Date

July 10, 2020

သောကြာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

လီဗာပူး ဒီရာသီ ရယူထားတဲ့ ရမှတ် ၉၂ မှတ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ယူနိုက်တက် သမိုင်းတစ်လျှောက် ရဖူးတဲ့ အမြင့်ဆုံး ရမှတ်ဖြစ်တဲ့ ၁၉၉၉-၂၀ ခုနှစ်က ၉၁ မှတ်ကို ကျော်လွန်ခဲ့ပြီဖြစ်သလို၊ အာဆင်နယ်ရဲ့ ၂၀၀၃-၂၀၀၄ ခုနှစ်က ရမှတ် ၉၀ ကိုလည်း ကျော်ဖြတ်ထားခဲ့ပါပြီ။ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးကပဲ ရပ်ဖိုဒ့်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ပါတဲ့ တိုက်စစ်က တောက်ပလာပေမယ့် လီဗာပူးရဲ့ တိုက်စစ်က ပိုမို ရင့်ကျက်က အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့… Continue Reading →

ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရမယ့် ဟန်ဒို ပရိသတ်တွေကို မက်ဆေ့ပေးပို့

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒိုဟာ ဘရိုက်တန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ရာသီကုန်ထိ ဘောလုံးကစားနိုင်တော့မှာ မဟုတ်ဘဲ အနားယူရတော့မှာဖြစ်တယ်။ မန်နေဂျာကလော့ပ်က ခွဲစိတ်မှု မလုပ်ရတာကိုပဲ ကံကောင်းနေပြီလို့ ပြောဆိုခဲ့သလို အသင်းချန်ပီယံဖြစ်တဲ့ပွဲမှာ ဟန်ဒိုက ဆုဖလား ကိုင်မြောက်ပေးပါမယ်လို့ ထုတ်ပြောခဲ့တယ်။ ဟန်ဒိုကိုယ်တိုင်ကတော့ ဒဏ်ရာနဲ့ ပက်သက်ပြီး ပရိသတ်တွေကို အကြောင်းကြားစာ ထုတ်ပြန်ပေးသွားသလို အသင်းဖော်တွေကို အားပေးနေမယ်လို့လည်း ဖွင့်ပြောသွားပါတယ်။ ဟန်ဒိုက ” ကံမကောင်းစွာပဲ ဘရိုက်တန်နဲ့ပွဲမှာ ရလိုက်တဲ့ ဒူးဒဏ်ရာကြောင့် ကျနော် အသင်းရဲ့ လက်ကျန် ပွဲတွေကို လွဲပါတော့မယ်။ ဒါပေမယ့်… Continue Reading →

ဆာလက် ရွှေဖိနပ်ဆု ထိန်းသိမ်းနိုင်ဖို့ အသင်းသားဖော်တွေ ကူညီမယ်ဆိုတဲ့ အလက်ဇန္ဒား-အာနိုး

လီဗာပူးအစွန်လူ ထရန့်ကတော့ ဆာလက်ရဲ့ ဦးတည်ချက်က ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ထိန်းသိမ်းနိုင်ဖို့ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ ရိုးမားကနေ လီဗာပူးကို ပြောင်းလာပြီးတည်းက ဆာလက်က နှစ်တိုင်းမှာ ရွှေဖိနပ်ဆု ရထားတာဖြစ်တယ်။ ဒီရာသီဟာ ဆာလက်အတွက် လီဗာပူးကစားသမားဘဝ သုံးရာသီမြောက်ဖြစ်ပြီး အီဂျစ်သားဟာ ရွှေဖိနပ်ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးက ဗာဒီနောက် ၃ ဂိုးအကွာမှာ ရှိနေဆဲဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးရခဲ့တဲ့ ဆာလက်က တစ်ကိုယ်ကောင်းဆန်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့ပေမယ့် မန်နေဂျာနဲ့ အသင်းဖော်ကတော့ ဆာလက်ကဘက်က ကာကွယ်လိုက်ပြီး သွင်းဂိုးတွေအတွက်… Continue Reading →

လီဗာပူးတိုက်စစ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး သုံးယောက်တန်းပါလို့ နဗီး ထုတ်ပြော

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးကပဲ ရပ်ဖိုဒ့်၊ ဂရင်းဝုဒ်နဲ့ မာရှယ်တို့ပါတဲ့ တိုက်စစ်က တောက်ပလာပေမယ့် လီဗာပူးရဲ့ တိုက်စစ်က ပိုမို ရင့်ကျက်က အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ မာရှယ်၊ ဂရင်းဝုဒ်၊ ရပ်ဖိုဒ့်တို့က ငယ်ရွယ်သေးကာ တောက်ပတဲ့ အနာဂတ် ရှိနေပေမယ့် ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်ဖြစ်တဲ့ လီဗာပူးကို ယှဉ်ဖို့ဆိုရင် လိုအပ်နေဆဲလို့ သူမြင်တယ်။ ဒါကြောင့် လီဗာပူးကို ယှဉ်ပြိုင်နိုင်ဖို့အတွက် လူငယ်တိုက်စစ်သမားတွေအပြင် နေက်ထပ် တိုက်စစ်သမားသစ် ထပ်ခေါ်ရမယ်လို့ သူက ပြောပါတယ်။ နဗီးက… Continue Reading →

သူကစားသမားဘဝ အကြိုက်ဆုံးပွဲအဖြစ် လီဗာပူးရဲ့ ချန်ပီယံလိဂ်ပွဲကို ရွေးချယ်တဲ့ ဖာဘရီဂတ်စ်

အာဆင်နယ်၊ ချယ်ဆီး၊ ဘာစီလိုနာ၊ မိုနာကို အသင်းတွေအတွက် ကိုယ်စားပြုခဲ့သလို စပိန် အကျော်အမော်ဟောင်းလည်းဖြစ်တဲ့ ကွင်းလယ်လူ ဖာဘရီဂတ်စ်က သူ့ဘဝမှာ မြင်ဖူးသမျှထဲ အကြိုက်ဆုံးပွဲအဖြစ် လီဗာပူးအသင်း ချန်ပီယံဖြစ်တဲ့ တူရကီကပွဲကို ရွေးချယ်ခဲ့ပါတယ်။ ဘီဘီစီက ကစားသမားဘဝ ကြည့်ခဲ့သမျှ ဘောလုံးပွဲတွေထဲ အကောင်းဆုံးပွဲကို မေးခံရရမှာ ဖာဘရီဂတ်စ်က ” ကျနော် စိတ်ထဲမှာ ရှိတဲ့ ပွဲက ၂၀၀၅ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးက အေစီမီလန်ကို ရင်ဆိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ အရည်အချင်းတင် မဟုတ်ဘဲ စိတ်လှုပ်ရှားဖို့လည်း သိပ်ကောင်းပါတယ်။… Continue Reading →

BREAKING: ဟန်ဒါဆန်ရဲ့ ဒဏ်ရာက လက်ကျန်ပွဲတွေအပြင် လာမယ့်ရာသီ အစပိုင်းထိ လွဲဖို့ရှိနေ

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဒဏ်ရာက ဒီရာသီ လက်ကျန်ပွဲတွေတင် မဟုတ်ဘဲ လာမယ့်ရာသီ အစောပိုင်းအထိပါ လွဲချော်သွားမယ့် အနေအထားမှာ ရှိနေပါတယ်။ လီဗာပူးသတင်းထောက် Dominic King က ဒေးလီးမေလ်းကနေ ဒီသတင်းကို ဖော်ပြခဲ့တာဖြစ်ပြီး အစောပိုင်းကပဲ မန်နေဂျာကလော့ပ်က ဟန်ဒါဆန်ရဲ့ ဒဏ်ရာ ပြင်းထန်နိုင်တယ်လို့ သတင်းပေးထားပါတယ်။ ဒီရာသီမှာ စွမ်းဆောင်ရည် ကောင်းနေတဲ့ ဟန်ဒါဆန်ကို ကာလဘယ်လောက်ကြာ လက်လွတ်ရမလဲကို လီဗာပူးအသင်းဘက်က သတင်းထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဆုကိုတောင် စိန်ခေါ်နိုင်မယ့်အထိ ဒီရာသီမှာ တောက်ပနေတဲ့ ဟန်ဒါဆန်ဟာ ပြိုင်ဘက်… Continue Reading →

လီဗာပူးမှာ သူ့ကို ပြန်လည် ဝယ်ယူခွင့် သဘောတူညီမှုရှိကြောင်း ဘုန်းမောက် တိုက်စစ်သမား ပြော

ဘုန်းမောက်အသင်း တိုက်စစ်သမား အိုင်ဘ်က လီဗာပူးအသင်းက သူ့ကို ဘုန်းမောက်ထံ ရောင်းချခဲ့စဉ်မှာ ပြန်လည် ဝယ်ယူခွင့် သဘောတူညီမှု ပါဝင်ခဲ့တယ်လို့ ထုတ်ပြောလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဘုန်းမောက်ဟာ ကလပ်စံချိန်တင်ကြေးနဲ့အတူ လီဗာပူးကနေ အိုဘ်အတွက် ပေါင် ၁၅ သန်း ပေးပြီး ခေါ်ယူခဲ့တာဖြစ်တယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ မန်နေဂျာကလော့ပ် လီဗာပူးကို ရောက်လာပြီးနောက်ပိုင်း အိုဘ်ကို နေရာပေးခဲ့ပေမယ့် နွေမှာတော့ ရောင်းထုတ်ခဲ့တာဖြစ်တယ်။ ဘုန်းမောက်က မျှော်လင့်ချက်ကြီးစွာဖြင့် ခေါ်ယူခြင်း ခံခဲ့ရပေမယ့်လည်း စိတ်ဓါတ်ပိုင်းမှာ အားနည်းမှုနဲ့အတူ အသက်… Continue Reading →

လီဗာပူးရဲ့ ကွန်မြူနတီဒိုင်း ပြိုင်ဘက်က ပရီးမီးယားလိဂ်က မဟုတ်ဘဲ လိဒ်အသင်း ဖြစ်လာနိုင်

လာမယ့်ရာသီ ပထမဆုံးပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းမှာ လီဗာပူးရဲ့ ပြိုင်ဘက်အသင်းက ဥရောပပွဲတွေကြောင့် အပြောင်းအလဲ ရှိနိုင်တယ်လို့ The Times က ဖော်ပြပါတယ်။ အင်္ဂလန်ဘောလုံးလောကမှာ အဆင့်မြင့်တန်း အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ကို ရာသီအဖွင့်မှာ ပထမဆုံး တွေ့ဆုံစေမှုအဖြစ် ကွန်မြူနတီဒိုင်းကို ယှဉ်ပြိုင်စေတာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ကိုဗစ်ကပ်ဘေး နောက်ဆက်တွဲ ဥရောပပွဲတွေကို ပြည်တွင်းပွဲတွေ အပြီးမှ ယှဉ်ပြိုင်စေမှာဖြစ်ခြင်းက ကွန်မြူနတီဒိုင်းအတွက်ပါ စဉ်းစားစရာ ဖြစ်လာစေပါတယ်။ ဥရောပပွဲတွေဟာ အမှတ်ပေးပွဲတွေထက် တစ်လဝန်းကျင် နောက်ကျပြီး သြဂုတ်လ အကုန်လောက်မှ အပြီးသတ်မှာပါ။… Continue Reading →

ယူနိုက်တက် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် စံချိန်ကို ချိုးဖျက်ထားတဲ့ လီဗာပူးရဲ့ နောက်ထပ် ပစ်မှတ်

လီဗာပူးအသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ရမှတ် ၉၂ မှတ် ရထားပြီဖြစ်လို့ ပြိုင်ဘက်ဟောင်းတွေရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲ ၃၄ ပွဲ ကစားထားပြီဖြစ်တဲ့ လီဗာပူးဟာ လက်ကျန် ၄ ပွဲမှာတော့ တစ်ရာသီ ရမှတ်အများဆုံး ချန်ပီယံ၊ တစ်ရာသီ အိမ်ကွင်းနိုင်ပွဲ အားလုံးရ ချန်ပီယံ၊ တစ်ရာသီ နိုင်ပွဲအများဆုံးရ ချန်ပီယံနဲ့ ဒုတိယနေရာက အသင်းကို ရမှတ်အဖြတ်နိုင်ဆုံး ချန်ပီယံဆိုတ့ စံချိန်ကောင်းတွေအတွက် ဆက်လက် ယှဉ်ပြိုင်နေတာဖြစ်တယ်။ မန်နေဂျာကလော့ပ်ရဲ့ အသင်းဟာ တည်ငြိမ်မှုတွေ ရှိနေဆဲဖြစ်ပြီး… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!