင့် ရပ်နားထားတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အေးဆေးသွားချိန်မှာ ဆက်လက် ကစားခြင်းကသာ မျှတတဲ့ ဖြေရှင်းမှု ဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ် အရေးပေါ် အစည်းအဝေးမှာ ဒီရာသီ ပြိုင်ပွဲကို ဖျက်သိမ်းလိုတဲ့ ကလပ်အသင်း အချို့ ရှိနေပြီး ဝက်စ်ဟမ်းအသင်း ဒုဥက္က္ဌဖြစ်သူ ကာရန် ဘရာဒီကတော့ ပြိုင်ပွဲဖျက်ဖို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန်က ဘောလုံးပြိုင်ပွဲတွေကို ရပ်နားဖို့ သောကြာနေ့ကပဲ အက်ဖ်အေက ဆုံးဖြတ် ကြေငြာခဲ့ပါတယ်။… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!