Month

August 2020

တနင်္လာနေ့ နံနက်ခင်းအတွက် နောက်ဆုံးရ လီဗာပူးသတင်းများ

ပရီးမီးယားလိဂ် တန်းတက်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ လာဇီယိုအသင်းမှ လီဗာပူးကစားသမားဟောင်း လူးဝစ် အယ်ဘာတို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ လီဗာပူးဟာ အယ်ဘာတိုရဲ့ အနာဂတ် ပြောင်းရွှေ့မှုကနေ ၃၀% ရဖို့ရှိနေပါတယ်။ မန်နေဂျာဟောင်း ဘရန်ဒန်ရော်ဂျာ က“ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက ကျနေ်ာတို့ အသင်းခံစစ်လေးယောက်တန်းမှာ ဗန်ဒိုက်လို ကစားသမားမျိုး ရှိခဲ့ရင် အဲ့ရာသီ အမှတ်ပေးဖလားကို အနိုင်ရခဲ့မှာပါ။ ” လို့ မှတ်ချက်ပေးလိုက်ပါတယ်။ လီဗာပူးအကယ်ဒမီထွက် ဝုဗ်အသင်းခေါင်းဆောင် ကော်နာ ကော်ဒီဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။ သူဟာ လီဗာပူးမြို့သားစစ်စစ် တစ်ဦးလည်း… Continue Reading →

လီဗာပူးနဲ့ လန်ဒန်ကြား ကွာခြားချက်ကို ထုတ်ပြောခဲ့တဲ့ ကွန်ချက်စကီး

လန်ဒန်ကလပ် ဖူလ်ဟမ်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့ဖူးတဲ့ ကွန်ချက်စကီးကတော့ အန်ဖီးအခြေစိုက် မြို့ဟာ အရမ်းကို သေးငယ်တဲ့ မြို့ငယ်လေးပါလို့ ထုတ်ပြောလိုက်ပါတယ်။ ဗြိတိန်ဘောလုံးလောကမှာ အထင်ကရ မြို့ဖြစ်တဲ့ လီဗာပူးမြို့မှာတော့ လီဗာပူးဘောလုံးအသင်း အခြေစိုက်ပါတယ်။ ဥရောပမှာ တတိယမြောက် အောင်မြင်မှု အများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်တဲ့ လီဗာပူးမြို့လေးဟာ အခြားသော မက်ဒရစ်၊ မီလန်၊ မြူနစ်တို့လို မြို့ကြီးတွေ မဟုတ်သလို လန်ဒန်မြို့နဲ့ နှိုင်းယှဉ်လို့မရတဲ့ မြို့ငယ်လေးသာဖြစ်ပါတယ်။ ကွန်ချက်စကီးက “ လီဗာပူး ဘောလုံးအသင်းက သမိုင်းမှာတော့ မယုံနိုင်လောက်တောင် အောင်မြင်မှုကို… Continue Reading →

လီဗာပူးအသင်းရဲ့ အလားအလာ အကောင်းဆုံး လူငယ်အဖြစ် စောင့်ကြည့်ခံရပြီဖြစ်တဲ့ ဘီလီ

လီဗာပူး လူငယ်ကစားသမား ဘီလီ ကိုမူချီယိုရဲ့ နာမည်သတင်းကတော့ သတင်းကောင်းတွေ ပိုမိုပျံ့နှံ့လာနေပြီး သူ့ရဲ့ အစွမ်းအစကို စီနီယာကစားသမားတွေ ကိုယ်တိုင်က အတော်လေး အထင်ကြီးနေတယ်လို့ The Athletic က ဖော်ပြပါတယ်။ ကွန်မြူနတီဒိုင်းပွဲမှာ လူစားဝင်ကစားခွင့် မရခဲ့ပေမယ့် အရန်ခုံမှာ တစ်ဦးတည်းသော ဗဟိုခံစစ်မှူးအဖြစ် ဘီလီကို ထည့်သွင်းခဲ့တယ်။ မာတစ် မပါနိုင်ချိန်မှာ ဗန်ဒန်ဘယ်ရာ၊ ဟိုဗာနဲ့ နေးဖိလစ်တို့ ရှိပါလျက်နဲ့ ဘီလီကိုပဲ ခေါ်ယူလာခဲ့ခြင်းကြောင့် ဒီကောင်လေးအပေါ် နည်းပြအဖွဲ့ရဲ့ သဘောထားကို ပရိသတ်တွေ ကိုယ်တိုင်က ရိပ်စားမိခဲ့ကြတာဖြစ်တယ်။ သြစတြီးယားက… Continue Reading →

ဇာဗီပြောတဲ့ ဗန်ဒိုက် ကမ္ဘာအကောင်းဆုံး ခံစစ်မှူး ဖြစ်နေရခြင်း အကြောင်းရင်း ၃ ချက်

စပိန်ဂန္တဝင်ကြီး ဇာဗီက ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးက ဘယ်သူလဲလို့ မေးမြန်းခံရရာမှာ ဗန်ဒိုက်လို့ ပြန်လည် ဖြေဆိုမှု လုပ်ပေးခဲ့ပါတယ်။ ကာတာကလပ် Al Sadd အသင်းရဲ့ မန်နေဂျာဖြစ်သူ ဇာဗီကတော့ အကောင်းဆုံး ကွင်းလယ်အဖြစ် မန်စီးတီးက ဒီဘရိုင်းက ပြိုင်ဘက် ကွင်းလယ်တွေထက် တစ်ပန်းသာနေတယ်ဆိုတဲ့ ချီးကျူးမှု လုပ်ခဲ့သလိုပဲ ခံစစ်ထဲမှာတော့ ဗဟိုခံစစ်မျူး ဗန်ဒိုက်က ခေါင်းတစ်လုံးသာနေတဲ့ ကစားသမားအဖြစ် မြင်ကြောင်း ဆိုခဲ့တာဖြစ်တယ်။ ဗန်ဒိုက်ရဲ့ အားသာချက်နဲ့ ပက်သက်လို့ ထင်သာမြင်သာရှိအောင် ဖော်ပြရာမှာ ” အကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ်… Continue Reading →

ကြီး ၆ ကြီးနဲ့ တန်းဆင်းဇုန် ၆ သင်းတို့ ထိပ်တိုက်တွေ့ကြမယ့် အင်္ဂါနေ့ လိဂ်အစည်းအဝေး

အင်္ဂါနေ့မှာတော့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးအတွင်း လာမယ့်ရာသီ လူစားလဲမှု ၅ ခု ပြုလုပ်နိုင်ရေး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ The Times က ဖော်ပြပါတယ်။ သြဂုတ်လ ပထမအပတ်တုန်းက ပြုလုပ်တဲ့ ပရီးမီးယားလိဂ် ရှယ်ယာရှင်များ အစည်းအဝေးမှာ လာမယ့်ရာသီ လူစားလဲမှု ၅ ခု ဆက်လုပ်ခွင့်အတွက် မဲပေးမှုက အရေးနိမ့်သွားပါတယ်။ လာမယ့်ရာသီမှာ ပွဲနေ့ လူစာရင်း ၁၈ ဦးပဲ ပြန်ထားရမှာဖြစ်ကာ လူစားလဲမှုက ပုံမှန်အတိုင်း ၃ ဦးပဲ ရှိမှာဖြစ်တယ်။ ဒါပေမယ့်လို့… Continue Reading →

နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်အသင်းတွေနဲ့ ပူးပေါင်းရမယ့် လီဗာပူးအသင်းသား ၁၁ ဦး

ရာသီကြို ပြင်ဆင်မှုနဲ့ ကွန်မြူနတီဒိုင်းပွဲတွေ အဆုံးသတ်ခဲ့ပြီဖြစ်ကာ ရာသီသစ် စတင်လာပါတော့မယ်။ ဒါပေမယ့်လို့ အဆိုပါ ရာသီသစ်ပွဲတွေ မတိုင်ခင် နိုင်ငံတကာ သီတင်းပတ်ကို ပထမဆုံး ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်က ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ကာ ကလပ်တွေက ကစားသမားတွေ စေလွှတ်ပေးရမှာပါ။ လီဗာပူးကလည်း စီနီယာကစားသမား ဒါဇင်လိုက်ကို လက်လွတ်ရမှာဖြစ်တယ်။ ဒါပေမယ့် ဥရောပ ကစားသမားတွေကိုပဲ လက်လွတ်ရမှာဖြစ်ကာ အာရှ၊ အာဖရိကနဲ့ တောင်အမေရိက ကစားသမားတွေကတော့ အသင်းမှာ ကျန်ရှိနေပါမယ်။ ကစားသမားတွေက ဥရောပ ဝန်းကျင်မှာပဲ ထွက်ကစားရမျာ ဖြစ်တာက သူတို့ရဲ့… Continue Reading →

စနေနေ့ အန်ဖီးကွင်းမှာ ချစ်ကြည်ရေးပွဲတစ်ပွဲ ထပ်ကစားဖို့ ပြင်ဆင်နေတဲ့ လီဗာပူး

လီဗာပူးအသင်းက လာမယ့် စနေနေ့အတွင်း အန်ဖီးကွင်းမှာပဲ ချစ်ကြည်ရေးပွဲတစ်ပွဲ ကစားလို့ရနိုင်ဖို့ မျှော်လင့်နေပြီး စတင် စီစဉ်နေပြီလို့ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။ ဒီပွဲဟာ စက်တင်ဘာလ ၁၂ ရက်နေ့ လိဒ်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲ မတိုင်ခင် နောက်ဆုံးသော ချစ်ကြည်ရေးပွဲ ဖြစ်လာမှာဖြစ်တယ်။ ပထမအသင်း ကစားသမား အများအပြားက လက်ရွေးစင်အသင်းတွေထံ သွားရမှာဖြစ်ပေမယ့် အာရှ၊ အာဖရိကနဲ့ တောင်အမေရိက ကစားသမားတွေကတော့ လက်ရွေးစင်အသင်းတွေထံ ပူးပေါင်းရမယ့် ကိစ္စတွေ မရှိပါဘူး။ ဘရိုက်တန်နဲ့ ချယ်ဆီးတို့… Continue Reading →

ကြယ်စင်စုအသင်းကြီး ဖွဲ့စရာမလိုပေမယ့် လီဗာပူးက လူသစ်ခေါ်ယူဖို့ လိုပါကြောင်း တိုက်တွန်းမှု

တိုက်စစ်မှူးဟောင်း ပီတာခရော့က လီဗာပူးအသင်းဟာ ဒီနွေမှာ အင်အားဖြည့်မှုတွေကို သေချာပေါက် လုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။ ကိုစတက်ကို ခေါ်ယူထားတဲ့ လီဗာပူးဟာ နောက်ထပ် ခေါ်ယူမှုကို အခုချိန်ထိ လုပ်မလာသေးပါဘူး။ ကွင်းလယ်နဲ့ ဗဟိုခံစစ်ဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ် ဖြစ်လာနိုင်ပေမယ့် နာမည်အထွက်ဆုံး သီယေဂိုကို ခေါ်ယူဖို့ကိုလည်း အခုချိန်ထိ ကြိုးစားခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ပီတာခရော့က ” ဘယ်လို အခြေအနေပဲဖြစ်ဖြစ် လူအင်အားကို တိုးချဲ့ဖို့ လိုပါတယ်။ လန်းဆန်းမှုတွေကို ထိန်းသိမ်းဖို့ လိုပါတယ်။ လီဗာပူးရဲ့ ပွဲထွက်… Continue Reading →

ကလပ်က ဗဟိုခံစစ်မှူးသစ် ခေါ်ယူပေးဖို့ မျှော်လင့်နေတဲ့ မန်နေဂျာကလော့ပ်

လက်တလောမှာ အယ်ကန်တာရာ အပြောင်းအရွှေ့ကိစ္စ မျှော်လင့်နိုင်စရာ ရှိနေပေမယ့် အားလုံးက ကလပ်နဲ့ဆိုင်ပြီး မန်နေဂျာကလေ့ပ်က ခေါ်ကိုခေါ်ပေးရမယ်လို့ အတင်း တောင်းဆိုမှာ မဟုတ်ပါဘူး။ The Athletic က သတင်းထောက် James Pearce က မန်နေဂျာကလော့ပ်က ကွင်းလယ်လူ အယ်ကန်တာရာကို အလိုရှိပြီး ညိနှိုင်းမှုကတော့ ကလပ်နဲ့ပဲ သက်ဆိုင်တယ်လို့ ဖော်ပြခဲ့တယ်။ အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးဘဲ စပိန်သားရဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်တဲ့ ကိစ္စအဖြစ်ပဲ ဆက်ရှိနေပါတယ်။ ဒါပေမယ့်လို့ ဗဟိုခံစစ်မှူးသစ်ကိုတော့ ကလော့ပ်က သေချာပေါက်… Continue Reading →

© 2024 Myan News — Powered by WordPress

Theme by Anders NorenUp ↑

error: Content is protected !!