Date

July 3, 2020

သောကြာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

မန်စီးတီးနဲ့ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ဒီပွဲက ရမှတ် မလိုတော့တာကြောင့် အရေးနိမ့်ခဲ့ခြင်း မဟုတ်ဘဲ အသင်းသားတွေ လိုအပ်ချက် များလွန်းခဲ့တာကြောင့် အရေးနိမ့်ခဲ့တာပါလို့ ဝန်ခံသွားပါတယ်။ ၂၀၀၅ အင်စတမ်ဘူလ်း ဗိုလ်လုပွဲမှာ လီဗာပူးအသင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ မီလန် ဘားရိုစ့်ဟာ ဒီရာသီအကုန်မှာတော့ ဘောလုံးကစားခြင်းကနေ အနားယူသွားတော့မှာ ဖြစ်ပါတယ်။ မနက်က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံဟောင်း မန်စီးတီးက ဒီရာသီ ချန်ပီယံ လီဗာပူးအသင်းကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ပေမယ့် မန်စီးတီးရဲ့ ပေါ်တူဂီသား ကွင်းလယ်လူ ဘာနာတို ဆေးဗားကတော့ မလုပ်ပေးခဲ့ပါဘူး။… Continue Reading →

အယ်ကန်တာရာကို ဆက်ထိန်းရေးမှာ လေသံပျော့လာတဲ့ ဘိုင်ယန်မန်နေဂျာ

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာကို ခေါ်ယူဖို့ အခြေအနေကောင်းနေတယ် ဆိုတဲ့ သတင်းတွေ အတော်လေး ကျယ်ပြန့်လာနေပါတယ်။ အစောပိုင်းမှာ ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က ဘာစီလိုနာ ကွင်းလယ်လူဟောင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အနာဂတ်မှာ အရေးပါဆဲ ကစားအဖြစ် ဆက်ရှိနေဦးမှာပါလို့ ငြင်းဆန်ထားတယ်။ ဒါပေမယ့် ဂျာမာန်ဖလား ဗိုလ်လုပွဲအကြိုမှာ သတင်းကြီးနေတဲ့ အယ်ကန်တာရာနဲ့ လီဗာပူး အပြောင်းအရွှေ့ကို မေးရာမှာတော့ ခပ်မာမာ ငြင်းဆန်သွားခြင်း မရှိတော့ပါဘူး။ ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က အနည်းငယ် လေသံပျော့လာတဲ့ အနေအထားအဖြစ်… Continue Reading →

အီသီဟတ်မှာ ချန်ပီယံလီဗာပူးကို ဂုဏ်ပြုမှု မလုပ်ပေးခဲ့တဲ့ ပြိုင်ဘက် ကစားသမား

မနက်က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံဟောင်း မန်စီးတီးက ဒီရာသီ ချန်ပီယံ လီဗာပူးအသင်းကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း သတင်းမီဒီယာတွေက ဖော်ပြလာမှုအရ ဘောလုံးလောကရဲ့ ရှေးအစဉ်အလာတစ်ခုဖြစ်တယ် ချန်ပီယံအသစ်ကို guard of honour လုပ်ပေးတဲ့ အစီအစဉ်မှာ မပါဝင်ခဲ့တဲ့ မန်စီးတီး ကစားသမားလည်း ရှိတယ်လို့ သိရတယ်။ သူကတော့ မန်စီးတီးရဲ့ ပေါ်တူဂီသား ကွင်းလယ်လူ ဘာနာတို ဆေးဗားဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေနဲ့ ရုပ်ပုံတွေမှာ ပြန်ကြည့်ရမှုမှာတော့ ဘာနာတို ဆေးဗားဟာ ကွင်းလယ်လူ… Continue Reading →

လီဗာပူး V အက်စတွန်ဗီလာပွဲကို သုံးသပ် ခန့်မှန်းသွားတဲ့ လော်ရိုး

လီဗာပူးအသင်းဟာ ချန်ပီယံဟောင်း မန်စီးတီးကို ၄-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီအပတ် အက်စတွန်ဗီလာနဲ့ ပွဲမှာတော့ ပြန်လည် တုန့်ပြန်သွားလိမ့်မယ်လို့ လော်ရိုးက သုံးသပ်လိုက်ပါတယ်။ လီဗာပူးက ချန်ပီယံဖြစ်သွားခဲ့ပြီ ဖြစ်ပေမယ့် အသင်းရဲ့ ပုံစံကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ လူငယ်တွေကို နေရာပေးဖို့ ရှိနေပါသေးတယ်။ အထူးသဖြင့် ရွှေလက်အိတ်ဆုကို ပြိုင်ဆိုင်နေတဲ့ အယ်လီဆန်၊ ရွှေဖိနပ်ဆုကို ပြိုင်ဆိုင်နေတဲ့ ဆာလက်တို့က ပြိုင်ပွဲ လမ်းကြောင်းမှာပဲ ဆက်ရှိနေသေးတာပါ။ မန်စီးတီးကို အရေးနိမ့်လိုက်တာက လီဗာပူးအသင်းကို လှုပ်နိုးမှု ဖြစ်လာစေမှာဖြစ်ပြီး အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့်… Continue Reading →

လီဗာပူးက အယ်ကန်တာရာကို ပေါင် ၃၂ သန်းဖြင့် ခေါ်ယူခွင့်ရရေး စတင်ညိနှိုင်းနေပြီ

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် စတင်နေပြီး အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။ ဂျာမာန်ချန်ပီယံအသင်းမှ စပိန်သားကို လီဗာပူးဘက်က ပေါင် ၃၂ သန်း ပေးရမယ်လို့ သိရပြီး ညိနှိုင်းမှုတွေက အခြေအနေ ကောင်းတဲ့ အဆင့်ကို ရောက်နေပြီလို့ ဖော်ပြပါတယ်။ ကွင်းလယ်လူ အယ်ကန်တာရာက ၇ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဂျာမနီကနေ စိန်ခေါ်မှု အသစ်တွေအတွက် နယ်မြေသစ်ကို ပြောင်းလိုနေတယ်။ ဘိုင်ယန်ဘက်က… Continue Reading →

လီဗာပူးကို အနိုင်ရဖို့ အရမ်း ကြိုးစားခဲ့တဲ့ အကြောင်းကို ဂွာဒီယိုလာ ထုတ်ပြော

အိမ်ကွင်းမှာ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရတဲ့နောက် ပြိုင်ဘက်အသင်း မန်နေဂျာဂွာဒီယိုလာက သူ လီဗာပူးအသင်းအပေါ်ထားတဲ့ သဘောထားနဲ့ သူတို့ရဲ့ အာရုံစိုက်မှုအကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဂွာဒီယိုလာက ပွဲမတိုင်ခင်မှာ ချန်ပီယံသစ်တွေကို လက်ခုပ်တီး ဂုဏ်ပြုခဲ့တာဟာ လီဗာပူးအသင်းက ထိုက်တန်တယ်လို့ သူယူဆခြင်းကြောင်း ဖြစ်ကြောင်း ထုတ်ပြောပါတယ်။ ဒါ့အပြင် ဒီလို အသင်းကို အနိုင်ယူလိုတာကြောင့်လည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်လို့ ထပ်ဆောင်း ပြောပါတယ်။ ဂွာဒီယိုလာက ” သိပ်ကို ကောင်းမွန်လွန်းတဲ့ ချန်ပီယံတွေကို ကျနေ်ာတို့ အနိုင်ယူခဲ့တာပါ။ ကျနော်တို့ ရဲရဲရင့်ရင့်… Continue Reading →

အရန်မှာ ခံစစ်မှူးတစ်ဦးမှ မရှိချိန် ဂိုးမက်စ်ကို လူစားလဲခဲ့ရခြင်းကို ကလောပ့် ရှင်းပြ

မန်စီးတီးထံ သွားရောက်ရတဲ့ပွဲမှာ လီဗာပူးအသင်း ပွဲထွက်လူစာရင်းက အပြည့်ဖြင့် ပွဲထွက်ခဲ့တယ်။ ဒါပေမယ့် လိုဗရန် ဒဏ်ရာရနေတာကြောင့် လူစာရင်းထဲ မပါခဲ့သလို အရန်မှာ ဗဟိုခံစစ်မှူး တစ်ဦးမှ မပါသွားပါဘူး။ ပထမပိုင်းမှာ ဂိုးမက်စ်က စတာလင်ကို ပြစ်ဒဏ် ကျူးလွန်မှုကြောင့် အဝါကဒ်ပြသခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရတာဖြစ်တယ်။ အဆိုပါ ပင်နယ်တီကို ဒီဘရိုင်းက အဆုံးသတ်သွားပါတယ်။ ဆက်ပြီးလည်း မန်စီးတီးက ဦးဆောင်ဂိုးတွေ ယူသွားခဲ့ကာ ဒုတိယပိုင်းမှာတော့ မန်နေဂျာကလော့ပ်က ဂိုးမက်စ်နေရာ ချိန်ဘာလိန်နဲ့ လူစားလဲခဲ့ပါတယ်။ မန်နေဂျာကတော့ ဂိုးမက်စ်ကို လူစားလဲခဲ့ခြင်းက သူနဲ့… Continue Reading →

ရလဒ် မလိုတာကြောင့် ရံှူးတာမဟုတ်ဘဲ လိုအပ်ချက်များလို့ ရံှူးတာကို ကလော့ပ် ဝန်ခံ

မနက်က အီသီဟတ်မှာ ယှဉ်ပြိုင်တဲ့ မန်စီးတီးနဲ့ပွဲကို လီဗာပူးက ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဒီရာသီ လီဗာပူးအသင်းရဲ့ အဆိုးရွားဆုံး ရံှူးပွဲဖြစ်ခဲ့သလို ခြေစွမ်းကလည်း လိုအပ်ချက် များခဲ့တယ်။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ဒီပွဲက ရမှတ် မလိုတော့တာကြောင့် အရေးနိမ့်ခဲ့ခြင်း မဟုတ်ဘဲ အသင်းသားတွေ လိုအပ်ချက် များလွန်းခဲ့တာကြောင့် အရေးနိမ့်ခဲ့တာပါလို့ ဝန်ခံသွားပါတယ်။ ကလော့ပ်ကပဲ ရလဒ် မလိုတော့တာကြောင့် ဒီပွဲကို အရေးနိမ့်ခြင်းဆိုတဲ့ အပြောတွေကိုလည်း လက်မခံခဲ့ဘဲ မန်စီးတီးက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ ပြတ်သားစွာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!