Date

June 1, 2020

BREAKING: ဒီအပတ်ထဲမှာ ကိစ္စကြီးတစ်ခုကို တရားဝင် ကြေညာမယ့် လီဗာပူး

လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို New Balance နဲ့ပဲ အပြီးသတ်မယ်လို့ ကလပ်ဝဘ်ဆိုဒ်ကနေ တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်း ကြေညာချက်မှာတော့.. ” ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ လီဗာပူးက New Balance နဲ့ ဆက်လက် လက်တွဲမှာ ဖြစ်ပါတယ်။ လီဗာပူး၊ New Balance နဲ့ လာမယ့် ဂျာစီသစ် Nike တို့ကြားမှာ မေလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတဲ့ စာချုပ်ကို ကိုဗစ်-၁၉… Continue Reading →

တနင်္လာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြားသတင်းတိုများ

ဒီကနေ့ဟာ မက်ဒရစ်မြေမှာ လီဗာပူးအသင်း ၆ ကြိမ်မြောက် ချန်ပီယံလိဂ်လားကို အောင်မြင်ခဲ့ခြင်း ၁ နှစ်ပြည့်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ မာဆေးဆိုဒ် ဒါဘီပွဲအတွက် ကစားမယ့်ရက်နဲ့ အချိန်ကို အတိအကျ ထုတ်ပြန်ပေးလာခြင်း မရှိပေမယ့်လည်း လီဗာပူးအသင်းကတော့ အဆိုပါပွဲအတွက် အကောင်းဆုံး ပြင်ဆင်နေပြီ ဖြစ်သလို ဒဏ်ရာတွေကြောင့် နားနေရတဲ့ ဂိုးသမား အယ်လီဆန် ပြန်ပါလာဖို့ ရှိနေပါတယ်။ လီဗာပူးအသင်းမှာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ရှာကွီရီနဲ့ ကလိုင်းတို့ ကြံ့ခိုင်မှု ရာနှုန်းပြည့် မဖြစ်သေးတာကလွဲလို့ ကျန် အသင်းသားတွေထံမှာ ထူးထူးခြားခြား ဒဏ်ရာရနေခြင်း… Continue Reading →

လီဗာပူးအသင်း ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး နှစ်ဦး ရိုဘို ထုတ်ဖော်

လီဗာပူးအသင်းရဲ့ ဘယ်စွန် ခံစစ်မှူး အန်ဒီရော်ဘတ်ဆန်က မာဆေးဆိုဒ်ကလပ်အသင်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ နည်းပြ ပိုင်ဆိုင်ထားကြောင်း ဖွင့်ဟလိုက်ပြီး ဗန်ဒိုက်နဲ့ ကလော့ပ် အကြောင်း သုံးသပ်ကာ ချီးကျူး ပြောဆိုခဲ့ပါတယ်။ လီဗာပူး ခံစစ်ကြောင်းမှာတော့ ရော်ဘတ်ဆန်က ဗန်ဒိုက်နဲ့ အတူ ပင်တိုင်လိုလို ပါဝင်ပွဲထွက်ခွင့် ရသူ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ၂၅ မှတ်ထိ ဖြတ်ထားနိုင်တဲ့ လီဗာပူးအသင်း လူစာရင်းက အဓိက ကစားသမားတွေ ဖြစ်ကြပါတယ်။ ရော်ဘတ်ဆန်ကတော့ ဗန်ဒိုက်ကို လီဗာပူး ပေါင်… Continue Reading →

လွန်ခဲ့တဲ့ ၁၂ လက ဂွာဒီယိုလာကို ပေးခဲ့တဲ့ ကတိကို တည်ခဲ့တဲ့ ယာဂင်ကလော့ပ်

ဒီကနေ့ဟာ မက်ဒရစ်မြေမှာ လီဗာပူးအသင်း ၆ ကြိမ်မြောက် ချန်ပီယံလိဂ်လားကို အောင်မြင်ခဲ့ခြင်း ၁ နှစ်ပြည့်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၂ လတုန်းက ဒီလိုရက်မှာ ကလော့ပ်ဟာ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကို ကတိတစ်ခုပေးခဲ့ပြီး ဒီရာသီလည်း လီဗာပူးဟာ မန်စီးတီးကို ဖိအားပေးဖို့နဲ့ ပိုကောင်းအောင် ကြိုးစားကြမယ်ဆိုတဲ့ ကတိပဲဖြစ်တယ်။ ကလော့ပ်ဟာ သူပေးတဲ့ ကတိကို တည်ကြောင်းကို ဒီရာသီ အမှတ်ပေးဇယားအား ၂၅ မှတ် ဖြတ်ထားမှုနဲ့အတူ သက်သေပြထားပြီ ဖြစ်ပါတယ်။ မက်ဒရစ်မှာတုန်းက ကလော့ပ်က ပြောခဲ့တာက “… Continue Reading →

မာဆေးဆိုဒ်ဒါဘီပွဲအတွက် လီဗာပူးအသင်းရဲ့ ခန့်မှန်းလူစာရင်း စတင်ထွက်ပေါ်နေ

အန်ဖီးကွင်းမှာ လီဗာပူးအသင်းက အက်သလက်တီကို မက်ဒရစ်ကို အရေးနိမ့်ပြီး ရက်ပိုင်း အကြာမှာပဲ အင်္ဂလန်ပြည်တွင်း ဘောလုံးပွဲတွေ ရပ်နားခဲ့ရပါတယ်။ မတ်လကတည်းက ရပ်နားထားရတဲ့ ဘောလုံးပွဲနဲ့ လေ့ကျင့်ရေးတွေအတွက် သတင်းကောင်းက ဒီလ အစောပိုင်းတည်းက မဲဝုဒ်မှာ လေ့ကျင့်ရေးတွေ ပြန်လည် စတင်လာတာပါ။ တစ်ဦးချင်း လေ့ကျင့်ရေး၊ အဖွဲ့ငယ်လိုက် လေ့ကျင့်ရေးတွေကနေ ဒီအပတ်မှာတော့ ထိတွေ့မှုရှိတဲ့ အသင်းလိုက် လေ့ကျင့်ရေးတွေ အပြည့်အစုံ ပြန်လည် စတင်မှာဖြစ်တယ်။ အမှတ်ပေးပွဲ ၂၉ ပွဲ ကစားအပြီး နိုင်ပွဲ ၂၇ ပွဲ ရယူထားတဲ့… Continue Reading →

ဝါနာနဲ့ ပက်သက်ပြီး အရေးပါတဲ့ မေးခွန်းကို လီဗာပူးသတင်းဌာနထံ လိုက်ဇစ်မန်နေဂျာ ဖြေဆိုပေး

လိုက်ဇစ်မန်နေဂျာ နေဂဲလ်စမန်းကတော့ တီမိုဝါနာက ထွက်သွားချင်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သူ့မှာ တားဆီးပိုင်ခွင့် မရှိပါကြောင်း လီဗာပူး အခြေစိုက် သတင်းဌာနကို ဖြေဆိုပေးခဲ့ပါတယ်။ ဂျာမနီမှာ တောက်ပနေတဲ့ တိုက်စစ်သမားကို ခေါ်ယူဖို့ လီဗာပူးက ချယ်ဆီး၊ ယူနိုက်တက်တို့နဲ့အပြိုင် စိတ်ဝင်စားနေတာပါ။ ကစားသမားကလည်း လီဗာပူးကို ပြောင်းလိုကြောင်း အရိပ်အယောင်တွေ ပြသထားတာကြောင့် ဝါနာမှာ ခြေချုပ်မိစရာ ကိစ္စတွေများ ရှိနေမလားဆိုတာကို လီဗာပူးအခြေစိုက် Echo သတင်းဌာနက စုံစမ်းမေးမြန်းမှု လုပ်ပေးခဲ့တာ ဖြစ်တယ်။ နေဂလ်စမန်းက “ ကျနေ်ာတို့ ဝင်လုပ်နိုင်တာ တစ်ခုမှ… Continue Reading →

အပြောင်းအရွှေ့ သတင်းကြီးနေတဲ့ လီဗာပူးကစားသမားတွေ ထွက်ခွာမှာ မဟုတ်

မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဒီနွေမှာတော့ ခံစစ်မှူး လိုဗရန်အပြင် ကြယ်ပွင့် လူငယ်တွေကို လက်လွတ်သွားတော့မှာ မဟုတ်ဘူးလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က The Athletic ကနေ အတည်ပြုလိုက်ပါတယ်။ ဒီနွေမှတော့ ခံစစ်မှူး လိုဗရန်ကို ထွက်ခွာခွင့်ပေးမှာ ဖြစ်ပြီး ရှာကွီရီကိုလည်း ရောင်းထုတ်ကာ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ရဲ့ အနာဂတ်ကိုပါ ဆုံးဖြတ်ပေးလိမ့်မယ်လို့ သတင်းကြီးထားတာပါ။ ဂျိမ်းပီရက်စ်က ရှာကွီရီ အနာဂတ်ကို မပြောပေမယ့် ကျန် ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး သတင်းပေးလာပါတယ်။ ပီရက်စ်က ” အီတလီကနေ စိတ်ဝင်စားမှုတွေ… Continue Reading →

ဘောလုံးပွဲ ပြန်စစချင်း ဆောက်နဲ့ထွင်းရမှာအတွက် အဆင်သင့်ပဲလို့ ထရန့် ပြော

လီဗာပူး ညာအစွန်လူ ထရန့် အလက်စန္ဒား-အာနိုးက ပရီးမီးယားလိဂ် ပြန်စစချင်းမှာပဲ မာဆေးဆိုဒ် ဒါဘီလို ပွဲကြီးပွဲကောင်း ကစားရမှာ ဖြစ်ပေမယ့် အဆင်သင့် ဖြစ်နေစေရမယ်လို့ ကြွေးကြော်လိုက်ပါတယ်။ လီဗာပူးဟာ အဲဗာတန်ပွဲအပြီး ပဲလေစ့်၊ မန်စီးတီး တို့နဲ့ ဆက်တိုက် ကစားရမှာဖြစ်လို့ ပြင်းထန်တဲ့ ပွဲကောင်းတွေ ဆက်တိုက် ကစားရမှာပါ။ ဘောလုံးရာသီ ၁၀ ပတ်နီးပါးလောက် ရပ်နားပြီးမှ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ရချိန်မှာ ရောက်လာမယ့် ပွဲတွေအတွက် ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်လာဖို့ ပြန် ကြိုးစားနေတာကို ထရန့်က ရှင်းပြခဲ့တယ်။ ထရန့်က… Continue Reading →

လီဗာပူးက သိပ်ကြီးကျယ်တဲ့ အသင်းဖြစ်ပေမယ့် ငြင်းဆန်ခဲ့ရခြင်း အကြောင်းရင်းကို ကိုဖီ ပြော

ဖီအိုရင်တီးနား တောင်ပံသမား ခရစ်စတန် ကိုဖီက ၂၀၁၈ ခုနှစ် နွေတုန်းက လီဗာပူးအသင်းထံက ကမ်းလှမ်းမှု ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ရတဲ့ အကြောင်းရင်းကို ထုတ်ပြောလိုက်ပါတယ်။ ပြင်သစ်ကလပ် မိုနာကိုကနေ ပြင်သစ်-အိုင်ဗရီယန် သားကို ခေါ်ယူဖို့ လီဗာပူးအသင်းက ညိနှိုင်းခဲ့တာပါ။ ဒါပေမယ့်လို့ ကိုဖီက မန်နေဂျာယာဂင်ကလော့ပ် အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး စီးရီးအေကလပ်ကိုပဲ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ကိုဖီကတော့ သူဟာ ဆယ်ကျော်သက် ကစားသမားဘဝကနေ ပရီးမီးယားလိဂ်လို လိဂ်ကြီးနဲ့ လီဗာပူးအသင်းတို့ထံ ခြေချဖို့ရာ အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆခြင်းကြောင့် ကမ်းလှမ်းမှုကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!