Date

July 15, 2020

ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြား သတင်းတိုများ

မန်နေဂျာ ယာဂင်ကလော့ပ်က မန်စီးတီးကို အားကစားခုံရုံးက အယူခံ အအောင်ပေးတဲ့ ကိစ္စဟာ ဘောလုံးလောကအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်လို့ ယူဆနေကာ ဘောလုံးလောကထဲကို ငွေကြေးချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ ဝင်ရောက်လာမယ်လို့ သုံးသပ်သွားပါတယ်။ ပရီးမီးယားလိဂ်က လာမယ့်ရာသီအတွက် ကစားသမား အရောင်းအဝယ် ပြုလုပ်ဖို့ နွေဈေးကွက်ကို ဒီလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။ လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ထားတဲ့ သီယေဂို အယ်ကန်တာရာဟာ ဂျာမနီကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားဟန်တူပြီး… Continue Reading →

ရှေ့လျှောက် ဘောလုံးလောကကို ငွေနဲ့ပေါက် ဝင်လိုသူတွေကို တားမရတော့ဘူးလို့ ကလော့ပ် ပြော

မန်နေဂျာ ယာဂင်ကလော့ပ်ပ မန်စီးတီးကို အားကစားခုံရုံးက အယူခံ အအောင်ပေးတဲ့ ကိစ္စဟာ ဘောလုံးလောကအပေါ် သက်ရောက်မှု ရှိလာလိမ့်မယ်လို့ ယူဆနေပါတယ်။ ဥရောပ ဘဏ္ဍာရေးစည်းမျဉ်းကို ထုတ်ပြန်ပြီးနောက်ပိုင်း မန်စီးတီးဟာ နှစ်ကြိမ်တိုင် အရေးယူခြင်း ခံရပြီဖြစ်ပေမယ့် နှစ်ကြိမ်လုံးမှာ နည်းပါးတဲ့ ပြစ်ဒဏ်တွေကိုပဲ ကျခံထားရတာပါ။ ဒါကြောင့် အနာဂတ်မှာတော့ ကလပ်တွေက ဘဏ္ဍာရေးဆိုင်ရာ ဟန်ချက်ညီမှု စည်းမျဉ်းက အလေးအနက် လိုက်နာစရာမလိုမယ့် စည်းမျဉ်းအဖြစ် ကျော်ခွဖို့ ကြိုးစားတော့မယ်လို့ ကလော့ပ်က မြင်ပါတယ်။ ကလော့ပ်က ” မန်စီးတီးအသင်း ငွေကြေးဆုံးရံှူးတာမျိုးတွေကို မဖြစ်စေလိုပါဘူး။… Continue Reading →

နွေဈေးကွက်နဲ့ ပက်သက်ပြီး လီဗာပူးရဲ့ ဘဏ္ဍာရေးအကြောင်း ထုတ်ပြောတဲ့ မန်နေဂျာကလော့ပ်

ပရီးမီးယားလိဂ်က လာမယ့်ရာသီအတွက် ကစားသမား အရောင်းအဝယ် ပြုလုပ်ဖို့ နွေဈေးကွက်ကို ဒီလ ၂၇ ရက်နေ့ကနေ အောက်တိုဘာလ ၅ ရက်နေ့ထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဒီကာလတွေအတွင်းမှာ ကလပ်တွေက ကစားသမား ခေါ်ယူမှုတွေကို စိတ်ကြိုက် ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ လီဗာပူးကလည်း နွေဈေးကွက်ထဲ ဝင်ရောက်မယ်လို့ မျှော်လင့်ထားရတယ်။ ဒါပေမယ့်လို့ ခေါ်ယူမှု အများအပြားနဲ့အတူ အလုပ်များမယ့် ဈေးကွက်တစ်ခုကို မြင်ရမှာ မဟုတ်ဘဲ ကစားသမား ရှင်းထုတ်မှု အနည်းငယ်နဲ့ ခေါ်ယူမှု အနည်းအပြင် လူငယ်ရေးရာ ကိစ္စတွေ ပါဝင်တဲ့… Continue Reading →

ဘိုင်ယန်က နေအိမ်ကို အရောင်းစာရင်း တင်လိုက်ပြီဖြစ်တဲ့ အယ်ကန်တာရာ

လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ထားတဲ့ သီယေဂို အယ်ကန်တာရာဟာ ဂျာမနီကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါပြီ။ ဘိုင်ယန်ဘက်ကလည်း ကွင်းလယ်လူ သီယေဂိုဟာ ၎င်းတို့ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ဝန်ခံထားတယ်။ အယ်ကန်တာရာဟာ ၂၀၂၁ ခုနှစ်ထိပဲ ဘိုင်ယန်နဲ့ စာချုပ်ရှိတာဖြစ်ပြီး စာချုပ်သစ်ပေးဖို့ ကြိုးစားပေမယ့်လည်း ကစားသမားက စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ သိထားရတာဖြစ်တယ်။ သီယေဂိုနဲ့ ပက်သက်လို့ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အားတက်သရော ဖြေဆိုပေးခြင်း မရှိသလို လီဗာပူးသတင်းထောက်တွေကလည်း အားရစရာ သတင်းမျိုးကို ပေးမလာသေးပါဘူး။ ဒါပေမယ့်လည်း ဘရာဇီးအနွယ်ဖြစ်တဲ့… Continue Reading →

လီဗာပူး အပြောင်းအရွှေ့ ခေါ်ယူမှုတွေအတွက် မာကိုဗစ်က ပေးတဲ့ သင်ခန်းစာ

၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် မာကိုဗစ်ကို ပေါင် သန်း ၂၀ ပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဘင်ဖီကာမှာ တောက်ပခဲ့တဲ့ မာကိုဗစ်ဟာ လီဗာပူးအသင်းကနေ ဆွာရက်စ် ထွက်ခွာသွားအပြီး ဝင်ရောက်လာခဲ့တဲ့ မိုရီနို၊ လမ်ဘတ်၊ လိုဗရန်၊ လယ်လာနာ၊ အိုရီဂီ၊ မန်ကွီဟို၊ ဘာလော့တယ်လီတို့နဲ့ တစ်သုတ်ထဲလည်းဖြစ်တယ်။ လီဗာပူးရဲ့ အသွင်ပြောင်းမှုလို့ နာမည်ကြီးခဲ့တဲ့ ထိုကာလမှာ မာကိုဗစ်က စိတ်ဝင်စားဖွယ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်တွေထဲက… Continue Reading →

အာဆင်နယ် V လီဗာပူး ပွဲကြို နှစ်သင်း ဒဏ်ရာအခြေအနေ

လန်ဒန်ကိုသွားမယ့် ခရီးစဉ်ကိုတော့ မီလ်နာ ပါဝင်သွားဖွယ် မရှိပါဘူး။ ကွင်းလယ်လူဟာ လေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်နေပေမယ့် အသေးစား ကြွက်သားဒဏ်ရာကနေ ပြန်သက်သာလာဖို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ မန်နေဂျာက “ မီလ်နာက ချယ်ဆီးပွဲအတွက် လူစာရင်းမှာ ယှဉ်ပြိုင်ပါလိမ့်မယ်။ အာဆင်နယ်ပွဲအတွက် သူအဆင်သင့်ဖြစ်ပြီလို့ ဘယ်သူကမှ မပြောသေးပါဘူး။ မနေ့က လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ ပါနိုင်မှာ သေချာပါတယ်။ အဲ့တာကလွဲရင် ဒဏ်ရာရ ကစားသမားစာရင်း အသစ် မရှိပါဘူး။ ဘန်လေနဲ့ပွဲ… Continue Reading →

ချယ်ဆီးနဲ့ပွဲကို လီဗာပူးဘက်က အားရုံစိုက်မကန်ဖို့ မျှော်လင့်နေတဲ့ အက်ရှလေကိုးလ်

လာမယ့်အပတ် ဗုဒ္ဒဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကို ကိုင်မြောက်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲက ချယ်ဆီးအတွက်လည်း အင်မတန် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်ပြီး သူတို့က လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့အတွက် လက်ကျန် နှစ်ပွဲကို အနိုင်ရထားဖို့ လိုနေတာပါ။ ချယ်ဆီးကစားသမားဟောင်း ကိုလ်းကတော့ ပွဲနေ့မတိုင်ခင် လီဗာပူးအသင်းသားတွေ အောင်ပွဲခံမှုတွေ လုပ်ထားပြီး ပွဲကို အာရုံမကျဖို့ကို မျှော်လင့်တယ်လို့ ရယ်ရယ်မောမော ပြောပါတယ်။ ကိုလ်းက ‘ လီဗာပူးနဲ့ ဝုဗ်တို့က သိပ်ကောင်းတဲ့ အသင်းတွေ ဖြစ်ပါတယ်။… Continue Reading →

လီဗာပူးရဲ့ သမိုင်းဝင် အခမ်းအနားဖြစ်မယ့် ဆုပေးပွဲအတွက် စတင်ပြင်ဆင်

ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာ အသင်းသမိုင်းမှာ သမိုင်းဝင် အခမ်းအနားဖြစ်လာမယ့် ဆုပေးပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါပြီ။ လာမယ့် အပတ်မှာတော့ လီဗာပူးဟာ အန်ဖီးကွင်းမှာ တရားဝင် ဆုပေးပွဲနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်ခံရရှိမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ နောက်ဆုံးသော အိမ်ကွင်းပွဲမှာ ဆုရလေ့ရှိတဲ့ အစဉ်အလာအတိုင်းပဲ လီဗာပူးကလည်း အိမ်ကွင်း နောက်ဆုံးပွဲမှာ ချန်ပီယံဆု ကိုင်မြှောက်ခွင့်ရမှာဖြစ်တယ်။ အာဆင်နယ်ပွဲအပြီး ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့်ပွဲက လီဗာပူးအတွက် နောက်ဆုံး အိမ်ကွင်းဖြစ်လာပါမယ်။ လောလောဆယ်တော့ the Kop ပွဲကြည့်စင် အနောက်ဘက်မှာ… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!