Month

May 2020

ပရိသတ်တွေအတွက် ကောင်းပေမယ့် မန်နေဂျာတွေ မကြိုက်မယ့် ကိစ္စတွေကို ပရီးမီးယားလိဂ် စီစဉ်

ဇွန်လ ၁၇ ရက်မှာတော့ ပရီးမီးယားလိဂ်ကို ပြန်လည် စတင်တော့မှာဖြစ်ပြီး လီဗာပူးကတော့ ဇွန်လ ၂၀ ရက်မှာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီသတင်းကို ဒီအပတ် ဗုဒ္ဓဟူးနေ့တည်းက ကြေညာထားတာဖြစ်လို့ ကလပ်တွေဟာ လေ့ကျင့်ချိန်ကို သုံးပတ် နီးပါးလောက် ကောင်းကောင်းရကြမှာဖြစ်တယ်။ ဒီကာလတွေအတွင်း လိဂ်တာဝန်ရှိသူတွေနဲ့ ကလပ်တွေဘက်က တွေ့ဆုံမှုတွေ ဆက်လက် လုပ်ဆောင်ကာ ဖြစ်လာမယ့် ကိစ္စတွေအတွက် ညိနှိုင်းမှုတွေ ဆက်ရှိနေပါမယ်။ ပရီးမီးယားလိဂ် အသင်း ၂၀ နဲ့ လိဂ်တာဝန်ရှိသူတွေ ညိနှိုင်းနေတဲ့ ကိစ္စ တစ်ခုကတော့… Continue Reading →

တနင်္ဂနွေနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြားသတင်းတိုများ

ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေပြိုင်ပွဲ သုံးခုလုံးမှာ hat-trick သွင်းယူနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်သူ ဘီနာယောင်းက လီဗာပူးအတွက် ကစားပေးရတာကို အရမ်း ဂုဏ်ယူပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ နွေအပြောင်းအရွှေ့မှာ ဖူလ်ဟမ်တိုက်စစ်သမားလေး အီးလီးယော့ကို လီဗာပူးမတိုင်ခင် ရီးရဲလ်မက်ဒရစ်က ရာမိုစ့်နဲ့ပါ တွေ့ခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့စဉ် တိုက်စစ်သမားလေးက “ မလိုဘူး၊ ရတယ်။ ကျေးဇူးတင်တယ်။ မိုဆာလက်ကို သူလုပ်ခဲ့တာကြောင့် သူ့ကို မကြိုက်တော့ဘူး ” လို့ တုန့်ပြန်ခဲ့ပါတယ်။ လီဗာပူးအခြေစိုက် သတင်းဌာနတွေက နွေအပြောင်းအရွှေ့မှာ ပေါ်လစီပိုင်းကို… Continue Reading →

ဒေါ်လာတွေ လာရင် ဆာလက်နဲ့ မာနေးလည်း သွားမှာပဲလို့ လီဗာပူးပရိသတ်တွေကို သတိပေးမှု

လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းက မော်ဒန် ဘောလုံးလောကမှာ ပြောင်းလဲလာတဲ့ အနေအထားတွေ အကြောင်း ပရိသတ်တွေကို သတိပေးမှုတစ်ခု ပြုလုပ်လိုက်ပြီး ကိုယ်ဟာ လီဗာပူးအသင်းကို အားပေးသူဆိုတာကို မမေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူကပဲ ဆာလက်နဲ့ မာနေးတို့ဟာ ရိုးသားတဲ့ ဘောလုံးသမားကောင်းတွေ ဖြစ်ပေမယ့် မော်ဒန် ဘောလုံးလောကမှာတော့ သူတို့ဟာလည်း ရောင်းချခံ ကစားသမားတွေ ဖြစ်နိုင်သလို လီဗာပူးကို စွန့်ခွာသွားဖို့ လုပ်ဆောင်တာတွေလည်း ရှိလိမ့်မယ်လို့ ဂျွန်ဘမ်က ပြောပြခဲ့တယ်။ ဒီကနေ့ခေတ်မှာ ဘယ်လို ကစားသမားကိုမဆို ထိန်းချုပ်ဖို့က အာမခံချက် မရှိဘဲ အရမ်းကောင်းတဲ့… Continue Reading →

ဗြိတိန်အစိုးရရဲ့ ထောက်ခံမှုကြောင့် အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ်ဖလား မြောက်ခွင့်ရမယ့် လီဗာပူး

ဗြိတိန်အစိုးရဘက်က ဘောလုံးဆိုင်ရာ ရဲအဖွဲ့အား ဝင်မပါစေပဲ ဒေသဆိုင်ရာ ရဲအဖွဲ့အား သက်ဆိုင်ရာ ဒေသမှာ ထိန်းချုပ်ခွင့်တွေ ပေးမှာဖြစ်လို့ လီဗာပူးရဲ့ ပွဲကစားခွင့်တွေက အကောင်းမြင်စရာ ဖြစ်လာပါတယ်။ ဒီအပတ်မှာပဲ ဗြိတိန် ဘောလုံးဆိုင်ရာ ရဲအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ကနေပြီး လီဗာပူးပွဲ အများအပြားပါတဲ့ ပွဲစဉ်တွေကို ကြားကွင်းတွေထံ ရွှေ့ပြီး ကစားဖို့ တောင်းဆိုခဲ့တာပါ။ လီဗာပူးဘက်ကတော့ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်ကို ပူးပေါင်း လုပ်ဆောင်ပေးမယ်လို့ တရားဝင် ကြေညာခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ အာဏာပိုင်တွေက သက်ဆိုင်ရာ အိမ်ကွင်း ဧည့်ခံကစားမှုတွေကို ဒေသခံ ရဲအဖွဲ့တွေကိုပဲ… Continue Reading →

ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံး hat-trick သုံးခုရှင် စံချိန်အတွက် ဂုဏ်ယူနေတဲ့ ဘီနာယောင်း

လီဗာပူးအတွက် ကစားပေးရတာကို အရမ်း ဂုဏ်ယူပါတယ်လို့ ပြောဆိုလာသူက ကွင်းလယ် ကစားသမားဟောင်းကြီး ဘီနာယောင်းပဲ ဖြစ်ပါတယ်။ အစ္စရေး ကစားသမားဟောင်းဟာ လီဗာပူးအတွက် ၂၀၀၇ ကနေ ၂၀၁၀ အတွင်းမှာ ပွဲပေါင်း ၁၃၄ ပွဲထိ ကစားခဲ့ပြီး သွင်းဂိုး ၂၉ ဂိုးထိ သွင်းယူနိုင်ခဲ့တယ်။ ဘောလုံးပရိသတ်တွေ မသိကြတဲ့ အချက်တစ်ခုက သူဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေပြိုင်ပွဲ သုံးခုလုံးမှာ hat-trick သွင်းယူနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်ပါတယ်။ “ ဟုတ်ပါတယ်။… Continue Reading →

ရာမိုစ့်ကို မတွေ့ချင်ဘူးလို့ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို တုန့်ပြန်ခဲ့တဲ့ အီလီယော့

မနှစ်က နွေအပြောင်းအရွှေ့မှာ ဖူလ်ဟမ်တိုက်စစ်သမားလေး အီးလီးယော့ကို လီဗာပူးမတိုင်ခင် ကမ်းလှမ်းခဲ့တဲ့ အသင်းထဲမှာ ရီးရဲလ်မက်ဒရစ်လည်း ပါဝင်ပါတယ်။ စပိန်ကလပ်ဟာ အီလီယော့ကို ခေါ်ယူဖို့အတွက် ၎င်းတို့ရဲ့ ကိုယ်စားလှယ်တွေကို ညိနှိုင်းဖို့ စေလွှတ်ခဲ့စဉ်မှာ အီလီယာ့ရဲ့ အိမ်နံရံမှာ မြင်ရတာတွေထဲက ၎င်းတို့အသင်း အသင်းခေါင်းဆောင် ရားမိုစ့်ရဲ့ ဂျာစီကိုပါ မြင့်ခဲ့ရတယ်။ ဒါကြောင့် ရီးရဲလ်ဘက်က သက်တော်ရှည် ကစားသမားနဲ့ မိတ်ဆက်ပေးမယ်ဆိုတဲ့ မက်လုံးကိုပါ ပေးခဲ့တာဖြစ်တယ်။ အဲ့သည်မှာပဲ အီးလီးယော့ပ်က “ မလိုဘူး၊ ရတယ်။ ကျေးဇူးတင်တယ်။ မိုဆာလက်ကို သူလုပ်ခဲ့တာကြောင့် သူ့ကို… Continue Reading →

အာဆင်နယ်ကို ရင်ဆိုင်ဖို့ ကြောက်နေတဲ့ နီကိုးအား တစ်ဦးချင်း ခေါ်တွေ့ခဲ့တဲ့ ယာဂင်ကလော့ပ်

ဒီရာသီ အောက်တိုဘာလတုန်းက လီဗာပူးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းပွဲမှာ လီဗာပူးကြယ်ပွင့် နီကိုး ဝီလီယမ်ဟာ စီနီယာပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ ညာအစွန်လူဟာ လူငယ်အဆင့်မှာ ခြေစွမ်း ပြနေပေမယ့် စီနီယာအဆင့် အတွေ့အကြုံ နည်းပါးသူပါ။ လီဗာပူးမန်နေဂျာက ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေအပြင် ဒီဇင်ဘာလမှာ ယှဉ်ပြိုင်ရမယ့် ကလပ် ကမ္ဘာဖလားပြိုင်ပွဲတွေအတွက် ကစားအားကို ထိန်းဖို့ ရည်ရွယ်ပြီး ကလပ်ပွဲတွေမှာ နီကိုးအပြင် လူငယ်တွေကိုပဲ အသားပေး အသုံးပြုဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်။ နီကိုး ဝီလီယမ်က “ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲ… Continue Reading →

အပြောင်းအရွှေ့မှာ ပေါ်လစီပိုင်း ပြောင်းလဲဖို့ လီဗာပူးအသင်းကို တောင်းဆိုမှုတွေ ရှိနေ

လီဗာပူးအခြေစိုက် သတင်းဌာနတွေက နွေအပြောင်းအရွှေ့မှာ ပေါ်လစီပိုင်းကို အနည်းငယ် ပြောင်းလဲပြီး ကလပ်အတွက် အံဝင်နိုင်တဲ့ ဝါရင့်ကစားသမားမျိုးကို ခေါ်ယူဖို့ရာ မတွန့်ဆုတ်ဖို့ တိုက်တွန်းနေကြပါတယ်။ လီဗာပူးဟာ တီမိုဝါနာကို ခေါ်ယူဖို့ အလေးပေး ကြိုးစားမှာ ဖြစ်ပေမယ့် ရာသီ မကုန်သိမ်ခင် အချိန်ထိ စာချုပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်ဦးမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို ပြန်လည် စတင်ဖို့ ခွင့်ပြုထားပေမယ့် နွေဈေးကွက် ဖွင့်ချိန်ကို အတည်မပြု နိုင်သေးခြင်းကလည်း အကြောင်းရင်းတစ်ချက် ဖြစ်ပါတယ်။ ဒီဘက် နှစ်နှစ်အတွင်း လီဗာပူးက ဗန်ဒိုက်၊ အယ်လီဆန်၊… Continue Reading →

တီမိုဝါနာကို မခေါ်ယူနိုင်ရင် ပလန်-ဘီအဖြစ် လီဗာပူး ရွေးချယ်ထားတဲ့ တိုက်စစ်သမား

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ တီမိုဝါနာကို ခေါ်ယူဖို့ ဦးစားပေး သက်မှတ်ထားပေမယ့် မအောင်မြင်ခဲ့ရင် ဘာစီလိုနာအသင်းမှ လူငယ်တိုက်စစ်သမား ဒမ်ဘီလီကို ခေါ်ယူလိမ့်မယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြပါတယ်။ လီဗာပူးဟာ တီမိုဝါနာကို နှစ်သက်ပြီး အပြောင်းအရွှေ့ဆိုင်ရာ ကမ်းလှမ်းမှုတွေအတွက် အချိန်ပေးဖို့ လိုက်ဇစ်ကို တောင်းဆိုထားပါတယ်။ လိုက်ဇစ်ဘက်ကလည်း ဝါနာကို ရောင်းချပေးဖို့ရာ လီဗာပူးကို ဦးစားပေးမှာဖြစ်ပြီး ယူရို ၄၅ သန်းလောက်နဲ့ ဈေးချပေးမယ်ဆိုတဲ့ သတင်းတွေလည်း သိထားရတာဖြစ်တယ်။ စပိန်သတင်းတွေမှာတော့ မန်နေဂျာကလော့ပ်ဟာ ၂၀၁၇ ခုနှစ်တုန်းက ခေါ်ယူဖို့… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!