Date

July 11, 2020

အန်ဖီးကွင်းက ပရိသတ်မရှိလည်း စိန်ခေါ်မှုကြီးပါပဲလို့ ထုတ်ပြောလိုက်တဲ့ ပြိုင်ဘက်မန်နေဂျာ

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲမှာတော့ ပရိသတ်တွေ မရှိပေမယ့်လည်း လီဗာပူးရဲ့ အန္တရာယ်ကြီးမှုက မလျော့သွားပါဘူးလို့ ဘန်လေမန်နေဂျာ ဒိုင်ချီက ထုတ်ပြောလိုက်ပါတယ်။ နှစ်သင်းဟာ အန်ဖီးမှာ ထိပ်တိုက်တွေ့မှာဖြစ်ပြီး လီဗာပူးက ချန်ပီယံဖြစ်ခဲ့ပြီဖြစ်ပေမယ့် မှတ်တမ်းတွေအတွက် ကစားမှာဖြစ်သလို ဘန်လေကလည်း ဥရောပဝင်ခွင့် တစ်နေရာစာအတွက် ဒီပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပွဲကြိုမှာတော့ နာမည်ကျော် အန်ဖီးကွင်းက အနီရောင် ပရိသတ်တွေ မရှိပေမယ့်လည်း လီဗာပူးက ရင်ဆိုင်ရ ခက်ခဲလွန်းပါတယ်လို့ ဘန်လေမန်နေဂျာက ပြောပါတယ်။ ဒိုင်ချီက “ အန်ဖီးမှာ ပရိသတ်တွေ ရှိဖို့လည်း… Continue Reading →

ဥရောပမှာ ထိပ်တန်းအဆင့်ကို ပြန်တက်ဖို့ လီဗာပူးနဲ့ ဆွေးနွေးနေတဲ့ အေစီမီလန်

စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ဥရောပအဆင့်ကို ပြန်တက်နိုင်ဖို့ ပစ်မှတ်ထားနေပြီး ကလပ် တာဝန်ရှိသူတွေက လီဗာပူးအသင်းရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို လေ့လာမှုတွေ ပြုလုပ်နေပါတယ်။ တစ်ချိန်က ချန်ပီယံလိဂ်ကို အမြဲတမ်း စိန်ခေါ်နိုင်တဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်ခဲ့တဲ့ အေစီမီလန်ဟာ ဥရောပအဆင့်တွေကို ပြန်မရောက်လာတာ ကြာခဲ့ပြီဖြစ်တယ်။ ဥရောပရဲ့ ချန်ပီယံလိဂ် ဒုတိယအအောင်မြင်ဆုံး ကလပ်ဟာ လီဗာပူးထံက ဘယ်လို အတုယူရမလဲဆိုတာကို မာဆေးဆိုဒ်အသင်း တာဝန်ရှိသူတွေနဲ့ပါ စကားပြောမှုတွေ လုပ်နေပါတယ်။ အေစီမီလန် အကြီးအကဲတစ်ဦးဖြစ်သူ Casper Stylsvig က “ ကျနေ်ာတို့ လီဗာပူးအသင်းနဲ့… Continue Reading →

လီဗာပူးနောက် ဒုတိယနေရတာက ပြည်တွင်းဖလား ၂ လုံးရတာထက် ပိုသာတယ်ဆိုတဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ပရီးမီးယားလိဂ်မှာ လီဗာပူးနောက် ဒုတိယနေရာမှာ ရပ်တည်ရတာက အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလား နှစ်လုံးရတာထက် ပိုကောင်းတဲ့ ဆုလာဘ်ပါလို ထုတ်ပောလိုက်ပါတယ်။ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လာတဲ့နောက် မန်စီးတီးဟာ အမြင့်ဆုံးအားဖြင့် လိဂ်မှာ ဒုတိယနေရာအတွက်ပဲ မျှော်လင့်နိုင်တော့တာပါ။ လက်ရှိမှာ ကာရာဘောင်းကို အနိုင်ရထားပြီး အက်ဖ်အေဖလားလည်း ယှဉ်ပြိုင်ဖို့ ရှိနေသေးပေမယ့် အသင်းကောင်း ၁၈ သင်းရဲ့ အထက်မှာ နေရတဲ့ လိဂ်အဆင့်ရပ်တည်မှုက သူ့ကို ပိုကျေနပ်စေတယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။ ပပ် ဂွာဒီယိုလာက ” အသင်းကတော့… Continue Reading →

ဆာလက်နဲ့ ဖာမင်နိုကို စိန်ခေါ်မှုတစ်ခု ပြုလုပ်သွားတဲ့ တိုက်စစ်သမား မာနေး

လီဗာပူးတိုက်စစ်သမား မာနေးက သူပါဝင်တဲ့ တိုက်စစ်သုံးယောက်တန်းက သွင်းဂိုး ၂၅၀ ပြည့်သွားတဲ့အတွက် ကျေနပ်ပေမယ့် နောက်ထပ် သွင်းဂိုး ၂၅၀ ကို အတူတွဲပြီး ကြိုးစားကြမယ်လို့ စိန်ခေါ်လိုက်ပါတယ်။ မာနေးကတော့ လီဗာပူးမှာ ဆာလက်၊ ဖာမင်နိုတို့နဲ့ တွဲကစားရမယ်ဆိုရင် ဘယ် ကစားသမားမဆို အကောင်းဆုံး ကစားနိုင်မယ်လို့ ထုတ်ပြောလိုက်ပြီး အသင်းဖော်တွေကို ချီးကျူးမှုလည်း လုပ်သွားခဲ့ပါတယ်။ မာနေးက ” ကျနေ်ာတို့ရဲ့ ပစ်မှတ်က နောက်ထပ် သွင်းဂိုး ၂၅၀ နဲ့တကွ လီဗာပူးအတွက် ဆုဖလားတွေ ရယူပေးဖို့ပါ။ ဒီလောက်… Continue Reading →

ဆောင်းပါး | ဘောလုံးကမ္ဘာရဲ့ ကျားတွေကို အမှီလိုက်ဖို့ နှစ်ဆ အားသွန်းနေရတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလား အနိုင်ရပြီး ၂၀၂၀ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ပါပြီ။ ထိုနည်းတူပဲ လီဗာပူးအသင်းဟာ မျိုးဆက် အပြောင်းအလဲမှာ မော်ဒန်အသင်းတစ်သင်းအဖြစ် အသွင်ပြောင်းလာခဲ့ရပါတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာ လီဗာပူးက အပြောင်းအရွှေ့ထဲကိုလည်း အသုံးစရိတ်တွေ သုံးမှုတွေ ပြန်လုပ်လာနိုင်ပြီဖြစ်တယ်။ ဒါပေမယ့် ၁၉၈၀ ဝန်းကျင်က လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဒီကာလတွေမှာ နှစ်အတန်ကြာ ကျဆုံးမှုတွေ ရင်ဆိုင်ခဲ့ရတဲ့နောက် ဘောလုံးကမ္ဘာရဲ့ ကျားကြီးတွေကို အလိုက်မှီဖို့ဟာ အခုမှ အစပျိုးနေတာဖြစ်ပါတယ်။ ၂၀၁၀ မှာ လီဗာပူးအသင်းကို FSG… Continue Reading →

တစ်ရက်တည်း သုံးပွဲ သုံးကြိမ်မှားတဲ့ VAR နဲ့ ပက်သက်ပြီး ကလော့ပ် မှတ်ချက်ပေး

မနေ့တုန်းကတော့ ထူးထူးခြားခြားအဖြစ် တစ်ရက်တည်း ကစားတဲ့ ပွဲသုံးပွဲမှာ VAR ဆုံးဖြတ်ချက်က သုံးပွဲလုံး အမှားတွေ ထွက်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က ဝန်ခံသွားပါတယ်။ ကလော့ပ်ကတော့ အဆိုပါ အမှားတွေအတွက် စိတ်ပျက်နေပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ကိစ္စတွေမှာ ဘယ်သူမှန်းမသိတဲ့ စတူဒီယိုခန်းထဲက ပုဂ္ဂိုလ်တွေရဲ့ ဆုံးဖြတ်ချက် ဆိုတာကို နာခံလိုက်ရတာကို မနှစ်သက်တဲ့အကြောင်း ထုတ်ပြောလိုက်ပါတယ်။ ကလော့ပ်က “ အရင်အပတ်လောက်ကပဲ ထင်တယ်၊ မော်ရင်ညိုက ပွဲအပြီးမှာ ဆုံးဖြတ်ချက်တွေက စတူဒီယိုခန်းထဲက လူတွေကနေ လာနေတယ်လို့ ပြောခဲ့တယ်။ အခု အခြားသော… Continue Reading →

လီဗာပူး V ဘန်လေပွဲအတွက် လော်ရိုး၊ အိုဝင်နဲ့ ချာလီတို့ရဲ့ ပွဲကြို ခန့်မှန်းနဲ့ သုံးသပ်ချက်များ

ဒီကနေ့ည မြန်မာစံတော်ချိန် ၈း၃၀ နာရီ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ ဘန်လေပွဲအတွက် လော်ရိုး၊ အိုဝင်၊ ချာလီတို့ရဲ့ ခန့်မှန်းရလဒ်တွေ ဖြစ်ပါတယ်။ လီဗာပူး V ဘန်လေ ပွဲချိန်။ ။ ဇူလိုင် ၁၁ ရက်၊ စနေနေ့ ည ၈း၃၀ နာရီ။ လော်ရိုးက ” နောက်ဆုံး ကစားထားတဲ့ လေးပွဲမှာ ဘန်လေက သုံးပွဲ နိုင် တစ်ပွဲ သရေ ရထားလို့ သူတို့ အကောင်းဆုံး လုပ်ထားနိုင်ပါတယ်။ ဆန်ဒိုက်ရဲ့… Continue Reading →

အပြောင်းအရွှေ့ သတင်းတွေ ထွက်ထားတဲ့ မာနေးက လီဗာပူးမှာ ပျော်နေတယ်လို့ ထုတ်ပြော

ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေဆဲဆိုတဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်ထားတဲ့ မာနေးက သူဟာ လီဗာပူးမှာ ရှိနေရတာကို အရမ်း ပျော်ရွှင် ဂုဏ်ယူတယ်လို့ ပြောဆိုသွားပါတယ်။ မာနေးဟာ ၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်ကနေ လီဗာပူးကို ရောက်လာခဲ့သူဖြစ်ပြီး မန်နေဂျာကလော့ပ် လက်အောက်မှာ တိုးတက်လာသူပါ။ အစောပိုင်းမှာတုန်းက ခြေစွမ်းမတည်ငြိမ်မတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ စွမ်းဆောင်ရည် တည်ငြိမ်မှုတွေကြောင့် လိဂ်အကောင်းဆုံး ကစားသမားအဖြစ်ကော ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးအဖြစ်ပါ သက်မှတ်ခံထားရတယ်။ မာနေးကပဲ “ ဒီထက် ပိုပျော်နိုင်စရာ မရှိတော့သလို လီဗာပုး ကစားသမားတစ်ဦးဖြစ်ရတာကို… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!