Month

July 2020

RUMOUR: မန်ဒီ၊ အလာဘာ၊ လွိူက်ကယ်လီ တို့နဲ့ ပက်သက်သော ထူးခြား သတင်းများ

လီဗာပူးအသင်းဟာ လာလီဂါကလပ် ရီးရဲလ်ဘက်တစ်မှ အယ်ဂျီးရီးယား ခံစစ်မှူး မန်ဒီအတွက် ပေါင် ၁၀ သန်းဖြင့် ကမ်းလှမ်းပါကြောင်း စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ အသက် ၂၈ နှစ်အရွယ် ခံစစ်မှူးဟာ ပြင်သစ်နဲ့ စပိန်တို့မှာ ပုံမှန် ပွဲထွက်ခွင့်တွေ ယူထားနိုင်တဲ့ ခံစစ်မှူးကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ လိုဗရန်နေရာ အစားထိုးဖို့အတွက် မန်ဒီလို အတွေ့အကြုံရှိ ခံစစ်မှူးကို ခေါ်ယူဖို့ လီဗာပူး တာဝန်ရှိသူတွေ စဉ်းစားထားပါတယ်။ သူဟာ ဘက်တစ်နဲ့ စာချုပ် တစ်နှစ်ပဲ ကျန်ရှိတာကြောင့် ပြောင်းရွှေ့ကြေး မများနိုင်ဘူးလို့… Continue Reading →

လီဗာပူးပရိသတ်တွေ မေးခွန်းအထုတ်ဆုံး ကိစ္စကို သူလည်း အမြဲ ဆန်းစစ်နေတယ်ဆိုတဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က Goal နဲ့ လုပ်တဲ့ အင်တာဗျူးမှာ အစွန်သမားတွေဖြစ်တဲ့ ထရန့်နဲ့ ရိုဘို နေရာအတွက် အစားထိုးဖို့ ကိစ္စနဲ့ ပက်သက်ပြီး မေးမြန်ခံခဲ့ရပါတယ်။ ဒီအစွန်လူ နှစ်ဦးအနက် ထရန့်က မနှစ်က ဘောလုံးရာသီကစလို့ နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃၁ ကြိမ် လုပ်ခဲ့တယ်။ ရိုဘိုကလည်း နှစ်ရာသီအတွင်း ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးထောက်ပံ့မှု ၂၅ ကြိမ် လုပ်ထားနိုင်တာဖြစ်ပါတယ်။ ကလော့ပ်က ” ကျနေ်ာတို့ရဲ့… Continue Reading →

မနှစ်က ပစ်မှတ်ကို လီဗာပူး ပြန်လိုက်နိုင်မှုနဲ့အတူ ဘယ်အစွန်အတွက် လီဗာပူး ပစ်မှတ် ၃ ဦး

လီဗာပူးအသင်းဟာ နွေမှာ အင်အားဖြည့်ဖို့ ဦးစားပေးအဖြစ် ရွေးချယ်ထားတဲ့ နေရာတွေထဲမှာ ဘယ်အစွန်က အရေးကြီး နေရာတစ်ခုဖြစ်ပြီး ကစားသမား သုံးဦးလောက်ထိ ချိန်ရွယ်ထားတယ်လို့ Goal သတင်းထောက် Neil Jones က ဖော်ပြသွားပါတယ်။ လီဗာပူး စိတ်ဝင်စားနေတဲ့ ဘယ်အစွန်လူတွေကတော့ လူငယ် ကစားသမားတွေဖြစ်ပြီး အင်္ဂလန်သားတွေဖြစ်တဲ့ လွိူက် ကယ်လီ၊ ဂျမယ် လူးဝစ်နဲ့ ဂရိ လူငယ် ဘယ်အစွန်လူ ကွန်စတန်တီနို တစ်ဆီမီကတ်စ်တို့ ဖြစ်ကြတယ်လို့ ၎င်းက ဆိုပါတယ်။ လွိုက်ကယ်လီကိုတော့ ဘုန်းမောက်အသင်းက ချန်ပီယံရှစ်ကလပ် ဘရစ္စတိုစီးတီးကနေ… Continue Reading →

လီဗာပူးက အသင်းသားတွေအတွက် အရမ်း အဓိပ္ပာယ်ရှိကြောင်း ဖွင့်ပြောလိုက်တဲ့ အယ်လီဆန်

လီဗာပူးကို ပြောင်းလာခဲ့ပြီး နှစ်ရာသီအတွင်း အောင်မြင်မှုတွေ ရခဲ့တဲ့နောက် ဘရာဇီး ဂိုးသမား အယ်လီဆန်က မာဆေးဆိုဒ်မှာ သူ့ရဲ့ အသားကျနေမှုကို ထုတ်ဖော် ပြောဆိုပါတယ်။ လီဗာပူးဝဘ်ဆိုဒ်က လုပ်တဲ့ ချန်ပီယံစီးရီးအတွက် အင်တာဗျူးမှာ အယ်လီဆန်က အသင်းကို ရောက်လာရပြီး လက်ရှိမှာ သူခံစားနေရတဲ့ အခြေအနေတွေကို ထုတ်ပြောလိုက်တာဖြစ်တယ်။ ၂၀၁၈ ခုနှစ်မှာ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးရှင် ဖြစ်ခဲ့တဲ့ အယ်လီဆန်ဟာ လိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးအဖြစ်လည်း လက်စွမ်းပြနေတာ ဖြစ်ပါတယ်။ အယ်လီဆန်က ” ဒီအခြေအနေမှာ ကျနော်အတွက်တော့ လီဗာပူးက… Continue Reading →

မန်ချက်စတာကလပ်တွေ ကျဆင်းပြီး လီဗာပူး တန်ဖိုးတက်လာတဲ့ ကမ္ဘာဈေးအကြီးဆုံးစာရင်း

ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဆုကြေး ပေါင် သန်း ၁၅၀-၁၇၅ သန်းကြား ရမယ့် လီဗာပူးအသင်းဟာ ကမ္ဘာတန်ကြေး အရှိဆုံး ကလပ်များစာရင်းမှာ ယူနိုက်တက်နဲ့ ကွာဟချက် ပိုကျဉ်းလာခဲ့ပြီဖြစ်ပါတယ်။ Brand Finance Football က ထုတ်ပြန်တဲ့ အဆိုပါ တန်းဖိုးတက်မှချက်မှာတော့ လီဗာပူးရဲ့ တန်ကြေးဟာ ၆% တိုးတက်လာခဲ့ပြီး ပေါင် ၁.၁၄၃ ဘီလီယမ် တန်ကြေးရှိလာခဲ့ပြီဖြစ်တယ်။ ဒါဟာ ယူနိုက်တက်ရဲ့ ပေါင် ၁.၁၁၉၀ နဲ့ ပေါင် ၄၇ သန်းပဲ ကွာဟတော့သလို မန်စီးတီးကို… Continue Reading →

ဆန်ချို လီဗာပူးကို ရောက်ဖို့ထက် ကော်တင်ညို ဘာကာကနေ ပြန်လာတာကမှ ဖြစ်နိုင်ပါဦးမယ်

ဂျာမနီသတင်းဌာန Kicker က ဒေါ့မွန်တောင်ပံသမား ဆန်ချိုဟာ ယူနိုက်တက်ထက် လီဗာပူးကို ပြန်လာပြီး ဆုဖလား စိန်ခေါ်လိုကြောင်း ဖော်ပြလာပါတယ်။ ဒီသတင်းကိုတော့ ဂျာမနီသတင်းကို ကိုးကားပြီး အင်္ဂလန်သတင်းတွေက လိုက်ဖော်ပြနေမှုတွေလည်း ရှိလာနေတာဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းဟာ ဆန်ချိုအတွက် ယူရို သန်း ၁၂၀ သုံးဖို့ကို စဉ်းစားမှာ မဟုတ်ဘဲ အင်္ဂလန်သားကို ကမ်းလှမ်းမှုလုပ်ဖို့ ကိစ္စတွေ ရှိလာမှာ မဟုတ်ပါဘူး။ မန်နေဂျာကလော့ပ်ကလည်း ဆန်ချိုကို သဘောကျသူပါ။ ကစားသမားအတွက် ဒေါ့မွန်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက လီဗာပူး ပေါ်လစီနဲ့… Continue Reading →

ရာသီကြို လေ့ကျင့်ရေး ပြုလုပ်မယ့် နေရာကို ရွေးချယ်ထားပြီဖြစ်တဲ့ မန်နေဂျာကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဒီနွေမှာ ချစ်ကြည်ရေးပွဲ ကစားခွင့်ရမှာ မဟုတ်ပေမယ့် နောက်ထပ် ရာသီကြို ခရီးစဉ်ကိုတော့ ပြင်သစ်ကိုသွားပြီး လေ့ကျင့်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကိုတော့ ကြားမှာ သုံးလ ရက်နားခဲ့ရမှုကြောင့် ပွဲကျင်းပဖို့ နောက်ကျပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်နိုင်မှာဖြစ်ပါတယ်။ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီးနောက် နားရက် ၂ ပတ် ရရှိထားတယ်။ နားရက်အပြီးမှာ လေ့ကျင့်ရေး ပြန်ဝင်ရမှာဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှာတော့ ပွဲကစားရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းသားတွေက ပထမဆုံးအနေနဲ့ မဲဝုဒ်ကို… Continue Reading →

ကလပ်တွေ မတူတော့ပေမယ့် ယာဂင်ကို အထင်ကြီး တင်စားမှု လုပ်သွားတဲ့ လီဝမ်ဒေါစကီး

ဘိုင်ယန်မြူးနစ်ရဲ့ ကြယ်ပွင့် တိုက်စစ်သမား လီဝမ်ဒေါစကီးက ဒီအပတ် ကာနိုဘောလုံးနဲ့ အင်တာဗျူးမှာ မန်နေဂျာဟောင်း ယာဂင်ကလော့ပ်အကြောင်း ထည့်ပြောခဲ့ပါတယ်။ တချိန်က ဒေါ့မွန်အသင်းမှာ တွဲလုပ်ခဲ့စဉ်မှာ ပိုလန်က မထင်မရှား ကောင်းလေးကို ကမ္ဘာအကောင်းဆုံး တိုက်စစ်သမား ဖြစ်လာဖို့ ယာဂင်ကလော့ပ်က ပျိုးထောင်ပေးခဲ့တာဖြစ်တယ်။ သူတို့ နှစ်ဦးကြားမှာတော့ အခုချိန်ထိ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးက ” တစ်ခါတစ်လေမှာ ယာဂင် ဘာလုပ်နေလဲဆိုတာကို ကျနော် နားမလည်နိုင်အောင်ပဲ ” လို့ Cano Football အတွက်… Continue Reading →

BBC Football ရဲ့ အကောင်းဆုံး မန်နေဂျာဆုကို မဲအပြတ်အသတ်ဖြင့် ထပ်ရပြန်တဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ BBC Football ကပေးတဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီဆုကိုတော့ ကလော့ပ်ဟာ ရှက်ဖီးမန်နေဂျာ ဝိုင်ဒါနဲ့ အပြိုင်ဖြစ်ခဲ့ပေမယ့် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့တာဖြစ်တယ်။ ကလော့ပ်ဟာ မဲစုစုပေါင်းရဲ့ ၄၉% ထိ ရရှိခဲ့ပြီး ဒုတိယနေရာက ဝိုင်ဒါက မဲ ၃၂% ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူးကို ဦးဆောင်နိုင်ခဲ့တာကြောင့် အခုလို ဆုရခဲ့တာပါ။ ကလော့ပ်ဟာ ဒီဆုကို နှစ်ရာသီဆက် အနိုင်ရခဲ့တာဖြစ်ပြီး မနှစ်ကလည်း… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!