Date

July 13, 2020

တနင်္လာနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

ကမ္ဘာဘောလုံး စည်းမျဉ်းရေးဆွဲသူတွေက လာမယ့်ရာသီ တစ်ခုလုံးကိုလည်း ပုံမှန် လူစားလဲမှု ၃ ခု အစား ၅ ခု ထိ လုပ်ဆောင်ခွင့်အား ဆက်ပေးသွားဖို့ စီစဉ်နေပြီဖြစ်တယ်။ မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးမှာ လက်ကျန် ၄ နှစ်စာချုပ်ကို ကုန်ဆုံးတဲ့အထိ နေပြီးရင် ဂျာမနီကို ပြန်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဂျာမာန်သတင်းဌာနကို ထုတ်ပြောလိုက်ပါတယ်။ မန်နေဂျာကလော့ပ်က ” ခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနေ်ာတို့မှာ ပြင်ဆင်ချိန် ရထားပါတယ်။ တစ်ပတ်အတွင်း ၃ ပွဲကစားရတာက ဒီကာလနဲ့ဆိုရင် တော်တော်များတယ်လို့… Continue Reading →

ပရီးမီးယားလိဂ် စည်းမျဉ်း အပြောင်းအလဲကြောင့် လူသစ်ခေါ်ဖို့ ပြန်စဉ်းစားရမယ့် လီဗာပူး

ကမ္ဘာဘောလုံး စည်းမျဉ်းရေးဆွဲသူတွေက လာမယ့်ရာသီ တစ်ခုလုံးကိုလည်း ပုံမှန် လူစားလဲမှု ၃ ခု အစား ၅ ခု ထိ လုပ်ဆောင်ခွင့်အား ဆက်ပေးသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့က ယာယီစည်းမျဉ်းအဖြစ် မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဒီရာသီကုန်ထိ လူစားလဲမှု ၅ ကြိမ် လုပ်ခွင့်ဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ပေးထားတာပါ။ ကိုဗစ်ကာလနောက်ပိုင်း အဆိုပါ စည်းမျဉ်းဟာ ရာသီကုန်ထိ ပွဲစဉ်တွေ အားလုံးအတွင်းမှာ အသင်းတွေက လူစားလဲမှုအနေနဲ့ တစ်ပွဲကို ၅… Continue Reading →

လီဗာပူးကနေ ဂျာမနီကို ပြန်သွားမယ့် အချိန်ကို ထုတ်ပြောလိုက်တဲ့ မန်နေဂျာကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးမှာ လက်ကျန် ၄ နှစ်စာချုပ်ကို ကုန်ဆုံးတဲ့အထိ နေပြီးရင် ဂျာမနီကို ပြန်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဂျာမာန်သတင်းဌာနကို ထုတ်ပြောလိုက်ပါတယ်။ ၂၀၁၉ ဒီဇင်ဘာလမှာ မန်နေဂျာကလော့ပ်က ၂၀၂၄ ခုနှစ်ထိ အန်ဖီးမှာ ရှိနေမယ့် ကာလရှည် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။ လီဗာပူးရဲ့ ဂန္တဝင်မန်နေဂျာစာရင်းထဲ ပါဝင်လာတဲ့ ကလော့ပ်ဟာ နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို အနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်ပြီဖြစ်တယ်။ ဂျာမာန်သတင်းဌာနက ဂျာမနီကို ပြန်လာလိုစိတ်ရှိလားလို့ မေးရာမှာ ကလော့ပ်က ‘ ကျနော် မန်နေဂျာဘဝ… Continue Reading →

အာဆင်နယ်ပွဲကြို ပြိုင်ဘက်အသင်းကို မှတ်ချက်ပေးလိုက်တဲ့ မန်နေဂျာကလော့ပ်

မန်နေဂျာယာဂင်ကလော့ပ်က ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်ပွဲဟာ စိတ်ဝင်စားစရာ ပွဲကောင်းဖြစ်လာလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ မန်နေဂျာကလော့ပ်က ” ခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနေ်ာတို့မှာ ပြင်ဆင်ချိန် ရထားပါတယ်။ အဲ့တာက ကောင်းပါတယ်။ ကျနေ်ာတို့ တစ်ရက် ပိုရထားပါတယ်။ ကုန်ခဲ့တဲ့ ၇ ရက်မှာ အတော်လေး ကောင်းပါတယ်။ တစ်ပတ်အတွင်း ၃ ပွဲကစားရတာက ဒီကာလနဲ့ဆိုရင် တော်တော်များတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခြေအနေက ဒီလိုပဲလေ။ ကျနေ်ာတို့ တစ်ရက် အချိန်ပိုရထားတော့ ပြန်လည်အားဖြည့်တဲ့ ကိစ္စတွေကို ပြီးပြတ်အောင်… Continue Reading →

ယာဂင် ထိုက်တန်ပေမယ့် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာ ဝိုက်ဒါ ဖြစ်သင့်ကြောင်း သုံးသပ်မှု

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ရက်နက်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ကလော့ပ် အနိုင်ရဖို့ ထိုက်တန်ပေမယ့် ရှက်ဖီးက ဝိုက်ဒါကိုပဲ ရွေးလိုပါတယ်လိ့ ထုတ်ပြောလိုက်ပါတယ်။ ရက်နက်က ” ပရီးမီးယားလိဂ်သမိုင်းမှာတော့ ယာဂင်ကလော့ပ်က အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦးအဖြစ် ပါဝင်နေမှာပါ။ အရမ်းလည်း ထိုက်တန်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်ပြီး အရမ်းကောင်းတဲ့ နည်းစနစ်ကိုလည်း ကိုယ်တိုင် ဖန်တီးခဲ့တယ်။ ဂျာမာန်သား အင်္ဂလိပ်ဆရာတစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ သူက အမြဲတမ်း ဘာတွေကို ပြောရမယ်ဆိုတာ သိထားပြီး ကစားသမားနဲ့ ပရိသတ်တွေရဲ့ အထင်ကြီးခြင်းကို… Continue Reading →

အသင်းသား နှစ်ဦးကို ရောင်းထုတ်ဖို့ လီဗာပူးဘက်က လှုပ်ရှားမှုတွေ စတင်

လီဗာပူးအသင်းရဲ့ ဒုတိယ သက်တော်ရှည် ကစားသမားဖြစ်သူ လိုဗရန်ကို ဒီနွေမှာ ရောင်းထုတ်ဖို့ အသင်းဘက်က စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ခရိုအေးရှားသားကို ခေါ်ယူဖို့ ရှရှားကလပ် ဇင်းနစ်အသင်းက ရေပန်းအစားဆုံးဖြစ်တယ်။ The Times သတင်းထောက် ပေါဂျွိုက်စ်က ဇင်းနစ်ဟာ လိုဗရန်ကို ခေါ်ယူလိုနေကြောင်း သတင်းပေးခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ ပက်သက်လို့ လီဗာပူးဘက်က ညိနှိုင်းမှု လုပ်ဆောင်ဖွယ် ရှိပါတယ်။ လိုဗရန်ဟာ ဒီရာသီမှာ လီဗာပူးအတွက် ၁၅ ပွဲ ကစားပေးထားပြီး ပရီးမီးယားလိဂ်မှာ ၁၀ ပွဲ ကစားထားကာ လာမယ့်ရာသီ… Continue Reading →

မေးခွန်းထုတ်ခံရမှု များနေတဲ့ လီဗာပူး လူငယ်သုံးဦးကိစ္စ ကလော့ပ် ပြော

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပြိုင်ဘက်အသင်းတွေမှာ လူငယ်တွေကို နေရာပေးသလို အသင်းရဲ့ လူငယ်တွေကို စီနီယာအဆင့် ပွဲကစားခွင့်တွေ ပေးဖို့ ကိစ္စနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။ နီကိုး ဝီလီယမ်၊ ကာတစ်ဂျုံးနဲ့ ဟာဗေး အီလီယော့တို့ဟာ လီဗာပူးရဲ့ အတောက်ပဆုံး လူငယ်တွေဖြစ်ပြီး နွေဈေးကွက်ထဲ အလုံးအရင်းနဲ့ ဝင်မှာ မဟုတ်တဲ့ ကလပ်ဟာ ဒီလူငယ်တွေကို နေရာပေးသွားဖို့ ှိနေတယ်။ ကိုရိုနာကပ်ဘေးက လူသစ်ခေါ်ယူရေး အကန့်အသတ်ဖြစ်စေရင် ဒီလူငယ်တွေကို ဒီရာသီမှာတင် နေရာပေးလိုက်ဖို့ကို မေးခွန်းထုတ်ခံရတာ ဖြစ်တယ်။ ကလော့ပ်ကတော့ “ ရင်းနှီးမြုပ်နှံငွေတွေ… Continue Reading →

ရော်ဘတ်ဆန်ကို ပွဲပယ်ပြစ်ဒဏ် ပေးမှာ မဟုတ်ဘူးလို့ အက်ဖ်အေ အတည်ပြု

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ဘန်လေနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို ဆဲရေခဲ့တာနဲ့ ပက်သက်လို့ ဘောလုံးအဖွဲ့ချုပ်က အရေးယူမှု လုပ်ဆောင်သွားတော့မှာ မဟုတ်ပါဘူး။ အန်ဖီးကွင်းက ၁-၁ သရေကျတဲ့ပွဲမှာ သူ့ကို ပြိုင်ဘက်ကစားသမားတွေ ပြစ်ဒဏ်ကျူးလွန်တာကို မျက်ကွယ်ပြုထားမှုကို ရော်ဘတ်ဆန်က ပေါက်ကွဲခဲ့တာပါ။ ပွဲအပြီးမှာတော့ ဒိုင် သုံးဦးနားကိုသွားပြီး ဖြစ်ရပ်ကို ဘယ်လို တုန့်ပြန့်မှုမှ မလုပ်ပေးတာက မဖြစ်သင့်ကြောင်းကို ဆဲဆိုစကားတွေနဲ့ ဒေါသတကြီး အငြင်းပွားခဲ့တာဖြစ်တယ်။ မန်နေဂျာကလော့ပ်ကလည်း ဂိုးသမား အယ်လီဆန်ကို ပြိုင်ဘက်တွေက ကာယအားပြု ကစားခြင်းကို အကာအကွယ်ပေးဖို့ ဒိုင်တွေ ပျက်ကွက်ခြင်းကို ပြင်းထန်စွာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!